Saturday, January 23, 2010

100th Anniversary of Shumawa U Kyaw’ Book Review

ရူမ၀ဦးကျော်နှစ်တစ်ရာပြည့်စာအုပ်


ရူမ၀ဦးကျော်နှစ်တစ်ရာပြည့်စာအုပ်လေးကိုရူမ၀မိသားစုမှမွေးနေ့အမှတ်တရနေ့ကပရိသတ်များကို

လက်ဆောင်ပေးခဲ့လေသည်။

ထိုစာအုပ်လေးတွင်၁၉၁၀ခုနှစ်ဇန်န၀ါရီလ၁၀ရက်နေ့ဖွားရူမ၀ဦးကျော်၏

နှစ်တရာပြည့်အမှတ်တရအဖြစ်ဆောင်းပါးများ၊

ရူမ၀ဦးကျော်အကြောင်းကိုရေးသားပေးကြသောစာပေပညာ

ရှင်များ၏ဆောင်းပါးများ၊ရူမ၀ဦးကျော်၏ရူမ၀စာအုပ်သမိုင်းကြောင်းဓါတ်ပုံများ၊ပန်းချီများ၊ရုပ်ရှင်ကား

ဓါတ်ပုံအမှတ်တရများ၊ရူမ၀ဦးကျော်ကိုယ်တိုင်ရေးသားသောစာပေများ၊ကိုယ်တိုင်ရေးသားသောတေး

သီချင်းများ၊မိသားစုရင်တွင်းအမှတ်တရများကိုလွမ်းမောဖွယ်တွေ့လိုက်ရပါသည်။


ထိုစာအုပ်တွင်စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်အင်္ဂလိပ်လိုရေးသားထားသော

Shumawa U Kyaw(A Tribute)ပါဝင်ပါသည်။

ထိုဆောင်းပါးတွင်ရူမ၀ဦးကျော်၏ကောင်းမွန်သောစိတ်ထား၊စေတနာ၊

မေတ္တာ၊ရူမ၀မဂ္ဂဇင်းတွင်ကလောင်သစ်များကိုမွေးဖွားပေးပုံများ၊ရုပ်ရှင်လောကတွင်သရုပ်ဆောင်သစ်

များကိုမိတ်ဆက်ပေးခဲ့ပုံများ၊သူ၏အေးဆေးတည်ညိမ်ညိမ်းညိမ်းချမ်းချမ်းနေထိုင်တတ်သူတစ်ယောက်

ဖြစ်ပုံများကိုဆရာမကြီးကနှမျောတသစွာရေးသားထားသည်ကိုခံစားဖတ်ရူလိုက်ရပါသည်။ထိုဆောင်း

ပါးကို၂၀၀၉ခုနှစ် ဖေဖော်ဝါရီ လ အမှတ်၂၀၃ အတွေးအမြင်မဂ္ဂဇင်းတွင်ဒေါက်တာခင်မောင်ဝင်းမှနေ၍

ရူမ၀ဦးကျော်အမှတ်တရ အမည်ဖြင့်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။


တချိန်ကအမှတ်တရပုံရိပ်များ၊သမိုင်းမှာလျှောက်လှမ်းခဲ့သောထူးခြားသောပုဂ္ဂိုလ်တစ်ယောက်၏

အကြောင်းအသေးစိတ်များကိုထိုစာအုပ်လေးမှသိခွင့်ပညာယူခွင့်အားကျခွင့်ရလိုက်ခြင်းသည်ပင်

စာဖတ်ရတဲ့အရသာလေးတစ်ခုအဖြစ်တင်ပြလိုက်ရပေသည်။


1 comment:

Shinlay said...

အကောင်းလေးတွေ ဖေါ်ပြပေးတာကျေးဇူးပါ သူငယ်
ချင်း။