Friday, September 1, 2017

နှစ်သစ်ဆုတောင်း ဂျူနီယာဝင်း



နှစ်သစ်ဆုတောင်း
နှစ်သစ်ဆုတောင်း  ဂျူနီယာဝင်း
ချယ်ရီရသစုံမဂ္ဂဇင်း



ဇွန်လ၊ ၂ဝဝ၆ ခုနှစ်။




တစ်နှစ်ကနေ နောက်တစ်နှစ်ကို ကူးပြောင်းတဲ့ကာလတွေမှာ အမှတ်တရ ဆုတောင်းတွေကြတယ်။ နှစ်ဟောင်းက အမှတ်တရတွေ၊ ခါးသီးစရာတွေ၊ ပျော်ရွှင်စရာတွေကို သိမ်းဆည်းထားရင်းနှင့် နှစ်သစ်ကာလကို ကြိုဆိုကြတယ်။ မြန်မာပြက္ခဒိန်မှာ နှစ်သစ်ကူးတဲ့ သင်္ကြန် ကာလမှာလည်း နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနှင့်ဆေးကြောကာ မြန်မာနှစ်သစ်ကို ကြိုကြရတယ်။ ယခုလအတွက် စဉ်းစား ထားတဲ့ အကြောင်းအရာကနှစ်သစ်ကို အတွေးတစ်ခုပါပဲ။ အဲဒီအတွေးတစ်ခုက ၂ဝဝ၅ ခုနှစ် ခရစ်စမတ်ကာလမှာ ပေါ်လာပုံရပါတယ်။ ခံစားကြည့်ရအောင်။



''၂ဝဝ၅ ခုနှစ်၊ ဒီနှစ်ခရစ်စမတ်မှာတော့ ကိုယ့်အသည်းနှလုံးမှာ ခရစ်စမတ်သစ်ပင်တစ်ပင် စိုက်ချင်ပါတယ်။

အဲဒီသစ်ပင်ပေါ်မှာ ခရစ်စမတ်လက်ဆောင်တွေ ချိတ်ဆွဲထားမယ့်အစား ကိုယ့်ရဲ့သူငယ်ချင်းတွေအားလုံးရဲ့ အမည်တွေကို ချိတ်ဆွဲထားချင်တယ်။ ကိုယ်နဲ့အလွန် ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ အမည်တွေပါမယ်။ သူငယ်ချင်းအဟောင်းတွေနဲ့ သူငယ်ချင်းအသစ် တွေ၊ နေ့စဉ်နဲ့အမျှတွေ့မြင်နေရတဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်တစ်ခါတစ်ရံ မေ့လျော့နေမိတဲ့ သူငယ်ချင်းတွေ ကိုယ့်နဘေးမှာ အမြဲတမ်းရှိနေတဲ့ သူငယ်ချင်းတွေနဲ့ ဘယ်တော့မှမရှိတဲ့ သူငယ်ချင်းတွေ၊ ကိုယ်နဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ အချိန်အခါတွေမှာ မျှဝေခံစားပေး တဲ့ သူငယ်ချင်း တွေနဲ့ ကိုယ့်ရဲ့ပျော်စရာအချိန်တွေမှာ ကိုယ်နဲ့အတူပျော်ရွှင်ပေးတဲ့ သူငယ်ချင်းတွေ၊ ကိုယ်ကမရည်ရွယ်ဘဲနဲ့ နာကျည်အောင်လုပ်မိတဲ့ သူငယ် ချင်းတွေနဲ့ မရည်ရွယ်ဘဲနဲ့ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ကိုယ်က သေသေချာချာသိထားတဲ့ သူငယ်ချင်းတွေနဲ့ အမည် လောက်သာ သိတော့တဲ့သူငယ်ချင်းတွေ၊ ကိုယ့်ကို ဘာအေြွကးမှမရှိသူတွေနဲ့ ကိုယ်က အများကြီးရယူထားမိတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်အပေါ် သစ္စာရှိတဲ့သူငယ်ချင်းတွေနဲ့ ကိုယ်ရဲ့အရေးပါတဲ့ သူငယ်ချင်းတွေ၊ ကိုယ့်ဘ0xJudု ဘယ်လိုတိုတောင်းစွာပဲဖြစ်ဖြစ် ဖြတ်ကျော်ဝင်ရောက်သွား တဲ့ သူငယ်ချင်းတွေအားလုံးရဲ့ အမည်တွေကို ကိုယ့်ရဲ့ ခရစ်စမတ်ပင်မှာ ချိတ်ဆွဲထားလိုက်မယ်။ ကိုယ့်ရဲ့ သစ်ပင်မှာ ခိုင်မြဲတဲ့ အမြစ်တွေ ရှိပြီး၊ ရှည်လျားပြီး ခွန်အားရှိတဲ့ အကိုင်းအလက်တွေရှိနေတာကြောင့် သူတို့ရဲ့ အမည်တွေကို ကိုယ်အသည်းနှလုံးသားထဲကနေ ဘယ်တော့မှ ခူးဆွတ်သွားလို့မရဘူးလေ။ ပြီးတော့ အသစ်၊ အသစ်သောအမည်တွေကလည်း ရှိနေပြီးသား အမည်တွေနှင့်အတူ တွေ့ဆုံကြလိမ့်ဦးမယ်။ သစ် တစ်ပင်ရဲ့ အေးမြတဲ့ အရိပ်အာဝါသကြောင့် ကိုယ်တို့တစ်တွေရဲ့ သူငယ်ချင်းအဖြစ်ဟာ ဘဝ၏ ရုန်းကန်ခြင်းဆိုတဲ့ လှိုင်းဂယက်အောက်မှာ နားခိုရာ ဖြစ်ပါလိမ့်မယ်။ 'ခရစ်စမတ်ကာလ၏ ပျော်စရာအချိန်ကာလလေးသည် နှစ်သစ်၏ နေ့ရက်တိုင်းကို ထွန်းလင်းတောက်ပသွားပါစေ လေ သတည်း' ဤကား ကိုယ့်ရင်ထဲက ဖြူစင်ရိုးသားသော ဆုတောင်းဖြစ်လေတော့သည်''

အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးသစ်တွေနဲ့ နှစ်သစ်ကို ပုံဖော်ကြတယ်။ အမိုျးမိုျးပေါ့။ တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း တူချင်မှလည်း တူလိမ့်မယ်။ ဒါပေမဲ့ အမှတ်တရတော့ ဖြစ်ချင်ပါတယ်။ အဲဒီ ခရစ်စမတ်သစ်ပင်စိုက်တဲ့သူက တော်တော်သဘောထားကြီးပါ တယ်။ ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့ သူတွေရဲ့ အမည်တွေကိုတောင် ကိုယ်ချစ်တဲ့သူတွေရဲ့ အမည်တွေနဲ့ တန်းတူသူ့အသည်းနှလုံးထဲမှာ စိုက်ထူထားပါသတဲ့။ ကိုယ့်ရဲ့အမည်က ဘယ်လိုနေရာ၊ အဆင့်မှာရှိနေသလဲဆိုတာကိုတော့ ပေးပို့သူမှ တစ်ပါးသိနိုင်မည်မထင်ပါ။



Ref: www.zazuze.pt.vu

(၂ဝဝ၅ ခုနှစ် ခရစ်စမတ်ကာလတုန်းက ထိုအမှတ်တရကဒ်ကို ပေးပို့ခဲ့သော သူငယ်ချင်းဝင်းထွန်းသို့)

ချယ်ရီရသစုံမဂ္ဂဇင်း



ဇွန်လ၊ ၂ဝဝ၆ ခုနှစ်။

No comments: