Monday, April 19, 2010

Lei’s Think of the Simple Thing – Reviewed by Juniorwin


Selected Poem – Lei’s Think of the Simple Thing – Reviewed by Juniorwin

English for All magazine မှဖေဖော်ဝါရီလ ၂၀၀၈ ခုနှစ်တွင်ဖော်ပြခဲ့သောကဗျာတစ်ပုဒ်

Let’s think of the simple thing

Let’s think of the simple things.

Let’s begin with the simple things.

Hold on first, to the simple things

………..

and always keep in mind that the simple things,

Oh! what an ironie, are very often, like the diamond,

the most difficult to find.

“ စဉ်းစားပါ လွယ်ကူရှင်းလင်းတဲ့အရာများ။

စတင်လိုက်ပါ လွယ်ကူရှင်းလင်းတဲ့အရာများ။

အဦးဆုံးကိုင်တွယ် လွယ်ကူရှင်းလင်းတဲ့အရာများကိုကွယ်။

အိုး.. သို့ပေမယ့် သေချာမှတ်ပါ့

လွယ်ကူရှင်းလင်းတဲ့အရာ တွေ့ဖို့ခက်ပါ့

စိန်ကို တွေ့ဖို့ ခဲယဉ်းသလိုပေါ့

လွယ်ကူရှင်းလင်းတဲ့အရာတွေ့ဖို့ခက်ပါ့။

ဤသည်မှာတော့ -

သဘောတရားကတော့

နားလည်ရန်ခက်ခဲ လောကသဘောအတိုင်းပါပဲ။”

လွယ်ကူရှင်းလင်းသောအရာများကိုသာစဉ်းစားကြပါစို့။လွယ်ကူရှင်းလင်းသောအရာများမှစတင်

ကြပါစို့။လွယ်ကူရှင်းလင်းသောအရာများကိုသာအစဦးဆုံးကိုင်တွယ်ထားကြပါစို့။သို့ပေမယ့်

လွယ်ကူရှင်းလင်းတဲ့အရာဆိုပြီးအခက်ခဲဆုံးဖြစ်နေတာဟာ “What an ironie” “၀ိရောဓိဖြစ်စရာပဲ”

ဟုကဗျာကဆိုထားသည်။ထို့ကြောင့်ပင်နောက်ဆုံး၌ “ဤသည်ကားလောက၏နားလည်ရန်ခက်ခဲ

လှသည့်သဘောတရားပင်တည်း။”ဟုကောက်ချက်ချပြထားလေသည်။

Saturday, April 10, 2010

Ray Breadbury - Ursher II


Book Review – Usher 2 – Reviewed by juniorwin

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ မြန်မာသစ်မဂ္ဂဇင်းမှ ပျော်ဖို့အတွက်စာဖတ်ပါ လစဉ်ဂဏတွင်

ဂျူနီယာဝင်း ၏ ၁၁ ပုဒ်မြောက်ဝတ္ထုတစ်ပုဒ်

Usher – 2

Ray Bradbury

1920 -

အမေရိကန်စာရေးဆရာ

အာရှာ ၂ (Usher II) သည်သိပ္ပံဝတ္ထုစာရေးဆရာ ရေးဘရက်ဘာရီ ၏သိပ္ပံသည်းထိတ်ရင်ဖိုဝတ္ထုဖြစ်သည်။

ထိုဝတ္ထုအပြင်အာရှာ ၁ (Usher I)လည်းရှိသည်။အာရှာ ၁ ရေးသားသောအချိန်နှင့် အာရှာ ၂ ရေးသား ချိန်

နှစ်ပေါင်းတရာကွာသည်။ပထမအာရှာကိုရေးသူကအမေရိကန်စာရေးဆရာကြီးအက်ဂါအယ်လန်ပိုး(1809-

1849)ဖြစ်သည်။အမှန်မူရင်းအမည်က House of Usher အာရှာ၏အိမ် ဟုအမည်ရသည်။အက်ဂါအယ်

လန်ပိုး၏၀တ္ထုသည်စုံထောက်ဝတ္ထုဖြစ်ကာရေးဘရက်ဘာရီ၏၀တ္ထုသည်သိပ္ပံဝတ္ထုဖြစ်သည်။သိပ္ပံဝတ္ထုကို

ဖတ်ဖို့နှစ်သက်သူများအဖို့ရေးဘရက်ဘာရီ၏၀တ္ထုများကိုဖတ်နိုင်သည်။သူ၏အရေးအသားများသည်

ခေတ်ကိုရှေ့ကနေပြေးနေသည်။အနာဂတ်ကိုကြိုတင်ဟောကိန်းဖြင့်ရူမြင်ထားသည့်ဝတ္ထုဇာတ်လမ်း

များဖြစ်ကာတချို့မှာသင်ခန်းစာများပေးထားလေ့ရှိသည်။ဥပမာ-သဘာဝအသီးအပွင့်များကိုဖျက်ဆီး

ပစ်ကာမိမိသဘောဖြင့်တိုင်းပြည်ကိုကျပ်ကျပ်တည်းတည်းအဆောက်အဦများဆောက်လုပ်ရာမှ

အဆိပ်များသင့်၍၀င်လာရာမှသေဆုံးရပုံများကိုသူရေးသားသောသိပ္ပံဝတ္ထတိုလေးများတွင်တွေ့ရ

တတ်သည်။

ယခု Usher 2 ၀တ္ထုတည်ဆောက်ထားသောကာလက ၂၀၀၅ AD-။

William standalသည်အယ်ဂါအယ်လန်ပိုး၏အာရှာအိမ်ကြီးဝတ္ထုအစပိုင်းကိုဖတ်ရင်းမှောင်မိုက်သောတောင်

ကုန်းပေါ်ကအိမ်ကြီးကိုလှမ်းကြည့်လိုက်သည်။အယ်ဂါအယ်လန်ပိုးရဲ့အိမ်အတိုင်းဆောက်လုပ်ထားတာဟု

ဗိသုကာဆရာကသူ့ကိုပြောလိုက်လေသည်

“အနုပညာဟာအနုပညာမဆန်တော့ဘူး။စာပေဆိုတာကလည်းပေါ်ပင်တွေ၊ဟန်ဆောင်တာတွေပဲရှိတော့တယ်။

နောက်ပိုင်းပြဇာတ်ရုံတွေ၊ရုပ်ရှင်ရုံတွေမှာလည်းလူမရှိတော့ဘူး။လူတွေမှာစိတ်အပန်းဖြေစရာဆိုတာတောင်

မရှိတော့ဘူး။စိတ်အပန်းဖြေခြင်းဆိုတဲ့ဝေါဟာရကိုပြောတာတောင်အပြစ်ဖြစ်နေတယ်။”

သူသည်ဂန္ဖ၀င်စာပေများအဖျက်ဆီးခံလိုက်ရခြင်းအတွက်ဒေါသထွက်ကာတကိုယ်လုံးတုန်ရင်လျက်ရှိသည်။

ထိုအဖြစ်ကိုလက်စားခြေဖို့အတွက်အယ်ဂါအယ်လန်ပိုးဝတ္ထုထဲကအာရှာ၏အိမ်ကိုဆောက်လုပ်ခဲ့ခြင်းဖြစ်

သည်။

ထို့နောက် William standalသည်စာရိတ္တထိန်းသိမ်းရေးဌာနကစုံစမ်းရေးမှူးGarret၊ ထူဆန်းထွေလာများ

ကိုတားဆီးရေးအဖွဲ့၊စုန်းကဝေများသရဲတစေများကိုနှိမ်နင်းရေးအဖွဲ့၊စာအုပ်များကိုမီးရို့ဖျက်ဆီးရေးအဖွဲ့၊

သွေးစုပ်ကောင်များနှင့်လင်းနို့များကိုသတ်ဖြတ်ရေးအဖွဲ့၊အင်္ဂါဂြိုလ်သားများကိုသတ်ပစ်ပြီးမြို့သစ်၊

ရွာသစ်၊နိုင်ငံသစ်များတည်ထောင်ခဲ့ကြသော၊သန့်ရှင်းသောလမ်းများ၊တံတားများဆောက်လုပ်ပြီး

အရာရာစိတ်ချစေရန်အကျင့်စာရိတ္တထိမ်းသိမ်းရေးကော်မတီကလူများကိုမိတ်ဆွေဖွဲ့ကာသူ၏

အာရှာ၂ အိမ်သို့ဖိတ်ခေါ်လိုက်ပါသည်။

မှတ်ချက်။

ထိုဝတ္ထုကို The Ray Bradbury Theatre (Usher II)အမည်ဖြင့်1990တွင်ရိုက်ကူးခဲ့သည်။ထိုကား

တွင်ဇာတ်ညွှန်းRayBradbury မှရေးသားခဲ့သည်။ယင်းသည်1985တွင်တီဗီစီးရီးအဖြစ်ပြသခဲ့သည်။

ဂဲရက်အဖြစ် Ian Mune ၊ Stendahl အဖြစ် Patrick Macnee ကပါဝင်သရုပ်ဆောင်ထားသည်။

ထိုUrsher I နှင့် II ကိုဒေါက်တာခင်မောင်ဝင်းမှနေ၍သိပ္ပံနှင့်နည်းပညာဂျာနယ် အမှတ်၁၆၇ နှင့် ၁၆၈

တွင်အခန်းဆက်ဘာသာပြန်ဖေါ်ပြခဲ့ဘူးပါသည်။

Saturday, April 3, 2010

Book Choice - Don Quixote – Reviewed by juniorwin



Book Choice - Don Quixote – Reviewed by juniorwin

မြန်မာသစ်မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၀တွင်ပါရှိသော

ဂျူနီယာဝင်း ရေးသားသော ပျော်ဖို့အတွက်စာဖတ်ပါ လစဉ်ဆောင်းပါးတွင်

၁၀ အုပ်မြောက်စာအုပ်ဖြစ်ပါသည်။

Don Quixote

Miguel de Cervantes Savendra

1547-1616

စပိန်စာရေးဆရာ

ပထမအကြိမ်ပုံနှိတ် - ၁၆၀၅-၁၆၁၅

Don Quixote သည်မြင်းစီးသူရဲကောင်းနှင့်ပတ်သက်သောစွန့်စားခန်းဝတ္ထုများစွာကိုဖတ်လွန်းအားကြီး

ရာမှရူးသွပ်သွားသူတစ်ယောက်အဖြစ်စာရေးဆရာ Cervantes ကရေးဖွဲ့ထားသည်။ထို့နောက်DonQuixote (ဒွန်ကွီဇုတ်)သည်ကော်ပြားကပ်ထူကြီးကိုချပ်ဝတ်တန်ဆာအဖြစ်ဆင်မြန်းကာခြေကျိုးနေသောမြင်းအိုကြီးကို သူရဲကောင်းစီးသောမြင်းသဖွယ်စီးနင်းလျက်သူ့ကိုယ်သူမြင်းစီးသူရဲကောင်းအဖြစ်ဖန်တီးလိုက်လေသည်။ သူ သွားရောက်သောနေရာများကားတည်းခိုခန်းများ….သူကတည်းခိုခန်းကိုနန်းတော်ကြီးဟုမြင်သည်။သူတွေ့ခဲ့သောပြည့်တန်ဆာမိန်းမများကိုအဆင့်မြင့်အမျိုးသမီးများဟုထင်သည်။ဒွန်ကွီဇုတ်သုံးနှူန်းပြောဆိုသောစကားလုံးများမှာ စာပေအဆင့်အတန်းမြင့်ကာစာကြီးပေကြီးဆန်လှသဖြင့်သူပြောတာကိုထိုလူများကနားမလည်ကြပေ။ ဒွန်ကွီဇုတ်သည်သူ့ကိုယ်သူ သူရဲကောင်းအဖြစ်ဖြင့်ချပ်ဝတ်တန်ဆာဖြင့်တညလုံးကင်းစောင့်လျက်ရှိသည်။

ဒွန်ကွီဇုတ် ဆိုတာသူရဲကောင်းစစ်သည်၊အမှားများကိုမှန်အောင်လုပ်မည့်သူ၊ဒဏ်ရာတွေနှင့်နာကျင်နေသူများ၊ မတော်မတရားမူများကိုကုစားမည့်သူ၊အမျိုးသမီးများကိုကာကွယ်ပေးမည့်သူတဲ့။ကမ္ဘာကြီးသည်မှားယွင်းစွာ လည်ပတ်လျက်ရှိ၏။ထို့ကြောင့်မြင့်သမျှသောအမှားဟူသမျှကိုသူပြုပင်ပေးရမည်။ သူ့မျက်စိထဲလေရဟပ် ကြီးကိုကြောက်စရာနဂါးကြီးဟုမြင်ယောင်လျက် သိုးတွေကိုရန်သူတွေဟုစိတ်ကူးကာမြင်းအိုကြီးကိုစီး၊

ဓါးတယမ်းယမ်းနှင့်တောရွာ မြို့ရွာထဲဝင်ကာစွန့်စားခန်းတွေစိတ်ကူးယဉ်လျက်ရှိတော့သည်။နောက်

တော့တပြည်လုံးကသူ့ကိုအရူးဟုသဘောထားကာသူ့အလိုကျလုပ်ပြ၊အရူးလုပ်ပစ်ကြသည့်အခန်းတွေပါ

လေသည်။ထို့ပြင်ဒွန်ကွီဇုတ်၏တပည့်ကျော် Sancho (ဆန်ချို)ကလည်းသူ့ဆရာဝါဒအတိုင်းအမှားကိုအမှန်

ပြုပြင်မည်ဟူသတဲ့။ဤနေရာတွင်မြို့စားအစစ်များ၊အုပ်ချူပ်သူအစစ်အမှန်များမှာသူတို့နှစ်ဦးကြောင့်ဒုက္ခ

ရောက်ရပုံများကိုဟာသဆန်ဆန်သရော်တော်တော်ရေးသားချက်များကားစိတ်ဝင်စားစရာဖြစ်ရပါသည်။

မှတ်ချက်။ ဒွန်ကွီဇုတ်စွန့်စားခန်းများကို Cervantes ကအပိုင်း ၂ ပိုင်းရေးသားထားသည်။ှပထမပိုင်း အခန်း

၅၀ ကျော်၊ဒုတိယပိုင်း ၇၄ ခန်းပါရှိသည်။Cervantes ကစစချင်းတွင်ဇာတ်လမ်းတိုများရေးသားရင်းဖြင့်စတင်

အုပ်မြစ်ချခဲ့သည်။ပထမစာအုပ်ထွက်ပြီး ၅ လအကြာမှာနောက်လိုက် Sancho Ponza(ဆန်ချိုပွန်ဇာ)ကိုစိတ်ကူး

ခဲ့ပြီးထည့်သွင်းဇာတ်လမ်းဆင်ခဲ့ရာပထမဒွန်ကွီဇုတ်ထက်ပင်လူကြိုက်များခဲ့သည်ဟူ၏။ဒွန်ကွီဇုတ်ကိုအခြေခံ

ကာရိုက်ကူးခဲ့သောနိုင်ငံပေါင်းစုံ၏လက်ရာရုပ်ရှင်များသည် ၁၉၀၆ ခုနှစ်မှသည်ကားပေါင်းများစွာမရေတွက်နိုင်

အောင်ရှိသည်။၁၉၁၅၊၁၉၂၆တွင်အသံတိတ်ကားများအဖြစ်လည်းကောင်း၊၁၉၃၄ခုနှစ်တွင်ဆေးရောင်စုံကာ

တွန်းကားအဖြစ်လည်းကောင်း၊၁၉၄၇ခုနှစ်တွင်စပိန်နိုင်ငံဘာသာဖြင့် Nikolav Cherkasoyပါဝင်ကာပထမဦးဆုံး

ဆေးရောင်စုံကားအဖြစ်လည်းကောင်း၊၁၉၆၅ခုနှစ်တွင်ပြင်သစ်/ဂျာမန်ရိုက်တီဗွီဇာတ်လမ်းတိုများအဖြစ်လည်း

ကောင်း၊၁၉၇၃ခုနှစ်တွင်မက္ကစီကိုဟာသကားအဖြစ်မက္ကစီကို/စပိန် ဘာသာဖြင့် ဒွန်ကွီဇုတ်-ဆန်ချို ရုပ်ရှင်ကား

အဖြစ်လည်းကောင်း၊၁၉၈၀တွင်ဂျပန်ကာတွန်းစီးရီးအဖြစ်လည်းကောင်း၊၁၉၈၈တွင်ဂျော်ဂျီရာနှင့်စပိန်ဘာသာ

ဖြင့်အပိုင်း ၉ ပိုင်းစီးရီးအဖြစ်လည်းကောင်း၊၁၉၉၁တွင်ရုပ်မြင်သံကြားဇာတ်လမ်းများအဖြစ်စပိန်မက္ကစီကိုတို့က

ပြန်လည်ဆန်းသစ်ရိုက်ကူး၍လည်းကောင်း၊ခရစ်နှစ် ၂၀၀၀တွင် TV စီးရီး၊ခရစ်နှစ် ၂၀၀၂ တွင်ဒွန်ကွီဇုတ်ဒုတိယ

ပိုင်းရုပ်ရှင်တွင်မင်းသား Juan Louis Galiardo ကဒွန်ကွီဇုတ်အဖြစ်လည်းကောင်း၊၂၀၁၁ တွင် The Man Who

Killed Don Quixote ဟူ၍ထွက်ပေါ်လာဦးမည့်ရုပ်ရှင်ကားများအဖြစ်လည်းကောင်းတွေ့ရှိရသည်။”ဒွန်ကွီဇုတ်”

ဟုဆိုလိုက်လျှင်ရူးသွပ်နေသောသူတဦးအကြောင်းဟုမမြင်ဘဲလောကကြီးကိုသရော်ခဲ့သူတဦးအဖြစ်မြင်တွေ့

စေချင်လှပါသည်။

Thursday, March 25, 2010

Painting Appreciation - Renoir’s Luncheon of the Boating Party

Painting Appreciation - Renoir’s Luncheon of the Boating Party
အတွေးအမြင်မဂ္ဂဇင်း အမှတ် ၂၁၅ ဖေဖော်ဝါရီလ ၂၀၁၀တွင်ပါရှိသော ဂျူနီယာဝင်း ၏

ပန်းချီကားခံစာမူဆောင်းပါး - နိုင်ငံတကာပန်းချီခံစားမူ

အပျော်စီးသဘောင်္ပေါ်မှနေ့လယ်စာပါတီ

Lucheon of the Boating party အပျော်စီးသဘောင်္ပေါ်မှနေ့လည်စာပါတီ အမည်ရှိပန်းချီကားကို

Pierre Auguste Renoir ( ရနွား) (၁၈၁၄-၁၉၁၉) မှရေးဆွဲသည်။

ရနွားသည်ပြင်သစ်အပ်ချူပ်ဆရာတစ်ဦး၏သားတစ်ဦးဖြစ်ကာသားသမီး၇ယောက်ထဲကတစ်ယောက်ဖြစ်

သည်။သူ့မှာပန်းချီနှင့်ပတ်သက်၍ပထမဦးဆုံးအတွေ့အကြုံကကြွေပန်းကန်လုပ်ငန်းတွင်ဝင်လုပ်ရစဉ်

ပန်းကန်ပြားပေါ်မှာလှပသောပန်းချီများရေးဆွဲခဲ့ခြင်းဖြစ်သည်။သူ့အသက်၁၃နှစ်အရွယ်ကတည်းကပန်းချီ

ပညာရှင်ဖြစ်ချင်ခဲ့သည်။သူကပန်းကန်လုံးများ ပန်းကန်ပြားများပေါ်ပန်းများချယ်သခဲ့သည်။

ကျောင်းတွင်ဂီတဆရာကဂီတနုတ်စ်များသင်ကြားနေစဉ်သူကဂီတစာအုပ်ပေါ်မှာပန်းချီများရေးဆွဲ၍အချိန်

ကုန်ခဲ့သည်။နောက်တစ်ဆင့်တက်၍ရနွားသည်အသက်မွေးဝမ်းကျောင်းအတွက်ယပ်တောင်များကိုအရောင်

ခြယ်သောအလုပ်ကိုလုပ်ခဲ့ရသည်။ယပ်တောင်များကိုအမျိုးသမီးများကသူတို့အိုက်သည့်အခါခပ်ရသည်။

ထိုအခါသူ့ပန်းချီကအသက်ဝင်လာရသည်။ပြတင်းပေါက်များဆေးသုတ်ရသည့်အခါသူကပြူတင်းပေါက်

၏အရိပ်များကိုထည့်သွင်းရေးဆွဲပြန်သည်။သူကားတကယ့်ပန်းချီပညာရှင်တစ်ဦးဖြစ်လာဖို့မည်သည့်

အခွင့်အရေးကိုမှလက်လွှတ်ခံသူမဟုတ်ပေ။

၁၈၆၂-၆၃ ခုနှစ်များတွင်ပါရီရှိပန်းချီသင်တန်းကျောင်းကဆွီဒင်ပန်းချီဆရာCharles Gabriel Gleyre ၏

အကယ်ဒမီခန်းတွင်ပန်းချီပညာစတင်သင်ကြားခဲ့ရသည်။ရနွား၏အစောပိုင်းပန်းချီလက်ရာများမှာပြင်သစ်

ပန်းချီဆရာနှစ်ဦးဖြစ်သော Claude Monet (အလင်းရောင်ကိုဦးစားပေးရေးဆွဲသူ)နှင့် Eugene Delacrox

(အရောင်ကိုဦးစားပေးရေးဆွဲသူ)တို့၏သြဇာလွှမ်းမိုးခဲ့သည်။

ရနွားသည် Monet, Sisley, Bazille တို့နှင့်အလွန်ခင်မင်သောမိတ်ဆွေများဖြစ်လာသည်။ပိုက်ဆံငွေကြေး

ရှားပါးမူကြောင့်တစ်ဦးကိုတစ်ဦးမှီခိုကာကူညီကာနေထိုင်ခဲ့ကြရသည်။

၎င်းတို့ရေးဆွဲသောပန်းချီကားများကို ‘Impressionism’အနုပညာကားချပ်များဟုခေါ်ဝေါ်ခဲ့ကြသည်။ယင်း

အမည်ကိုသူတို့ပန်းချီကားများကိုခံစားသူများကအမည်ပေးခဲ့ခြင်းဖြစ်သည်။အဓိပ္ပါယ်မှာဤသို့ဖြစ်သည်

Impressionism ။ ။၁၉ရာစုပြင်သစ်မှာအစဦးဆုံးပေါ်လာသောပန်းချီကား၏လှူပ်ရှားမူဟုခေါ်သည်။အ

ကြောင်းမှာ Impression ပန်းချီဆရာများသည်ရှေ့ကရှိခဲ့သောပန်းချီဆိုင်ရာဥပဒေသများကိုချိုးဖောက်၍

၎င်းတို့ပန်းချီကားများကိုရေးဆွဲသောကြောင့်ဖြစ်သည်။သူတို့သည်သမိုင်းဝင်အဖြစ်တွေထက်အရာဝတ္ထု

များ၏အခြေခံသဘောသဘာဝကိုသာဦးစားပေးကြသည်။ရှေ့ကပန်းချီဆရာများကအလှအပ၏စံကိုရေးဆွဲကာ

သူတို့ကတော့ဓါတ်ပုံဆရာများကလျတ်တပြတ်ရိုက်ယူရရှိလိုက်သောရုပ်ပုံကိုအမိအရဖမ်းယူလိုက်သကဲ့သို့

ဆွဲယူရေးဆွဲကြသည်။သူတို့၏ဖမ်းယူရေးဆွဲသောပုံရိပ်များကိုပရိသတ်များကလက်ခံဖို့ခဲယဉ်းခဲ့ကြသည်။

Impressionism ပန်းချီများသည်အထွေထွေသောပုံပန်းသဏာန်များပိုင်ဆိုင်ကြသည်။ဆေးရောင်ကိုမရော

စပ်ပဲစုတ်တံအရောင်ကိုဦးစားပေးရေးချယ်သည်။ထိုကဲ့သို့သောရေးဆွဲမူကြောင့်ထိုခေတ်ကပန်းချီဆရာမျာ

၏လက်ရာများကဲ့သို့အရောင်နူညံ့သိမ်မွေ့သောမျက်နှာပြင်မျိုးကင်းမဲ့သွားရသည်။သူတို့၏အရောင်များ

သည်တောက်ပလျက်ရှိသည်။သူတို့ကအမည်းရောင်နှင့်မြေပြင်မှလှမ်းမြင်ရသောနေ၏ရောင်ခြည်ကိုရှောင်

ရှားတတ်ကြသည်။ထို့ပြင်သူတို့ကအသေးစိတ်ရေးဆွဲမူထက်ရုတ်တရက်ရလာသောမြင်ကွင်းကိုသာဦးစား

ပေးကြသည်။

ရနွားနှင့်အဖွဲ့သည်သူတို့၏ပန်းချီကားများကို Impression, Impression of Sunrise (နေတက်ချိန်မြင်ရပုံ)

စသည်အမည်များပေးကြသည်။ထိုအမည်များကို Impression အဓိပ္ပါယ်ဆိုလို၍ပေးခြင်းမဟုတ်ခဲ့ကြသော

လည်းသူတို့မှာထိုအမည်များတွင်ကျန်ရစ်ခဲ့ကြသည်။

ရနွားသည်သူအသက်ကြီးလာသောအခါအဆစ်ရောင်ရောဂါဝေဒနာခံစားခဲ့ရသည်။တုတ်နှစ်ချောင်းထောက်

ကာလမ်းလျှောက်နေရသောလည်းလက်ထဲမှာစုတ်တံကိုကိုင်ထားဆဲ၊ပန်းချီဆွဲဆဲဖြစ်သည်။ယင်းအဖြစ်ကို

“လက်မပေါ်ကစုတ်တံ”ဟုသူကခေါ်ဝေါ်ခဲ့သည်။သူသည်စုတ်တံကိုပြောင်းဖို့တော်တော်ခဲယဥ်းသည်။ဆေး

ရည်ထဲနှစ်ကာသန့်ရှင်းပြီးဒါကိုင်ဆက်သုံးကာရေးဆွဲခြင်းဖြစ်သည်။

သူ၏နောက်ဆုံးနှစ်များတွင်ပန်းပုစမ်းသပ်ကာထုဆစ်ခဲ့သည်။သူ့လက်များဖြင့်တော့ပုံမသွင်းနိုင်ပါ။သူ့လက်

ထောက်ကိုဘယ်လိုလုပ်ပါဟုခိုင်းစေ၍လုပ်ခိုင်းခဲ့သည်ဟူ၏။

ယခုရွေးချယ်သောရနွား၏လက်ရာပန်းချီကားသည် ၁၈၈၁ခုနှစ်ကရေးဆွဲသော Impression လက်ရာတစ်ခု

ဖြစ်သည်။စိန်းမြစ်တလျှောက်မှာစီးဆင်းသွားလာနေသောအပျော်စီးသင်္ဘောပေါ်ကနံနက်ခင်းပါတီပွဲကျင်းပ

နေသည့်ပုံဖြစ်ပါသည်။စနေ၊တနင်္ဂနွေအားလပ်ရက်တွေမှာပါရီမှာနေထိုင်ကြသူအလုပ်သမားလူတန်းစားတွေ

၏ပါတီပွဲကျင်းပနေဟန်ဖြစ်သည်။ဝါရှင်တန်ဒီစီက Phillip Colloection မှာထားရှိပါသည်။

Wednesday, March 17, 2010

Frankenstein –Book Review by juniorwin



Frankenstein –Book Review by juniorwin

မြန်မာသစ်မဂ္ဂဇင်း ဖေဖော်ဝါရီလထုတ်၂၀၁၀တွင် ပျော်ဖို့အတွက်စာဖတ်ပါ ခေါင်းစဉ်အောက်တွင်

လစဉ်ဂဏမှ ဂျူနီယာဝင်းမှရွေးချယ်ထားသော ၉ အုပ်မြောက်စာအုပ်

Frankenstein

Mary Shelly

1797 – 1851

အင်္ဂလိပ်လူမျိုးစာရေးဆရာမ

ပထမဦးဆုံးပုံနှိတ် - ၁၈၁၈

Frankenstein (ဖရင်ကင်စတိုင်) ၀တ္ထုကိုရေးသူ Mary Shelly သည်နာမယ်ကျော်ကဗျာဆရာ P.B.Shelly

၏ဇနီးဖြစ်သည်။သူတို့မိတ်ဆွေများနှင့်အပျင်းပြေပုံပြောကြရာမှထိုဇာတ်လမ်းကိုပြောခဲ့သူဖြစ်ကာသတ္ထုအဖြစ်

သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ဖရင်ကင်စတိုင်သည်ကျွမ်းကျင်သောဆရာဝန်တစ်ဦးဖြစ်ပြီးသူအလွန်စိတ်ဝင်စား

သောဘာသာရပ်ကလူသေကိုအသက်သွင်းခြင်းဖြစ်လေသည်။ဤကားသူ့ဇာတ်လမ်းအစဖြစ်လေသည်။

ဝတ္ထုတွင်သူဖန်တီးလိုက်သောသတ္တ၀ါကြီးသည်တစ်ကိုယ်တည်းအထီးကျန်ဆန်ကာကြောက်ရွံ့ဖွယ်ရုပ်ရည်ကို

ပိုင်ဆိုင်သည်။သူ့ကိုမြင်သူတိုင်းကကြောက်ရွံ့ကာမောင်းထုတ်ခံရပြီးသူ့ဘ၀သည်စိတ်မချမ်းမသာစရာဖြစ်ကာ

ကြေကွဲဖွယ်ဖြစ်ရပုံကိုဝတ္ထုအလယ်ပိုင်းလောက်တွင်သနားစဖွယ်ရေးဖွဲ့ထားပါသည်။ထိုကဲ့သို့ရွံရှာဖွယ်ပုံသဏန်

ကိုဖန်တီးခဲ့သူအပေါ်နာကြည်းလက်စားခြေလိုစိတ်ဖြင့်လူသတ်သမားဘ၀ရောက်ခဲ့ရပုံကိုသတ္တ၀ါကြီးဘက်မှ

အမြင်ဖြင့်ရေးသားထားသည်ကိုတွေ့ရပါသည်။နောက်ပိုင်းမှာတော့ဖရင်ကင်စတိုင်သည်သူဖန်တီးခဲ့မိသော

သတ္တ၀ါကြီး၏လက်စားခြေမူကိုခံယူရင်းဖြင့်သေဆုံးသွားခဲ့ကာဇာတ်လမ်းကိုအဆုံးသတ်ထားပါသည်။

မှတ်ချက်။ ။စာအုပ်ထွက်ပြီးမကြာမီ ၁၈၂၃ ခုနှစ်မှာပြဇာတ်အဖြစ်စတင်ကပြခဲ့ကြသည်။အသံတိတ်ရုပ်

ရှင်ကားအဖြစ် ၁၉၁၀ခုနှစ်တွင် Edison Companyမှ Frankenstein အဖြစ်ရိုက်ကူးခဲ့သည်။ Mary Shelly

မူရင်းဝတ္ထုတွင်ဒေါက်တာ ဖရင်ကင်စတိုင်သည်အရင်ဦးစွာသဘောင်္သားတစ်ဦးနှင့်တွေ့ဆုံခဲ့ကာသူ့ဇာတ်လမ်း

ကိုပြောပြဟန်ဖြင့်ဝတ္ထုအဆုံးနားအထိရေးဖွဲ့ထားခြင်းဖြစ်သည်။ရုပ်ရှင်မှာတော့ဖရင်ကင်စတိုင်အနေဖြင့်သာ

ခေါင်းဆောင်ပါဝင်ရိုက်ကူးထားခြင်းဖြစ်သည်။နောက်ပိုင်းတွင် Bride of Frankenstein(ဖရင်ကင်စတိုင်၏

သတို့သမီး)၁၉၃၅၊ Son of Frankenstein (ဖရင်ကင်စတိုင်၏သား)၁၉၃၉၊ Ghost of Frankenstein

(ဖရင်ကင်စတိုင်သရဲ)၁၉၄၂ ဟူ၍ချဲ့ထွင်ကာကြောက်ရွံ့စရာ၊ထိတ်လန့်စရာအပိုရိုက်ချက်များဖြင့်ရိုက်ကူး

ခဲ့ကြသည်။၁၉၃၁ ခုနှစ်တွင်ရိုက်ကူးခဲ့သော Frankenstein ကားတွင်သတ္တ၀ါကြီးအဖြစ် Boris Karloff

ကသရုပ်ဆောင်ထားသည်။ Mary Shellyရေးဖွဲ့ထားသောချောက်ချားစရာစိတ်ခံစားချက်များ၊တုန်လှူပ်

ဖွယ်ကောင်းလှသောသတ္တ၀ါကြီး၏သနားစရာအတွင်းစိတ်များကားရုပ်ရှင်ကားထဲမှာမပါဝင်နိုင်ခဲ့သော

ရိုက်ချက်များဖြစ်သည်ဟုဝေဖန်ခဲ့ကြပါသည်။

Sunday, March 14, 2010

Wednesday, March 3, 2010

Selected Book - Carve her name with Pride

မြန်မာသစ်မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၀ တွင်ပါရှိခဲ့သော

ဂျူနီယာဝင်း ရေးသားသော အခန်းဆက် ပျော်ဖို့အတွက်စာဖတ်ပါ ဂဏက

ရ အုပ်မြောက်စာအုပ်တစ်အုပ်အဖြစ်တင်ဆက်လိုက်သည်။

Carve Her Name With Pride

R.J.Minney

29 August 1895, Calcutta, India

Date of Death:

5 January 1979,

ဤဇာတ်လမ်းသည်အဘအင်္ဂလိပ် အမိပြင်သစ်လူမျိုးတို့မှမွေးဖွားပြီးလန်ဒန်မြို့တော်ကြီး၏

ဆင်းရဲသားရပ်ကွက်တွင်ကြီးပြင်းလာရသောအညတရအမျိုးသမီးကလေးတစ်ယောက်၏

အကြောင်းအရာဘ၀ဇာတ်လမ်းဖြစ်သည်။

ထိုမိန်းမပျိုလေးတွင်အခြားသောမိန်းခလေးများထက်ပိုမိုထူးခြားသောအရည်အချင်း၊ပညာ

စွမ်းရည်ဟူ၍မရှိ။သူငယ်စဉ်အချိန်မှစ၍လူတိုင်းအသိအမှတ်ပြုရသောသူပိုင်ပစ္စည်းတစ်ခု

မှာသူ၏အလွန်လှပပြေပြစ်သောရုပ်ရည်ပင်ဖြစ်သည်။တခါမြင်လိုက်ရလျှင်စိတ်ထဲ၌မေ့မရ

နိုင်လောက်အောင်စွဲမက်ဖွယ်ကောင်းသောအလှပိုင်ရှင်တစ်ဦးဖြစ်သောလည်းထိုအလှကို

အမြတ်ထုတ်လိုသောစိတ်ဆန္ဒကားသူ့တွင်လုံးဝမရှိပေ။

သို့ရာတွင်ဗြိတိန်နိုင်ငံ၏ပြောင်မြောက်သောသမိုင်းတွင်ထိုအမျိုးသမီးသည်အာဇာနည်မ

တစ်ဦးအဖြစ်ဖြင့်သူ၏နံမယ်ကိုကမ္ဗည်းထိုး၍ထားနိုင်ခဲ့လေသည်။အကြောင်းမှာသူသည်

ကြီးမားသောအကျပ်အတည်းအသက်အန္တရယ်များနှင့်ကြုံကြိုက်လျှင်စိတ်ဓါတ်ကြံ့ခိုင်ခြင်း၊

ကြောက်ရွံ့စိတ်လုံးဝမရှိခြင်း၊အသက်ထွက်ရလုမတတ်နာကျင်အောင်ရန်သူများကနှိတ်

စက်စေကာမူတုန်လှူပ်မူလုံးဝမရှိခြင်းစသောဂုဏ်ပုဒ်တို့ကိုပိုင်ဆိုင်လေသည်။ထူးခြားသော

ရဲစွမ်းသတ္တိတို့ကိုသူနေ့စဉ်သွားလာလှူပ်ရှားနေသောဘ၀တွင်မည်သူမျှမတွေ့ရှိရသော

လည်းဘေးအန္တရယ်ကိုရင်ဆိုင်ရသောစစ်တွင်းအချိန်ကာလတွင်သူနှင့်ရင်းနှီး၍နီးကပ်

စွာပေါင်းသင်းရသူတို့သာလျှင်မြင်တွေ့၍အံ့သြချီးကျူးကြရလေသည်။

ပြီးခဲ့သောဒုတိယကမ္ဘာစစ်ကြီးတွင်သန်းပေါင်းများစွာသောသူတို့သည်ပါဝင်လှူပ်ရှား၍စစ်

မူတော်ကိုထမ်းရွက်ကြသည်မှန်သောလည်း“ကြံရည်ဖန်ရည်ရှိသည်။ရဲစွမ်းသတ္တိရှိသည်”

ဟူသောဂုဏ်ဒြဗ်ကိုရယူ၍အာဇာနည်အဖြစ်တစ်ဦးချင်းပေါ်ထွက်လာသူတို့မှာကားမများ

ပြားလှပေ။ထိုစစ်ကြီးအတွင်းကမိမိတို့တိုင်းပြည်၏စစ်အောင်နိုင်ရေးအတွက်ရန်သူနယ်မြေ

သို့တိတ်တိတ်ပုန်းသွားရောက်၍သူလျှိုအဖြစ်စစ်မူထမ်းသောမိန်းမများ၏ဦးရေမှာသာ၍ပင်

နည်းပါးလေသည်။ထိုမိန်းမသူလျှိုများထဲတွင်သုံးပုံတစ်ပုံမှာရန်သူ၏လက်ချက်ဖြင့်အသက်

ကိုစွန့်လွတ်၍သွားကြရလေသည်။ဤဇာတ်လမ်းမှာထိုသို့စစ်မူထမ်းရာမှမိမိ၏အမိနိုင်ငံရှိ

မွေးရပ်ဌာနေသို့ပြန်၍မလာနိုင်သောမိန်းမပျိုတစ်ဦး၏ဇာတ်လမ်းဖြစ်လေသည်။

မှတ်ချက်။ ထိုဝတ္ထုကြီးကိုစာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်မှနေ၍ စွန့်ခဲ့ရကျွန်မဘ၀ပါရှင်အမည်ဖြင့်

ဘာသာပြန်ခဲ့ဘူးပါသည်။အထက်တွင်ဖော်ပြထားချက်များမှာထိုဘာသာပြန်မှဒေါ်ခင်မျိုးချစ်၏နိနဒါန်းကို

ကော်ကနုတ်တင်ပြထားခြင်းဖြစ်သည်။ထိုဝတ္ထုအမည်ကိုစဉ်းစားခဲ့စဉ်က ..အာဇာနည်မ..ထူးခြားသော

မိန်းမသား..သူရဲကောင်းမ…စသည်စသည်ဖြင့်အမည်အမျိုးမျိုးကိုအယ်ဒီတာများထုတ်ဝေသူများကစဥ်းစားပေး

ခဲ့ကြသောလည်းဒေါ်ခင်မျိုးချစ်က သည်ဝတ္ထုကိုသေချာဖတ်ကြည့်စမ်းပါ။ဒီဝတ္ထုထဲကအမျိုးသမီးလေး

ဟာသူ့ဘ၀ကိုစွန့်ပြီးတိုင်းပြည်အတွက်လုပ်ခဲ့ခြင်းသာဖြစ်တယ်။အာဇာနည်တို့သူရဲကောင်းတို့ တိုင်းပြည်

အတွက်အသက်စွန့်ခြင်းတို့အကြောင်းကိုအသားပေးထားတာမဟုတ်ဘူး။သူ့ဘ၀ကိုဘယ်လောက်ထိစွန့်ပြီး

လုပ်ခဲ့တယ်ဆိုတာကိုသာအသားပေးထားခြင်းဖြစ်တယ်။ ဟုဆိုကာဤအမည်လေးကိုပေးခဲ့ခြင်းဖြစ်သည်

ဟုပြောပြခဲ့ဘူးသည်။

ထို Carve her name with pride ကို ၁၉၅၈ ခုနှစ်တွင်ရုပ်ရှင်ကားအဖြစ်ရိုက်ကူးခဲ့သည်။အဓိကမင်းသမီး

အဖြစ် Virginia Mckenna ကပါဝင်သရုပ်ဆောင်ထားသည်။ထိုကားတွင်Viginia သည်အကောင်းဆုံး

မင်းသမီးဆုရရှိခဲ့သည်။ထိုရုပ်ရှင်ကားတွင် Leo Marks ၏ကဗျာ ‘The Life that I have’ကိုအသုံးပြု

ထားသည်။တိုင်းပြည်ကိုချစ်သောသူတစ်ယောက်၏အဖြစ်ကိုစပ်ဆိုထားခြင်းဖြစ်သည်။ကဗျာတွင်

“မင်းအတွက်” ဟူသောရည်ညွှန်းချက်သည် “တိုင်းပြည်”“တိုင်းသူပြည်သားများ”ကိုဆိုလိုခြင်းဖြစ်သည်။

“ကျွန်မမှာပိုင်ဆိုတာဆိုလို့အသက်ပဲရှိတယ်။အသက်တစ်ခုသာကျွန်မပိုင်တယ်။

အဲဒါမင်းအတွက်ပါပဲ။

ကျွန်မပိုင်ဆိုင်တဲ့အသက်ကိုကျွန်မချစ်မြတ်နိုးပါတယ်။

အဲဒါ..မင်းအတွက်…မင်းအတွက်..မင်းအတွက်ပါပဲ။

ကျွန်မအိပ်စက်ရဦးမယ်။ကျွန်မအနားယူရဦးမယ်။ဒါပေမယ့်တစ်နေ့မှာကျွန်မသေဆုံးရမယ်။

စိမ်းစိုနေတဲ့မြက်ခင်းတွေရှိတဲ့ ငြိမ်းချမ်းတဲ့နေ့ရက်တွေဟာ ..

….မင်းတို့အတွက်ပါပဲ။ မင်းတို့အတွက်ပါပဲကွယ်….။”