Wednesday, August 30, 2017

မင်းကို ခင်တဲ့ သူငယ်ချင်း ဂျူနီယာဝင်း

မင်းကို ခင်တဲ့ သူငယ်ချင်းချယ်ရီရသစုံမဂ္ဂဇင်းနိုဝင်ဘာလ၊ ၂ဝဝ၅ ခုနှစ်။ကိုယ့်ကိုခင်တဲ့ သူရှိတယ်။ ကိုယ်ကခင်ရတဲ့သူရှိတယ်။ ဘယ်လိုပဲခင်ခင် သူငယ်ချင်းလို့ပဲ သတ်မှတ်ပါတယ်။ သူငယ်ချင်းတွေက အများကြီးပေါ့။ ခွဲခြမ်းစိတ်ဖြာဖို့မလိုပါဘူး။ ဘာကြောင့်လို့ရှင်းပြစရာမလိုပါဘူး။ သူငယ်ချင်းပါပဲ။ အမည်မသိစာရေးသူတစ်ဦး ဗညသညပ-ညသကျ က 'မင်းကိုခင်တဲ့ သူငယ်ချင်း'ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရေးဖွဲ့ထားတဲ့ စာတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ သူရေးဖွဲ့ပုံကလှပတယ်။ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ခံစားကြည့်စေချင်ပါတယ်။'A...

Wednesday, August 23, 2017

စိတ်ပြောင်းသွားတဲ့ သူငယ်ချင်း ဂျူနီယာဝင်း

စိတ်ပြောင်းသွားတဲ့ သူငယ်ချင်းချယ်ရီရသစုံမဂ္ဂဇင်းဖေဖော်ဝါရီလ၊ ၂ဝဝ၆။Salvador Novo (၁၉ဝ၄) ဆိုတဲ့ စာရေးဆရာ၊ ကဗျာဆရာတစ်ဦးက နပိုလီယန်လို့ အမည်တွင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရည်ရွယ်ပြီး စာတစ်ပုဒ်ရေးဖွဲ့ပါတယ်။ နပိုလီယန်ဆိုတာ စစ်ဗိုလ်ချုပ်ကြီး အမည်ဖြစ်ပေမယ့် သူဆိုလိုတာက နပိုလီယန်ကဲ့သို့ စိတ်ဓာတ် ကြံ့ခိုင်ပြီး ရည်မှန်းချက် ကြီးမားလွန်းသူတစ်ဦးကို ဆိုလိုပုံရပါတယ်။ သူ့သူငယ်ချင်းအမည်ကို နပိုလီယန်လို့ ပေးလိုက်တဲ့အတွက် နပိုလီယန် စစ်ဗိုလ်ချုပ်ကြီးရဲ့ သင်္ကေတတွေ၊ စိတ်ဓာတ်တွေ၊...

Saturday, August 19, 2017

ဖရင်ကင်စတိုင်း၏ ဖန်တီးရှင် ဂျူနီယာဝင်း

ဖရင်ကင်စတိုင်း၏ ဖန်တီးရှင်ပိတောက်ပွင့်သစ်မဂဇင်းမှ)မေရီရှယ်လီ (၁၇၉၇-၁၈၅၁) Mary Shelly သည် စာရေးဆရာများဖြစ်ကြသော William Godwin နှင့် Mary Wollstonecraft၏ တစ်ဦးတည်းသောသမီး ဖြစ်သည်။ နာမည်ကျော် ကဗျာဆရာ ပါစီရှယ်လီ (Percy Bysshe Shelly) ၏ ဇနီးဖြစ်သည်။ သူတို့ Genera အရပ်တွင် နေထိုင်ကြစဉ် ၄င်းတို့၏ မိတ်ဆွေများဖြစ်ကြသော Byron နှင့် Polidori တို့နှင့် စုပေါင်းကာ အပျင်းပြေပုံပြင်ဇာတ်လမ်းများ ပြောဖို့ အကြံကို အကောင်အထည်ဖော်ခဲ့ကြသည်။ ဤကားဖရင်ကင်စတိုင်း (Frankenstein)...

Tuesday, August 15, 2017

ဘဝဇာတ်ခုံပေါ်က ဒွန်ကွီဇုတ် ဂျူနီယာဝင်း

(ပိတောက်ပွင့်သစ်ဇန်နဝါရီလ၊ ၂ဝဝ၇ ခုနှစ်။)Don Quixote (ဒွန်ကွီဇုတ်)၏ ဖခင်က စပိန်စာရေးဆရာကြီး Miguel De Saavedra Cervantesသူ့ကို စပိန်နိုင်ငံ Alcala de Henares ၁၅၄၇ မှာ မွေးပါသည်။ သူ့ငယ်ဘဝ ၁၅၇ဝ တိုင် သူဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်သူ့မှ မသိကြပါ။ ၁၅၇ဝ အီတလီစစ်မှု ထမ်း ဘဝဖြင့် Marquesa သင်္ဘောမှာ အမှုထမ်းခဲ့ရသည်။ သူသည် သင်္ဘောဝမ်းဗိုက်ထဲမှာ ဖျားပြီးလဲနေရာကပင် တိုက်ပွဲထဲ ရဲရဲရင့်ရင့် ဝင်ခဲ့သူ ဖြစ်သည်။ သူ့ကိုယ်ထဲက ကျည်ဆံ ၃ ခုကို ထုတ်ပစ်ခဲ့ရရာ ကျည်တစ်ခုမှာ သူ့လက်ဝဲဘက်...

Thursday, August 10, 2017

နပိုလီယန်၏ နောက်ဆုံးစကား ဂျူနီယာဝင်း

နပိုလီယန်၏ နောက်ဆုံးစကားပိတောက်ပွင့်သစ်၊ဇွန်လ၊ ၂ဝဝ၆ ခုနှစ်။စစ်ဗိုလ်ချုပ် Napoleon Bonartparte ကို ၁၇၆၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ မွေးပါသည်။ သူသည် ကော့စီကန် (Corsican) လူမျိုးဖြစ်ပြီး ထင်ရှားသောသမိုင်းဝင် စစ်ဗိုလ်ချုပ်ဖြစ်ခဲ့လေသည်။ သူ၏စစ်စွမ်းရည်၊ စစ်သွေးစစ်ရည်များသည် ဥရောပမြေပုံကိုပင် ပြောင်းလဲ ပစ်နိုင်ပေသည်ဟုပင် တင်စားခဲ့ကြရသည်။ သူ၏ ထူးခြားသောအောင်မြင်မှုတွေရခဲ့တာ ဘာကြောင့်ပါလဲတဲ့။ သူ၏အံ့မခန်းစစ်စွမ်းရည် ကြောင့်လည်း မဟုတ်၊ သူ၏ အုပ်ချုပ်မှုစွမ်းရည်ကြောင့်လည်း...

Wednesday, August 9, 2017

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ (အတွေးအမြင်၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇   ၁၉၉၁ ခုနှစ်ထုတ် အမေရိကန်အပတ်စဉ် သတင်းဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ နည်းပညာသတင်းတစ်ပုဒ်ပါ။ ရေးသူက ဒယ်နီရယ် ခါဂန် (Dania Kagan) ဖြစ်ပါတယ်။ သူက မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှူပ်တာ၊ ဟာရီကိန်းမုန်ုတိုင်းဒဏ်တွေ၊ ဓါတ်ငွေ့ပေါက်ကွဲမူတွေ၊ လေဆင်နှာမောင်းတိုက်ခံရတာတွေ အစရှိတဲ့...

Thursday, August 3, 2017

အဖိုးတန် စကားတစ်ခွန်း ဂျူနီယာဝင်း

 (ပိတောက်ပွင့်သစ်၊ ဧပြီလ၊ ၂ဝဝ၆ ခုနှစ်။) အဖိုးတန် စကားတစ်ခွန်းIf ဟူသည့် အသုံးတစ်ခုကို လေ့လာရင်းနဲ့ စိတ်ဝင်စားစရာတွေ တွေ့လာရပါသည်။ If ကို ''ဒါဖြင့်ရင်း... ဒါဖြစ်သည်''ဟူသော အသုံးမျိုးတွင် သုံးလေ့ရှိပါသည်။ ''အကယ်၍များ''၊ ''ဒါဖြင့်ရင်...'' စသည်တို့သည် သူ့အဓိပ္ပာယ်ဖြစ်သည်။ If it rains… ဆိုလျှင် ''မိုးရွာလို့ရှိရင်...''၊ ''အကယ်၍ မိုးရွာရင်...''ဟု ဆိုလိုသည်။ အမှန်တော့ If ဆိုသည့်စကားလုံးကို Rudyard Kipling ၏ If ကဗျာကို ဖတ်ရင်းနှင့် အတွေးတွေ ပေါ်လာတာဖြစ်သည်။Rudyard...

Tuesday, August 1, 2017

သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဂျူနီယာဝင်း

သမိုင်းဖြစ်သွားတဲ့ ဇာတ်လမ်းတစ်ပုဒ်(ပိတောက်ပွင့်သစ်ဖေဖော်ဝါရီလ၊ ၂ဝဝ၆ ခုနှစ်။လူသားတွေနေရာမှာ စက်ပစ္စည်းတွေ အစားထိုးဝင်ရောက်လာတဲ့အခါမှာ ဖြစ်ပွားလာရတဲ့ ပဋိပက္ခတစ်ခုလို့ ဆိုရမလား။ စက်ပစ္စည်း တွေ၊ သိပ္ပံပညာတွေ တိုးတက်လာတဲ့အတွက် လူသားတွေရဲ့ စွမ်းပကားတွေ၊ ခွန်အားတွေဟာ အရာမဝင်တော့ဘူးလို့ သတ်မှတ်ခံရတဲ့ အခိုက် အတန့် အချိန်ပိုင်းလေးတစ်ခု ရှိခဲ့ဖူးမှာပါပဲ။ အဲဒီအချိန်ကာလ လွန်မြောက်ပြီးနောက် ၁ဝ နှစ်၊ နောက် နှစ် ၂ဝ၊ နှစ် ၁ဝဝ ကြာတဲ့အခါ အဲဒီ အတိတ်က ပဋိပက္ခအဖြစ်ကလေးတွေဟာ...