Monday, May 17, 2010

Condolence - Writer, Singer, Actor – (U) Thu Maung – By - juniorwin

Condolence - Writer, Singer, Actor – (U) Thu Maung – By - juniorwin

စာရေးဆရာ အဆိုတော် ရုပ်ရှင်မင်းသား (ဦး) သုမောင် အတွက်အလွမ်းစာ

သို့မဟုတ် သဘာဝအုပ်စုထဲက သုမောင်

ဂျုနီယာဝင်း

(ဦး) သုမောင်ကိုစတင်ရင်းနှီးခဲ့ရသည်မှာသူရေးသားခဲ့သောစာပေများနှင့်ဖြစ်ပါသည်။ထူးခြားသောကလောင်

အမည်သည်ပင်ဆွဲဆောင်မူရှိခဲ့သည်ဟုထင်ပါသည်။(ဦး) သုမောင်ရေးသားသောစာများမှာမိသားစုဇာတ်လမ်း

များ မိသားစုအတွင်းကနေ့စဉ်ဖြစ်ပျက်နေသောအဖြစ်အပျက်များ ဖခင်ဦးသာဓု မိခင်အမေညိုတို့အကြောင်း

တွေလည်းပါကာညီအကိုများနှင့်ဆက်ဆံပြောဆိုပုံများအပြင်လာရောက်သောဧည့်သည်များပင်မကျန်သူတို့

၏အကြောင်းများကိုသဘာဝကျကျရေးဖွဲ့တတ်သူတစ်ဦးဖြစ်ပါသည်။သူများအကြောင်းများကိုရေးသည်ဟုဆို

လိုက်လျှင်အတင်းပြောသည်မဟုတ်ပဲသဘာဝကျသောနေထိုင်မူ ပြောဆိုမူ ဟာသဆန်ဆန်များ ဖြစ်ကာ

(ဦး) သုမောင်၏ရေးသားခြင်းပုံစံသည် Family Saga ခေါ်သောမိသားစုအဖြစ်များကိုရေးသားဖွဲ့သောစံပြ၀တ္ထု

ပုံစံများဖြစ်ပါသည်။ထိုရေးသားချက်များကားမြန်မာ့စာပေလောကတွင်အလွန်ရှားပါးကာစာရေးဆရာများအမျာ

စုပင်ရေးသားမူမရှိသောပုံစံဖြစ်ပါသည်။သူ့ဝတ္ထုများကိုဖတ်ရင်းနှင့်သူ၏ဇနီးသည်(ဒေါ်)အေးဘုံ၊ညီအကိုများ

ဖြစ်ကြသော မင်းလူ(စာရေးဆ၇ာ)၊မောင်ဝဏ(စာရေးဆရာ ဒါရိုက်တာ)နှင့်မောင်ရူပ တို့ကိုပါရင်းနှီးကျွမ်းဝင်

လာရပါသည်။မေမေကြီးဒေါ်ခင်မျိုးချစ်ကသူရေးသောဝတ္ထုပုံစံများနှင့်ပတ်သက်၍“မြန်မာဝတ္ထုတွေထဲမှာဒါမျိုး

တွေရှိစေချင်တယ်”ဟူသောဆောင်းပါးတစ်ပုဒ်တွင်ယခုလိုဆိုခဲ့ပါသည် - “မိသားစုအသိုင်းအ၀ိုင်း ကိုသရုပ်ဖော်

တဲ့ဝတ္ထုမျိုးတွေဟာဒိထက်များများဖတ်ချင်ပါတယ်။မြန်မာဝတ္ထုတွေထဲမှာသိပ်မများလှဘူး။စာပေနယ်မှာခေတ်

အဆက်ဆက်မရိုးနိုင်တဲ့သစ်ဆန်းနေတဲ့Family Saga ၀တ္ထုအမျိုးအစားတွေထဲမှာသုမောင်ရဲ့ဝတ္ထုတွေပါဝင်

ပါတယ်။”ထို့ကြောင့်သူရေးသားသောထိုသဘာ၀၀တ္ထုများသည်ငယ်စဉ်ကရင်းနှီးခဲ့ရပြီးထူးခြားသောအရေးအ

သား အဖြစ်သတိထားမိခဲ့ကာယခုတိုင်မမေ့နိုင်ဖြစ်နေဆဲဖြစ်ရပါသည်။

နောက်ပိုင်းတွင်(ဦး) သုမောင်ကိုသတိပြုမိရခြင်းအချက်ကရုပ်ရှင်မင်းသားအဖြစ်ဖြင့် အကြင်တို့လင်မယား

ချစ်စံနမူ အစရှိသောရုပ်ရှင်ကားများတွင်ဖြစ်ပါသည်။သဘာဝစာရေးဆရာသည်ရုပ်ရှင်ရိုက်သောအခါတွင်

လည်းသဘာဝကျကျပင်ရိုက်တတ်ပါလေသည်။သူ၏သရုပ်ဆောင်သည်များကိုကြည့်ရသည်မှာရုပ်ရှင်ထဲက

ရုပ်ရှင်မင်းသားနှင့်မတူပဲအပြင်မှာသာမန်လူသားတစ်ဦးကသူ့အလုပ်သူလုပ်နေသည်ကိုဘေးကနေကြည့်နေ

ရသကဲ့သို့ဖြစ်ရပါသည်။အကြင်တို့လင်မယား ရုပ်ရှင်ကားသည်အလွန်အောင်မြင်ခဲ့သောရုပ်ရှင်ကားတစ်

ကားဖြစ်ခဲ့ပါသည်။တချို့မှာ၂ခါပြန်၃ခါပြန်ပင်ကြည့်ရူကြသည်ကိုတွေ့ဖူးခဲ့ပါသည်။ မှတ်မိနေသောနောက်

ရုပ်ရှင်ကားတစ်ကားမှာ အချစ်နှင့်သူ၏ကိုကို ရုပ်ရှင်ဖြစ်ပါသည်။ထိုကားသည်လည်း (ဦး) သုမောင် ကို

အမှတ်တရဖြစ်စေခဲ့သောရုပ်ရှင်တစ်ကားဖြစ်ပါသည်။သူသည်သရုပ်ဆောင်သည့်အလုပ်ကိုအသာလေးပင်

သရုပ်ဆောင်သွားပုံ၊အ၀တ်အစားသာမန်၊ပြောဆိုပုံအေးအေးဆေးဆေးနှင့်သရုပ်ဆောင်ပြနေသည်ကိုဘယ်

အချိန် တွေးကြည့်လိုက်လိုက်သည်လိုပင်တွေ့မြင်နေရပါသည်။ ယင်းသည်ပင်(ဦး) သုမောင် ၏ထူးခြားချက်၊

အံ့သြလောက်ဖွယ်သရုပ်ဆောင်ပညာပင်ဖြစ်ပါတော့သည်။ (ဦး) သုမောင်အကယ်ဒမီရခဲ့သော ရုပ်ရှင်ကား

ကြီးကား ခုနှစ်စဉ်အလွမ်း ဖြစ်ပါသည်။ထိုကားသည်စာရေးဆရာမင်းလူ၏၀တ္ထု မောင်ဝဏ၏ရိုက်ချက်၊ညီ -

မင်းသားအာယု(အမည်မှားနေရင်ခွင့်လွှတ်ပါရန်)၏ဧည့်သည်ပါဝင်သရုပ်ဆောင်မူများဖြစ်သည်ဟုထင်ပါ

သည်။မြန်မာရုပ်ရှင်လောကတွင်ထူးခြားသောသရုပ်ဆောင်မူ၊နေပုံထိုင်ပုံရိုးစင်းမူ၊အေးဆေးတည်ညိမ်သော

စကားအပြောအဆိုများကားခေတ်တစ်တွင်တစ်ယောက်ဆိုသကဲ့သို့ကဗည်းတင်ရှိနေမည်ဖြစ်ပါတော့

သည်။

(ဦး) သုမောင် ၏ပညာစွမ်းကားမပြီးသေးပါ။သူကသီချင်းလည်းဆိုပါသည်။(ဦး) သုမောင်၏ထူးခြားချက်တစ်

ခုကအသံဖြစ်ပါသည်။သူ၏အသံတွင် ဆွဲဆောင်မူ ရှိနေပါသည်။ဘာပြောပြောနားထောင်နေရတာနှင့်ပင်တန်

နေပါသည်။သည်လိုအသံပိုင်ရှင်ကသီချင်းဆိုသည်ဆိုတော့ဆိုဘွယ်ရာမရှိတော့ပါ။အိမ်ကလုပ်သောထမနဲ

ပွဲ - ၁၉၈၄ တုန်းက(ဦး) သုမောင်ကိုယ်တိုင်လာပြီးမေမေကြီးဒေါ်ခင်မျိုးချစ်နှင့်သီချင်းအတူဆိုပြဘူးပါသည်။

အဲဒီတုန်းကသီချင်းလေးက ပွဲကြိုက်ခင် ။ကိုယ်အလွန်နှစ်သက်သောစာရေးဆရာကယခုလိုအဘွားကို

ချစ်ချစ်ခင်ခင်နှင့်ရင်းရင်းနှီးနှီးအတူသီချင်းဆိုပြ၊မေမေကြီးကိုလည်း အမေ ဟုခေါ်သည်ကိုကြားရသည်မှာ

ပီတိဂွမ်းဆီထိ သကဲ့သို့လေးလေးနက်နက်ခံစားပျော်ရွှင်ခဲ့ရဘူးပါသည်။

(ဦး) သုမောင် ကွယ်လွန်သည့်သတင်းကိုကြားပြီးစိတ်မကောင်းဖြစ်ရပါသည်။မတ်လဖွားဖြစ်ကြောင်းလည်း

ယခုမှသိရပါသည်။ကိုယ့်လိုသာမန်ပရိသတ်တစ်ဦးပင်လျှင်ခံစားစိတ်ထိခိုက်နေရလျှင်သူနှင့်အေးအတူ

ပူအမျှလက်တွဲကာနေထိုင်ခဲ့ကြသောသူ၏မိသားစုအတွက်ကားဆိုဖွယ်မရှိနိုင်တော့ပြီဖြစ်ပါသည်။ သူ၏ဂီတ

စာပေ အနုပညာ များကားဘယ်တော့မှမတိမ်ကောပဲပရိသတ်များကြားထဲမှာထာဝရရှိနေပေတော့မည်

ဟုနှစ်သိမ့်အလွမ်းစာဆိုမိခြင်းမှတပါး….။

2 comments:

Unknown said...

ချစ်သောသူများအသက်တိုကြပါလားနော်။
နှမျောမဆုံးပါရှင်။(ဦး) သုမောင်ူ၏ဂီတ

စာပေ အနုပညာ များဘယ်တော့မှမတိမ်ကောပဲပရိသတ်များကြားထဲမှာထာဝရရှိနေမှာပါအစ်မ။

သူမ said...

နှမြောမဆုံးပါ။ အရမ်းဝမ်းနည်းရပါတယ် ...
သူမဆုံးခင်ညက သူ့အကြောင်းတွေ တွေးနေသေးတယ်။ သူနဲ့တွေ့ပြီး စကားပြောချင်စိတ်ပေါက်လာတယ်။ သူ့စာတွေဖတ်ရင်းနဲ့ ...

နောက်နေ့ သူဆုံးသွားပြီဆိုတော့ ကိုယ့်မှာ
(((ဟင်)))
အထိတ်တလန့် ...
ဝမ်းနည်းလိုက်တာ
ကြေကွဲလိုက်ရတာ
စောလွန်းပါတယ် (ဘာပဲဖြစ်ဖြစ်)
ခုဒီစာတွေဖတ်ပြီး ပိုပြီးနှမြောရပါကကော ...