Sunday, October 3, 2010

“ကျွန်မလျှောက်ခဲ့ရသောပညာရေးလှေကားထစ်များ” ဂျူနီယာဝင်း




ကျွန်မလျှောက်ခဲ့ရသောပညာရေးလှေကားထစ်များ” ဂျူနီယာဝင်း

အတွေးအမြင် ၁၂၈၊ ၁၉၉ရခုနှစ်စက်တင်ဘာတွင်ဖော်ပြခဲ့သော
ဂျူနီယာဝင်း ၏ ပညာရေးနှင့်သက်ဆိုင်သောဆောင်းပါးတစ်ပုဒ်
“တွေးမိသောအတွေးများ”စာအုပ်တွင်ဒုတိယအကြိမ်ဖော်ပြခဲ့သောဆောင်းပါး။

“ကျွန်မလျှောက်ခဲ့ရသောပညာရေးလှေကားထစ်များ”

ကျွန်မ၏ဖခင်သည်သချင်္ာဆရာတစ်ယောက်ဖြစ်ပါသည်။ငယ်စဉ်ကသချင်္ာအလွန်ညံ့သောကျွန်မကိုမည်သူကမှကျွန်မတစ်ယောက်တည်းကိုအပြစ်ပုံမချပဲသချင်္ာဆရာသမီးဖြစ်ပြီးညံ့လိုက်တာဟုကျွန်မဖခင်ကိုပါထည့်သွင်းဝေဖန်လေ့ရှိကြပါသည်။ကျွန်မသည်သချင်္ာဆရာသမီးဖြစ်ပြီးသချင်္ာတော်သည်ဟူသောပြောဆိုမူမျိူးကိုပိုမိုလိုချင်ခဲ့မိပါသည်။အဒီအတွက်M.Scအဆင့်အထိပေးဆပ်ခဲ့ရသောကျွန်မ၏ကြိုးစားအားထုတ်မူကိုမည်သူမျှသတိမထားမိကြပါ။
အမွေဆက်ခံသူဟူသည်မှာသာမန်ကြိုးစားသူများထက်ပို၍တာဝန်ကြီးသည်ဟုထင်ပါသည်။မိမိ၏ကြိုးစားမူ၊အောင်မြင်မူ။ကျရူူံးမူဟူသမျှသည်မိမိ၏မိဘမျိူးရိုးဂုဏ်သိက္ခာကိုပါထိခို်က်တတ်ပါသည်။အင်္ဂလိပ်စာအလွန်တော်သောကျွန်မအဘိုးနှင့်အဘွား၏အရိပ်အောက်သို့မဝင်လိုသောကျွန်မဖခင်သည်အင်္ဂလိပ်စာနှင့်အလှန်းဝေးသောသချင်္ာဘာသာရပ်ကိုရွေးချယ်ကြိုစားခဲ့သည်ဟုဆိုပါသည်။ကျွန်မ၁ဝတန်းအောင်စဉ်တုန်းကထိုစိတ်ဓါတ်မျိူးမရှိခဲ့၍သာသချင်္ာဘာသာရပ်ကိုအေးအေးဆေးဆေးရွေးချယ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ရိုးရိုးမေဂျာတစ်ခုသို့သာမန်ရောက်ရှိလာသောကျောင်းသားတစ်ယောက်၏ပြင်းပြသောရည်မှန်းချက်ဆိုသည်မှာဂုဏ်ထူးတန်းဝင်အောင်လုပ်ရမည်ဆိုတာပဲဖြစ်ပါသည်။ပညာရပ်အပေါ်စိတ်ဝင်စားမူသည်ဒုတိယဖြစ်ပါလိမ့်မည်။ကျွန်မသည်တက္ကသိုလ်ဒုတိယနှစ်တွင်ဂုဏ်ထူးတန်းဝင်ဖို့သချင်္ာပုစ္ဆာတွေကြိုးစားတွက်ချက်ရင်းကျွန်မဖခင်သချင်္ာဆရာကြီးနှင့်သချင်္ာပုစ္ဆာများအမေးအဖြေဆွေးနွေးကျရင်းနှင့်သချင်္ာဘာသာရပ်အပေါ်တွင်သာမန်ထက်ပို၍စိတ်ဝင်စားလာပြီးလေ့လာလိုက်စားလိုစိတ်များဖြစ်ပေါ်လာခဲ့ရပါသည်။ကျွန်မ၏ကြိုးစားအားထုတ်မူကြောင့်ဂုဏ်ထူးတန်းဝင်ခဲ့သောအခါဆက်လက်၍မလျော့သောဝီရိယဖြင့်ထူးချွန်အောင်လုပ်မည်ဟုသန္နဌာန်ချခဲ့ပါသည်။
ကျွန်မနှင့်တက္ကသိုလ်အတူတူတက်ခဲ့ကြသောကျွန်မ၏သူငယ်ချင်းများမှာတခါတရံအပေါ်ယံဝေဖန်တတ်သူကျောင်းသားအများစုကြောင့်မခံမရပ်နိုင်ဖြစ်ခဲ့ကြရပါသည်။ထိုသူများကကျွန်မနှင့်တွဲသောသူငယ်ချင်းမျးကိုကျွန်မကိုပေါင်းခြင်းမှာသချင်္ာဆရာကြီးသမီးဖြစ်သောကြောင့်ဟုတဲ့တိုးပင်ပြောဆိုကြကြောင်းကျွန်မကိုပြန်တိုင်ကြပါသည်။စပေါ့မလိုက်ခိုးမချပဲရိုးသားဖြောင့်မတ်သောစိတ်ဖြင့်စာမေးပွဲအောင်ရန်ကြိုးစားခဲ့သောကျွန်မ၏သိက္ခာကိုထိုစကားလုံးများကမည်သို့မျှထိခိုက်မည်မဟုတ်ကြောင်းကျွန်မသာလျှင်အသိဆုံးဖြစ်ပါသည်။
၁၉၉၆နှင့်၉ရခုနှစ်ကျမ်းပြုကျောင်းသူဘဝတွင်တစ်ပတ်တစ်ရက်အတန်းတက်ခဲ့ရပါသည်။အပတ်တိုင်းAssignmentတင်ရပါသည်။M.Sc(thesis)defend(မဟာသိပ္ပံကျမ်းပြုနှူတ်မေးစာမေးပွဲ)အတွက်ပြင်ဆင်မူကိုတစ်နှစ်ခွဲခန့်လေ့လာမှတ်သားခဲ့ရပါသည်။Libraryရှိthesisများကိုရှာဖွေရင်းသချင်္ာဘာသာရပ်နှင့်ပတ်သက်သောစာအုပ်များကိုသူငယ်ချင်းများနှင့်အတူတူဖတ်ရူခဲ့ကြသည်မှာဖတ်လို့ရှာလို့ပဲမပြီးနိုင်အောင်ဖြစ်ရပါသည်။ကျွန်မထက်thesisစောပြီးသွားသူကျောငး်သူတစ်ဦးကကျွန်မကိုသချင်္ာဆရာကြီးသမီးဖြစ်၍အလွန်ကံကောင်းကြောင်း၊thesisအတွက်မပူရကြောင်း၊စာအုပ်တွေရှာရမှာလည်းမပင်ပန်းကြောင်း၊လွယ်လွယ်ကူကူပြီးမှာဖြစ်ကြောင်းပြောဆိုကြောင်းကိုကျွန်မသူငယ်ချင်းတစ်ဦးကပြန်ပြောပါသည်။
ThesisDefendထိုင်ရသည့်စာမေးပွဲ(သို့မဟုတ်)လူတွေ့စစ်ဆေးရမည့်အချိန်အတွင်းမှာကျွန်မ၏ကြိုတင်ပြင်ဆင်ကြိုးစားရမူများအဖြေပေါ်မည်ဖြစ်သည့်အတွက်မည်သို့သောဝေဖန်ပြောဆိုမူများကိုမှကျွန်မဂရုမစိုက်ခဲ့ပါ။အကြောင်းမှာကျွန်မဖခင်သချင်္ာဆရာကြီးသည်ကျွန်မDefendထိုင်သည့်နေ့တွင်မည်သူမဆိုလေ့လာခွင့်ရရမည်ဟုဆုံးဖြတ်ထားသောကြောင့်ဖြစ်ပါသည်။ကျွန်မသူငယ်ချင်းများ၊သချင်္ာဌာနမှဆရာဆရာမများ၊ပြင်ပမှလေ့လာချင်သူများပါပါဝင်နားထောင်ကြမည်ဖြစ်ရာစာစစ်အဖွဲ့၏မေးခွန်းများကိုကျွန်မဖြေနိုင်လျှင်ကျွန်မအရည်အချင်းကိုအာလုံးသိရမည်။မဖြေနိုင်လျှင်ပညာဉာဏ်အဆင့်မမီသေးဟုကိုယ့်ကိုယ်ကိုယ်နားလည်လက်ခံရမည်။
ဂုဏ်ထူးတန်းတက်ခဲ့စဉ်မဟာသိပ္ပံနောက်ဆုံးနှစ်တက်ခဲ့စဉ်တွေမှာဂုဏ်ထူးတွေမရခဲ့ဘူးသောကျွန်မသည်ကျွန်မပြုစုနေသောM.Sc(thesis)အတွက်များစွာစိတ်ကူးယဉ်ခဲ့ပါသည်။thesisDefendတွင်မေးသည့်မေးခွန်းများကိုကောင်းမွန်စွာဖြေနိုင်လျှင်Credit(သို့မဟုတ်)Dပင်ရနိုင်မည်ဟုလည်းကျိန်းသေတွက်ထားခဲ့ပါသည်။ကျွန်မအတွက်ယခုM.Scဘွဲ့အတွက်Defendထိုင်ရမည့်အချိန်သည်Creditတို့Dတို့ရရှိဖို့အတွက်ကျောင်းသားတစ်ယောက်၏နောက်ဆုံးအခွင့်အရေးဖြစ်ပါသည်။
ကျွန်မကျမ်းတင်ရမည့်နောက်ဆုံးအချိန်မှာ၁၉၉ရခုနှစ်မေလဖြစ်ပါသည်။ကျွန်မသည်၁၉၉ရမတ်လတွင်thesisရေးသားမူပြီးပြတ်ခဲ့၍Defendလုပ်ဖို့ပြင်ဆင်ခဲ့ရပါသည်။စာစစ်အဖွဲ့၏မေးခွန်းများမမေးမီနာရီဝက်နှင့်အပြီးကျွန်မ၏thesisအကြောင်းကိုပြောရမည်ဖြစ်ပါသည်။သို့မှသာမေးခွန်းများကိုဖြေဖို့အတွက်အချိန်ရမည်ဟုဆိုပါသည်။
ကျွန်မသည်ဤဆောင်းပါးကိုthesisDefendထိုင်ပြီးနှစ်ရက်ခန့်ကြာမှဆက်ရေးနိုင်ခဲ့ပါသည်။ကျွန်မကိုစာစစ်အဖွဲ့ကမေးသောမေးခွန်းများကိုမဖြေနို်င်သောကြောင့်မဟုတ်ပါ။ကျွန်မThesisအကြောင်းရှင်းပြပြီးသည့်နောက်ဘာမှမမေးပဲပြန်လွှတ်လိုက်သောကြောင့်ဖြစ်ပါသည်။
ကျွန်မနာရီဝင်ခန့်thesisအကြောင်းရှင်းပြပြီး၍စာစစ်အဖွဲ့၏မေးခွန်းများကိုမျှော်လင့်ခဲ့မိသည်။ExternalExaminer(ပြင်ပစာစစ်ဆရာ)ကကျွန်မတွက်ထားသောပုစ္ဆာတစ်ပုဒ်၏ပုံတစ်ပုံအကြောင်းကိုစတင်ဆွေးနွေးပါသည်။InternalExaminer(ဌာနတွင်းစာစစ်ဆရာ)ကTheoremသီအိုရမ်တစ်ခု၏အဆိုတစ်ခုကိုကျွန်မဖခင်နှင့်ဆွေးနွေးပါသည်။သချင်္ာပါမောက္ခကကျွန်မဖခင်နှင့်ကျွန်မ၏Thesisအကြောင်းပြောသောအခါExternalနှင့်InternalExaminerဆရာများကပါဝင်ရောက်ပြောဆိုနေကြပါသည်။ကျွန်မကိုဘာတစ်ခုမှတိုက်ရိုက်မမေးကြသောအခါလာလေ့လာကြသူဆရာဆရာမများ၊သူငယ်ချင်းများ၊သချင်္ာဆရာကြီးသမီးရဲ့ThesisDefendမို့ပွဲကြီးပွဲကောင်းပဲဟုလာရောက်ကြည့်ရူကြသောသူများနှင့်စာစစ်အဖွဲ့ဝင်များ၏ရှေ့တွင်ရပ်နေရသည်မှာကြောင်တက်တက်နိုင်လှပါသည်။ကျွန်မThesisအကြောင်းရှင်းပြပြီးချိန်မှစတွက်လျှင်ငါးမိနှစ်ခန့်ရှိပါပြီ။ကျွန်မကိုယ်တိုင်အပင်ပန်းခံတွက်ချက်လေ့လာထားရသည့်ကျွန်မ၏Thesisကိုကျွန်မနှင့်တိုက်ရိုက်မမေးမမြန်းမဆွေးနွေးခြင်းမှာကျွန်မကိုအသိအမှတ်မပြုသည့်သဘောပဲဟုခံစားလိုုက်ရပါသည်။M.Scအဆင့်အထိပေးဆပ်ခဲ့ရသောကျွန်မ၏ကြိုးစားမူလု့ံလဝီရိယကိုမည်သူမျှသတိမထားမိကြပါလားဟုနားလည်လိုက်ရပါသည်။
တခြားကျောင်းသားကျောင်းသူတွေThesisDefendထို်ကြလျှင်မေးခွန်းတွေအနည်းနှင့်အများအမေးခံရသည်မှာဓမ္မတာဖြစ်ပါသည်။နည်းနည်းအမေးခံအစစ်ဆေးခံရသောကျောင်းသားတစ်ယောက်၏အဆင့်အတန်းလောက်ပင်ကျွန်မမရှိပါလားဟုခံစားရသည်။ကျွန်မတစ်သက်လုံးစာမေးပွဲတွေမှာရိုးသားစွာကြိုးစာခဲ့ရသမျှသည်ဤThesisစာမေးပွဲကျမှအလကားအအောင်ပေးလိုက်သည့်ပုံစံမျိူးဖြစ်သွားသည်မှာသိပ်သဘာဝမကျသလိုကျွန်မကိုယ်တိုင်လည်းလုံးဝလက်မခံနိုင်ပါ။
ထိုအတွက်ကျွန်မတစ်ခုခုတော့လုပ်သင့်သည်ဟုစဉ်းစားမိပါသည်။အနည်းဆုံးကျွန်မကိုယ်ကျွန်မM.Scဟူသောအဆင့်ရှိသည်ဟုခံယူနိုင်ဖို့ဖြစ်ပါသည်။ယခုတော့ကျွန်မM.ScThesisDefendပြီးပြီဟုလူရှေ့သူရှေ့သတ္တိရှိရှိပြောဖို့လိပ်ပြာမသန့်နိုင်ပါ။
ကျွန်မသည်ExternalExaminerထံသွားရောက်၍ကျွန်မ၏ခံစားချက်ကိုတင်ပြ၍Thesisdefendပြန်စစ်ပေးပါရန်၊စာမေးပွဲပြန်စစ်ပေးရန်ပြောကြားခဲ့ပါသည်။ExternalExaminer၏သဘောတူချက်ဖြင့်ပါမာက္ခထံခွင့်ပြုချက်တောင်းခဲ့ပြန်ပါသည်။ပါမောက္ခကThesisDefendထပ်ထိုင်သည်ဆိုခြင်းမှာထုံးစံမရှိကြောင်း၊အကယ်၍ထပ်လုပ်ချင်လျှင်Seminor(စာတမ်းဖတ်ပွဲ)လုပ်ခွင့်ရှိကြောင်းပြောပါသည်။ပါမောက္ခ၏ခွင်ပြုချက်ဖြင့်Seminorအတွက်ပြင်ဆင်ခဲ့ပါသည်။
ကျွန်မDefendထိုင်ပြီးသည့်နေ့နှစ်ပတ်အကြာတွင်ကျင်းပခဲ့သောSeminorနေ့တွင်ပမောက္ခ၊ExternalExamaner၊၊InternalExaminerတို့မှအပလုပ်သားကောလိပ်၊ဒေသ(၁)၊ဒေသ(၂)၊ရန်ကုန်တက္ကသိုလ်ပင်မ၊ဒဂုံတက္ကသိုလ်မှဆရာဆရာမများ၊ကျွန်မ၏သူငယ်ချင်းများစုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။မနက်၁၀:ဝဝနာရီမှစတင်ခဲ့သည့်ကျွန်မ၏ThesisSeminorမှာနေ့လယ်၁၂:၃ဝဆယ့်နှစ်နာရီခွဲမှပြီးပါသည်။ကျွန်မကိုစာအများဆုံးမေးသူမှာဂုဏ်ထူးဆောင်ပါမောက္ခချီးမြှင့်ခံရသူအငြိမ်းစားပါမောက္ခဟောင်းတစ်ဦးဖြစ်ပါသည်။ကျွန်မအတွက်ပညာလည်းတိုးပါသည်။လေ့လာသူများလည်းကျေနပ်အားရစွာနားထောင်လေ့လာရပါသည်။Seminorပြီးသောအခါတက်ရောက်လာကြသူဆရာအချိူ့ကထူးထူးချွန်ချွန်အောင်မှာပါဟုအားပေးစကားများပြောကြပါသည်။မေးသောမေးခွန်းများအားလုံးကိုကျွန်မမဖြေနိုင်သောလည်းကျွန်မကြိုးစားအားထုတ်ရသမျှတို့ကိုအများရှေ့တွင်ပြောကြားခွင့်၊ဖြေကြားခွင့်ရခဲ့၍ကိုယ့်ကိုယ်ကိုယ်ကျေနပ်ခဲ့မိပါသည်။ယနေ့ကျွန်မM.Scအဆင့်အတန်းနှင့်ထိုက်တန်ပြီဟုနားလည်ခံယူလိုက်မိပါတော့သည်။
အတန်းတစ်တန်းအောင်မြင်ခဲ့ပြီးလျှင်ထိုစာကျက်ရသည့်အတွေ့အကြုံ၊စာမေးပွဲဖြေရသည့်အကြောင်းတွေကိုပြန်လည်ဖောက်သည်ချရသည်မှာပျှော်စရာလည်းကောင်းသလိုဂုဏ်ယူစရာလည်းဖြစ်ပါသည်။ရိုးသားဖြောင့်မတ်စွာကြိုးစားရခြင်း၏ရလဒ်ကိုအားကျစေချင်ပါသည်။မည်သူမဆိုမိမိ၏မှန်ကန်သောကြိုးစားမူကိုဖြန့်ဝေနိုင်မှသာလျှင်အနာဂတ်အတွက်စစ်မှန်သောလမ်းကြောင်းတစ်ခုကိုတည်ဆောက်ရမည်ဖြစ်ပါသည်။

(ဆက်ပါဦးမည်။)

No comments: