စာအုပ်တစ်အုပ်အကြောင်း
တိုင်းပြည်မဲ့လူတစ်ယောက်
ဂျူနီယာဝင်း
ချင်းတွင်းမဂဇင်း ၂၀၀၇?
၁၈၂၂ ခုနှစ် ဧပြီလ ၂ ရက် Massachusettes မြို့၌ မွေးဖွားခဲ့သူ Edward Everett Hale(အက်ဒ်ဝဝ် အဲဗရက် ဟေးလ်) သည် ‘The Man without a country.’ ''တိုင်းပြည်မဲ့လူတစ်ယောက်''ဟု အမည်တွင်သော စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။ ကျွန်မ ထိုစာအုပ်မူရင်းကို မဖတ်ဖူးခင်မှာ ကျွန်မ အဘိုးအဘွားများ ဖတ်ပြခဲ့သည့် Illustrated Classicsများထဲတွင် ဖတ်ရှုရင်းနှီးခဲ့ရသည်။ ထိုစာအုပ်က ရုပ်ပုံပန်းချီများဖြင့်မို့ ကလေးသူငယ်များ စိတ်ဝင်တစား ဖြစ်သွားလောက်ပါသည်။ သို့သော် အရေး အသားကတော့ မူရင်းစာသားအခို့ျဖြင့် ချယ်မှုန်းသရုပ်ဖော်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းကျောရိုးကိုတော့ တိုတိုတုတ်တုတ် ပြုပြင်ရေးသား ထားသည်။ ထိုဇာတ်လမ်းကို စိတ်ဝင်စား မိသွားတာက ကဗျာတစ်ပုဒ်ကြောင့်ဖြစ်သည်။
ထိုဇာတ်လမ်းကို ဘာမှန်းမသိခင်မှာ ဇာတ်လမ်းထဲအံဝင်အောင် ထည့်ထားသော ကဗျာတစ်ပုဒ်က Sir Walter Scott ၏ Ptriotism(မိုျးချစ်စိတ်) အမည်တွင်သော ကဗျာတစ်ပုဒ်ဖြစ်သည်။ ထိုကဗျာလေးက ဇာတ်လမ်း၏ တစ်ဝက်လောက်မှာ ပါသည်။ အဓိက ဇာတ်ကောင် နိုလန် (Nolan) က ထိုကဗျာကို ဆုံးအောင်ပင် မဖတ်နိုင်ဘဲ ဆုတ်ဖြဲပစ်ကာ ရေထဲပစ်ချလိုက်သည့် အဖြစ်သည် တော်တော် လေး စိတ်ဝင်စားသွားစေသည့် အဓိက အချက်ဖြစ်သည်။ ‘Patriotism’ ဆိုသည့် ကဗျာက ကျွန်မ အဖိုးဦးခင်မောင်လတ်က ကျွန်မတို့ကို ရိုက်သင်ထားလိုက်သည်မှာ နောကျေနေပြီး အလွတ်ကိုရနေသည့်ကဗျာ။ ပြီးတော့ ကျွန်မ အဖွား ဒေါ်ခင်မိုျးချစ်က ထိုကဗျာကို မြန်မာ လေးခိုျးကြီးတစ်ပုဒ်စပ်ခဲ့ရာမှ အစပြုလို့ 'ခင်မိုျးချစ်' အမည်တွင်ခဲ့ရသည့် ကဗျာ။ ဒီလောက်တော် ဆွဲဆောင်မှုရှိသော ကဗျာကို နိုလန်က ဘာကြောင့် မနှစ်သက်နိုင် ဖြစ်ရသနည်း။ ကျွန်မအတွက် ခိုင်လုံသော အကြောင်းပြချက်ကို ထိုရုပ်ပုံများ ဖော်ကူျးထားသည့် စာအုပ်ဖတ်ရုံ ဖြင့် ရှာမတွေ့ခဲ့ပါ။ ဒါက ကလေးတွေအတွက်မို့ တခို့ျ အရေးပါသော အခန်းများ ရှိနေလိမ့်ဦးမည်ဟု ကျွန်မ တွေးမိသည်။ ထို့ကြောင့် မူရင်းစာအုပ်ကို ဖတ်ချင်မိသည်။ သို့သော် မူရင်းစာအုပ်က အိမ်မှာ မရှိပါ။ ရဖို့လည်း မလွယ်ပါ။ ဒီတော့လည်း သိချင်စိတ်က အဲဒီမှာ ရပ်သွားရသည်။ တစ်ခါတလေ ကောက်ကိုင်ပြီး ထိုဇာတ်လမ်းလေးကို ပြန်ဖတ်ရင်းနှင့် နည်းနည်းတော့ ရေးတေးတေးဖြစ်လာရသည်။ သူဘာလို့ ဒီကဗျာကို မုန်းရသလဲဆိုတာကို။ သို့သော် မူရင်းစာအုပ်မရှိတော့ ကိုယ်ထင်ထားသလောက်နှင့်ပင် ရောင့်ရဲခဲ့ရသည်။ ဒီလိုနှင့် ၁ဝ နှစ်လောက်တောင် ကြာခဲ့ပေါ့။
တစ်နေ့တော့ ကျွန်မ သူငယ်ချင်းတစ်ဦးက သူ ဘန်ကောက်မှာ မှာချင်တာရှိရင်မှာပါ ဝယ်လာခဲ့ပေးမည်ဟု ဆိုလာတော့ ကျွန်မ ထိုစာအုပ်ကို သတိတရ မှာလိုက်ပါသည်။ စာအုပ်ရှာလို့ တွေ့ပြီဟု အကြောင်းကြားတော့ ကျွန်မမှာ စာအုပ်လက်ထဲမရောက်မချင်း စိတ်ကူး နှင့် ပျော်ခဲ့ရသည်။ ဒီလိုနှင့် ၂ဝဝ၃ ခုနှစ်မှာ ကျွန်မ ဖတ်ချင်ခဲ့သော ထိုစာအုပ်လေး ကျွန်မလက်ထဲ ရောက်လာပြီ။ အိမ်က စာအုပ်နှင့် ယှဉ်ကာ ဘယ်အကြောင်းအရာတွေ ချန်ခဲ့သလဲဆိုတာ တိုက်ပြီးဖတ်ရှုခဲ့သည်။ ဒီလိုနှင့် သူ့အကြောင်းတွေ အတွေးအမြင်မှာ ဆောင်းပါး ၂ ပုဒ်၊ ၃ ပုဒ်လောက်ရေးဖြစ်ခဲ့သည်။ နိုလန်ကို သဘောကျသွားကြသော ပရိသတ်များနှင့်တွေ့ပြီး သူတို့၏ တောင်းဆိုမှုတွေကြောင့် ထပ်မံရေး ဖြစ်ခဲ့တာတွေ ဖြစ်ပါသည်။ တစ်အုပ်လုံးတော့ ဘာသာမပြန်ဖြစ်ခဲ့ပါ။ တစ်နေ့တော့ ပြန်ဖြစ်ချင်လည်း ပြန်ဖြစ်လိမ့်မည်။ သို့သော် ဘာသာပြန် ဖို့ မလိုလောက်အောင် ကျွန်မ ခံစားလို့ ရနေခဲ့သည်။
‘The man without a country’ 'တိုင်းပြည်မဲ့ လူတစ်ယောက်'တဲ့။ သူ့မှာ တိုင်းပြည် မရှိပါ။ မည်သူ့မှာမဆို တိုင်းပြည်ရှိပါတယ်။ သို့ပေမဲ့ သူက တိုင်းပြည် မရှိသူ ဖြစ်သည်။ သူ့အကြောင်းကို ရေးသားသူက Edward verett Hale ဖြစ်သည်။ 'ဟေးလ်' သည် တရားဟောဆရာတစ်ဦး၊ ပြီးတော့ တိုင်းပြည်ချစ်တဲ့ လူတစ်ယောက်။ ထို့အပြင် 'တိုင်းပြည်အတွက် ပေးစရာ အသက်တစ်ခုတည်းရှိတာ နာတယ်ကွာ'ဟူသော သမိုင်းတွင်ခဲ့သည့် စကားတစ်ခွန်းကို ပြောခဲ့သူ Nathan Hale (နာသန် ဟေးလ်)၏ တူဖြစ်သည်။ ဒီတော့ ဒီသွေး၊ ဒီ သားတွေ စီးဆင်းနေသော 'ဟေးလ်'ဆိုသူ တိုင်းပြည်ချစ်တဲ့သူ တစ်ယောက်ရေးသားသော ဇာတ်လမ်းသည် အဘယ်နည်း။
'တစ်ခုသော နွေရာသီမှာ ကျွန်တော်ဟာ စာဖတ်သူတွေရဲ့ လက်ထဲကို စာတစ်ပုဒ်ပေးခဲ့ပါတယ်။ ကျွန်တော် တောင်းတဲ့ ဆုကတော့ ခပ်ရိုးရိုးပါပဲ။ ကျွနု်ပ်တို့၏ တိုင်းပြည်ဆိုတာ ဘာလဲဆိုတာသိဖို့ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဇာတ်ကောင်မှာ တိုင်းပြည် မရှိပါဘူး။ သူ့အကြောင်းကို စာဖတ်သူတွေ စိတ်ဝင်စားစေချင်ပါတယ်။ အဲဒီအတွက် ကြိုးစားဖော်ထုတ်ထားပါတယ်'
'ကျွန်တော်ဟာ နိုလန်ဆိုတဲ့ ဇာတ်ကောင်ကို အသက်ဝင်လာစေဖို့ Aaron Barr (အာရွန်ဘား) ဆိုတဲ့ စစ်တပ်အရာရှိတစ်ယောက်ကို မွေးဖွားပေးလိုက်ပါတယ်။ ကျွန်တော်က သူ့ကို တကယ့်သမိုင်းအဖြစ်အပျက် နောက်ခံထားပြီး အသက်သွင်းပေးခဲ့ပါတယ်။ သူ့ကို တိုင်းပြည် ရဲ့ သစ္စာဖောက်တစ်ဦးအဖြစ် ပုံသွင်းခဲ့ပါတယ်။ ဘားကို ဖမ်းလိုက်စဉ်မှာပဲ သူနဲ့ဆက်ဆံခဲ့ဖူးတဲ့ စစ်ဗိုလ်လေး နိုလန်ဟာ တန်ဆာခံဖြစ်သွားပါ တယ်'
စစ်ခုံရုံးတွင် အစစ်ခံခဲ့ရသော နိုလန်သည် အသက်ကငယ်ငယ် မဟုတ်မခံ စိတ်ဓာတ်ကြောင့် တရားရုံးတွေ၏ သဘာဝအရ သူတို့ လိုချင်တဲ့အဖြေ မရရအောင် တွန်းပို့တဲ့ မေးခွန်းတွေအပေါ်မှာ စိတ်မရှည်ဖြစ်လာရပါသည်။ 'ကျွန်တော်ဟာ တိုင်းပြည် သစ္စာဖောက်ဖျက်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။ ကျွန်တော်ဟာ အမေရိကန်မှာမွေး၊ အမေရိကမြေပေါ်မှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ Texas(တက်ကဆပ်) မှာ မြင်းတွေနဲ့ အချိန်ကုန်ခဲ့သူ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုပေါ်မှာ စစ်မှန်သော စိတ်ထား၊ သစ္စာတရားဖြင့်သာ နေခဲ့သူဖြစ်ပါ တယ်'
သို့သော် သူ့ကို စစ်ဆေးနေသူများက 'မင်းဟာ အလုပ်ကို ငြီးငွေ့နေပြီးတော့ ဘားရဲ့ အမိန့်ကိုပဲ နာခံမယ်လို့ စိတ်ကူးရှိခဲ့တယ် မဟုတ်လား' မင်းကို အမေရိကန်ပြည်ထောင်စု၏ ဘယ်အရပ်မှာ မွေးခဲ့ပါသလဲ' 'မင်းငယ်စဉ်က တက်ကဆက်မှာ ကြီးပြင်းခဲ့တယ်ဆိုတာ ဟုတ်သလား။' မင်း စစ်တပ်ထဲဝင်ပြီးကတည်းက မင်းကို အမေရိကန်ပြည်ထောင်စုက ကျွေးမွေးခဲ့တယ်ဆိုတာ ဟုတ်သလား' မင်းရဲ့ ကံကြမ္မာဟာ အမေရိကန်ပြည်ထောင်စုပေါ်မှာ တည်နေတယ်ဆိုတာ ဟုတ်သလား' 'မင်း အခုလွယ်ထားတဲ့ ဓားဟာ အမေရိကန်ပြည်ထောင်စု က ပေးခဲ့တာ ဟုတ်ပါသလား' 'မင်းအခုဝတ်ထားတဲ့ ယူနီဖောင်းကလည်း အမေရိကန်ပြည်ထောင်စုက ပေးထားတာ ဟုတ်ပါသလား' နိုလန် သည် တစ်လျှောက်လုံးတွင် 'မဟုတ်ပါ' 'ဟုတ်ပါတယ်'နှင့် ချည်းပင် ဖြေဆိုနေရရှာလေသည်။
နောက်ဆုံးတွင် နိုလန်အား ''တရားရုံး၏ ဥက္ကဋ္ဌအနေနှင့် မေးမည်။ တရားခံသည် အမှန်တကယ်ပင် အမေရိကန်ပြည်ထောင်စုအပေါ် မှာ အမြဲတစေ သစ္စာစောင့်သိသူ ဟုတ်ပါသလား''
နိုလန်သည် အလွန်တရာမှ မခံမရပ်နိုင်ဖြစ်လှစွာဖြင့် တော်ပါတော့။ ဟောဒီ အမေရိကန်ပြည်ထောင်စုဆိုတဲ့ အသံကို ထပ်ပြီး မကြား ပါရစေနဲ့တော့။ ကျွနု်ပ်၏ ဘဝမှာ အဲဒီရွံစရာကောင်းတဲ့အမည်ကို ထပ်မံ မကြားချင်တော့ပါ'ဟု တရားရုံးတစ်ခွင်လုံး အံ့သြမှင်သက်သွားစေ လောက်သော နိုလန်၏ ဒေါသတကြီး အော်ဟစ်လိုက်သံ ဖုံးလွှမ်းသွားလေတော့သည်။
တရားရုံးမှ ဥက္ကဋ္ဌသည် အတန်ကြာ မှင်သက်သွားရာမှ နိုလန်ကို အကြီးအကျယ် စိတ်ဆိုးသွားမည်ကို မှန်းဆကြည့်လိုက်ပါ။ 'တရားခံ ဟာ တရားရုံးကို မထီမဲ့မြင် ပြုသည်။ အဆုံးစွန်သော ပြစ်မှုကို ကူျးလွန်သည်။ တရားခံအတွက် သူ့အပြစ်နှင့် ညီမျှသော အဆုံးစွန်သော အပြစ်ကို ပေးရမည်'ဟု လှို့ျဝှက်စွာ စည်းဝေးဆုံးဖြတ်ခဲ့ပြီးနောက် နိုလန်အား Orleans(အော်လီရန်) ပင်လယ်ပြင်ရှိရေတပ်သင်္ဘောပေါ်တွင် နေစေဟူသော အမိန့်အပြင် သူမကြားချင်သော အမေရိကန်ပြည်ထောင်စုဟူသော အမည်ကိုလည်း မကြားစေရဟု ပြစ်ဒဏ်ချခဲ့လေသည်။ အော်လီရန်မှသည် အတ္တလန္တိတ်မြောက်ဘက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ 'တိုင်းပြည်မဲ့လူတစ်ဦး'အဖြစ် နေထိုင်ခဲ့လေသည်။ ထိုရေ တပ် သင်္ဘောမှ အရာရှိများ ပြောင်းသွားသည့်အခါ ''နိုလန်၏ အမိန့်''ကို လက်ဆင့်ကမ်းခဲ့ကြရလေသည်။ အမိန့်အရ နိုလန်ရှေ့တွင် အမေရိ ကန် ပြည်ထောင်စုဟူသော အမည်နှင့်ပတ်သက်သော စကားများ၊ စာအုပ်များကို မပြောရ၊ မယူဆောင်ရ၊ သူ၏ ဆန္ဒအတိုင်း နေထိုင်ပါစေ ဟူ၍ ဖြစ်လေသည်။
သင်္ဘောသားများက နိုလန်ကို ခင်မင်သောကြောင့် သူ့အတွက် စာအုပ်များကို ယူဆောင်လာကြရာ တော်တော် ရွေးရခက်ကြကြောင်း ဆိုကြလေသည်။ အမေရိကန်ပြည်ထောင်စု အမည်မပါအောင် စာအုပ်များ ရွေးချယ်ဝယ်ယူကြရာတွင် ကဗျာစာအုပ်များကတော့ အများအားဖြင့် အဆင်ပြေပုံရလေသည်။ ထို့ကြောင့်လည်း Sir Walter Scott ၏ Lay of the last minstrel 'မိုျးချစ်စိတ်'ဟု အမည်တွင်သည့် ဒူပေ သ် အ့န ူေျအ ငြညျအမနူဒ ကဗျာစာအုပ် နိုလန်လက်ထဲ ရောက်သွားတော့သည်။
ဤနေရာတွင် ခက်နေသည်က နိုလန်၏အဖြစ် ဖြစ်သည်။ နိုလန်၏ ဘဝ၊ နိုလန် ယခုလို တိုင်းပြည်မရှိတဲ့ လူတစ်ဦးအဖြစ်ကို ရောက် ခဲ့ရသော သူ့အကြောင်းအရင်းခံ။ ထိုကဗျာစာကြောင်းများကြောင့် အနာပေါ်တုတ်ကျသည့်နှယ် ဖြစ်သွားလေသည်။
စဉ်းစားကြည့်ပါ။ နိုလန်တစ်ယောက် အော်လီရန်ပင်လယ်ထဲက ရေတပ်သင်္ဘောပေါ် ရောက်လာစဉ်က သင်္ဘောအရာရှိများနှင့် သင်္ဘော ဝန်ထမ်းများက သူ့ကို ဘယ်လိုဆက်ဆံခံကြပါသလဲ။ 'မစ္စတာနိုလန်- ခင်ဗျားကို အမိန့်အရ အစိုးရရဲ့ ခရီးသည်တစ်ဦးလို ဆက်ဆံရမယ်လို့ ဆိုထားပါတယ်။ ခင်ဗျားအပေါ် ဘယ်လိုမှ စော်ကားတာမိုျး မရှိစေရပါဘူးး'
''ကျေးဇူးတင်ပါတယ်ခင်ဗျာ''
သင်္ဘောကပ္ပတိန်၏ အတွင်းခန်းမှာတော့ နိုလန်နဲ့ပတ်သက်လို့ သင်္ဘောဝန်ထမ်းများကို ယခုလို ညွှန်ကြားထားလေသည်။
''ကျွန်တော်တို့ရဲ့ ခရီးသည်နှင့် ပတ်သက်လို့ ရေတပ်အတွင်း ရေးမှူးထံက အမိန့်တွေ ရထားပါတယ်။ မစ္စတာနိုလန် သင်္ဘောပေါ်မှာ နေထိုင်စဉ်မှာ သူ့ကို အကျဉ်းသားတစ်ဦးကဲ့သို့ သူ့ကိုယ်သူ သတိမရမိစေအောင် သတိထားဆက်ဆံကြရမယ်။ ဒါပေမဲ့ မည်ကဲ့သို့သော အခြေအနေ အကြောင်းပြချက်မိုျးအောက်မှာမှ သူ့တိုင်းပြည်နဲ့ပတ်သက်လို့ သူဘာမှ မကြားစေရဘူး။ သူ့တိုင်းပြည်နဲ့ပတ်သက်လို့ ဘယ်လို သတင်းကိုမှ သူ့ကို မသိစေရဘူး။ သူ မပိုင်ဆိုင်တော့တဲ့ သူ့ရဲ့တိုင်းပြည်ကို သူဘယ်တော့မှ မတွေ့မြင်စေရဘူး။ သူ့အထက်အရာရှိ နံဘေးမှာ မရှိဘဲ နိုလန်ကို ဘယ်သူမှ စကားမပြောကြရဘူး။ အဲဒီညွှန်ကြားချက်တွေကို အားလုံးလိုက်နာကြရမယ်''
ထိုကဲ့သို့သော ပတ်ဝန်းကျင်နှင့် နေထိုင်ခဲ့သော နိုလန်သည် တစ်နေ့မှာတော့ သူ့အတွက် ကဗျာစာအုပ် အသစ်တစ်အုပ် ရခဲ့လေသည်။
''ဟောဒီ ကဗျာစာအုပ်က အသစ်ပဲ မစ္စတာနိုလန်ရေ။ ကျွန်တော်တို့တောင် မဖတ်ရသေးပါဘူးဗျာ''
''ကျေးဇူးတင်ပါတယ်ဗျာ''
နိုလန်က ကဗျာစာအုပ်ကို လှန်ရင်း မဖတ်ရသေးကြသော သင်္ဘောဝန်ထမ်းများအလယ်တွင် ယခုလို နှုတ်မှ ရွတ်ဖတ်ခဲ့လေတော့သည်။
'Breathes there the man with soul so dead,
Who never to himself hath said,
This is my own, my native land!'
'ဒါ ငါ့တိုင်းပြည်၊ ငါ့မွေးရာတိုင်းပြည်ရင်းလို့
မဟစ်အော် မေြွကးကြော်ဖူးတဲ့လူမိုျး၊
ကိုယ့်တိုင်းပြည်မှန်း မသိတဲ့လူမိုျး၊
ဒီကမ္ဘာလောကကြီးပေါ်မှာ ရှိသလား'
နိုလန်နံဘေးကသင်္ဘောဝန်ထမ်းများမှာနိုလန်ဆက်မဖတ်ပါစေနှင့်တော့ဟုဆုတောင်းနေမိကြတော့သည်။ သို့သော် နိုလန်ကတော့ မျက်နှာဖြူလျော်စွာဖြင့် ဆက်ဖတ်ခဲ့လေသည်။
"Whose heart hath ne'er within him burn'd,
As home his footsteps he that turn'd,
From wandering on a foreign strand!
If such there breathe, go, mark him well,..."
'ပင်လယ်ရပ်ခြားတိုင်းပြည်အနှံ့
ပျော်ပါးလှည့်လည်နေရာက
ကိုယ့်အိမ်ဘက် ခြေဦးလှည့်လိုက်တာတောင်မှ
ငါ အိမ်ပြန်ချင်လိုက်တာဆိုတာမရှိ။
ငါ့တိုင်းပြည်ကို လွမ်းလိုက်တာဆိုတာမရှိ။
အဲဒီလို မိုျးချစ်စိတ်မရှိတဲ့ လူမိုျးရှိရင်
သေသေချာချာ မှတ်ထားလိုက်စမ်းပါ'
နိုလန်သည် သွေးဆုပ်နေသော မျက်နှာ၊ ခံရခက်လွန်းသော တင်းကျပ်သော အမူအရာဖြင့် ဆက်လက်ဖတ်နေလေသည်။
'For him to Minstrel raptures swell;
High though his titles, proud his name,
Boundless his wealth as wish can claim;
Despite those titles, power and pelf,
The Wretch, concentred all in self,...'
'သူ့အတွက်များတော့ ကဗျာလင်္ကာတွေ ဘယ်သူမှမရေးထိုး
သူ့အမည် သူ့ရာထူးဌာနတွေကတော့ဖြင့်
ကျော်စောပါပေတယ်၊ မြင့်မားပါပေတယ်
သူ့ဓန ဥစ္စာများလည်း
လက်ညှိုးညွှန်ရာ ရေဖြစ်ဆိုသလို
ရေတွက်လို့ မရနိုင်အောင် ပေါများလှပါတယ်။
အဲဒီလို ရာထူးဌာနတွေ၊ တန်ခိုးအာဏာတွေ
ချမ်းသာြွကယ်ဝမှုတွေ ရှိနေပေမယ့်...
အဲဒီလို တန်ဖိုးမရှိတဲ့သူဟာဖြင့်...
အရာရာ... ငါ့ဖို့... ငါ့ဖို့ပဲ အဓိကထားတယ်...'
နိုလန်သည် ဤနေရာမှာတော့ အသက်ရှူရပ်သွားပြီ ထင်ပါသည်။ သူ ဆက်လက်ပြီးတော့ပင် မဖတ်နိုင်တော့ပါ။ စာအုပ်ကို ရေထဲကို လွှင့်ပစ်ကာ သူ့အခန်းလေးထဲ ဝင်သွားလိုက်သည်မှာ သင်္ဘောကုန်းပတ်ပေါ်မှာ သူ့ကို ပြန်မမြင်တွေ့ရတော့တာ ၂ လလောက် တိုင်ခဲ့တော့ သည်။ ထိုအချိန်မှစ၍ နိုလန်သည် ဘုရားကျမ်းစာအုပ်များမှလွဲ၍ ဘယ်စာအုပ်ကိုမှ အသံထွက်၍ မဖတ်တော့ပါ။ သူ အကျဉ်းကျခံနေရပါလား ဟူသည့် သူ့ဘဝမှန်ကို အကြိမ်ကြိမ် အဖန်ဖန် စဉ်းစားသုံးသပ်နေပုံရလေသည်။
သူ ပြစ်ဒဏ်ကျခဲ့သော ၁၈ဝရ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှသည် သူကွယ်လွန်ချိန် ၁၈၆၃ ခုနှစ် မေလ ၁၁ ရက်တိုင် နှစ်ပေါင်း ၅၆ နှစ်လောက် သူ့ဘဝကို ပင်လယ်ပြင်ထဲမှာ မြှုပ်နှံခံရလေသည်။ ထိုစဉ်အတောအတွင်း သူ့လွတ်လပ်ခွင့်ပေးဖို့ လေတပ်မှ အရာရှိတစ်ဦးက ကြားမှ အသနားခံစာ တင်ပေးသော်လည်း အချိန်ဆွဲရင်းနှင့်ပင် ရက်တွေ တရွေ့ရွေ့ ကုန်လွန်လာရာမှ 'တိုင်းပြည်မဲ့လူတစ် ယောက်' အကြောင်းသည် လူတွေကြားထဲမှာ ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ဖြစ်ခဲ့ရလေသည်။
ဤနေရာတွင် ဖန်တီးရှင်ဟေးလ်၏ ပေးချင်သော သင်ခန်းစာက နိုလန် တွေ့ကြုံခဲ့ရသော ဘဝ ဖြစ်သည်။ ရေတပ်သင်္ဘောအရာရှိ များ၊ ဝန်ထမ်းများက သူတို့အလုပ်တာဝန်ပြီးဆုံး၍ နေအိမ်အသီးသီးသို့ ပြန်သွားချိန်တွင် နိုလန်မှာ ပြန်စရာ အိမ်မရှိခြင်း၊ သင်္ဘောပေါ်မှာ နေထိုင်နေရင်း တွေ့ကြုံလာခဲ့ရသော လူမည်းနီဂရိုးများပင်လျှင် သူတို့တိုင်းပြည်ကို ပြန်ပို့စေချင်လွန်းလို့ 'ငါတို့ကို အိမ်ပြန်ပို့ပေးပါ၊ ငါတို့ပိုင် တဲ့ တိုင်းပြည်ကို ပြန်ပို့ပေးပါ၊ အိမ်နဲ့ဝေးနေတာ ကြာပြီဖြစ်လို့ အိမ်ပဲ ပြန်ပါရစေ' ဟူသော စကားများကို နာကြားမိခြင်းစသော ဖြစ်ရပ်များ သည် နိုလန်၏ရင်ကို မည်မျှနိုးဆွစေမည်ကို ခံစားလိုက်မိပါသည်။
'မိသားစုမရှိ၊ အိမ်မရှိ၊ တိုင်းပြည်မရှိတဲ့ ဘဝဆိုတာ ဘာလဲဆိုတာ ပြလိုက်တာပါပဲ။ အခုမြင်တွေ့ရတဲ့ နီဂရိုးတွေရဲ့ လုပ်ဆောင်မှုလိုပဲ လွတ်လွတ်လပ်လပ် ပြောပစ်လိုက်ပါ။ အော်ဟစ်လိုက်ပါ။ ကိုယ့်မှာ ပြန်စရာအိမ်ရှိတယ်။ တိုင်းပြည်ရှိတယ်ဆိုတဲ့ အချက်ဟာ ငရဲခန်းတွေကို ကျော်ဖြတ်နိုင်တဲ့အင်အားပါပဲ။ ဟောဒီ ဒီလူ ဒီလူတွေ သင်္ဘောဝန်ထမ်းတွေ၊ အရာရှိတွေ အားလုံး အားလုံးရဲ့နောက်မှာ တိုင်းပြည်ဆိုတာ ရှိတယ်။ တိုင်းပြည်ရဲ့ဘေးက ရပ်နေရတာဟာ ကိုယ့်မိခင်ရဲ့ ဘေးမှာ ရပ်နေရသလို ကိုယ့်မိခင်က ကိုယ့်ကို ပိုင်ဆိုင်နေသလိုပါပဲ'
ယင်းသည် နိုလန်၏ ဘဝနှင့် ယှဉ်ပြီးရခဲ့သော သင်ခန်းစာတစ်ခုဟု ဆိုရမှာလား။ သို့တည်းမဟုတ် အသက်ငယ်ငယ် တက်ြွကနိုးကြား သော အရွယ်မှာ မဟုတ်မခံသော စိတ်ဓာတ်ကြောင့် ယခုလိုအဖြစ်နှင့် ကြုံခဲ့ရသည်လား၊ သို့တည်းမဟုတ် ကံကိုသာ အပြစ်ပုံချလိုက်လျှင် တော့ ရွေးချယ်ခွင့်မရှိသော ကံတရား၏ စီမံရာဟု ကောက်ချက်ချရမည်လား ဆိုတာကတော့ ကျွန်မတို့ စာဖတ်သူများကပဲ ဆုံးဖြတ်ကြလိမ့် မည် ထင်ပါသည်။
ချင်းတွင်းမဂဇင်း ၂၀၀၇?
No comments:
Post a Comment