Saturday, August 1, 2009

U Khin Maung Latt - Rememberance

ဘဘကြီးဦးခင်မောင်လတ် ကွယ်လွန်ခြင်း ၁၃ နှစ်ပတ်လည်

၁၉၉၄ ခုနှစ်စာပေဂျာနယ်တွင်ဖော်ပြခဲ့ဖူးသော်ဘဘကြီးဦးခင်မောင်လတ်၏သေတမ်းစာ

ဦးခင်မောင်လတ်၏အထုပ္ပတ္တိ

၁ -၈- ၂၀၀၉

အမှတ်တရ

Thus let me live unseen, unknown.

Thus unlamented Let me die.

Steal from the world , and not a stone tell where I lie.

Alexander Pope

အဲဒီလိုလူမသိ သူမသိနေချင်လှ

အဲဒီလိုလူမဆွေး သူ မဆွေးသေချင်ပ၊

လူသူလေးပါးတိတ်ချိန်ကျ လောကကြီးက ထွက်ခွာမှ၊

ငါလျောင်းရာဘာကျောက်တိုင်မှမပြ။

အသိမိတ်ဆွေတစ်ယောက်ရဲ့နာရေးကြော်ငြာမှာ“သွားလေသူရဲ့ဆန္ဒအရအသုဘပို့ခြင်းသည်းခံပါ” လို့ရေး

ထားတာတစ်ခါတုန်းကတွေ့ရဖူးတယ်။အဲဒီဆန္ဒဟာ ဘဘရဲ့ဆန္ဒနဲ့တထပ်ထဲကျနေတယ်။

ဘဘကတော့အသုဘလဲမပို့စေချင်ဘူး။သတင်းစာထဲမှာလည်းမိတ်ဆွေရင်းချာတွေကတော့မသိဘဲလဲမနေ

ဘူး။မပို့ဘဲလဲမနေဘူး။သူတို့ကတော့ကိုယ်နဲ့ထပ်တူပူဆွေးမည့်သူ၊ကူညီမည့်သူတွေပဲ။မပို့ရင်မကောင်းလို့

ပို့မည့်သူတွေမဟုတ်။ဝတ္တရားရှိလို့ပန်းခွေပို့မည့်သူတွေမဟုတ်ဘူး။ဝတ္တရားရှိလို့အသုဘပို့တဲ့ကားတွေပေါ်

မှာလိုက်လာပြီးကားပေါ်ကတောင်အောက်မဆင်းဘဲအိမ်ပြန်ကြတဲ့လူတွေမဟုတ်ဘူး။ဟေးလားဝါးလားနဲ့တ

သောသောရယ်မောရင်းမသာပို့တဲ့လူတွေလဲမဟုတ်ဘူး။

သတင်းစာထဲမထည့်လို့အဲဒီလိုလူတွေမပို့နိုင်ကြတာဝမ်းနည်းကြေကွဲနေရတဲ့မိသားစုအဖို့ပို၍၀မ်းနည်းကြေ

ကွဲဖွယ်ရာတစ်ရပ်မဟုတ်ပါ။သတင်းစာထဲမထည့်လို့်ဖြစ်ပေါ်မည့်အကျိုးကျေးဇူးမှာယနေ့ခေတ်ပကာသန

ကြောင့်ပို့ကြသောပန်းခွေများအတွက်အချီးနှီးကုန်ကျစရိတ်သက်သာသလောက်သက်သာသွားလိမ့်မည်။

ပူဆွေးကြေကွဲနေကြတဲ့ကျန်ရစ်သူမိသားစုအဖို့မှာ၊ပန်းခွေပို့ရန်မလိုတဲ့အရင်းနှီးဆွေမျိုးညာတိ၊မိတ်ဆွေသင်္ဂဟ

အပေါင်း၏နှစ်သိမ့်အားပေးခြင်းထပ်တူဝမ်းနည်းခြင်းအစစ်အမှန်ကိုအားပါးတရခံယူရရှိနိုင်ကြမည်။

ဒါကသတင်းစာမှာနာရေးကြော်ငြာလုံးဝမထည့်ရင်ရှိမည့်အကျိုး။

သတင်းစာထဲထည့်မည်ဆိုလျှင်“ကွယ်လွန်သူ၏ဆန္ဒအရ အသုဘပို့ခြင်း၊ပန်းခွေပို့ခြင်းသည်းခံပါ”လို့ထည့်

မှဖြစ်မည်။ဒီလိုဆိုပြန်တော့လူအများခေတ်စားနေတဲ့ထုံးစံတစ်ခုကိုဖီလာဆန့်ကျင်နေတာဟာအလကားနေ

ရင်းအမုန်းပွားအောင်တစ်ကိုယ်တော်ဝါဒနဲ့အတ္တလွန်ကဲရာရောက်နေမလားလို့လဲစဉ်းစားမိတယ်။

သားတို့သမီးတို့မြေးတို့အနေနဲ့လဲကိုယ့်အပေါင်းအသင်းအသိုင်းအ၀ိုင်းရဲ့အတွေးအမြင်ကကိုထည့်သွင်း

စဉ်းစားပေါ့။ဘဘသဘောထားကိုသာသားတို့သိဖို့ပြောပြနေတာပါ။

သားတို့သမီးတို့အသိုင်းအ၀ိုင်းကသူများမလုပ်တဲ့လုပ်နည်းလုပ်ဟန်ကြောင့်သားတို့သမီးတို့ကိုကဲ့ရဲ့အပြစ်

တင်မှာစိုးရင်၊ကိစ္စတွေအားလုံးပြီးမှ“ကွယ်လွန်သူရဲ့ဆန္ဒအရကိစ္စပြီးမှဤကြော်ငြာကိုထည့်ရပါသည်”လို့ဆိုရင်

လုံလောက်ပါလိမ့်မယ်လို့ထင်မိတယ်။

ဒီစာထိပ်ဆုံးမှာပါတဲ့ The Quiet Life ကဗျာလေးကဘဘ ၃ တန်းမှာသင်ရကတည်းကခေါင်းထဲမှာစွဲပြီးသဘော

ကျနေတာ၊ဘဘတို့ကလူစည်းကားတာကိုဘယ်လောက်ကြောက်သလဲဆိုရင်သားတို့သမီးတို့အသိဆုံးပေါ့။

တစ်ဦးတည်းသောသားရဲ့တစ်သက်တစ်ခါမင်္ဂလာကိစ္စကိုအတိုချူံးပြီးတရားသူကြီးနဲ့လူကြီးစုံရာရှေ့မှာပြီးလိုက်

တာဟာသမီးကြီးရဲ့မိဘနှစ်ပါးကိုယ်တိုင်ကသူတော်ကောင်းစိတ်နဲ့သဘောထားကြီးစွာခွင်ပြုလို့သာဖြစ်နိုင်တာ

ပေါ့။အသွင်မတူအိမ်သူမဖြစ်ဆိုတာကိုယ်လိုလူလဲရှိသေးတယ်နော်။

ဘဘကြီးဦးခင်မောင်လတ်။


ဘဘကြီးအတွက်အမှတ်တရစကားများ


ကျွန်မ၏အိမ်နီးချင်းတစ်ဦးမှာကိုလတ်အမည်ရှိလူငယ်တစ်ဦးဖြစ်သည်။သူသည်ကျွန်မကဲ့သို့စာဖတ်ဝါသနာပါသူဖြစ်သည်။

ကျွန်မဖတ်သောစာအုပ်များနှင့်သူဖတ်သောစာအုပ်များအကြောင်းပြောကြသည်။စာအုပ်များလဲလှယ်ဖတ်ကြသည်။ကျွန်မ

တို့လဲလှယ်ဖတ်ကြသောစာအုပ်တစ်အုပ်မှာ Louisa M.A.lcott ၏ Little Women ၀တ္ထုဖြစ်သည်။ထိုဝတ္ထုထဲမှမင်းသမီး

ဖြစ်သော Little Jo ကိုအစွဲပြု၍ကိုလတ်ကကျွန်မကိုကျီစားသည့်အနေနှင့် ဂျို ဟုခေါ်သည်။ကျွန်မတို့တွေ့ကြတိုင်းစာအုပ်

တွေအကြောင်းပြောမဆုံးဖြစ်ခဲ့ပါသည်။

ဤကဲ့သို့ဝါသနာတူ၊ဘ၀ချင်းတူသူအချင်းချင်းတွေ့ဆုံစကားများပြောမဆုံးဖြစ်သည့်အခါရွေးစရာလမ်းမှာတစ်ခုသာရှိသည်။

၎င်းမှာတစ်သက်လုံးအတူတူနေကြရန်ဖြစ်ပါသည်။

ခင်မျိုးချစ်


Possible နှင့် Probable ဟူသောစကားနှစ်လုံးကိုဖြစ်နိုင်သောဟုဘာသာပြန်ရသောလည်းအသုံးအနှူန်းအားဖြင့်လွန်စွာ

ကွဲပြားပါသည် ဟုဘဘကဤသို့ဥပမာပေးဖူးသည်ကိုမှတ်မိနေပါသည်။

Today, Science makes it possible for man to go to the moon. I am a man.

So it is possible for me to go to the moon. But it is not probable for me to go to the moon.

အဓိပ္ပါယ်မှာ- သိပ္ပံတိုးတက်မူများကြောင့်လူသည်လပေါ်သို့သွားနိုင်သည်။ဘဘသည်လူတစ်ယောက်ဖြစ်သည်အတွက်

ဘဘလည်းလပေါ်သွားရန်ဖြစ်နိုင်သည်။သို့သော်ဘဘအနေနဲ့တော့လပေါ်သို့သွားရန်ဖြစ်နိုင်စွမ်းမရှိပါ။

ဒေါက်တာခင်မောင်ဝင်း


ဘဘဟာသက်တူရွယ်တူကြီးသူငယ်မရွေးကိုရှေ့ကနာမ၀ိသေသထည့်ပြီးပြောတတ်ပါတယ်။

သူ့ရဲ့တစ်ဦးတည်းသောသားကိုတောင်ကိုခင်မောင်ဝင်းလို့ခေါ်ပြီးပြောပါတယ်။ဒါဟာကိုယ့်ကိုယ်ကိုယ်

နှိမ့်ချပြီး၊စိတ်ဓါတ်နူးညံ့ပြီးယဉ်ကျေးမူကိုဖြစ်စေတဲ့သဘောပဲဖြစ်ပါတယ်။လူတိုင်းရဲ့စိိတ်ဓါတ်ဟာ

နူးညံ့ယဉ်ကျေးရင်အရာရာအောင်မြင်မူရနိုင်တယ်လို့မိသားစုစကားဝိုင်းမှာဆုံးမသွန်သင်

ခဲ့ပါတယ်။

တက္ကသိုလ်ရွှေရီဝင်း


ကိုကိုနိုင်ငံခြားမှာနေရင်းဘဘကြီးတပည့်တွေနဲ့တွေ့ဆုံရပါတယ်။သူတို့ကဘဘကြီးဆုံးမထားတဲ့

အတိုင်းကျင့်ကြံနေထိုင်ရင်းအောင်မြင်မူတွေရနေကြပါတယ်လို့ပြောကြပါတယ်။

ဒါတွေနားထောင်ရတာဂုဏ်ယူမဆုံးပါ။


မောင်ရစ်

လူဆိုတာအသက်တရာမနေရပေမယ့်အမူတစ်ရာကြုံရတယ်လို့ဆိုရိုးစကားရှိတယ်မဟုတ်လား။အခက်အခဲတွေ

စိတ်ညစ်စရာတွေကြုံလာတိုင်း blessing in disguise ဆိုတဲ့စကားလေးခေါင်းထဲမှာရှိနေရင်အများကြီစိတ်သက်

သာရာရသွားပါတယ်။ဒါဘဘကြီးသင်ပေးထားတာပါ။“အဆိုးထဲကအကောင်း” ‘ ဖြစ်သမျှအကြောင်းအကောင်း’

‘အဆိုးထဲကအကောင်းတွေရှိနေပါသတဲ့။’


ဂျူနီယာဝင်း


2 comments:

Rita said...

ဝါသနာတူ၊ဘ၀ချင်းတူသူအချင်းချင်းတွေ့ဆုံစကားများပြောမဆုံးဖြစ်သည့်အခါရွေးစရာလမ်းမှာတစ်ခုသာရှိသည်။

၎င်းမှာတစ်သက်လုံးအတူတူနေကြရန်ဖြစ်ပါသည်။

:)))))

Aung Moe Zaw said...

As one of Ba Ba's students, I had a golden opportunity to study Shakespeare's plays and Shaw's plays. I have never met such a talented and great teacher.It was over a decade ago when Ba Ba taught us to be able to appreciate great literature. But I feel as if it were yesterday. I am deeply indebted to Ba Ba and Phwa Phwa.

Aung Moe Zaw.