Friday, August 1, 2008

Rememberance - U Khin Maung Latt

ဘဘကြီးဦးခင်မောင်လတ် (၁၉၁၅ သြဂုတ်လ ၂၄ ရက် - ၁၉၉၆ သြဂုတ်လ ၁ ရက်)

 

ကွယ်လွန်ခဲ့သော၁၉၉၆ခုနှစ်သြဂုတ်လ ၁ ရက်နေ့

 

အမှတ်တရကဗျာ

 

ကဗျာဆရာကြီးဦးတင်မိုး ၂-၈-၁၉၉၆ နေ့တွင်ဆရာကြီးဦးခင်မောင်လတ်၏ဈာပနမှ အပြန်ရေးခဲ့သောကဗျာဖြစ်ပါ၏

 

သာဓု သာဓု ဆရာကြီး

 

နေ့စဉ်ကောင်းမူ၊အမြဲပြုသည်

သာဓုသာဓု ဆရာကြီး။

 

မိမိတတ်သိ၊ပညာရှိကို

အဓိကထား၊မေတ္တာပွားလျက်

တပါးသူဌ၊ပေးဝေမျှသည်

ဆရာ့ဂုဏ်မြောက်၊ဘ၀တလျှောက်။

 

ရင်၌ဖြစ်ပွား၊သမီးသားသို့

အများအပေါ်၊အကျိုးမျှော်လျက်

မတော်တော်အောင်၊သူပျိုးထောင်ရင်း

ညဥ့်မှောင်ချိန်သို့၊ရောက်ခဲ့ပြီ။

 

စာပေတတ်ပွန်၊ဇနီးမွန်ကို

သေတပန်သက်တဆုံး၊တပြုံးပြုံးနှင့်

နှလုံးတူမျှ၊တွဲကြပြီးနောက်

တယောက်တည်း ထွက်ခွာသွားလေပြီ။

 

ပညာရေးနှင့်၊တိုင်းရေးပြည်ရေး

လူ့အရေးကို၊အရေးကြုံအောင်

သူထမ်းဆောင်ကာ

ကလောင်ကိုင်ရင်း၊စာသင်ရင်းပင်

သေမင်းရင်ခွင် လှုံခဲ့ပြီ။

 

ထောင်လွှားမာန၊သူနှိမ်ချကာ

စိတ်လှချောပြေ၊မေတ္တာဝေလျက်

အနေရိုးရိုး၊အသရေတိုးစွ။

 

မျိုးချစ်စိတ်ဓါတ်၊အရောင်ဟပ်ကာ

မြင့်မြတ်ရိုးဂုဏ်၊ကိုယ်လုံးထုံလျက်

သူယုံကြည်ရာ၊စေတနာဖြင့်

ပညာဖြန့်ဝေ၊ရဲရင့်ပေ၏

အနေမြတ်သောဆရာကြီး။

 

ယခုအခါ၊တို့ဆရာသည်

တာဝန်ကျေကျေ၊ဆောင်ပြီးလေ၍

အသေမြတ်စွာ၊သူထွက်ခွာပြီ

သာဓု သာဓု ဆရာကြီး။

 

 

 

No comments: