Wednesday, August 30, 2017

မင်းကို ခင်တဲ့ သူငယ်ချင်း ဂျူနီယာဝင်း



မင်းကို ခင်တဲ့ သူငယ်ချင်း
မင်းကို ခင်တဲ့ သူငယ်ချင်း  ဂျူနီယာဝင်း

ချယ်ရီရသစုံမဂ္ဂဇင်း

နိုဝင်ဘာလ၊ ၂ဝဝ၅ ခုနှစ်။

ကိုယ့်ကိုခင်တဲ့ သူရှိတယ်။ ကိုယ်ကခင်ရတဲ့သူရှိတယ်။ ဘယ်လိုပဲခင်ခင် သူငယ်ချင်းလို့ပဲ သတ်မှတ်ပါတယ်။ သူငယ်ချင်းတွေက အများကြီးပေါ့။ ခွဲခြမ်းစိတ်ဖြာဖို့မလိုပါဘူး။ ဘာကြောင့်လို့ရှင်းပြစရာမလိုပါဘူး။ သူငယ်ချင်းပါပဲ။ အမည်မသိစာရေးသူတစ်ဦး ဗညသညပ-ညသကျ က 'မင်းကိုခင်တဲ့ သူငယ်ချင်း'ဆိုတဲ့ အဓိပ္ပာယ်နဲ့ ရေးဖွဲ့ထားတဲ့ စာတစ်ပုဒ်ကို ဖတ်ဖူးပါတယ်။ သူရေးဖွဲ့ပုံကလှပတယ်။ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ခံစားကြည့်စေချင်ပါတယ်။

'A Friend is Someone Who Likes you.

It can be a boy...

It can be a girl...

or a cat...

or a dog...

or ever a white mouse...'

'သူငယ်ချင်းဆိုတာ မင်းကို ခင်တဲ့သူပေါ့။

ကောင်လေးတစ်ယောက်ဖြစ်နိုင်တယ်...

ကောင်မလေးတစ်ယောက်ဖြစ်နိုင်တယ်...

ဒါမှမဟုတ် ကြောင်လေးတစ်ကောင်...

ဒါမှမဟုတ် ခွေးလေးတစ်ကောင်...

ဒါမှမဟုတ်ြွကက်ဖြူလေးတစ်ကောင်တောင် ဖြစ်နိုင်သေး'

'A tree can be a different kind of friend.

it doesn't talk to you, but you know it likes you, because it gives you apples...

or pears...

or cherries...

or sometimes, a place to swing.'



'သစ်ပင်တစ်ပင်က ပုံစံတစ်မိုျးနဲ့ သူငယ်ချင်းဖြစ်နိုင်တယ်။ သူက မင်းကိုစကားမပြောဘူး။ ဒါပေမဲ့... သူ မင်းကို ခင်မှန်းမင်းက သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကမင်းကို ပန်းသီးတွေ ပေးတယ်... ဒါမှမဟုတ် သစ်တော့သီးတွေ ပေးတယ်... ဒါမှမဟုတ် ချယ်ရီသီးတွေ ပေးတယ်... ဒါမှမဟုတ် တစ်ခါတလေ မင်းခိုစီးစရာနေရာလည်း ပေးတယ်လေ'

'A brook can be a friend in a special way.

it talks to you with splahy gurgles.

it cools your toes and lets you sit quietly beside it 

when you don't feel like speaking. 

'ချောင်းကလေးက ထူးခြားတဲ့ပုံစံနဲ့ သူငယ်ချင်းဖြစ်နိုင်တယ်။ သူက လှိုင်းဂယက်သဲတွေနဲ့ မင်းကို စကားပြောတယ်။ မင်းရဲ့ ခြေချောင်းထိတ်ကလေးတွေကို အေးမြစေတယ်။

မင်းစကားပြောချင်စိတ်မရှိတဲ့အခါ မင်းကို သူ့နဘေးမှာ တိတ်တဆိတ်ထိုင်နေခွင့်လည်း ပေးသေးတယ်'

ဤသို့ဆိုပါလျှင် ကိုယ်စီးနေတဲ့ ဖိနပ်လေးတစ်ရံ၊ ကိုယ်နားထောင်နေတဲ့ သီချင်းလေးတစ်ပုဒ်၊ ကိုယ်ဖတ်နေတဲ့ စာအုပ်လေးတွေ၊ ကိုယ် မြင်နေရတဲ့ ပန်းကလေးတွေကလည်း ကိုယ်ရဲ့ခင်တဲ့သူငယ်ချင်းတွေ ဖြစ်သွားပါတယ်။ လောကကြီးက ကိုယ်ထင်ထားတာထက်တောင် ကိုယ့် အပေါ်ပေးဆပ်နေတာတွေ အများကြီးပါပဲ။

သစ်ပင်တစ်ပင်ဆီက ကိုယ်ယူတာတွေများနေပြီလား။ ပန်းဘယ်နှစ်ပွင့်ကိုယ့်ကြောင့် ေြွကသွားရပြီလဲ။ စီးဆင်းနေတဲ့ ချောင်းရေတွေ ကိုယ့်ကြောင့် ညစ်ပေခဲ့ရဖူးပြီလား။ ဘယ်လိုပဲ တွေးပါစေ... ကိုယ့်ကိုခင်တဲ့ 'သူငယ်ချင်း'တွေကို ထိခိုက်သွားမှာကိုတော့ စိုးရိမ်မိပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ မြင်နေကျပန်းကလေးတွေ၊ သီးနေကျ သံပုရာသီးလေးတွေ၊ ကြားနေကျ ကျေးငှက်သာရတာရဲ့ တေးသံလေးတွေ ရှိနေ တာကိုပဲ ကိုယ့်ကိုအားပေးနေတဲ့ သူငယ်ချင်းတွေအဖြစ် အားအင်ဖြစ်ခဲ့ရတာကိုတော့ 'အမည်မသိတဲ့ စာရေးသူတစ်ဦး'ကို ကျေးဇူးတင်ရမည် ဖြစ်ပါသည်။



 


No comments: