Wednesday, January 14, 2015

သူမ၏ အလှ အန္တတကျက်သရေ ဂျူနီယာဝင်း

သူမ၏  အလှ အန္တတကျက်သရေ
ဂျူနီယာဝင်း
(Junior Win’s Walking Through The Wonderland’ မှ “Her Infinite Variety“ ဆောင်းပါးကို ကိုယ်တိုင် ဘာသာပြန်သည်။)



ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ အဓိကကျသော မြစ်တစ်စင်းဖြစ်ပြီး မြန်မာပြည်၏ အလယ်ကြောတလျောက်ကိုဖြတ်ကာ စီးဆင်းလျက်ရှိပါသည်။ သူသည် မြန်မာပြည်၏ နံမယ်ကျော်ကြားလှသော အရှည်လျားဆုံးမြစ်လဲဖြစ်သည်။ မြန်မာပြည် မြောက်ဖျား ရှိ ကချင်ဒေသက မေခနှင့် မေလိခ အမည်ရှိသော မြစ်နှစ်သွယ် ကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါသည်။ အနောက်ဘက်က မေလိခမြစ်သည် မြန်မာပြည် မြောက်ဖက် ခြမ်း နယ်နမိတ် ကတောင်တန်းတွေဆီက စီးဆင်းလာတာ ဖြစ်ကာ အရှေ့ဖက်ခြမ်းက မေခ မြစ်သည် မြန်မာပြည် မြောက်ဖက် လန်ဂူလာရေခဲတောင်ကနေ တောင်ဖက်သို့ ဆင်းလာရာက မေလိခမြစ်နှင့် တွေ့ကာ ဧရာဝတီမြစ် အဖြစ်စီးဆင်းသွားတာ ဖြစ်ပါသည်။ ကျွနိုပ်တို့သည် ထိုမြစ်နှစ်ခု ဆုံဆည်းရာ နေရာကို သွားကြည့်ရတာ သဘောကျကြပါသည်။ ယင်းကို မြစ်ဆုံ ဟု ခေါ်ပါသည်။
ကျွနု်မအနေနှင့် မေခနှင့် မေလိခ မြစ်နှစ်ခု ဆုံရာကနေ ဧရာဝတီမြစ် ဖြစ်သွားသည် ဆိုသော ထို မြစ်ဆုံ - နေရာကိုသွားဖို့ အခွင့်အရေးမရခဲ့သောလည်း ဧရာဝတီမြစ်ကြီးကို ဘယ်နေရာဒေသကနေပဲ လှမ်းတွေ့ရတွေ့ရ ယင်းသည် မေခနှင့် မေလိခ မြစ်နှစ်သွယ်ကနေ မွေးဖွားလာတာဟု စဉ်းစားလိုက်ရင်ကိုပဲ ကြည်နူးစရာ ဖြစ်ရပါသည်။ ဧရာဝတီမြစ်သည် မြန်မာပြည်၏ အထင်ကရမြစ်ဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် မြစ်ကြော တလျောက် ကဒေသတွင်း ရေကြောင်းလုပ်ငန်းများ လုပ်ကိုင်ကြရာ အဓိက ကျသည့် မြစ်ဝကျွန်းပေါ်ဒေသများအတွက်အထူး အားထားရာ မြစ်တစ်စင်း ဖြစ်ပါသည်။
ကျွနု်မငယ်စဉ်က ကျောင်းတွင် ပထ၀ီဘာသာရပ်ကို သင်ခဲ့ရစဉ်က ဆရာမများက ထိုမြစ်နှစ်သွယ်စုံဆည်းရာ နေရာကို မြေပုံတွင် ထောက်ပြခဲ့တာမှတ်မိပါသည်။ ထိုမြစ်နှစ်စင်းဆုံ တွေ့ကာ ဧရာဝတီမြစ် ဖြစ်သွားပုံသည် အင်္ဂလိပ်အက္ခရာ Y နှင့်တူပါသည်။ သည်လိုတွေ့ဆုံ သည့်သင်္ကေတ မပါပဲ မြေပုံသည် မပြည်စုံနို်င်ပါ။ အဲသည်နေရာက ဘယ်လောက်သာယာ လှပကာ ကျက်သရေရှိသလဲဆိုတာ ကျွန်မတို့ မြန်မာပြည်သားတိုင်း သိပါသည်။ အဲသည် လိုသဘာဝ အလျောက် ဖြစ်ပေါ်နေသော မြစ်ဆုံသာမရှိလျှင် ကျွနိုမတို့၏  တိုင်းပြည်သည် အကျဉ်းတန်သွားကာ စိတ်ဝင်စားစရာ ဖြစ်တော့မှာ မဟုတ်တော့ပေ။

(၁၉ ၅၈ ခုနှစ်  ဘိုးဘိုးကြီး ဦးသိန်းညွန့်တို့အဖွဲ့အား  မြစ်ဆုံတွင် အမှတ်တရ။)
ကျွန်မ၏ အဘိုးဖြစ်သူ ဦးသိန်းညွန့်(မိခင်ဘက်ကအဖိုး) သည် ၁၉ ၅၈ ခုနှစ်တုန်းက သူ၏ အဖော်များနှင့် မြစ်ဆုံနဘေးကို ရောက်ခဲ့ကာ ဓါတ်ပုံများရိုက်ခဲ့ကြပါသည်။ တစ်နေ့တွင် ဘိုးဘိုးကြီးက ကျွန်မတို့ကို ထိုဓါတ်ပုံထုတ်ပြပြီး ထိုနေရာလေးအကြောင်းကို ပြောပြခဲ့ပါသည်။ ကျွန်မတို့သည် ဓါတ်ပုံလေးကို စိတ်လှူပ်ရှားစွာ ကြည့်မိခဲ့ကြပါသည်။ ဓါတ်ပုံသည် အတော်လေး ဟောင်းနွမ်းနေပြီ ဖြစ်သောလည်း သည်လောက်သန့်ရှင်းပြီး မြင်ကွင်းကောင်းသည့် ပုံလေးကို တွေ့ရတာ ကြည်နူးစရာ ဖြစ်ပါသည်။ ထိုအချိန်တုန်းက ဘိုးဘိုးကြီးက I.W.T (Inland Water Transportation Board) (ပြည်တွင်းရေကြောင်း) တွင် အလုပ်လုပ်နေဆဲဖြစ်ပါသည်။ မြစ်ဆုံကို တာဝန်အရ သွားရောက်ခဲ့တာ ဖြစ်ပါသည်။ ဘိုးဘိုးကြီးက ထိုနေရာက ရေသည် အလွန်အေးကြောင်းနှင့် ထိုရေထဲ သူတို့သယ်လာသည့် ရေပုလင်းတွေနှစ်လိုက်ရင်ကို အအေးဓါတ်က ကူးဆက်သွား ကြောင်း ပြောပြခဲ့ပါသည်။ သူတို့အတွက် ရေခဲသေတ္တာပင်မလိုပါ။ ထို့ပြင်ရေမျက်နှာပြင်သည် ကြည်လင်လျက်ရှိကာ အောက်ခြေကိုပင် မြင်ရပါသည်။ ထို့အပြင် ရေအောက်က ကျောက်စရစ်ခဲကလေးများကို ပင်မြင်ရသော မြင်ကွင်းသည် အလွန်ပင် ကျက်သရေရှိကာ ကဗျာဆန်လှပါသည်။
ထိုနေရာကို ကျွန်မ၏ ဦးလေးဖြစ်သူ ကွန်ပြူတာတက္ကသို်လ်က အငြိမ်းစား ဒုတိယပါမောက္ခချူပ် ဦးစိုးမြင့်လည်း ရောက်ဖူးပါသည်။ သူမန္တလေးကွန်ပြူတာတက္ကသိုလ်မှာ အမူထမ်းစဉ်တုန်းက ဖြစ်ပါသည်။ ဦးလေး ရောက်ဖူးခဲ့သောအချိန်က ၂၀၀၃ ခုနှစ်မှာ ဖြစ်ပါသည်။ ရန်ကုန်မှ ရထားဖြင့် ထွက်ခဲ့ တော့ မနက်စောစောတွင် မြစ်ကြီးနားကို ရောက်ပါသည်။ ၄င်းတို့အဖွဲ့တို့ မြစ်ဆုံကို မိုက်ကရိုဘတ်စ်ကားဖြင့် ၂နာရီလောက်စီးကာ တောင်ပတ်လမ်းအတိုင်း သွားရပါသည်။ လမ်းတလျောက်တွင် ရှိသော သစ်ပင်ကြီးများသည် အလွန်ကြည့်ကောင်းသော မြင်ကွင်းဖြစ်ပါသည်။ သူတို့ မြစ်ဆုံကို ရောက်တော့ လှပသော မြစ်နှစ်သွယ်ကိုကြည့်ကာ ဘယ်မြစ်က မေခ၊ ဘယ်မြစ်က မေလိခ လဲဆိုတာ ကိုခွဲခြားမသိခဲ့ကြဘူး ဟုအမှတ်တရ ပြောပြခဲ့ပါသည်။ သူတို့စိတ်ထဲတွင် မြစ်ဆုံတွင် မတူညီသော အလှအပများဖွဲ့စည်း ထားသည့် ကျောက်တုံးများသည် အလွန်ထူးခြားသော အချက်တစ်ခု ဖြစ်သည်ဟု မြင်မိကြပါသည်။ ကျောက်တုံးများ၏ အရွယ်အစားသည် စုံနေအောင်ရှိကာ ဒီဇိုင်းပုံစံတွေကလဲ တမူထူးခြား လှပါသည်။ ထိုကျောက်တုံးလေးများသည် မြစ်၏အောက်ခြေနှင့် မြစ်၏ ဘေးတဖက်တစ်ချက်တွင် သဘာဝအတိုင်း ရှိနေတာဖြစ်ပါသည်။ တချို့သော လူတွေက နေထွက်ချိန်ကို စောင့်ကာ နေရောင်၏အလင်းပြန်မူကြောင့် ထွက်ပေါ်လာသည့် ထိုကျောက်တုံးကလေးများ အလှကို  ဓါတ်ပုံများရိုက်ကြပါသည်။ ကျွန်မ၏ ဦးလေးက ပြောတာတော့ တချို့က ကျောက်တုံးကလေးတွေကို ရွေးပြီး အမည်များတောင် ပေးခဲ့ကြပါသတဲ့။ ဥပမာ ကျွန်မဦးလေးဆိုလျှင် မြစ်အနားက အလှပဆုံးကျောက်တုံးလေး သုံးခုကို ရွေးကာ သူ့သားသုံးယောက်အမည် ပေးခဲ့ပါတယ် ဟုဆိုပါသည်။ (ယင်းလုပ်ရပ်ကား ကိုယ်ပျော်ရွှင်ဖို့အတွက်သာ ဖြစ်ပါသည်။ ထိုကျောက်တုံးလေးတွေပေါ် အမည်တွေလဲ မရေးထိုးခဲ့ပါ။ ပြီးတော့ အိမ်ပြန်တော့လဲ သယ်မသွားပါ။ သူတို့က အိမ်ပြန်ရောက်သည့်အခါ “ဟေး မင်းအမည်လေး သိပ်လှတဲ့ကျောက်တုံးလေးကို ပေးခဲ့တယ်။ ဟောသည်မှာ ကြည့်စမ်းပါ့။ သည်ဓါတ်ပုံထဲ တွေ့လား“ ဟုဆိုကာ သူတို့ချစ်ခင်သောသူများကို ပြကြပေလိမ့်မည်။) ကျွန်မလည်း မြစ်ဆုံကိုရောက်ရင် သိပ်လှသည့်ကျောက်တုံးလေးများ တွေ့ရင် “အင်း .. ဒီကျောက်တုံးလေး လှလိုက်တာ။ ငါ့နံမယ်များ ပေးထားလေမလား“ ဟုစိတ်ကူးယဉ်ကြည့်ရ ဦးမည်။ ကျွန်မဦးလေးနှင့် သူ့သူငယ်ချင်းများသည် မြစ်ဆုံ၏ အထင်ကရအစာ ငါးကင်နှင့် ဟင်းသီးဟင်းရွက်များကို စားသောက်ခဲ့ကြပါသည်။ ယင်းကား မြစ်ဆုံ၏ အမှတ်တရတစ်ခုဖြစ်ပါသည်။ ထို့အပြင် ခရုခွံများနှင့် လုပ်သည့် အမှတ်တရလေးများလည်း ဆိုင်တွေမှာ တွေ့နိုင်ပါသည်။ သူတို့တွေ နေ့တစ်ဝက်လောက် မြစ်ဆုံမှာ အချိန်ကုန်ခဲ့ကြပြီး ညနေစောင်းတွင် မြစ်ကြီးနားသို့ ပြန်ခဲ့ကြပါသည်။
ကျွန်မ၏ နောက်ဦးလေးတစ်ယောက်ဖြစ်သော ရန်ကုန် ဆေးသုတေသန (ခန္တာဒေ) မှာ လုပ်သည့် အငြိမ်းစား ညွန်ကြားေ၇းမှူး ဒေါက်တာစိုးမင်းသိမ်းလည်း မြစ်ဆုံကို သူ၏သုတေသနအတွက် ၂၀၀၄ ခုနှစ်တုန်းက ရောက်ခဲ့ဖူးပါသည်။ သူုတို့က မြစ်ကြီးနားကို လေယျဉ်ပျံဖြင့်သွားခဲ့ကြပါသည်။ ထို့နောက်ဟိုတယ်တွင် ခေတ္တနားကာ မြစ်ဆုံသို့ ကားဖြင့်သွားကြသည်။ မြစ်ဆုံရောက်ဖို့ ၂နာရီမှ ၃နာရီလောက်စီးပါသည်။ ဦးလေးဖြစ်သူကပြောသည်မှာ ထိုနေရာကို သူတို့ဆီက အားကစားသမားများ အဖွဲ့နှင့်အတူ သုတေသနလုပ်မှာ ဖြစ်သည်ဟု ဆိုပါသည်။ သူတို့မြစ်ဆုံကို ရောက်သည့်အချိန်သည် နွေရာသီကာလ ဖြစ်ပါသည်။ ထိုအချိန်သည် ပူပြင်းခြောက်သွေ့နေသောလည် မြစ်ဆုံသည် လှပဆဲ အခြေအနေကို ပိုင်ဆိုင်လျက်ရှိနေဆဲ ဖြစ်ပါသည်။ အကယ်၍ မိုးတွင်းမှာ မြစ်ဆုံကို လာရောက်မည်ဆိုလျှင် မြစ်ဆုံအနီးတ၀ှိက်က ဒေသများ ရေလွှမ်းမိုးမူ ကြုံကြတာကို တွေ့မြင်ရမည် ဖြစ်ပါသည်။ နွေရာသီမှာတော့ တောင်အောက်မှာကျင်းပကြသည့် ကရိမ်နော မြင်ကွင်းကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ မြစ်ကြီးနား၏ ရာသီဥတုသည် နေ့တွင် နွေးကာ ညတွင် အလွန်အေးပါသည်။ ငါးကင်နှင့် ကောက်ညှင်းပေါင်းသည် အလွန်အရသာရှိသော အစားအစာ ဖြစ်ပါသည်။ ကျွန်မဦးလေးကတော့ ငါးကင်ကို သူမကြိုက်သောလည်း အဲသည်တုန်းလေး ခနတာမှာ မြှီးခဲ့ရသော အရသာကို ဘယ်တော့မှ မမေ့နိုင်ကြောင်း ပြောပြပါသည်။ အဲသည်တုန်းက ကချင်မနောပွဲ ကိုလည်း ကြည့်ခွင့်ကြုံခဲ့ ရပါသည်။ ယင်းပွဲတော်သည် လူတိုင်းကို ဆွဲဆောင်လျက်ရှိပါသည်။ ဧည့်သည်များ အတွက် မြစ်ဆုံသည် စိတ်ဝင်စားစရာ ခရီးစဉ်တစ်ခု ဖြစ်နေပါသည်။
ကျွန်မဒီဆောင်းပါးကို မြစ်ဆုံမရောက်ဖူးပဲ အနှိုင်းမဲ့သော အလှကျက်သရေနှင့် ပြည့်စုံသည့် မြစ်ဆုံက မြင်ကွင်းများအကြောင်းကို ရောက်ဖူးသူ များကို မေးမြန်းရင်း ရေးဖြစ်ခဲ့တာ ဖြစ်ပါသည်။ ကျွန်မစိတ်ကူးဖြင့်  မြစ်ဆုံသည် လူတွေကို ဘယ်လောက်တောင် လွှမ်းမိုးလျက်ရှိနေသလဲဆိုတာ ခံစားမိပါသည်။  အမှတ်တရများစွာ ပိုင်ဆိုင်လျက် မြစ်ဆုံ၏ အလှကို တွေးမြင်ကြည့်ရသည်မှာ ထူးခြားလှပါသည်။

No comments: