Sunday, February 2, 2014

လွယ်မယောင်နှင့် ခက်သော အင်္ဂလိပ်စကားလုံးများ - Junior Win

လွယ်မယောင်နှင့် ခက်သော အင်္ဂလိပ်စကားလုံးများ -  Junior Win
အတွေးအမြင် (၁၄၄)၊ ၂ဝဝဝ ပြည့်နှစ်၊ ဇွန်လ

What’s in a name?ဆိုတဲ့ စကားလုံးကို Shakespeare ပြဇာတ်တစ်ပုဒ်ဖြစ်တဲ့ Romeo and Juliet ထဲမှာ တွေ့ဖူးခဲ့တာပါ။ ဒီစကားလုံးကို ကျွန်မအဘွားဖြစ်တဲ့ မေမေကြီး ဒေါ်ခင်မိုျးချစ်က အကြောင်းတစ်ခုနဲ့ တိုက်ဆိုင်လို့ ရှင်းပြခဲ့ဖူးပါတယ်။
What’s in a name?ကို တိုက်ရိုက်ဘာသာပြန်ရင် ''နာမည်ထဲမှာ ဘာရှိလဲ'' ပေါ့။ အဲဒီလို တိုက်ရိုက်ပြန်လိုက်ရင် အဓိပ္ပာယ် သိပ် မရှိဘူး။ ဒီတော့ ဘယ်လို ပြင်ရေးမလဲ။
နာမည်ထဲမှာ ဘာရှိလဲလို့ တတွတ်တွတ် ရွတ်ကြည့်လိုက်မိတယ်။ Romeo and Juliet ပြဇာတ်ထဲမှာ Julietက ပြောတာဖြစ်ပါတယ်။
နာမည်ထဲမှာ ဘာရှိလဲ၊ နာမည်ထဲမှာ ဘာရှိပါလိမ့်၊ နှင်းဆီပန်းလို့ ခေါ်တဲ့ ပန်းကို တခြားနာမည်ပေးလိုက်လည်း သူ့ရနံ့ကတေ့ မွှေးမြဲ မွှေးနေမြဲပါပဲ။
နှင်းဆီဆိုတဲ့ အမည်လို့ မခေါ်လည်း သူ့ရနံ့က ပျောက်မသွားပါဘူး။ ဆိုလိုတာက နှင်းဆီဆိုတဲ့အမည်က ဘယ်လောက်များ အရေးကြီးလို့လဲ။ သူ့ကို တခြား အမည်ပေးလိုက်လည်း သူ့ရနံ့က ပျောက်မသွားပါဘူး။ ဒါဆိုရင် What’s in a name? ဆိုတာ''နာမည်က ဘာအရေးကြီးလဲ'' လို့ ဆိုလိုလိုက်တာပါပဲ။
'နာမည် ဘာအရေးကြီးလဲ' လို့ ဘာသာပြန်လိုက်ရင် သူ့အဓိပ္ပာယ်က ပြည့်စုံသွားပြီ ဖြစ်ပါတယ်။ နောက်စကားလုံးတစ်ခုကို မေမေကြီးက ရွေးပြီး ရှင်းပြပါတယ်။
For your eyes onlyဒါက James Bondရုပ်ရှင်ကားတစ်ကားရဲ့ အမည် ဖြစ်ပါတယ်။ ဒါကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ''သင့် မျက်စိဖြင့်သာ'' တဲ့။ ဒီလိုဆိုရင်လည်း နားထောင်လို့ သိပ်အဆင်မပြေဘူး။ မြန်မာစကား မဟုတ် ဘူး။ ''သင့်မျက်စိဖြင့်သာ (For your eyes only) လို့ ရေးထားရင် ဒါက မင်းတစ်ယောက်တည်း ကြည့်ဖို့၊ ဖတ်ဖို့လို့ ဆိုလိုတာပဲ။ အဓိပ္ပာယ်က ''ထိပ်တန်း လှို့ျဝှက်'' (Top Secret) နဲ့ အတူတူပဲ။
မေမေကြီးက ဆက်ပြီး မှတ်ချက်ချပြန်ပါတယ်။ What’s in a name?တို့၊For your eyes onlyဆိုတဲ့ စကားလုံးတွေမှာ မသိတဲ့ စကားလုံး တစ်လုံးမှ မရှိဘူး။ အကုန်လုံး လွယ်လည်းလွယ်၊ ကိုယ်သိတာတွေချည်းပါပဲ။ ဒါပေမဲ့ တိုက်ရိုက်ဘာသာပြန်ယူလို့ မရသလို မြန်မာစကားနဲ့ ကိုက်ညီအောင် စဉ်းစားရတာ နက်နဲလှတယ်လို့ ဆိုပါတယ်။
ကျွန်မ အဘိုးဖြစ်သူ အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်ကလည်း မေမေကြီးနဲ့အတူ သဘောထားရှိသူ ဖြစ်ပါတယ်။ ကျွန်မတို့ မြေး မောင်နှမ နှစ်ယောက်ကို အင်္ဂလိပ်စကားတစ်ခု သင်ပေးခဲ့ကြပါတယ်။
‘Were I anything but what I am, I would wish me only he.’ တဲ့။
ဘာသာပြန်စမ်းလို့ ကျွန်မတို့ကို ခိုင်းပါတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့ ၉ တန်းလောက်ပဲ ရှိပါဦးမယ်။ ကျွန်မ မှတ်မိသလောက် ပြောရရင် ဒီစာကြောင်းရဲ့ နောက်ဆုံး ‘he’ ဆိုတာဟာ ‘I’ ကို ပြောတာပဲဆိုတဲ့ အချက်ကြောင့် ဒီစာကြောင်းရဲ့ အဓိပ္ပာယ်က ရှင်းသွားတယ်ဆိုတာပါပဲ။ အဓိပ္ပာယ်က-
''ငါနှင့်သာငါသာ နှိုင်းစရာ ဖြစ်ပါတယ်။
ကျွန်မဟာ အင်္ဂလိပ်စကားလုံး လွယ်လွယ်လေးတွေနဲ့ တည်ဆောက်ထား တဲ့ စာကြောင်းတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဘဘကြီးနဲ့မေမေကြီး တို့ကလည်း ဒီလို စကားလုံးလေးတွေ တွေ့ရင် ကျွန်မတို့ကိုခေါ်ပြီး ရှင်းပြ၊ ဘာသာပြန်ခိုင်းလွန်း တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကျွန်မနဲ့ မေမေကြီး အဲဒီအကြောင်းတွေ စကားစပ်မိရင် Shakespeare ရဲ့ Julius Caesar ပြဇာတ်ထဲကThe Evil that men do ဆိုတဲ့ စာကြောင်း ဆီကို ရောက်သွားတတ်ကြပါတယ်။ အဲဒီနေရာရောက်တိုင်း မေမေကြီးက 'မေမေ ကြီးတော့ ဒီစကားလုံးကို ဘာသာပြန်ဖို့ မြန်မာဆန်ဆန် စဉ်းစားလို့မရဘူးကွာ'လို့  ပြောပါတယ်။ ဒါနဲ့ မေမေကြီးနဲ့ ကျွန်မ အဲဒီအကြောင်းကို အတူတကွ စဉ်းစားခဲ့ ကြဖူးပါတယ်။ အဓိပ္ပာယ်ကိုတော့ သိနေကြတယ်။ စာလုံးတစ်လုံးချင်းကလည်း မသိတဲ့ စာလုံးမပါ။ ဒါပေမဲ့ သူ့အဓိပ္ပာယ်ပေါ်လွင်အောင် ဘာသာပြန်ဖို့ ခက်လှ ပါတယ်။
ဒီစကားကို ပြောခဲ့သူက Antonyဖြစ်ပါတယ်။ Julius Caesar ရဲ့ အလောင်းကို လူတွေရှေ့မှာ ချရင်း သူက အဲဒီလို ပြောခဲ့တာပါ။ သူဆိုလိုတာက အခုလို အဓိပ္ပာယ် ထွက်ပါတယ်။
‘Caesar ကတော့ ကွယ်လွန်ရှာပါပြီ။ သူလုပ်ခဲ့တဲ့ ကောင်းတဲ့ လုပ်ရပ် တွေကိုတော့ ဘယ်သူကမှ စကားလုပ်ပြီး ပြောနေကြမှာ မဟုတ်ပါဘူး။ သူ့နာမည် နဲ့အတူ ကျန်ရစ်ခဲ့မှာကတော့ သူလုပ်ခဲ့မိတဲ့ အပြစ်အနာအဆာတွေပဲ ဖြစ်ပါတော့ တယ်ဒ
ဒီ စကားတွေနဲ့ လူတွေကို Antony က သူ့ဘက်ပါအောင် ဆွယ်လိုက်တာ ဖြစ်ပါတယ်။ Brutusတို့ စွပ်စွဲသလို Caesar ဟာ အာဏာမက်သူ ဖြစ်တယ်ဆို တဲ့ စကားကို တိုက်ရိုက်ဆန့်ကျင် မပြောဘဲ ပညာသားပါပါ ပြောတဲ့ စကားတွေ ထဲက တခို့ျဖြစ်ပါတယ်။
ကျွန်မတို့ အခုလို စဉ်းစားနေတဲ့ အကြောင်းအရာကို ပြန်ကောက်လိုက်ရင် The evil that men do, lives after them ဆိုပြီး မူရင်းစာကြောင်းကို ပြန်ယူမှာ ဖြစ်ပါတယ်။ ကျွန်မတို့က လွယ်လင့်တကူ The evil that men do လို့ ဆိုလိုက် ရင် ဒါ အလိုအလျောက် သူ့အဓိပ္ပာယ်ပါပြီးသွားတဲ့သဘော ဖြစ်ပါတယ်။
ကျွန်မတို့ နားလည်သလို ပြောရရင် လူတွေဟာ ကျွန်မတို့ လုပ်မိတဲ့ မှားယွင်းမှုတို့၊ အပြစ်တို့ကို ကောင်းတဲ့လုပ်ရတွေထက်ပိုပြီး မှတ်မိတတ်ကြပါ တယ်။ အဲဒီလို ဘာမဟုတ်တဲ့ အမှားလေးက ကျွန်မတို့ ဘဝတစ်လျှောက်လုံး လိုက်ပါနေပါတော့တယ်လို့ အဲဒီလို အဓိပ္ပာယ်ဖော်ရမှာ ဖြစ်ပါတယ်။
ဒီစကားလုံးဟာ ကျွန်မတို့ မိသားစုကြားမှာ တော်တော်ခေတ်စားပါတယ်။ လူတွေရှေ့မှာ ဖတ်ရမယ့်စာတမ်းဖတ်ပွဲတွေ တက်ရတော့မယ်ဆိုရင် The evil that men do ဖြစ်မယ်နော်လို့ သတိပေးကြပါတယ်။ ဒါဟာ ဘာအဓိပ္ပာယ်လဲလို့ တစ်ယောက်ယောက်က မေးရင် What’s in a name?တို့For your eyes onlyတို့လို့ တစ်ခွန်းတည်းနဲ့ ဖြေလို့ မပြီးနိုင်ပါဘူး။ ဒါပေမဲ့ အရေးပါတဲ့ ကိစ္စတစ်ခုခု ပြင်ဆင်နေတဲ့ အချိန်တွေမှာ ဒီလို သတိပေးသံ ကြားလိုက်ရင် အလုပ်မအားလို့ စိတ်ရှုပ်နေတဲ့ကြားက ပြုံးမိသွားကြရပါတယ်။
ကျွန်မ အဖေ သင်္ချာဆရာကြီးမှာလည်း ပြောစမှတ်တွင်လောက်တဲ့ The evil that men do ဥပမာ ရှိပါတယ်။ ဖေဖေ ငယ်ငယ်တုန်းက ကော်လုပ်တဲ့ အကြောင်းပါ။ ဖေဖေ တီထွင်လိုက်တဲ့ ကော်က အရောင်အဆင်းရော၊ ပုံသဏ္ဌာန် ရော ကောနဲ့တူပါသတဲ့။ ဒါပေမဲ့ မကပ်တာ တစ်ခုပဲလို့ ဆိုပါတယ်။ အဲဒီ အကြောင်းကို မေမေကြီးက ဖော်ထုတ်ပြောလေ့ ရှိပါတယ်။ ''သင်္ချာဆရာ ဘာသီအိိုရီတွေ တီထွင်သလဲတော့ မသိဘူး။ သင်္ချာဆရာ လုပ်တဲ့ ကော်က ကော်နဲ့တော့ အကုန်တူတယ်။ မကပ်တာ တစ်ခုပဲ'' လို့ ဆိုပါတယ်။ အဲဒီအရိပ်က ဒီအဖြစ် သိသူတွေကြားထဲမှာ ယနေ့တိုင် အရိပ်လို လိုက်နေပါတယ်။
နောက် Shakespeare ရဲ့ ကမ္ဘာကျော်စကားလုံးဖြစ်တဲ့ To be or not to be ဟာဆိုရင်လည်း လွယ်လွယ်လေးနဲ့ တိုက်ရိုက်ဘာသာပြန်ဖို့ ခက်တဲ့ စကား ဖြစ်ပါတယ်။ ဒါ Hamet  ပြဇာတ်ထဲမှာ ရေးထားတာ ဖြစ်ပါတယ်။ စာကြောင်းအပြည့်အစုံက To be or not to be, that is the question ဖြစ်ပါ တယ်။
ဒီစာကြောင်းဟာ ''စာဖတ်ရင် ကောင်းမလား၊ အိပ်ရင် ကောင်းမလား'' ဆိုရင်လည်း ဖြစ်ပါတယ်။ စားရင်ကောင်းမလား၊ မစားရင် ကောင်းမလား။ ဒီအလုပ် လုပ်ရင် ကောင်းမလား၊ ကျောင်းပဲတက်ရင် ကောင်းမလား။ သွားရင် ကောင်းမလား၊ မသွားရင် ကောင်းမလား စသည် စသည်ဖြင့် ကြိုက်ရာထည့်လို့ ရတဲ့အတွက် အဓိပ္ပာယ်များစွာ အကုံျးဝင်နေပါတယ်။ သူ့မူရင်းကို တိုက်ရိုက် ပြန်ဆိုဖို့ စဉ်းစားနေမယ့်အစား တစ်ခုခုလုပ်ဖို့ ချီတုံချတုံဖြစ်နေတဲ့အခါ to be or not to beလို့ ညည်းလိုက်ရင် ဒါဟာ လုံလောက်တဲ့ အဓိပ္ပာယ် ဖြစ်သွားပါ တယ်။
အင်္ဂလိပ်စာလုံး လွယ်လွယ်လေးတွေနဲ့ တည်ဆောက်ထားတဲ့ စာကြောင်း တွေကို ကျွန်မရဲ့ အဘိုးအဘွားတွေက ဂရုတစိုက် အလေးထားပြီး သင်ပေးတတ် ကြပါတယ်။ ဒါ့အပြင် လွယ်ပါတယ်ဆိုတဲ့ အင်္ဂလိပ် စာလုံးတစ်လုံးတည်းဟာ အဓိပ္ပာယ်ပြန်ဖို့ ခက်လှကြောင်းကိုလည်း ဥပမာတွေနဲ့ ရှင်းပြတတ်ကြပါတယ်။
Hairy Joe ဆိုတဲ့ ရေဒီယို ပြဇာတ်တစ်ပုဒ်မှာ ဖြစ်ပါတယ်။ ပြဇာတ်ရေး ဆရာက Sol Pantzn ဖြစ်ပါတယ်။ ပြဇာတ်အဆုံးမှာ စာရေးဆရာက ကဗျာလေး စပ်ပြီး အဆုံးသတ်ထားပါတယ်။ သူ့ကဗျာက ဆယ်ကြောင်းလောက် ရှိပါတယ်။အောက်ဆုံးအကြောင်းက အခုလို ရေးထားပါတယ်။
They all make a free man so tall.
ဘဘကြီးက ဒီကဗျာတစ်ပိုဒ်လုံးမှာ အခက်ဆုံးက ဒီ tall ဆိုတဲ့ စကား လုံးပဲလို့ ပြောခဲ့ပါတယ်။ ကျွန်မ ဒီစာကြောင်းရဲ့ အပေါ်နှစ်ကြောင်းကို ရေးပြ ချင်ပါတယ်။ ဒါမှ အဓိပ္ပာယ်ဖော်လို့ ရနိုင်ပါလိမ့်မယ်။
There is no freedom too small
Every men is as good as another,
And they all make a free man so tall.
အပေါ် နှစ်ကြောင်းကို ဆီလျော်အောင် ဘာသာပြန်လိုက်ရင်-
''လွတ်လပ်ပါတယ် ဆိုမှတော့ ဘယ်လောက်ကလေး လွတ်လပ်ပါတယ် လို့ ပြောစရာ မလိုဘူူး။
လွတ်လပ်သူတွေ အားလုံးရဲ့ လွတ်လပ်မှုဟာ အတူတူပါပဲ''
လို့ ဖြစ်လာပါတယ်။ ကျွန်မတို့ နောက်ဆုံးစာကြောင်းကို ဆက်စဉ်းစား ကြည့်လိုက်ပါတယ်။ ဒီနေရာမှာ tallဆိုတဲ့ စကားလုံးကို ဘယ်လို ဘာသာပြန် မှာလဲ။ tallဆိုတဲ့ စကားလုံးဟာ လူတိုင်း အလွယ်တကူ သိကြပါတယ်။ ရှည်သောဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒီနေရာမှာ အဲဒီလို တိုက်ရိုက် ပြန်လိုက် ရင် ''ဒါကြောင့် လွတ်လပ်တဲ့ လူတွေက သိပ် အရပ်ရှည်ကြတယ်'' လို့ ဖြစ် သွားပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ မဖြစ်နိုင်ဘူးလို့တော့ ကျွန်မတို့ လက်ခံမိကြ ပါတယ်။ ဒီလို တိုက်ရိုက်ပြန်လို့ မရတာဟာ စာရေးဆရာက ဒီ tallကို အရပ်ရှည်သောဆိုတဲ့ အဓိပ္ပာယ်နဲ့ ရေးထားတာ မဟုတ်လို့ ဖြစ်ပါတယ်။
ဘဘကြီးက tallဆိုတဲ့ စကားလုံးဟာ စာရေးဆရာ အမှန်တကယ် ဆိုလိုတာက ‘great’  ဖြစ်တယ်လို့ ပြောပြပါတယ်။ ဒါမှ ကဗျာရဲ့ ဝိသေသအရsmall နဲ့ tallနဲ့ ကာရန်မိသွားမှာ ဖြစ်ပါတယ်လို့ ရှင်းပြပါတယ်။ ဒီတော့ အခုလို ပြန်လိုက်ရင် အဆင်ပြေသွားပါတော့တယ်။ 'ဒါကြောင့် လွတ်လပ်တဲ့ သူတွေက သိပ်အကြီးကျယ်ကြတယ်။
အဓိပ္ပာယ်ချင်း ကိုက်လိုက်မယ်ဆိုရင် tallဆိုတာ အရပ်ရှည်တာ၊ သူများ ထက် ခေါင်းတစ်လုံးပိုမြင့်တော့ သူများထက် သာတယ်၊ ကြီးကျယ်တယ် စသည်ဖြင့် ဆက်စပ်တွေးယူလို့ ရသွားပါတော့တယ်။
ဒီလို အဓိပ္ပာယ်တွေ ရှိတယ်လို့ ဘဘကြီးတို့ မေမေကြီးတို့ရဲ့ ဆုံးမထားချက် တွေကြောင့် လွယ်တဲ့ စကားလုံးလေးကိုတောင်မှ အထင်မသေးရဲပါဘူး။ ဒီလို အတွေ့အကြုံတွေကြောင့် ကျွန်မ စာတွေဖတ်ရ ရေးရတဲ့အခါ အထောက်အကူတွေ များစွာရလာပါတယ်။ ဥပမာ ပြောရရင် ငါးမန်းတွေရဲ့ အကြောင်းကို ဖတ်ဖြစ် တုန်းက ဖြစ်ပါတယ်။ စာရေးသူက ငါးမန်းတွေဟာ ကြောက်စရာကောင်းတယ်၊ အန္တရာယ်ရှိတယ် စသည်ဖြင့်ဆိုရင်း comical ဖြစ်တဲ့ သတ္တဝါတွေလို့လည်း ဆိုလိုက်ပါတယ်။ ဃသာငခေူ ဆိုတဲ့ အဓိပ္ပာယ်က ရယ်စရာကောင်းသော၊ ရယ် ရွှင်ဖွယ်ဖြစ်သော ဖြစ်ပါတယ်။ ငါးမန်းတွေကို ကြောက်စရာကောင်းတယ်လည်း ပြောပြီး ဘာကြောင့် comicalလို့ ဆိုရသလဲလို့ ကျွန်မ ဦးနှောက်ခြောက်သွား ရပါတယ်။ ဘဘကြီးတို့ မေမေကြီးတို့ ပေးခဲ့တဲ့ သင်ခန်းစာတွေအရ နောက် အဓိပ္ပာယ်ရှိရမယ်လို့ ကျွန်မ တွေးတတ်ခဲ့ပါပြီ။ ကျွန်မဟာ Thesaurusထဲမှာ သူနဲ့ အဓိပ္ပာယ် ဆင်တူတာတွေ လိုက်ရှာကြည့်ပါတယ်။ ဒီတော့မှ ကျွန်မ စာရေးသူရဲ့ ဆိုလိုချက်ကို သိလိုက်ရပါတော့တယ်။
ဆိုလိုတာက entertainment ဖြစ်ပါတယ်။ ငါးမန်းတွေကို မှန်လုံရေထဲ မှာ ထားပြီး လူတွေကို ဖျော်ဖြေရာ သတ္တဝါအဖြစ် သဘောထားကြတယ် ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ဒီလိုရှာဖွေတဲ့နည်းနဲ့ ကျွန်မ စာရေးသူ ဆိုလိုချင်တာကို လိုက်မီအောင် ကြိုးစားလိုက်ရပါတယ်။
ဘဘကြီးနဲ့ မေမေကြီးတို့သာ သက်ရှိထင်ရှားရှိနေရင် အတူတကွ ရှာဖွေ ကြရင်း ထူးခြားတဲ့ စကားလုံးလေးတွေအကြောင်းကို အရသာခံပြီး ပြောဖြစ်နေကြ မှာ သေချာပါတယ်။ ဘဘကြီးတို့ ပေးခဲ့တဲ့ သင်ခန်းစာများကို ပြန်လည်အောက် မေ့ရင်း အမှတ်တရ ရေးဖွဲ့လိုက်ရပါတယ်။

ထူးခြားတဲ့ စိတ်ကူးစိတ်သန်းပိုင်ရှင်များ - Junior Win

ထူးခြားတဲ့ စိတ်ကူးစိတ်သန်းပိုင်ရှင်များ - Junior Win

အတွေးအမြင် (၁၄၂)၊ ၂ဝဝဝ ပြည့်နှစ်၊ ဇန်နဝါရီ


genius ဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို ဘာသာပြန်ကြည်ရင် သူတကာထက် ထူးခြားတဲ့ စိတ်ကူးရှိသော၊ စွမ်းရည် အမြော်အမြင်ကြီးသော ညဏ်ပညာတို့အပြင် အဲဒီလို ညဏ်ပညာနဲ့ ပြည့်စုံသူ၊ ညဏ်ကြီးရှင်လို့လည်း ပြောနိုင်ပါတယ်။ Oxford University အဘိဓာန်မှာ Einsteinတို့ Shakespeare တို့ကို genius လို့ ခေါ်ပါသတဲ့။
အဲဒီ genius တွေနှင့် ပတ်သက်လို့ ကျွန်မအဘိုး ဘဘကြီး ဦးခင်မောင် လတ် ရှင်းပြခဲ့ဖူးတာကို မှတ်မိနေပါတယ်။ genius တွေဟာ ညဏ်ပညာ ပြည့်စုံကြပါတယ်။ သူတို့ရဲ့ စဉ်းစားညဏ်၊ စိတ်ကူးတွေဟာ ဘယ်သူနဲ့မှ မတူ ပါဘူး။ သူတို့ စိတ်ကူးလိုက်တာဟာ ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ကျန်တဲ့ ကိုးဆယ်ရာခိုင်နှုန်းကတော့ သူတို့ စိတ်ကူးကို အကောင်အထည် ဖော်ရတဲ့ ပင်ပန်းမှုပါပဲတဲ့။ ဘဘကြီးက အင်္ဂလိပ် အသုံးအနှုန်းတွေနဲ့ ကိုးကားပြီး အဲဒီလို ရှင်းပြခဲ့ပါတယ်။
ကျွန်မဟာ genius တွေကို စိတ်ဝင်စားမိပါတယ်။ သူတို့ဟာ မွေးက တည်းက ပါလာတဲ့ သူများနဲ့မတူတဲ့ စိတ်ကူးစိတ်သန်းတွေ ပိုင်ဆိုင်တယ်။ ဒီလို ပိုင်ဆိုင်ရုံမက သူတို့စိတ်ကူးထားတာတွေကို အကောင်အထည် ဖော်ဖို့ အရည်အချင်းရှိတဲ့ ဖန်တီးရှင်တွေလည်း ဖြစ်တယ်။ သူတို့ဖန်တီးလိုက်တဲ့ အနု ပညာတွေကို ခံစားရတဲ့ ကျွန်မတို့တစ်တွေဟာ ထူးခြားတဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်လာရပါတယ်။
ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ရာပေါင်း ထောင်ပေါင်း များစွာကတည်းက genius တွေ သူ့နေရာနဲ့သူ ရှိနေခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ ကျော်လောက်က အီဂျစ်တွေ တည်ခဲ့တဲ့ ပိရမစ်တွေကို ကြည့်ရင် အဲဒီခေတ်က သူတို့ဟာလည်း genius တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ၊ ပိရမစ်တွေက စလို့ ပျက်စီးယိုယွင်းသွား တဲ့ ကျောက်တုံး အပိုင်းအစတွေအထိ ယနေ့ခေတ် လူတွေ အမြတ်တနိုးထားနေကြ တယ် မဟုတ်ပါလား။
လေယာဉ်ပျံခေတ်ကို ရောက်လာအောင် စတင် စိတ်ကူးခဲ့ကြတဲ့ Wright Brothers လို့ သိကြတဲ့ Oriville Wright (၁၈၇၁-၁၉၁၅) နဲ့ Wilbur Wright   (၁၈၆၇-၁၉၁၂) တို့ဟာ ထူးခြားတဲ့ စိတ်ကူးပိုင်ရှင် genius တွေ ဖြစ်ပါတယ်။ အနာဂတ်ကို တိုးတက်ပြောင်းလဲပေးခဲ့သူတွေလို့လည်း တင်စားခေါ်ဝေါ်ခဲ့ကြပါ တယ်။
ပန်းချီဆရာ၊ ပန်းပုဆရာ၊ နက္ခတ္တဗေဒပညာရှင်၊ ဓာတုပညာရှင် စသည် ဖြင့် သတ်မှတ်ခြင်းခံခဲ့ရတဲ့ Leonardo da Vinci (၁၄၅၂-၁၅၁၉) နဲ့ ပတ်သက်လို့ ကျွန်မတို့ စိတ်ဝင်တစား ရှိခဲ့တာကThe MonaLisa ပန်းချီကား ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ အင်ဂျင်စက်၊ လိုဏ်ခေါင်း၊ အမြောက်ဒီဇိုင်းများကို ရေးဆွဲခဲ့သူ ဖြစ်ပြီး သူ့ဒီဇိုင်းပုံများကို နောင်နှစ်ပေါင်း ရာပေါင်းများစွာကျမှ သိပ္ပံပညာရှင်တွေ တီထွင်နိုင်ခဲ့ကြပါသတဲ့။ စက်ကိရိယာမပေါ်ခင်က သူ ရေးဆွဲခဲ့တဲ့ စိတ်ကူးတွေ၊ ဟယ်ရီကော့ပတာဆိုတဲ့ အသုံးအနှုန်း မပေါ်ခင်က သူရေးဆွဲခဲ့တဲ့ ဒီဇိုင်းတွေကို ကျွန်မတို့ လေ့လာမြင်တွေ့ခဲ့ကြရပြန်တော့ သူ့ရဲ့ ထူးခြားလှတဲ့ စိတ်ကူးစိတ်သန်း တွေကို ကျွန်မတို့ အံ့သြမှင်တက်ရတာ အမှန်ပါပဲ။ ဆယ်နှစ်ကျော်ကြာ အပင် ပန်းခံရေးဆွဲခဲ့တဲ့ The Last Supperပန်းချီကားကြီးဟာလည်း ထူးခြား အံ့သြဖွယ်  ကောင်းလှတဲ့ Leonardoရဲ့ စိတ်ကူး ဖြစ်ပါတယ်။ ဒါပေမဲ့ Milan ဘုန်းကြီး ကျောင်းအတွက် ထိုပန်းချီကားကြီးကို ဆယ်နှစ်ကြာ ရေးဆွဲနေတဲ့ Leonardo ကို ဘုန်းတော်ကြီးများက စိတ်မရှည် ဖြစ်ခဲ့ကြရပါသတဲ့။
''သူတို့တစ်တွေဟာ ဒီလိုလှပတဲ့ ပန်းချီကားတစ်ခု ရရှိလာဖို့ အဲဒါနဲ့ ညီမျှတဲ့ စိတ်ကူးစိတ်သန်းတွေ ကြီးကြီးကျယ်ကျယ် ရှိရတယ်ဆိုတာ သဘော မပေါက်ကြဘူး' ဟု Leonardo က တွေးခေါ်ယူဆခဲ့ပါတယ်။ ဒါကို genius တစ်ယောက်ရဲ့ စိတ်ခံစားမှုလို့ ကျွန်မ ခံယူမိတယ်။ သူတို့ဟာ သာမန်လူတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ အယူအဆတွေ၊ အတွေးတွေကို တွေးနေတတ်ကြပါ တယ်။ သူတို့ဘဝမှာ သူတို့တွေးတဲ့ အတွေးနဲ့ သူတို့လုပ်နေတဲ့ အလုပ်ရယ်နဲ့ပဲ နပန်းလုံးနေကြပါတယ်။
ပန်းပုပညာရှင်၊ နံရံဆေးရေးပညာရှင် Michaelangelo Di Lordovico Buonarroti Simioni(၁၄၇၅-၁၅၆၄) ခေါ် မိုက်ကယ်အိန်ဂျယ်လို ဆိုရင်လည်း သူ့ခေတ်အခါမှာ သူဟာ genius ပါပဲ။
မိုက်ကယ်အိန်ဂျယ်လိုက ''သူ ထုထွင်းတဲ့ ရုပ်တုတွေဟာ အစကတည်း  က ကျောက်တုံးထဲမှာ ရှိနေတာပါတဲ့။ အဲဒါကို သူက အဲဒီ ကျောက်တုံးတွေထဲက နေ လွတ်မြောက်အောင် ရုပ်တုတွေကို ဆွဲထုတ်လိုက်တာပါ'' တဲ့။ ဒါဟာ သူလုပ်နေတဲ့ အလုပ်နဲ့ပတ်သက်လို့ သူ့ရဲ့ သဘောထား ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ တွေးမိတယ်။ အဲဒီ ကျောက်တုံးကြီးထဲမှာ ဘာရုပ်တု ရှိနေသလဲဆိုတာ သိတဲ့အသိဟာ genius  မှသာလျှင် စဉ်းစား စိတ်ကူးတတ်မှာပါပဲလို့။ မိုက်ကယ် ဟာ သူ အလုပ်လုပ်နေတဲ့ အချိန်မှာ သူ့ဘဝမှာ သူ့ရုပ်တုရယ်၊ သူ့ဆေးပန်းချီ ခွက်တွေရယ်၊ သူ့ဝိညဉ်ရယ်သာ ရှိပေတယ်။ အဲဒီလို ကိုယ့်ဘဝကို ကိုယ့်ဘာသာ တည်ဆောက်ရင်း ပျော်မွေ့တတ်သူတွေဟာ genius  တွေရဲ့ စရိုက်တွေပဲ ဖြစ်ပါ တယ်။
ဂရိသိပ္ပံပညာရှင် Archimedes(၂၈၇-၂၁၂ BC) ဟာ ထိုခေတ်အခါက genius ဖြစ်ပါတယ်။ သူဟာ Syracuseဘုရင် Hieronစေခိုင်းခဲ့တဲ့ ရွှေသရဖူ၊ ရွှေ စစ် မစစ် သိနိုင်ဖို့ နည်းလမ်းကို ရှာပေးခဲ့သူ ဖြစ်ပါတယ်။ ထိုပြဿနာကို ဖြေရှင်းဖို့ သူ့ရေခိုျးကန်ထဲကို ဝင်ထိုင်လိုက်စဉ် လျှံကျသွားသော ရေများကို တွေ့သောအခါ သူရှာနေသော အဖြေကို ရုတ်တရက် တွေ့ခဲ့သည်ဟု မှတ်သားခဲ့ ဖူးပါတယ်။
ထိုအဖြေကို သူ ဘယ်လောက်ထိ စဉ်းစားနေသလဲဆိုရင် ထိုအဖြေ ရုတ်တရက်ရခိုက် Eurka ''အဖြေတွေ့ပြီ'' (I have found it!) ဟု အော်ဟစ် ရင်း အဝတ်အစား မပါဘဲ ဘုရင့်ဆီ ပြေးလာခဲ့တဲ့ အထိပါပဲ။ လမ်းပေါ်က လူတွေက သူ့ကိုတွေ့တော့ သူ့နှယ် ဒီလောက်ထိအောင် ဖြစ်ရသလားဟူသော မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြပါတယ်။
'အဖြေရှာဖို့ ခက်ခဲနေတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းရတော့မယ်၊ အဲဒီ အဖြေကို ရုတ်တရက် တွေ့ခဲ့ရင် စိတ်လှုပ်ရှားဖူးပါသလား။ genius တွေလို့ သတ်မှတ်ခံရတဲ့ သိပ္ပံပညာရှင်တွေကတော့ အဲဒီလို အဖြစ်မိုျး ဖြစ်တတ်တယ် ဆိုတာကို လွယ်လွယ်ကူကူ နားလည်နိုင်ကြပါတယ်' တဲ့။
အဲဒါကတော့ Archemedes နဲ့ ပတ်သက်ပြီး ချထားတဲ့ မှတ်ချက်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို စိတ်ခံစားမှုများကို genius တွေ အချင်းချင်းသာလျှင် သဘောပေါက် နားလည်မိကြပေလိမ့်မယ်။ ဒါ့အပြင် စက်ဝိုင်းရဲ့ ပတ်လည် အနားနဲ့အချင်းဝက်အခိုျးဖြစ်တဲ့ ရဲ့ တန်ဖိုးကို 223/71 နဲ့ 22/7 ကြား ရှိတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ကွန်ပူျတာခေတ်မှာ တကယ့်တန်ဖိုး အတိအကျကို ရှာကြည့်ရင် သိပ်မကွာတာ တွေ့ရပါတယ်။ Archimedes နဲ့ ပတ်သက်လို့  မှတ်သားခဲ့ဖူးတာက သူ့နောက်မှ ပေါ်လာတဲ့ Sir Issac Newton(၁၆၄၂-၁၇၂၇) နဲ့ Albert Einstein(၁၈၇၉-၁၉၉၅) တို့နဲ့ တန်းတူArchimedes ကို ယှဉ်နိုင်ပါတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ လောက်က ပေါ်ခဲ့တဲ့ Archimedes နဲ့ ယနေ့ သိပ္ပံပညာရှင် နှစ်ယောက်ဖြစ်တဲ့ Newton နဲ့ Einstein တို့ကို နံပါစဉ်တပ်ပြီး ရေးရင် ဘယ်သူ့ကိုမှ အရင်တပ်လို့ မရနိုင်ပါဘူးတဲ့။ Archimedesက သူ့ကို ကမ္ဘာ့အပြင်ဘက်မှ မတ်တတ်ရပ်စရာ နေရာသာပေး ပါ၊ ဒါဆိုရင် သူက ကမ္ဘာကြီးကို ရွှေ့ပေးမယ်လို့ ဆိုခဲ့ပါတယ်။ genius  တွေရဲ့ စိတ်ကူးတွေကိုတော့ ကျွန်မတို့ လူသားတွေ လိုက်မမီကြပါဘူး။ ၂၂၅ BC လောက်က သင်္ချာပညာရှင် Eratostenes ဟာ ထောင့်တိုင်း ကိရိယာတွေ မသုံးဘဲ ကမ္ဘာကြီးရဲ့ ပတ်လည်အနားကို ခန့်မှန်းနိုင်ခဲ့ပါတယ်။ ခေတ်မီနည်းစနစ် တွေ မပါဘဲ၊ စက်ကိရိယာတွေ မထွန်းကားသေးဘဲနဲ့ သူတို့ ရှာနိုင်တွက်နိုင်ခဲ့ကြ တာဟာ genius တွေရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။
အားလုံးကို ခြုံကြည့်လိုက်ရင်တော့ genius ဟာ သာမန်နဲ့ မတူဘူး၊ သူတကာထက် သာလွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတယ်။ သူတို့ စိတ်ကူးရယ်၊ သူတို့လုပ်နေတဲ့ အလုပ်ရယ်သာလျှင် သူတို့ဘဝ ဖြစ်တယ်။ သာမန်လူတွေ ဘယ်လိုမှ နားမလည်နိုင်တဲ့ စိတ်ခံစားမှုတွေနဲ့ ကမ္ဘာကြီးပေါ်မှာ အသက်ရှင် နေထိုင်နေကြတယ်။ သူတို့ကို ကျွန်မတို့တွေ အမြဲတမ်း အမှတ်ရနေကြပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ဝိညဉ်သည် ကျွန်မတို့ ကမ္ဘာကြီးကို လွှမ်းခြုံလျက် ရှိနေ ပါတယ်။

ေတွးမိသောအတွေးများ - Junior Win

ေတွးမိသောအတွေးများ - Junior Win

အတွေးအမြင် (၁၄၁)၊ ၁၉၉၉ နိုဝင်ဘာ

ကျွန်မ လျှောက်ခဲ့သော ပညာရေးလမ်းတစ်လျှောက်တွင် အတွေ့အကြုံတွေများစွာ တွေ့ရကြုံရတိုင်း အတွေးတွေက အရိပ်လို ကပ်ပါလာမြဲ ဖြစ်လေသည်။ ထို အတွေ့အကြုံတို့ကို အခြေခံရင်း အတွေးတွေ နယ်ချဲ့မိလေသည်။
တစ်နေ့သ၌ ကျွန်မသည် ကျောင်းပြင်ပ ပညာရေး အစီအစဉ်အတွက် မြောက်ဥက္ကလာပမြို့ တစ်နေရာသို့ သုတေသနအဖွဲ့နှင့်အတူ ကျွန်မ၏ဖခင် သင်္ချာဆရာကြီးအား ကူညီရန်အလို့ငှာ လိုက်ပါခဲ့ဖူးပါသည်။ ထိုအချိန်က ကျွန်မမှာ ၁၉၉၂ ခုနှစ် သင်္ချာအဓိကနှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူဘဝတွင် ဖြစ်ပါသည်။ ကျွန်မတို့ သင်ရမည့် ဘာသာမှာ သင်္ချာဘာသာရပ်ဖြစ်ပြီး ဂဏန်း သင်္ချာ တစ်မှ တစ်ဆယ်အထိကို တစ်နာရီအတွင်း စာ လုံးဝ မရေးတတ် မဖတ်တတ်သော သင်တန်းသူ သင်တန်းသား အယောက် ၂ဝ ခန့်ကို တတ်မြောက် သွားအောင် သင်ပေးရမည်ဖြစ်သည်။
မည်၍မည်မျှ တတ်မြောက်သည်ဆိုသည်မှာ စာအုပ်ရေးသားသူ၊ စာသင် ကြားသူနှင့် လာတက်ရောက်ကြမည့် အစမ်းသပ်ခံ စာသင်သူတို့ပေါ်တွင် တည် သည်ဟု ဆိုရမည်။ ထိုအချက်ကို သုတေသနလုပ်ရန် ဖြစ်ပါသည်။ ကျွန်မ၏ဖခင် သင်္ချာဆရာကြီးက သင်တန်းသားများအတွက် ဆယ်မျက်နှာခန့်ရှိသော ဂဏန်း သင်္ချာ သင်္ကေတများကို ရေးသားထားပြီး ကျွန်မ၏အစ်ကို စက်မှုတက္ကသိုလ် ကျောင်းသား ကာတွန်းဆရာ မောင်ရစ်က ရုပ်ပုံများဖြင့် ရေးဆွဲ သရုပ်ဖော်ထား လေသည်။ ကျွန်မကတော့ စာသင်ကြားသူအဖြစ် တာဝန်ယူထားရလေသည်။
ကျွန်မဖခင် သင်္ချာဆရာကြီးသည် သုတေသန အစည်းအဝေးတွင် ကျပန်း ဆရာမတစ်ဦးနှင့် စမ်းသပ်မှု ပြုလုပ်ပြီး အတွေ့အကြုံများအရ ကျွန်မ တကယ် ကွင်းဆင်းသင်ကြားရာတွင် အမှားမပြုလုပ်မိစေရန် ကြိုတင် သတိပေး မှာကြား ထားလေသည်။
'ဖေဖေ့ရဲ့ လမ်းညွှန်းချက်အတိုင်း သင်နော်။ ကိန်းဂဏန်းသင်္ကေတတွေ ကို သင်တန်းသားတွေကို ဖတ်ပြ၊ ဖတ်ခိုင်း၊ ရေးပြ၊ ရေးခိုင်း ဟုတ်ပြီလား။ ဖေဖေ အစည်းအဝေးခန်းမမှာတုန်းက ဆရာမတစ်ယောက်ကို ရွေးပြီး သင်ခိုင်း လိုက်တာ မျက်နှာဖုံးနဲ့တင် သင်ပြသွားတယ်။ ဒီတော့ ဖေဖေ့စာအုပ်ရဲ့ ထိရောက် မှုကို အကဲဖြတ်လို့ မရတော့ဘူး ဖြစ်သွားတယ်။ သမီး သင်ရင် အဲဒီလို မဖြစ် စေနဲ့နော်'
ကျွန်မ၏ဖခင်က ယခုလို သင်ကြားမည့်သူများ အခြေအနေတို့ကို ရှင်းပြ ပါသည်။
လာရောက် သင်ယူကြမည့်သူများမှာ အသက် (၁ဝ) နှစ်မှ (၄၅) နှစ် အရွယ် အကြောင်းအမိုျးမိုျးကြောင့် စာမတတ်သူများ ဖြစ်သည်။
(ကျွန်မ၏အတွေး-ဒီလောက်အရွယ်ရောက်မှ ဒီဂဏန်းလေးတွေနဲ့ ထိတွေ့ နေမှာ အသေအချာပါပဲ။ ဒီတော့ တစ်နာရီတောင် မလိုပါဘူး၊ ၁ဝ မိနစ်လောက်နဲ့ တစ်ကနေ ၁ဝ အပြင် အပေါင်းအနုတ်ပါ သင်ပြီး သွားမှာ။ လေ့ကျင့်ခန်းတွေ တောင် အပိုလုပ်ပြလိုက်ဦးမှာ)
'သမီးသင်တာကို နံဘေးကနေ လူကြီးတွေက အမှတ်ပေးကြလိမ့်မယ်။ သင်ကြားမှု ဘယ်လောက် ထိရောက်သလဲ။ သူတို့လေးတွေ ဘယ်လောက် တတ်သွားသလဲ စသည်ဖြင့်ပေါ့'
(ကျွန်မ၏အတွေး-ဒီလောက် လွယ်တဲ့အလုပ် ဖေဖေ ဘာလို့ ခိုင်းရ တာလဲဆိုတာ နားမလည်ဘူ။ မျက်စိမှိတ်တောင် သင်ပြနိုင်တယ်)
ကျွန်မသည် စာသင်ကြားရေးဘက်တွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး တတ်သူပီပီ ထိုကဲ့သို့ ယူဆချက်များ ရှိနေသည်မှာ မဆန်းပါပေ။
ကျွန်မ စသင်လိုက်ကတည်းက သဘောပေါက်ခဲ့တော့သည်။ တစ်ဆို သည့် ဂဏန်းလေးနဲ့တင် ၁၅ မိနစ်လောက် ကုန်သွားလေပြီ။ ပေါင်းနုတ်ရောက်ဖို့ နေနေသာသာ ဂဏန်း ၉ အထိ ပြီးပါ့မလားဟုပင် စိုးရိမ်နေရလေသည်။ ကျွန်မ စိုးရိမ်ပူပန်သည့်အတိုင်း ဂဏန်း ၅ သင်ပြီးချိန်တွင် တစ်နာရီ ပြည့်သွားလေပြီ။
ကျွန်မ အာခြောက်သွားသည်မှာ စာသင်ပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ပါ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသော၊ မသင်မီက သင်ရ သည့်စာကို လွယ်လွန်းလှချည့်ဟု အထင်သေးခဲ့သော ကျွန်မ၏ အယူအဆမှား များကို ပြန်လည်စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်မိသည်။ ကိုယ့်ကိုယ် ကိုယ် အပြစ်တင်ရင်း သင်ခန်းစာတစ်ခု ရခဲ့တော့သည်။ ဒီထက် ဆိုးရွားသော၊ ပြင်၍မရသော အမှားမိုျး လုပ်ခဲ့မိလျှင်...။
ဥပမာ-စာသင်ခန်းထဲမှာ လွယ်လွန်းလို့ အလွယ်တကူ ရှင်းပြနိုင်မှာပဲဟု တွက်ဆပြီး ကြိုတင်ပြင်ဆင်မထားဘဲ စာသင်ခန်းထဲရောက်မှ အစဖော် မရအောင် ဒုက္ခရောက်ရတာမိုျး မဖြစ်ရလေအောင် ဂရုစိုက်ဖို့ အတွေးအခေါ်တစ်ခု ရခဲ့ပါ သည်။ အားလုံး အဆင်ပြေသွား၍သာ၊ ဘာတစ်ခုမှ မမှားခဲ့၍သာ ခံသာပေသည်။ ကျွန်မ၏ သင်ကြားမှုကို အမှတ်ပေးသော သုတေသနပုဂ္ဂိုလ်များ၏ တစ်ခုတည်း သော မှတ်ချက်မှာ ကျွန်မ စာသင်တာ အနည်းငယ် မြန်နေသည်ဟူ၍ ဖြစ်လေ သည်။
ကျွန်မ ကလေးဘဝက ကျွန်မကို သုညမှ စသင်ခဲ့ကြသော ဆရာ ဆရာမများကိုလည်း သတိရလိုက်မိပါသည်။ မည်သည့်ကိစ္စမဆို လွယ်ကူသည် မရှိ။ အလွန် လွယ်ကူလေ အလွန်ရှင်းပြရတာ ခက်လေပါပဲဟု ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေး ဆုံးမဖို့အတွက် အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ရပါသည်။ တောတို့၏ဘုရင် ကေသရာဇာ ခြင်္သေ့မင်းသည် သူ ဖမ်းရမည့် သားကောင် အကြီးအငယ်မရွေးကို ဖမ်းရာတွင် အသုံးပြုသော အင်အားသည် အတူတူဖြစ် သည်တဲ့။ ဥပမာ-ြွကက်ကလေးတစ်ကောင်ကို ဖမ်းရာမှာ အသုံးပြုတဲ့ အင်အား ဟာ ဆင်ကောင်ကြီးလောက်ကို ဖမ်းရမယ့်အခါ အသုံးပြုရမယ့် အင်အားနဲ့ အတူတူပဲတဲ့။ ဘယ်တော့မှ ရင်ဆိုင်ရမယ့် ရန်သူကို အထင်မသေးရဘူးဆိုတဲ့ ဥပမာပါပဲ။ ဂဏန်း '၁' ကနေ '၁ဝ' အထိ ဒီတစ်နာရီအတွင်း သင်ပြီးရမည်ဟု မည်သူနှင့်မျှ အလောင်းအစား မလုပ်ထား၍သာ တော်ပါတော့သည်။
နောက်အတွေ့အကြုံများမှာ ကျွန်မ၏အလုပ်နှင့် ပတ်သက်လေသည်။ ကျွန်မသည် နည်းပြစာမေးပွဲကို ဖြေခဲ့ရာတွင် မဟာသိပ္ပံ နောက်ဆုံးနှစ် ၁၉၉၅ ခုနှစ် စာမေးပွဲနှင့် အချိန်မကွာသဖြင့် ကောင်းစွာ မဖြေနိုင်ဘဲ အလုပ်စာမေးပွဲ ကျခဲ့ဖူးပါသည်။ လုပ်သားကောလိပ်၊ လှိုင်တက္ကသိုလ်တို့တွင် အချိန်ပိုင်း ဝင် လုပ်နေစဉ်ကလည်း ကွန်ပူျတာတက္ကသိုလ်နည်းပြ အင်တာဗူျး ဝင်ဖြေခဲ့ရာ မအောင်ခဲ့ပြန်ပါ။ တစ်ဖန် အချိန်ပိုင်းနည်းပြများကို နည်းပြများအဖြစ် ခန့်စဉ် ကလည်း ကျွန်မ မရခဲ့ပြန်ပါ။ ထိုအလုပ် မရခဲ့ချိန်တွင် သိပ္ပံနှင့် နည်းပညာဌာန တွင် Ph.D တက်ရောက်ခွင့် ရေးဖြေစာမေးပွဲ အောင်မြင်ခဲ့ပါသည်။ အကြိုသင် တန်းဟုဆိုကာ ရူပဗေဒဘာသာရပ်များနှင့် အင်္ဂလိပ်စာတို့ကို သင်ကြားခဲ့ရပါ သည်။ ကျွန်မသည် Ph.D ရပြီး ကျွန်မ ဝါသနာပါသော စာသင်ကြားခြင်းအလုပ် ကို ဆက်လက် လုပ်ကိုင်သွားရတော့မည်ဟု ယူဆထားခဲ့မိပါသည်။ ရှစ်လအကြာ (Ph.D သင်တန်း မတက်ရောက်မီ နှစ်လအလို) တွင် ထိုအလုပ်မှ ကျွန်မ ထွက်ခဲ့ လေသည်။ ထိုထွက်ခဲ့သောနေ့က ကျွန်မ စိတ်ဓာတ်တွေ မကျစဖူး ကျပြီး ဘာကြောင့်များ အလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်ရပါလိမ့်မည်ဟုလည်း တွေးမိ လေသည်။
ကျွန်မသည် တစ်ခါတစ်ရံ ထိုသို့ အလှည့်အပြောင်းများ ကြုံတွေ့ရသည့် အခါ ထုံးစံအတိုင်း ကျွန်မ လျှောက်ခဲ့ရသော လမ်းတစ်လျှောက်မှ အတွေ့အကြုံ များ၊ အဖြစ်အပျက်များကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ စိတ်ကူးမိလေသည်။ It’s a wonderful life အမည်ရှိ ရှေးဟောင်း အင်္ဂလိပ်ရုပ်ရှင်ကားတစ်ကားထဲတွင် ဇာတ်လိုက်မင်းသားသည် သူ့ဘဝတွင် စိတ်တိုင်းမကျဖြစ်ကာ ငါသာ လူ ဖြစ်မလာ ခဲ့ရင် သိပ်ကောင်းမှာ၊ သေတာပဲ ကောင်းတယ်ဟု ဆိုကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်လေသည်။ ထိုအချိန်တွင် သေမင်းရောက်လာပြီး သင့်အသက် ကို မသတ်သေခင်...
-         ဤလူ့လောကတွင် သင် မမွေးဖွားလာဘူးဟု ဘဝကို ပြောင်းလဲ ဖန်တီးထားပြီ
-         သင်သွားချင်သည့် နေရာကို သွား
-         သင့်ကို ဘယ်သူမှ မသိ၊ ဘယ်သူမှ မကြားဖူး၊ မမြင်ဖူးကြတဲ့ လူ တစ်ယောက်အဖြစ်နှင့် လူ့လောကကို သွားကြည့်ချေ
-         သင်မပေါဘဲ လူ့လောကထဲမှာ ဘာတွ ဖြစ်နေကြမလဲဆိုတာ သင် ကိုယ်တိုင် သွားလေ့လာတော့...
ဟု ဆိုပြီး စေလွှတ်လိုက်ရာ နောက်ဆုံးတွင် ဒီကမ္ဘာလောကကြီးဟာ တကယ့်ကို သာယာလှပပြီး ထူးခြားဆန်းကြယ်သည့် လောကကြီးပေပဲ၊ ငါ မရှိလို့ မဖြစ်ပါလားဟု ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သည့်စိတ်များ ပျောက်သွား ပြီး အမြင်မှန် ရသွားသည့်အကြောင်း ဖြစ်လေသည်။
ထိုရုပ်ရှင်ကားကို ကျွန်မ ငယ်ငယ်က အဘိုးအဘွားများနှင့်အတူ ဗြိတိသျှ သံရုံးတွင် သွားကြည့်ခဲ့ရလေသည်။ ယခု ပြန်စဉ်းစားကြည့်လျှင် ဤမျှလောက်သာ မှတ်မိလေသည်။ ထိုရုပ်ရှင်ကား အသေးစိတ်များကို သေချာ မမှတ်မိတော့သော် လည်း ကိုယ့်ကိုယ်ကိုယ် မမွေးဖွားလာခဲ့လျှင်ဟု ပြောင်းလဲထားသော ဖန်တီးချက် ကို ကျွန်မ အလွန်သဘောကျမိလေသည်။ ကျွန်မသည် လူ့လောကကို စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တော့ စိတ်မကူးခဲ့ပါ။ သို့သော် တစ်ခါတစ်ရံတွင် ငါ ဆယ်တန်းအောင်တုန်းက သင်္ချာအဓိက မယူခဲ့ရင် ဘာတွေဖြစ်လာမလဲဟု စိတ်ကူးယဉ်ဆန်ဆန် တွေးခဲ့လေသည်။ အဲဒီလို အတွေးမိုျးနှင့် စဉ်းစားလိုက်တိုင်း It’s a wonderful life ထဲကလို ကျွန်မ လုပ်ခဲ့သမျှတိုင်းအတွက် နောင်တဆိုတာ မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုမိုျး ကင်းဝေးခဲ့လေသည်။ ဘာလို့ ဒီလို စိတ်ကူးမိုျး ပေါ်လာရသလဲဟင်ဟုပင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိလေ သည်။
နောက်ထပ် စဉ်းစားမိသော အတွေ့အကြုံများမှာ ဘာသာရပ်ဆိုင်ရာ စာတမ်း တင်ပြပွဲ၊ ဆွေးနွေးပွဲ အတွေ့အကြုံများ ဖြစ်ပါသည်။ မဟာသိပ္ပံကျမ်းစာ မေးပွဲ M.Sc Thesis Defend(၁၉၉၇ မတ်လ) တွင် နှစ်ကြိမ်၊ စိန်ရတုစာတမ်း ဖတ်ပွဲ (၁၉၉၇ ဒီဇင်ဘာ) တွင် တစ်ကြိမ်၊ သိပ္ပံနှင့် နည်းပညာဌာန၌ (၁၉၉၈ ဒီဇင်ဘာ) တွင် တစ်ကြိမ် ဖြစ်ပါသည်။
ကျွန်မသည် စာမေးပွဲ luck မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် အမြဲတစေ သတိပေးနေလေသည်။ စားမေးပွဲမှာ ဥပမာ-မြန်မာစာ ဆယ်ပုဒ်မှ ကိုးပုဒ်ကျက် လျှင် ကျန်တစ်ပုဒ် အမေးခံရသည်မှာ ထုံးစံဖြစ်နေသည်။ ကျွန်မ၏ သူငယ်ချင်း တွေကတောင် နင်မကျက်တဲ့ တစ်ပုဒ် ငါတို့ကို ပြောစမ်းပါဟု ပြောရလောက် အောင် အခြေအနေက ဆိုးလေသည်။ ဒီတော့ ကျွန်မ စာမေးပွဲတွေမှာ ဘာတစ်ခုမှ မချန်ရဲ၊ ဘာမဟုတ်တဲ့ စာတစ်ကြောင်းတလေပင် မချန်ရဲလောက်အောင် ကျက် မှတ်ခဲ့ရလေသည်။ မဟာသိပ္ပံကျမ်းစာမေးပွဲမှာ ဘယ်ဘက်က စမ်းစမ်း ငါ အကုန် ဖြေနိုင်ရမဟဲ့ဟု လက်မထောင်ပြီး ''စာမေးပွဲ Luck မရှိဘူးနော်'' ဟူသော သတိပေးချက်ကလည်း ကြာလာတော့ မေ့မေ့လျော့လျော့ ဖြစ်ကာ ထိုနေ့အတွက် အစွမ်းကုန် ပြင်ဆင်ခဲ့ဖူးပါသည်။
စာတစ်ကြောင်းပင်မကျန်၊ ဘယ်လိုလှည့်မေးမေး ဖြေနိုင်ရမည်ဟု ကိုယ့် ကိုယ်ကိုယ် Challenge လုပ်ထားခါမှ ထိုနေ့မှာ ဘာတစ်ခုမှ အမေးမခံလိုက်ရ တော့ တော်တော် စဉ်းစားရကျပ်သွားရသည်။ ဒီတော့ ငါကိုက စာမေးပွဲ ူကခု မရှိပါဘူးလေဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရတော့သည်။
ဒီလိုနှင့် နှစ်ပတ်အကြာတွင် ကျမ်း thesisစာတမ်းစာမေးပွဲ ဒုတိယ အကြိမ် လုပ်ဖြစ်ခဲ့သည်။ စစ်စစ်ပေါက်ပေါက် မေးလွန်းသော၊ သင်္ချာ အတွေး အခေါ်များကို နှိုက်နှိုက်ချွတ်ချွတ် သိစေချင်လွန်းသော ဂုဏ်ထူးဆောင် သင်္ချာ ပါမောက္ခဟောင်းတစ်ဦးနှင့် သင်္ချာဘာသာရပ်နှင့် ပတ်သက်လာလျှင် စာတမ်း အကြောင်း ကိုယ်သာ အသိဆုံးဟု ေြွကးကြော်တတ်လွန်းသော ကျွန်မတို့ အတော် ဟန်ကျခဲ့ပြီး စာဆွေးနွေးခွင့် အပြည့်အဝ ရခဲ့ပါသည်။
နောက် ရန်ကုန်တက္ကသိုလ် စိန်ရတု စာတမ်းဖတ်ပွဲတွင် ၁၅ မိနစ်ဟူသော အချိန်တိုအတွင်း ကိုယ်ရေးသားထားသော စာတမ်းကို တက်ရောက်လာကြသော သင်္ချာသမား ဟုတ်သူရော၊ မဟုတ်သူပါ နားလည်အောင် တင်ပြ ဖတ်ပြခဲ့ဖူးပါသည်။
ကျွန်မသည် thesis defend နှင့် စိန်ရတုစာတမ်းဖတ်ပွဲတို့တွင် ကျွန်မ၏ မျှော်မှန်းချက်များ အောင်မြင်ခဲ့၍ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော စိတ်များ ဝင်ရောက်လာခဲ့လေသည်။ ကျွန်မသာ ဘယ်လို စာတမ်းမိုျးမဆို ရေးသားပြောဆို ခွင့်ရှိလျှင် ဘယ်သူမဆို နားလည် လက်ခံသွားရမည်ဟူသော ဘဝင်မြင့်သည့်စိတ် ကြီးစိုးလာလေသည်။
သိပ္ပံနှင့်နည်းပညာဌာနတွင် ရူပဗေဒ ပရိသတ်များအား သင်္ချာစာတမ်း တင်သွင်း ဆွေးနွေးခဲ့သော နေ့ကျမှ ကျွန်မဟာ ကျွန်မ အထင်ကြီးသလောက် မဟုတ်သေးပါလားဟု နောင်တ အကြီးအကျယ်ရခဲ့တော့သည်။ ကျွန်မ၏ စာတမ်း နှင့် ပတ်သက်၍ အခုလို မှတ်ချက်ချခြင်းကို ခံခဲ့ရ၍ ဖြစ်ပါသည်။
'သမီး စာတမ်းက Variational Methodဆိုတာ ဆရာတို့ ရူပဗေဒက variaton လုပ်ပြီး တွက်ရတဲ့ပုစ္ဆာမိုျးတွေ မဟုတ်ပါလား။ တပည့်တို့ သူပြောတဲ့ Variational Methodဆိုတာ ကြားဖူးကြသလား။ အင်း မသိဘူး၊ ဟုတ်လား။ မင်းတို့ စာမကျေဘူးဆိုတာ ပြတာပဲ။ မင်းတို့ သင်ဖူးတာပေါ့။ Hilbert Space, Banah Space တို့ ဆိုတာလည်း ဆရာတို့ ရူပဗေဒမှာ သုံးနေတာပဲကွယ့်။ တပည့်တို့ အဲဒီ space တွေကို သိကြတယ် မဟုတ်လား ကဲ၊ ကဲ၊ နောက် စိတ်ဝင်စားတဲ့သူရှိရင် သူနဲ့ နောက်မှ ဆွေးနွေးကြပေါ့။ ဒီမှာတော့ ဒီနေရာမှာပဲ တော်ပြီ။ ဆရာ့ အနေနဲ့ ဒီလောက်ပဲ ပြောစရာရှိပါတယ်'
ကျွန်မ Variational Methodအကြောင်း တင်ပြစဉ်တုန်းက မပြောဘဲ ချန်ထားခဲ့တဲ့ စကားလုံးတို့မှာ...
''ဒီ Variational Methodဆိုတာ ၁၉၆၅ ခုနှစ်လောက် စခဲ့တာပါ။ အဲဒီတုန်းက တခို့ျသော theorem များ မပေါ်သေးတဲ့အတွက် ပုစ္ဆာများကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ အဲဒီ method ဟာ အဖြေ အတိအကျရှာလို့ မရနိုင်တဲ့ Differential equation, intergration equation ပုစ္ဆာတွေ၊ ဥပမာ-two dimentionပုစ္ဆာတွေရဲ့ ခန့်မှန်းအဖြေများတွင် ရှာနိုင်ပါတယ်။ ၁၉ရဝ နောက်ပိုင်း မှာ theorem တွေနဲ့ ကိုက်ညီတဲ့ functional equationပုစ္ဆာအခို့ျကို ဖြေရှင်းလာ နိုင်ခဲ့ပါတယ်။ calculatorသုံးပြီး ချတွက်တာတောင် လေးကြိမ်တိုင် ခန့်မှန်းအဖြေ အထိပဲ ရှာနိုင်ခဲ့ပါတယ်။ ကြားထဲက တွက်ချက်မှု အဆင့်များဟာ အင်မတန် ခက်ခဲပြီး ရှုပ်ထွေးလို့ပဲ ဖြစ်ပါတယ်။ ကွန်ပူျတာမှာ programme ဆွဲပြီး တွက်နိုင်တဲ့အဆင့် ရောက်ခဲ့မယ်ဆိုရင်တော့ ပုစ္ဆာတွက်ရာမှာ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မိမိညဏ်ရည်ရဲ့ ဖန်တီးမှု စွမ်းရည်ဟာ စက်နဲ့ ဘယ်လိုမှ ညီမျှခြင်းချလို့ မရနိုင်ပါဘူး''
ကျွန်မသည် ထို Variational method ကို လွယ်လင့်တကူ နားလည် နိုင်ရန် အလွယ်ကူးဆုံး ပုစ္ဆာတစ်ပုဒ်နှင့်သာ ရှင်းလင်းတင်ပြခဲ့ပြီး တွက်ချက်ခြင်း အဆင့်များနှင့် သာမန်နည်းများ အသုံးပြု၍မရသော ပုစ္ဆာများကို လုံးဝ ရေးပြ ဖော်ပြခဲ့ခြင်း မပြုလုပ်ခဲ့ပေ။ အကြောင်းမှာ သတ်မှတ်ထားသည့် ဆယ်မိနစ်အတွင်း ထိုအရာများ ပြောပြနေရုံနှင့် မည်သူမျှ နားလည်သွားမည်မဟုတ်။ အထင်ကြီးခံ ရရုံ သက်သက်သာ ရှိလိမ့်မည်ဟူသော ကျွန်မ၏ ယူဆချက်ကြောင့် ဖြစ်လေ သည်။ သို့ရာတွင် ကျွန်မ မှန်းချက်နှင့် တကယ်တမ်း ရရှိချက်က အဓိပ္ပာယ်တလွဲ ဖြစ်ခဲ့ရလေသည်။
ကျွန်မသည် အတွေ့အကြုံများကို အခြေခံရင်း ထိုအတွေ့အကြုံများမှ အမှားအယွင်းများ၊ သင်ခန်းစာများကို အမြဲတစေ ဆင်ခြင် ဆန်းစစ်ခဲ့လေသည်။ မည်သည့်အရာကိုမျှ ကြိုတင်တွက်ဆ၍ မရသည့်အတွက် အတွေ့အကြုံတို့သည် သာ ကိုယ့်အတွက် အကောင်းဆုံးသော စွန့်စားရာ ဖြစ်ပါသည်။ ထိုအတွေ့အကြုံ များနှင့် ဆုံစည်းခွင့်ရခဲ့ခြင်းတို့အတွက် ပါဝင်ပတ်သက်သောသူများကို ကျေးဇူး တင်ရမည်ဖြစ်ပါသည်။
ကျွန်မသည် အကြောင်းအမိုျးမိုျးကြောင့် နည်းပြအလုပ်များနှင့် ဝေးခဲ့ရ သော်လည်း ကျွန်မ ဝါသနာပါသော သင်္ချာဘာသာရပ်ကို လေ့လာ ဆွေးနွေးခဲ့စဉ် အခါတုန်းက အတွေ့အကြုံများကိုကား မမေ့နိုင်ပါပေ။ ကျွန်မတို့၏ အတွေ့အကြုံ များမှ မှားယွင်းခဲ့သော အတွေးအခေါ်များကို အမြဲတစေ ဆန်းစစ်နေမှသာလျှင် နောင်တွင် အမှားအနည်းဆုံးသော အတွေ့အကြုံများကို ကြိုတင်စဉ်းစား ဖန်တီးနိုင် မည် ဖြစ်ပါသည်။

အသိပညာ - Junior Win



အတွေးအမြင် (၁၃၉)၊ ၁၉၉၉ ဇူလိုင်

''အသိပညာ'' ဟူသော စကားလုံးကို စဉ်းစားမိလိုက်တိုင်း ''အသိပညာသည် တန်ခိုး'' Knowledge is power ဟူသော Francis Bacon (၁၅၆၁-၁၆၂၆) ၏ြွေကးကြော်ချက်ကို ဒွန်တွဲ သတိရမိသည်။ ထို ''အသိပညာ'' ပြည့်စုံမှုရှိလေ အောင် မည်သို့မည်ပုံ လေ့လသင့်ပါသလဲ။
Random Houseထဲမှာ (...) အင်္ဂလိပ်စာလုံးရဲ့ အဓိပ္ပာယ် ဘဘကြီးကို ရှာပြီး ဖတ်ပြစမ်းပါ။ တစ်ခါမှ မတွေ့ဖူးဘူး'
အသက် ၈ဝ ကျော် အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်ကWren & Martin Grammarစာအုပ်ကို လှန်ရင်း ကျွန်မကို မကြာခဏ ဆိုသလို ယခုလို ခိုင်းတတ်ပါသည်။ ကျွန်မသည် ဘဘကြီး ရှာခိုင်းသော အင်္ဂလိပ်စာလုံး ၏ အဓိပ္ပာယ်ကို ရှာဖွေရင်း မေးခွန်းထုတ်မိပါသည်။
'ဘဘကြီးက အင်္ဂလိပ်စာ ဒီလောက်တောင် လေ့လာထားတာ ဒီစာလုံး လေး မသိဘူးဆိုတာ သမီးတော့ မယုံနိုင်ဘူး။ နည်းနည်းလေးတောင် မကြားဖူး ဘူးလားဟင်'
ကျွန်မအဘိုးက ရယ်ရင်း 'တကယ်ကို မသိဘူး။ ဒါကြောင့် အခုထိ Dictionaryစာအုပ်တွေ ဖတ်နေ ရှာနေရတောပေါ့'ဟု ပြောပါသည်။
ကျွန်မအဘိုးလို အင်္ဂလိပ်စာ M.Aဘွဲ့ရ အင်္ဂလိပ်စာ ဆရာကြီးက သူမသိသော အင်္ဂလိပ်စာတွေ ရှိသေးသည် ဆို၏။ ဒါ အင်္ဂလိပ်စာ ဘာသာရပ်နှင့် ပတ်သက်သောKnowledgeဟု ဆိုရမည်။ အသိပညာ Knowledgeနယ်ပယ် ကား ကျယ်ပြန့်လှ၏။ ကျွန်မအဘိုး အင်္ဂလိပ်စာ ဆရာကြီး ကွယ်လွန်သွားသည် အထိ သူ လေ့လာခဲ့သော အင်္ဂလိပ်စာ ဝေါဟာရများ မပြည့်စုံသေးဟု ဆိုခဲ့သော အခါ ကျွန်မသည် ကျွန်မ၏ ကုန်လွန်ခဲ့သော အချိန်များအတွင်း ဘယ်လောက် လေ့လာ မှတ်သားခဲ့ပြီလဲဟု စဉ်းစားတွေးဆမိလေသည်။
ထိုအချက်နှင့် ပတ်သက်၍ အတွေးနယ်ချဲ့မိတိုင်း မေးခွန်းတစ်ခု ကျွန်မ အမေးခံနေရလေသည်။ ''အဲဒီ အသိပညာဆိုတာကို အချိန်ကုန်ခံပြီး ရှာဖွေရတာ တော့ ဟုတ်ပါပြီ။ အဲဒီ အသိပညာကို ရှာဖွေ လေ့လာရင် ဘာတွေ ကိုယ့်အတွက် အကျိုးရှိမှာလဲ။ ဘယ်လို အကျိုးကျေးဇူးတွေ ခံစားရမလဲ။ လောကကြီးမှာ နေထိုင်သွားလာနေရတဲ့ လူသားတွေဟာ အဲဒီ အသိပညာ ပြည့်စုံခြင်းရဲ့ အကျိုးကို ဘယ်လို ခံစားရမှာလဲ''
စာမေးပွဲ ဖြေနေရသော ကျောင်းသားတစ်ယောက်သည် ထို အသိပညာ ပြင်ပ ဗဟုသုတများ ရှာဖွေဖတ်ရှုရန် အချိန်မပေးနိုင်ဟု ဆိုပါသည်။ ၁ဝတန်း အောင်ပြီး အားနေသော ကျွန်မ၏ ဝမ်းကွဲ မောင်ငယ်၊ ညီမငယ်များသည် သင်တန်းတစ်ခုခုတက်ရန် တာစူနေကြပြီး ထိုသင်တန်းတွင် ကုန်လွန်မည့် အချိန် သည် သူတို့တစ်နေ့တာ ပညာလေ့လာခြင်း ပြီးပြည့်စုံပြီဟု ယူဆထားကြလေ သည်။ တက္ကသိုလ်တက်နေသော ကျောင်းသားတစ်ယောက်သည် library သွားဖို့ ပင် အနိုင်နိုင်ဟု ဆိုပါသည်။ ကျွန်မနှင့် ခင်မင်သော မဟာသိပံ္ပကျမ်းပြုစုနေသော ကျောင်းသူတစ်ယောက်သည် သူ အခု ကျမ်းပြုစုနေချိန်အထိ library မှာ စာအုပ်မည်သို့ ရှာရမည်ကို မသိပါဟု ဆို၏။ မဟာသိပံ္ပတန်းထဲက အလုပ် ဝင်လုပ်နေသော ကျွန်မ၏ သူငယ်ချင်းသည် သူ့တစ်နေ့တာ အလုပ်ချိန်အပြည့် ဖြစ်သည့်အပြင် တနင်္ဂနွေ အားရက်တစ်ရက်သာရှိသဖြင့် ပြင်ပဗဟုသုတ အသိ ပညာတိုးပွားဖို့ စာဖတ်ချိန် ပေးချင်သော်လည်း မပေးဖြစ်သေးဟု ဆိုပါသည်။ ဒါကြောင့် အသိပညာ ရှာဖွေဖတ်ရှုဖို့ဆိုတာ သူ့တစ်နေ့တာ အလုပ်တွေ ပြီးမှ ဆိုတော့ အမြဲလိုလို နောက်တန်း ရောက်ရောက်သွားတယ်။ ဦးစားပေးအဆင့်ကို မရောက်တော့ဘူးဟု ဖြည့်စွက်၍ ပြောပါသည်။
စာဖတ်ဝါသနာပါသော လူငယ်အခိျု့ကို ကျွန်မ တွေ့ဖူးပါသည်။ သူတို့က စာအုပ်ဆိုင်တွေမှာ စာအုပ်ရှာဖွေရတာ ဝါသနာပါ၏။ အိမ်မှာ Home library လေး လုပ်ထား၏။ စာအုပ်တွေရှိသော မည်သည့်နေရာမဆို သူတို့ ရောက်ဖူးကြ ၏။ စာအုပ် မဖတ်ချင်ကြသော၊ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းနေကြသော လူငယ်များကို သူတို့ အားမလို အားမရ ဖြစ်ကြလေသည်။ လူငယ်တွေ အသိပညာ တိုးပွားဖို့ စာများများ ဖတ်ရမှာဟု ကျွန်မကို သူတို့ပြောကြပါသည်။ စာအုပ်တွေ ကို စိတ်ဝင်စားလာအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဟုလည်း အကြံညဏ် တောင်းကြပါသည်။
တခိျု့သော သူတွေက အသိပညာ (knowledge) လေ့လာရှာဖွေ ဆည်း ပူးရခြင်း၏ အကျိုးကျေးဇူးကို ခံစားလိုကြ၏။ တခိျု့က အသိပညာသည် သူတို့ နေ့စဉ် သင်တန်းတက်နေရုံနှင့် ပြီးပြည့်စုံပြီဟု ယူဆကြ၏။ တခိျု့ကတော့ အချိန်မပေးနိုင်ကြဟု ဆို၏။ စာဖတ်ဝါသနာပါသော လူငယ်အခိျု့ကတော့ သူတို့ ၏ စာဖတ်ချိန်များကို မည်သူ့ကိုမျှ ဖဲ့မပေးလိုကြပေ။ ကျွန်မသည် အသိပညာနှင့် ပတ်သက်သော ဆောင်းပါးတစ်ပုဒ်ရေးဖို့ စိတ်အားထက်သန်မိ၏။ အသိပညာ တိုးပွားစေလိုသော စေတနာရှိသော ပုဂ္ဂိုလ်များအကြောင်းကို ရှာဖွေ ဖတ်ရှုခဲ့မိရင်း ကျွန်မ လက်လှမ်းမီသရွေ့ တတ်စွမ်းသရွေ့ တင်ပြလိုက်ပါသည်။
********                          **********                      ************
''အသိပညာသည် အရေးကြီး၏။ ဤ Knowledge စာစောင်ထဲမှာ ရေးသား ကြသော စာရေးသူတို့သည် ကျွန်ုပ်တို့ကမ္ဘာကြီး တိုးတက်အောင် စွမ်းဆောင် ခဲ့ကြသော အတိတ်က နာမည်ကျော် ပုဂ္ဂိုလ်များအကြောင်းကို ရေးသား ဖော်ပြ ကြ၏။''
''အသိပညာသည် ကလေးတို့၏ အိမ်စာကို အကူအညီ မပေးသကဲ့သို့ သူတို့ကလေးတွေ၏ စာမေးပွဲများကို ကောင်းစွာဖြေနိုင်အောင်လည်း မကူညီကြ ပါ။ အသိပညာသည် ထိုအချက်များထက် ကြီးကျယ်သော ရည်ရွယ်ချက်ကို ပေးပါသည်။''
ဤKnowledgeစာစောင်ကိုဖတ်ရခြင်း၏ရည်ရွယ်ချက်သုံးချက်ရှိ၏။အသိပညာကိုဖတ်ရူခြင်းဖြင့်ပျော်ရွှင်မူ၊သင့်လုပ်ဆောင်မူစွမ်းရညမြင့်မားမူနှင့်ပညာညဏ်ကြွယ်ဝမူတို့ဖြစ်ပါသည်။“
ဤကား ၁၈ လ ကြာအောင် ကြိုတင်ပြင်ဆင်မှုများအပြီး ၁၉၆၁ခုနှစ်တွင်Knowledgeစာစောင် ထုတ်ဝေခဲ့သော အယ်ဒီတာအဖွဲ့၏ အာဘော် ဖြစ်ပါသည်။ ထိုKnowledgeစာစောင်သည် စာမျက်နှာ ၂ဝ ခန့်ရှိ၏။ အပတ်စဉ်ထုတ် စာစောင်ဖြစ်၏။ ထိုစာစောင်သည် လန်ဒန်မြို့မှ ထုတ်ဝေခဲ့ခြင်း ဖြစ်၏။ စာစောင် ထဲတွင် အတိတ်က ကိုယ့်ထက်တော်ကြသော သိပံ္ပပညာရှင်ကြီးများ၊ ပန်းချီဆရာ ကြီးများ၊ အနုပညာသည်များ အကြောင်းကို ရုပ်ပုံ ပန်းချီကားများဖြင့် ရေးသား ဖော်ပြထားသော ဆောင်းပါးများ ပါဝင်၏။ ထိုစာစောင်ကို ဖတ်ရင်း ကလေးတို့၏ အသိပညာ တိုးပွားလာပြီး ကြိုးစားလိုစိတ်များ၊ ပညာကို တန်းဖိုးထားတတ်သော စိတ်များ ကူးစက်လာကြပေလိမ့်မည်။
ထိုစာစောင်များကို စာဖတ် ဝါသနာပါသော ကျွန်မ၏ ဘိုးဘွားများ၊ ကျွန်မ၏ မိဘများက စုဆောင်းထား၍ ကျွန်မ လက်ဆင့်ကမ်းအမွေကို ဆက်ခံ ရင်း ထိုအသိပညာ၏ အရသာကို ခံစားခဲ့မိသည်။ ထိုစာစောင်များမှာ နံပါတ်စဉ် လိုက် အစုံအစေ့ မရှိပါ။ ရှိသလောက်လေးကို ဖတ်ကြည့်ရုံနှင့်ပင် ထိုKnowledgeထုတ်ဝေသူ အယ်ဒီတာအဖွဲ့၏ စေတနာကား ပေါ်လွင်လှ၏။ သူတို့က သူတို့ထုတ်ဝေသော ထိုစာစောင်များသည် Encyclopedias (ကမ္ဘာ့စွယ်စုံကျမ်း)ဟု ပင် ခေါ်ဆိုနိုင်လိမ့်မည်ဟု ဂုဏ်ယူဝင့်ြွကားခဲ့ကြလေသည်။
''Encyclopedia ကမ္ဘာ့စွယ်စုံကျမ်းကြီးဟာ ကျွန်ုပ်တို့ မွေးကတည်းက ကပ်ပါတဲ့ စပ်စုတတ်သော စိတ်ကို ကျေနပ်စေပါသတဲ့။ ဒါ့အပြင် ကိုယ်သိချင် တာတွေ ရှာဖွေရင်း ပျော်ရွှင်ခြင်းဆိုတဲ့ အရသာကိုလည်း ဖန်ဆင်းပေးထားတယ်။ ကျွန်ုပ်တို့အားလုံးကိုဟာ အကြောင်းအရာ တစ်ခုတည်းကို စိတ်မဝင်စားကြပါဘူး တဲ့။ ဒါပေမဲ့ ဒီ ကမ္ဘာ့စွယ်စုံကျမ်းကတော့ အစစအရာရာ ပြည့်စုံနေတဲ့ ကမ္ဘာကြီး လိုပဲ၊ လူတိုင်း လူတိုင်းအတွက် တစ်ခုခု မကျန်ရလေအောင် အကြောင်းအရာ အချက်အလက်တွေ အပြည့်ရှိနေပါတယ်တဲ့''
Knowledge အယ်ဒီတာ ဤသို့ ပြောသည်မှာ မလွန်ပါပေ။ ဂရိအတွေး အခေါ်ပညာရှင် Aristotle (၃၈၄-၃၂၂ B.C) All men have by nature a desire of Knowledge'လူတွေအားလုံးမှာ အသိပညာကို မက်မောတတ်တဲ့ သဘာဝရှိတယ်တဲ့' ဟု ဆိုထားပေသည်။ ထိုသဘာဝတရားကို လျစ်လျူမရှုသင့် ပေ။ အသိပညာကို နောက်တန်းမှာ ထားလိုက်ခြင်းသည် သဘာဝတရားကို ဆန့်ကျင်ခြင်းဖြစ်၍ သဘာဝကို ဆန့်ကျင်နေထိုင်ရင်း မျှော်လင့်ချက်ကင်းမဲ့သော စက်ရုပ်လူသား ဖြစ်သွားလိမ့်မည်။
ကမ္ဘာကြီးမှာ လှိျု့ဝှက်ချက်တွေ ရှိနေသည်။ လျှပ်စီးတွေ၊ မိုးကြိုးတွေ ဘယ်လို ဖြစ်ပေါ်လာရသလဲ။ ငှက်တွေ ဘာကြောင့် ပျံနိုင်ပြီး လူတွေ ဘာကြောင့် မပျံနိုင်ရသလဲ။ သစ်တုံးတွေက ရေပေါ်ပေါ်ပြီး ကျောက်တုံးတွေက ဘာကြောင့် မပေါ်သလဲ။ ထိုလှိျု့ဝှက်ချက်ချက်များကို သိပံ္ပပညာရှင်တွေက စူးစမ်းကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ရာပေါင်းများစွာက နေထိုင်ကြသော လူသားတို့သည် ''ကမ္ဘာကြီးသည် ကြီးမားသော ကမ္ဘာလိပ်၏ ကျောကုန်းကဲ့သို့ ရှိ၍ အဆုံးတွင် ရေတံခွန်ရှိ၏။ ကြယ်ဆိုသည်မှာ စကြဝဠာမျက်နှာပြင်၏ အပေါက်များ ဖြစ်လေ သည်'' ဟု ယုံကြည်ကြသည် ဆို၏။
လူသားအများစုသည် ထိုအချက်များကို စူးစမ်းလိုစိတ် မရှိစွာ အလွယ် တကူ လက်ခံ ယုံကြည်ခဲ့ကြလေသည်။ သို့သော် သိပံ္ပပညာရှင်တို့သည်ကား လွယ်လွယ်နှင့် လက်မခံနိုင်။ မည်သူနှင့်မျှ မတူသော ရှာဖွေစူးစမ်းမှုများကို ပြုလုပ်ရင်း အမှန်တရားကို ရှာဖွေကြလေသည်။ သူတို့တစ်တွေသည် ကမ္ဘာကြီးကို Mysterious World''လှိျု့ဝှက်သောကမ္ဘာ''ဟု တင်စားခဲ့ကြသည်။ ကမ္ဘာကြီး၏ လှိျု့ဝှက်ချက်များ၏ အဖြေကို ရှာဖွေကြရင်း သိပံ္ပပညာသည် တိုးတက်လာသည် ဆို၏။
ကမ္ဘာကြီး၏ လှိျု့ဝှက်ချက်များ၏ အဖြေကို ရှာဖွေစူးစမ်းခဲ့ကြသော လူသားတို့၏ အသိပညာသည် တိုးတက်လာ၏။ စဉ်းစားတွေးခေါ်တတ်လာ၏။ သိပံ္ပပညာရှင်တို့သည် သူတို့၏ အချိန်တိုင်း စက္ကန့်တိုင်းတွင် အလကားမနေ။ သိပံ္ပပညာရှင် သင်္ချာပညာရှင်တစ်ဦးဖြစ်သူ Sir Issac Newton (၁၆၄၂-၁၇၂၇) သည် Lincolnshireပန်းခြံထဲက ပန်းသီးပင် တစ်ပင်အောက်တွင် ထိုင်နေစဉ် ပန်းသီြးွေကကျလာသည်ကို အကြောင်းပြု၍ ကမ္ဘာမြေကြီး၌ ဆွဲအားရှိကြောင်းကို တွေ့ရှိခဲ့သည် ဆို၏။ ပေါ့သော အရာဝတ္ထုနှင့် လေးသောအရာဝတ္ထုတို့ကို အမြင့်မှ တစ်ပြိုင်တည်း လွှတ်ချလျှင် မြေပေါ်သို့ တစ်ချိန်တည်းကျမည်ဟူသော အချက်ကို အီတလီသင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်၊ နက္ခတ်ဗေဒပညာရှင် Galileo Galilei (၁၅၆၄-၁၆၄၂) က စောင်းနေသော ပီစာနန်းတော် Leaning Tower (၁၁၇၄) ပေါ်မှ အလေးချိန်မတူသော အရာဝတ္ထုနှစ်ခုကို တစ်ပြိုင်တည်း လွှတ်ချ ပြရင်း သက်သေပြခဲ့သည်။
ဆိုလိုသည်မှာ သိပံ္ပပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များသည် မည်သည့်အရာကိုမှ လွယ်လွယ်ကူကူ မယုံကြည်တတ်ကြ။ သူတို့၏ ယုံကြည်မှုကို အားလုံး ယုံကြည်လက်ခံလာအောင် သက်သေပြနိုင်စွမ်း ရှိကြသည်။ သူတို့က ကမ္ဘာမြေကြီး၏ လှိျု့ဝှက်ချက်များ၏ အဖြေများကို ရှာဖွေနိုင်ခဲ့ကြလို့သာ တိုး တက်သော တီထွင်မှုများ ပေါ်ထွက်လာခဲ့ကြခြင်း ဖြစ်ပေသည်။ ဆန်းသစ်သော တီထွင်မှုများ၏ နောက်ကွယ်တွင် ကမ္ဘာကြီး၏ လှိျု့ဝှက်ချက်အဖြေများ ရှိ၏။ ထိုအချက်များကို လျစ်လျူရှု၍ မရပေ။ ထို့ကြောင့်လည်း သမိုင်းပညာရှင် Thomas Babington Macaulay (၁၈ဝဝ-၁၈၅၉) က ''အသိပညာဟာ တစ်ဆင့် ပြီးတစ်ဆင့် တိုးတက်လာခြင်း ဖြစ်၏။ ခုန်ကျော်၍ မရနိုင်'' ဟု ဆိုခဲ့ခြင်း ဖြစ်ပေသည်။
အသိပညာ ဟူသော အလင်းရောင်သည် လူသားတို့ကို အတော်ကြီး လွှမ်းမိုး၏။ ၁၄ ရာစု၊ ၁၅ ရာစုခန့်က လူသားအများစု၏ ကမ္ဘာကြီးသည် စကြဝဠာ၏ အလယ်ဗဟို၌ ရှိသည်'' ဟူသော မှားယွင်းသော ယုံကြည်မှုကို ငြင်းပယ်ခဲ့ကြသော ခရစ်ယာန်များ မီးရှို့အသတ်ခံခဲ့ရသည်ဟူ၏။ အမှန်တရား အတွက် အကြိတ်အနယ် ဖြစ်ခဲ့ရသည်မှာ အံ့သြစရာပင် ဖြစ်ပါသည်။
ရှေးက လူသားများ ရှာဖွေခဲ့ပြီးသော၊ သိပံ္ပပညာရှင်များ စူးစမ်းခဲ့ကြပြီး သော အသိပညာ အလင်းရောင်ကို ကျွန်မတို့ လက်ဆင့်ကမ်း လေ့လာရသည်မှာ အများကြီး သက်သာပါသည်။ သူတို့ ပင်ပင်ပန်းပန်း ရှာဖွေသိရှိလာရသော အသိပညာကို ကျွန်မတို့ ဂရုတစိုက် ရှာဖွေမှတ်သားရပေမည်။
အသိပညာသည် ခွန်အားကြီးမားကြောင်းကို စာပေအနုပညာသည်များက လည်း ရေသားဖော်ပြကြ၏။ ထိုရေးသားဖော်ဆိုချက်များကို ဖတ်ရှုလေ့လာရသော လူသားတို့သည် အသိပညာ၏ အရေးပါပုံကို သိရှိလာကြ၏။ ဥပမာ ပြရသည်ရှိ သော် ဂရိစာပေပညာရှင်တစ်ဦးဖြစ်သူ Aechylus (B.C ၅၂၅-၄၅၆) ရေးသား သော Prometheus (ပရိုမီးသီးယစ်) ပြဇာတ်တွင် ကောင်းကင်ဘုံမှ လူတစ်ပိုင်း  နတ်တစ်ပိုင်း နတ်သားတစ်ဦးဖြစ်သူ Zeus (ဇီးယု) နတ်မင်းကြီးသည် မြေပေါ်ရှိ လူသားများ အသိညဏ်ပညာ ရှိမည်ကို အကြောက်ကြီး ကြောက်သည်ဟူ၏။ မိုးပေါ်က နတ်သားအနေဖြင့် တန်ခိုး ဒီလောက်ကြီးမားတာတောင် လူသားတို့ အသိပညာရှိ၍ သူ့ကို လွှမ်းမိုးလာမည်ကို စိုးရိမ်နေရသည်။ အသိပညာ အလင်း ရောင်ကား တန်ဖိုးကြီးပါပေ၏။
အင်္ဂလိပ် စာပေပညာရှင် Lurence Sterne (၁၇၁၃-၁၇၆၈) က ''အသိ ပညာကို လိုချင်မက်မောတတ်သော တပ်မက်ခြင်းသည် ချမ်းသာခြင်းကို ငတ်မွတ် ခြင်းနှင့် တူ၍ ရယူသိုမှီး ထိန်းသိမ်း၍ မဆုံးနိုင်ပေ'' ဟု ဆိုထားသည်။ ကျွန်မတို့ ပိုင်ဆိုင်သော အချိန်များထဲတွင် အသိပညာကို အစွမ်းရှိသရွေ့ တတ်အား  သရွေ့ ရှာဖွေကြရပေမည်။
ကျွန်မသည် အသိပညာကို ရှာဖွေဆည်းပူးကြစေလိုသော ဆန္ဒဖြင့် လူငယ် လူရွယ်များကို ရည်ရွယ်၍ ဆောင်းပါးတစ်ပုဒ် ရေးခဲ့မိပါသည်။ ကျွန်မ၏ ဆောင်း ပါးကို ဖတ်ရင်း အချိန်ရှိသရွေ့ အသိပညာရှာရင်း စာဖတ်ရင်းသာ အချိန်တွေကို ကုန်လွန်ရမည်ဟု ထင်မြင် ယူဆကြမည်ကိုလည်း စိုးရိမ်မိ၏။ ဤသို့လည်း မဟုတ်ပါပေ။ British University မှ ကျောင်းသားများနှင့် ပတ်သက်၍ ကျွန်မ လေ့လာဖူးသည်မှာ ကျောင်းသားများအား စာသင်ချိန်၊ စာဆွေးနွေးချိန် စသည် ဖြင့် စည်းကမ်းတကျ အချိန်ပြည့် သတ်မှတ်ထားသော်ငြားလည်း ''တက္ကသိုလ် ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့အချိန်တွေကို စာရေးစာဖတ် အလုပ်တွေနဲ့ ချည်းပဲ ကုန်လွန်စေခဲ့မယ်ဆိုရင် သူဟာ စဉ်းစားညဏ်မရှိတဲ့ သူတစ်ယောက်ပဲ'' ဟု ဆိုထားပေသည်။ အစွန်းရောက်သော အလုပ်မျိုးကို ကောင်းသည့် အလုပ်၊ အကျိုးရှိသည့်အလုပ် ဖြစ်ပါစေ မည်သူမျှ အလွန်အကျွံလုပ်ဖို့ အားမပေးပါပေ။
အပြင်အလုပ်တွေ ဝင်လုပ်ရင်း၊ ရုံးအလုပ် ကုမ္ပဏီအလုပ်တွေ ဝင်လုပ်ရင်း ကုန်လွန်ခဲ့သော အချိန်များသည် ကိုယ့်အတွက်မဟုတ်ဟု ယူဆပြီး မကျေမနပ် ဖြစ်နေကြသော လူငယ်တွေကို တွေ့ဖူးသည်။ မနက်မိုးလင်း မိုးချုပ် ကုန်လွန်ခဲ့ သော အချိန်များတွင် ကိုယ့်အတွက် အသိပညာ တိုးပွားဖို့ စာအုပ်တွေ ရှာဖွေ ဖတ်ရှုသော အချိန်အနည်းငယ်မျှသည် မိမိ၏ မကျေနပ်မှုကို လျော့ပါးစေပါလိမ့် မည်။
''စာအုပ်စာပေ လူ့မိတ်ဆွေ'' ဟူသော မြန်မာဆောင်ပုဒ်ကလေးကို ငယ်ငယ်က အလွတ်အော်ကျက်ခဲ့ဖူးသည်။ စာမေးပွဲမှာ စာစီစာကုံး ရေးခိုင်းရာ တွင်လည်း ဒီစကားပုံကလေးက ပါသည်။ ငယ်ငယ်က အဓိပ္ပာယ်ကို သိပ်သဘော ပေါက်ကြီး မဟုတ်ဘဲနှင့် စာစီစာကုံးတော့ ရွေးချယ်ရေးခဲ့ဖူးသည်။ တကယ်ပဲ အဲဒီတုန်းက ယုံယုံကြည်ကြည်နှင့် ရေးခဲ့တာလားဟု ယခုပြန်စဉ်းစားကြည့်လျှင် ဇဝေဇဝါ ဖြစ်ရသည်။ အသိပညာဆိုတာ စာအုပ်စာပေတွေထဲမှာလည်း ရှိတာပါ လားဟာ တကယ်သိလာမှ ထိုဆောင်ပုဒ်၏ အဓိပ္ပာယ်ကို လေးလေးနက်နက် ခံစားနိုင်ပေမည်။ အဲဒီလို ခံစားတတ်ဖို့ ကျွန်မတို့ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားမှ ရလိမ့်မည်ဟု တိုက်တွန်းလိုက်ရပါသည်။



ကိုးရစ်ကိုစိတ်ဝင်စားသူများ - Junior Win



ကိုးရစ်ကိုစိတ်ဝင်စားသူများ - Junior Win
အတွေးအမြင် (၁၃၇)၊ ၁၉၉၉ မတ်လ

''ကိုးရပ်စ်ဆိုတာ ဘာလဲ''
ကျွန်မ ဤမေးခွန်းကို ဖြေရလျှင်-
'ကိုးရပ်စ်ဆိုတာ စကား အင်မတန် အပြောကောင်းသူတွေပါပဲ။ ကိုးရပ်စ် တွေကို ဂရိပြဇာတ်တွေမှာ တွေ့နိုင်ပါတယ်။ သူတို့ဟာ သရုပ်ဆောင်တွေနဲ့ စကားပြောလို့ ရသလို ပြဇာတ်ကြည့် ပရိသတ်ကိုလည်း စကားလှမ်းပြောလို့ ရတယ်။ သူတို့တစ်တွေဟာ အင်မတန် လွတ်လပ်ပြီး အကြောက်အရွံ့မရှိဘဲ စကားအရာမှာ အလွန် လိမ္မာပါးနပ် ကျွမ်းကျင်သူတွေပဲ ဖြစ်ပါတယ်'
ထိုအခါ ကျွန်မဖြေသော အဖြေနှင့် မလုံလောက်ဟု စောဒက တက်ကြပါ သည်။ ကျွန်မကို ဂရိပြဇာတ်တွေကို ကိုယ်တိုင်ကြည့်ဖူးလို့ ဤသို့ ပြောသလားဟု မေးသောအခါ ကျွန်မ ခေါင်းခါရသည်။ ဂရိ ပြဇာတ်တွေကို မကြည့်ဖူးသူ၊ မသိ မမီလိုက်သူတွေကြားထဲတွင် ထိုအဖြေသည် ယခုခေတ်နှင့် မလျော်ညီဟု ဆိုပါသည်။ ယခုခေတ်မှာ ကိုးရပ်စ်တွေ မရှိတော့ဟု ယူဆဟန်တူပါသည်။ ဒါဆိုလျှင် ကိုးရပ်စ်တွေကို ဘယ်မှာ တွေ့နိုင်မလဲ၊ ဒီလို လွတ်လပ်ပြီး စကား ပြော ကျွမ်းကျင်သူတွေ၊ သရုပ်ဆောင်တွေနှင့် ပရိသတ်တွေ အကြားမှာ စကား တံတားခင်းသူတွေကို လက်တွေ့ကျကျ မြင်ဖူးချင်လှသည်ဟုဆိုသောအခါ ကျွန်မ ကောက်နုတ်ရွေးချယ်ပြဖို့ စိတ်ကူးရမိပါသည်။
နာမည်ကြီးအဆိုတော် Madonnaပါဝင်သရုပ်ဆောင်ထားတဲ့ Evita ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကိုးရပ်စ်တစ်ယောက်ကို တွေ့ရလိမ့်မယ်။Evita ဆိုတာ အာဂျင်တီးနားသမ္မတ Juan Peron (၁၈၉၅-၁၉၄၇) ရဲ့ ဇနီးဖြစ်တယ်။ Evitaရဲ့ နာမည်အရှည်က Maria Eva Duarte Peron (၁၉၁၉-၁၉၅၂) ဖြစ်ပါ တယ်။ ဒီဇာတ်ကားဟာ အာဂျင်တီးနားသမ္မတ ကတော် Evita  ရဲ့ အကြောင်း၊ တစ်နည်း အားဖြင့် အာဂျင်တီးနားသမ္မတ John Peronရဲ့ ဇနီးတစ်ယောက်ရဲ့ နိုင်ငံရေး လောကထဲမှာ ပါဝင်လှုပ်ရှားခဲ့ပုံအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အဲဒီ Evita ဇာတ်ကားဟာ ၁၉၉၆ ခုနှစ် ၆၉ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ ''အကောင်းဆုံး မူရင်းသီချင်းဆု'' ကို ရရှိခဲ့ပါတယ်။ သီချင်းအမည် You Must Love Me ဖြစ်ပြီး သီဆိုသူကတော့ ပါဝင် သရုပ်ဆောင်သူ  Madonnaကိုယ်တိုင် ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ဇာတ်ကား စစချင်း ၁၉၅၂ ခုနှစ်က စပြပါတယ်။ ပြကွက်က တော့ ရုပ်ရှင်ရုံထဲမှာ ရှေးဟောင်းဇာတ်ကားတစ်ခုကို စိတ်ဝင်တစား ကြည့်ရှု နေကြတဲ့ ရုပ်ရှင်ကြည့် ပရိသတ်တွေကနေ စပြပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင် စားမှုဟာ Evita သေဆုံးသွားပြီဖြစ်ကြောင်း ရုပ်ရှင်ရုံထဲမှာ ဖြတ်ပြီး ကြေညာ လိုက်တဲ့အခါမှာ သူတို့တစ်တွေရဲ့ Evita အပေါ် ချစ်မြတ်နိုးမှုကို ကျွန်မတို့ တွေ့လိုက်ရပါတယ်။ အဲဒီအခန်းမှာ ရုပ်ရှင်ထိုင်ကြည့်နေတဲ့ ပရိသတ်ထဲမှာ သီချင်းနဲ့ စကားပြောနေတဲ့ လူတစ်ယောက်ကို တွေ့ရမယ်။ အဲဒီအခန်းပြီးတော့ Evita ကလေးဘဝကို နောက်ကြောင်းပြန်တယ်။ အဲဒီခုနှစ်က ၁၉၂၆၊ အဲဒီမှာ လည်း ခုနက ၁၉၅၂ တုန်းက သီချင်းနဲ့ စကားပြောနေတဲ့ သူ့ကို ထပ်တွေ့ရ ပြန်တယ်။ ခုနှစ်ကသာ နောက်ရောက်သွားတာ သူက ဒီအရွယ်၊ ဒီအရွယ်ပဲလေ။ အဲဒီသူက Evita ဇာတ်ကားထဲက ကိုးရပ်စ်ပါပဲ။
၁၉၄၅ အောက်တိုဘာလမှာ Juan Peron အဖမ်းခံရတော့ ကိုးရပ်စ်လုပ် တဲ့သူလည်း ပါတယ်။ Evita တရားဟောတော့လည်း သူ့ကို နားထောင်တဲ့ ပရိသတ်အဖြစ် တွေ့ရတယ်။ နောက်ဆုံး Evita သေဆုံးသွားတော့ Evita အတွက် ငိုေြွကးနေကြတဲ့ လူထုပရိသတ်ထဲမှာလည်း သူ့ကို တွေ့လိမ့်မယ်။
သူ့ရဲ့ သရုပ်ဆောင်မှုကို သေချာကြည့်ပါ။ သူဟာ ဇာတ်လိုက်သရုပ်ဆောင် တွေကို ဝေဖန်နေတယ်။ တစ်ခါတလေ ဝင်ပြီး စကားပြောတတ်တယ်။ ပြီးတော့ ရုပ်ရှင်ကြည့် ပရိသတ်ကိုလည်း သူ့မှာ ပြောပြရှင်းပြနေလိုက်တာ အလုပ်ကို ရှုပ်နေတာပဲ။ အဲဒီ Evita တစ်ကားလုံးမှာ ဒီကိုးရပ်စ်တစ်ယောက်ပဲ စကားအများ ဆုံးနဲ့ စကားပြော အလွန်ပါးနပ် ကျွမ်းကျင်သူ ဖြစ်နေတာ တွေ့ရလိမ့်မယ်။
ဒီတော့ ဂရိပြဇာတ်တွေကို မသိမမီလိုက်လို ကိုးရပ်စ်ကို လက်တွေ့ကျကျ ကြည့်ဖူးချင်ရင် အဲဒီ Evita ကားကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ။
ထိုအခါ ကိုးရပ်စ်ကို လက်တွေ့ကျကျ မြင်ဖူးပြီး ကိုးရပ်စ်၏ သဘာဝကို အနည်းငယ် ခံစားလို့ရလာပြီဟု ဆိုနိုင်ပါပြီ။
သို့သော် ကိုယ့်မြန်မာပြည်မှာရော ကိုးရပ်စ်ဆိုတာ မရှိဘူးလားဟု မေးခွန်း တစ်ခု ထပ်တိုးလာပါသည်။ ထို့ကြောင့် ကိုယ့်တိုင်းပြည်ထဲက ကိုးရပ်စ် ဥပမာ တစ်ခုလောက် ထုတ်ပြဖို့ ကျွန်မ ကြားဖူးသမျှထဲမှာ စဉ်းစားရတော့သည်။
'မြန်မာဇာတ်ပွဲတွေထဲမှာ မင်းသားနဲ့မင်းသမီး လေမုန်တိုင်းကျလို့ပဲ ဖြစ် ဖြစ်၊ အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် တကွဲတပြား ဖြစ်သွားချိန်မှာ မောင် ကြီးနတ် ဆိုတာ ရောက်လာတယ်။ (အဲဒီအခန်းကို နာခုံလို့ ခေါ်တယ်) အဲဒီလို လွမ်းရတော့မယ့် အခန်းမှာ မင်းသားဖြစ်ဖြစ် မင်းသမီးဖြစ်ဖြစ် တစ်ယောက်တည်း လွမ်းနေရင် ကြောင်တာပေါ့။ မောင်ကြီးနတ် ရောက်လာတော့ အဖော်ရသွားတယ်၊ အဲဒီမောင်ကြီးနတ်ဟာ ကိုးရပ်စ်ပါပဲ။ ရသေ့၊ သိကြားမင်း၊ ရုက္ခစိုး၊ ဇော်ဂျီ ဆိုတာတွေဟာ ကိုးရပ်စ်တွေပါပဲ။ ဒီ ကိုးရပ်စ် ဆိုတာတွေကြောင့် ဇာတ်လမ်းက ရွေ့မသွားဘူး၊ ပြောင်းမသွားဘူး။ သူတို့ဟာ ဇာတ်လမ်းကို ဘာမှ အထောက် အကူ ပြုကြသူတွေကို မဟုတ်သလို သရုပ်ဆောင်တွေကိုလည်း ဘာမှ အကူအညီ ပေးကြသူတွေ မဟုတ်ပါဘူး။ သူတို့ရဲ့ အမြင်ကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြသူတွေ ဖြစ်ပါတယ်'
အဲဒီ မြန်မာဇာတ်ပွဲတွေကို ကြည့်ဖူးလို့ ဤသို့ ဖြေနိုင်သလားဟု ကျွန်မကို မေးသောအခါ ခေါင်းခါရပြန်သည်။ ကျွန်မ၏ အဘွား ဒေါ်ခင်မိုျးချစ်က ဒီလိုပဲ ရှိတယ်ဟု ပြောပြတတ်သည်ဟု ရှင်းပြရသည်။
ကျွန်မ မြန်မာဇာတ်ပွဲတွေ မကြည့်ဖူးပါ။ ကျွန်မ သိတတ်သည့် အချိန်မှာ မြန်မာဇာတ်ပွဲတွေ ကြည့်ဖို့ အခြေအနေ မပေးတော့၍လည်း ဖြစ်ပါလိမ့်မည်။ စတိတ်ရှိုးတွေလောက်သာ ခေတ်စားလာတော့သည်ဟု ဆိုရပါမည်။
ဒါဆိုလျှင် ယခုခေတ်နှင့် လျော်ညီသော ကိုးရပ်စ် ဥပမာ ကိုယ့်တိုင်းပြည် မှာ ပြစရာမရှိဟု မှတ်ချက်ချသွားမည်ကို ကျွန်မ စိုးရိမ်မိသည်။ မြန်မာရုပ်ရှင် ဇာတ်ကား တခို့ျထဲတွင် ပါဝင်တတ်သော ကိုးရပ်စ်များကို ဆွဲထုတ်ပြမှ ဖြစ်လိမ့် မည်။ ထိုဥပမာတို့ကို ကြည့်၍ မြန်မာရုပ်ရှင်များထဲမှ ကိုးရပ်စ်သရုပ်ဆောင်တွေ ကို ကိုယ့်ဘာသာ ရှာဖွေစဉ်းစားလို့ ရလိမ့်မည်ဟု စိတ်ကူးရမိလေသည်။ ရုပ်မြင် သံကြားတွင် ပြတတ်သော ရုပ်ရှင်ကားဟောင်းထဲမှ တစ်ကားကို သတိရမိသည်။
ရုပ်ရှင်ပရိသတ် လေးစားသော သဘာဝသရုပ်ဆောင် ဇော်လင်း ခေါင်း ဆောင်ပါဝင်တဲ့ ''ဖက်ဖူးရောင်'' ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ ''မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်'' ဆိုတဲ့ ကဗျာလေးကို ရွတ်ရွတ်နေတဲ့ အရူးတစ် ယောက်ကို တွေ့လိမ့်မယ်။ အတင်းထိုင်ပြောနေတဲ့ အဘွားကြီးနှစ်ယောက်ကို လည်း တွေ့လိမ့်မယ်။ သူတို့တွေဟာ ကိုးရပ်စ်တွေပါပဲ။ သူတို့ဟာ ရုပ်ရှင်ဇာတ် လိုက်တွေကို ရယ်သွမ်းသွေးနေကြပါတယ်၊ ဝေဖန်နေကြတယ်၊ မှတ်ချက်တွေ ချနေကြတယ်။ သူတို့ဟာ ရုပ်ရှင်ကြည့် ပရိသတ်ရဲ့ ရင်ထဲမှာ ထုတ်ဖော်မပြော ဖြစ်တဲ့ စကားလုံးတွေကို သူတို့အချင်းချင်း ပြောနေကြသလိုလိုနဲ့ မသိမသာ အသိပေးနေကြတယ်။
ဝင်ဦး ရိုက်ကူး သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားတခို့ျမှာလည်း ကိုးရပ်စ် တွေ တွေ့ရမယ်။ ရုပ်ရှင်ကားတစ်ကားမှာ ဇာတ်လိုက်မင်းသား၊ မင်းသမီး၊ လူကြမ်း၊ သူငယ်ချင်း၊ မိဘသရုပ်ဆောင်တွေဟာ သူ့နေရာနဲ့သူ အရေးပါသလို ကိုးရပ်စ်ဆိုတာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ်။ ကိုးရပ်စ် ပါမှ ပြည့်စုံတယ်လို့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင်ကြည့် ပရိသတ်နဲ့ ရုပ်ရှင်တင်ပြသူတွေရဲ့ ကြားမှာ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ကိုးရပ်စ်တွေက ဖြည့်ပေးနေပါတယ်။
ကိုးရပ်စ်ကို စိတ်ဝင်စားသူတို့သည် မြန်မာဇာတ်ကားထဲက ကိုးရပ်စ်တွေ ကို ရှာဖွေဆန်းစစ်ဖို့ စိတ်အားထက်သန်သွားကြလေသည်။ ယခုခေတ် မြန်မာ ရုပ်ရှင်ဇာတ်ကားတခို့ျနှင့် ဗီဒီယိုဇာတ်ကားအခို့ျမှာ တွေ့ရသော ကိုးရပ်စ်တွေကို  ရှာဖွေရင်း ကိုးရပ်စ်တွေ၏ သဘောသဘာဝနှင့် ရပ်တည်မှုကို ဂရုတစိုက် လေ့လာ မိပြီဟု ဆိုပါသည်။ သူတို့ပြောသော စကားတွေကိုလည်း အတော်အသင့် လေ့ လာဖူးပြီး ကိုးရပ်စ်တွေ၏ ရပ်တည်မှုကိုလည်း နားလည်လက်ခံလို့ ရပြီဟု မှတ်ချက်ချရမည် ဖြစ်ပါသည်။
ကိုးရပ်စ်ကို စတင်တီထွင်သူ အခြေအမြစ်သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်က ထင်ရှားခဲ့သော ဂရိပြဇာတ်များ ဖြစ်သည်။ ဂရိပြဇာတ်များ တွင် ဘုရင်၊ မင်းသား၊ မင်းသမီး စသည်ဖြင့် သရုပ်ဆောင်များ၏ နေရာကို ယခုခေတ် ပြဇာတ်များကဲ့သို့ စာမျက်နှာအစတွင် မိတ်ဆက်ဖော်ပြထားသည်။ ထူးခြားချက်မှာ ယနေ့မြင်တွေ့ရခဲ့သည့် ကိုးရပ်စ်၏နေရာ မည်သူမည်ဝါ ဖြစ်သည် ဟူသော ဖော်ပြချက် ဖြစ်သည်။ ဂရိပြဇာတ်တစ်ခုလုံးတွင် ကိုးရပ်စ်၏ ပြောဆို ချက်များကို အရေးတကြီးပင် ထည့်သွင်းထားသည်။ တခို့ျစာမျက်နှာများတွင် ကိုးရပ်စ်၏ ပြောဆိုဝေဖန်ချက်များနှင့် ပြီးသွားတာမိုျးတွေပင် ရှိလေသည်။
ဂရိပြဇာတ်တွေမှာ ခေတ်အစားဆုံး ဂရိဖက်ရှင်ကို ပြပါဆိုလျှင် ကိုးရပ်စ် ပါပဲဟု ဆိုခဲ့ကြသည်မှာ ငြင်းနိုင်ဖွယ်မရှိအောင်ပင် ဂရိပြဇာတ်များက သက်သေခံ လေသည်။ ဂရိပြဇာတ်များထဲမှာ ကိုးရပ်စ် မည်သူမည်ဝါဖြစ်သည်ဟူသော ဖော်ပြ ချက် အခို့ျကို ကောက်နုတ်ရွေးချယ်ပြရလျှင်-
Sopheles (ဘီစီ-၄၉၆-၄ဝ၆) ရေးသားသောOedipus the king ပြဇာတ်ထဲတွင် ကိုးရပ်စ်မှာ Thebes ဘိသိစ်ပြည်မှ အဘိုးကြီးများ ဖြစ်သည်။
Aechylus (ဘီစီ-၅၂၅-၄၅၆) ရေးသာသောPrometheus ပြဇာတ်ထဲတွင် ကိုးရပ်စ်များမှာ Oceanos ပင်လယ်နတ်မင်းကြီး၏ သမီးများဖြစ် သော ပင်လယ်နတ်သမီးလေးများ ဖြစ်ကြသည်။
Aechylusရေးသားသော The Libration Bearers ပြဇာတ်ထဲတွင် ကိုးရပ်စ်မှာ အမိုျးသမီး အကျဉ်းသားများ သို့မဟုတ် အမိုျးသမီး ကျေးကျွန်များ ဖြစ်ကြသည်။
ဂရိပြဇာတ်၏ အခန်းအခို့ျတွင် ထိုကိုးရပ်စ်တို့ ပေါ်ထွက်လာတတ်သည်။ ဂရိပြဇာတ်ကို ဖတ်သူသည် ကိုးရပ်စ်တွေ ထွက်လာပြီး စကားပြောကြလျှင် ကိုးရပ်စ် ဘယ်သူပါလိမ့်ဟု စိတ်ဝင်တစား ရှာဖွေမိအောင်၊ မှတ်သားထားမိအောင် ဆွဲဆောင်လေသည်။ ဂရိပြဇာတ်ကို ကိုယ်တိုင်ကိုယ်ကျ သွားကြည့်သူတို့သည် ပြဇာတ်စင်၏ နံဘေးတွင် ခုံကလေးချ၍ အေးအေးဆေးဆေး ထိုင်နေသော ကိုးရပ်စ်တစ်ယောက်ကို နဖူးတွေ့ဒူးတွေ့ မြင်ဖူးကြလမ့်မည်။ ထိုအခါ ထိုကိုးရပ်စ် တို့၏ ဟန်အမူအရာ အပြောအဆိုများကို ကြည့်ရင်း၊ သဘောကျမိရင်းနှင့် သရုပ်ဆောင်များထက်ပင် သူတို့ကို ပိုပြီး ဂရုစိုက်မိကြပေလိမ့်မည်။
ထို ဂရိပြဇာတ်တွေနောက်ပိုင်း ကိုးရပ်စ်တွေ၏ အခန်းကဏ္ဍကို အပေါ် လွင်ဆုံး ဖော်ထုတ်ခဲ့သော ပညာရှင်များမှာ ၁၇ ရာစုနောက်ပိုင်း ပေါ်ထွန်းလာသော ကမ္ဘာကျော် Shakespeare နှင့်George Bernard Shawတို့ ဖြစ်ကြသည်။ သူတို့သည် ၄င်းတို့ ရေးသားထားခဲ့သော ပြဇာတ်အခို့ျတွင် ဇာတ်ဆောင်များနှင့် အတူ ကိုးရပ်စ်အရည်အချင်းနှင့် ပြည့်စုံသော သရုပ်ဆောင်တစ်ဦးကို ထည့်သွင်း ရေးသားခဲ့ကြသည်။ ထိုသရုပ်ဆောင်သည် ဂရိပြဇာတ်တွေမှာ ဖတ်ရသလို သူ့ကို ကိုးရပ်စ်ဟု အတိအလင်း ကြေညာခံရသူ မဟုတ်ချေ။ သူ၏ ပြောပုံဆိုပုံများကို ဖတ်ရင်း ဖတ်ရင်းနှင့် ဒီပြဇာတ်ထဲက ဒီသရုပ်ဆောင်ကတော့ဖြင့် ကိုးရပ်စ်ပေပဲ ဟု သတိပြုမိလာသော ခံစားမှုမိုျးကို ပေးစွမ်းလေသည်။
ကိုးရပ်စ်ဟု အမည်မတပ်ထားသော ကိုးရပ်စ် သရုပ်ဆောင်များထဲမှ အခို့ျကို ရွေးချယ်ပြရလျှင်-
ကမ္ဘာကျော်William Shakespeare (၁၅၄၆-၁၆၁၆) ရေးသားသော Antony and Cleopatra ပြဇာတ်ထဲမှ Antony ၏ မိတ်ဆွေဖြစ်သူ Domiius Abenobarbus, George Bernard Shaw(၁၈၅၆-၁၉၅ဝ) ရေးသားသော Caesar and Cleopatra(၁၉၅ဝ) ပြဇာတ်ထဲမှ Appllodorus တို့သည် ကိုးရပ်စ်ဟု မကြေညာထားသော ကိုးရပ်စ်များ ဖြစ်ပါသည်။ ကိုးရပ်စ်အကြောင်း၊ ဂရိပြဇာတ် ထဲက ကိုးရပ်စ်တွေကို လေ့လာဖတ်ရှု ကြည့်ဖူးထားသူများသာလျှင် ထိုသူတို့ကို ကိုးရပ်စ်တွေဟု ခေါ်ကြောင်း သိကြပေလိမ့်မည်။ ဒါဆိုလျှင် ဂရိဖက်ရှင်များ၏ နောက်ပိုင်း ကိုးရပ်စ် အတိအလင်း ကြေညာထားသော ပြဇာတ်တွေ မရှိတော့ပြီ လားဟု မေးစရာ ရှိလေသည်။
အမေရိကန်ဖွား မော်ဒန်စာရေးဆရာT.S.Eliot(Thomas Sterns Eliot) (၁၈၈၈-၁၉၆၅) ရေးသားသော Murder in the Cathedral (၁၉၃၅) ပြဇာတ်ထဲတွင် ကိုးရပ်စ်ကတော့ Cantebury မြို့မှ အဘွားကြီးများပါပဲဟု ဂရိစတိုင်ဖြင့် ရေးသားဖော်ပြထားသည်ကို ထူးထူးခြားခြားတွေ့ရပေမည်။ ထိုပြဇာတ်သည် အင်္ဂလိပ်ဘုရင်HenryII လက်ထက်က တကယ့်အဖြစ်အပျက်ကို ရေးဖွဲ့ထား ခြင်း ဖြစ်ပေသည်။ အမေရိကန် စာရေးဆရာတစ်ယောက် အင်္ဂလန်ပြည်က တကယ့်အဖြစ်အပျက်ကို မည်သို့ ရေးဖွဲ့ထားလေသလဲ။ Cantebury ဘုရားရှိခိုး ကျောင်းက ခရစ်ယာန်ဂိုဏ်းခုျပ်ကြီး Thomas Becket အသတ်ခံရပုံကို မည်သို့ မည်ပုံ သရုပ်ဖော်ထားလေသလဲ။ ထိုအရေးကြီးသော သမိုင်းဝင် အဖြစ်အပျက် တစ်ခုထဲက အရေးကြီးသော သရုပ်ဆောင်များအကြားတွင် တစ်နည်းအားဖြင့် လူ့ဘဝဇာတ်ခုံပေါ်တွင် မပါမဖြစ် မရှိမဖြစ်သော လူပရိသတ်အဖြစ် ကိုးရပ်စ် များကို ထည့်သွင်းလိုက်ခြင်းကြောင့် ပို၍ အသက်ဝင်လာပါသလား။
ဘုရင် Henryသည် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၏ ကိစ္စအဝဝတွင် သူ၏အာဏာ ရှိလိုသည်။ ဘုရားရှိခိုးကျောင်းများသည် ထိုအချိန်က သူတို့ဘာသာ တရားစီရင်ခွင့် ရှိသည်။ ခရစ်ယာန်ဘုန်းကြီးသည် လူသတ်မှုကို ကူျးလွန်လျှင် တောင်မှ ဘုရင်၏ ဥပဒေတရားစီရင်မှုကို ရှောင်လွှဲပြီး ဘုရားရှိခိုးကျောင်းတွင် စီရင်ခွင့်ရှိသည်။ ဤသည်ကို မှားသည်ဟု Henryက ယူဆခဲ့သည်။
ထိုစနစ်ကို ပြုပြင်ဖို့ ဘုရင် Henry သည် သူ၏ အနီးကပ်ဆုံး သူငယ်ချင်း Thomas Becket (၁၁၁၈-၁၁ရဝ) ကို Canebury ၏ ခရစ်ယာန် သာသနာပိုင် အဖြစ် ဇွန်လ ၂ ရက်၊ ၁၁၆၂ နေ့တွင် ရွေးချယ်ခန့်အပ်ခဲ့လေသည်။ အမဲလိုက် ခြင်း၊ စစ်တုရင်ကစားခြင်းနှင့် ဘုရင့်နန်းတွင်းရေးရာများကို စိတ်ဝင်စားသူ Thomas Becket သည် ထိုသိမ်ဝင်သောနေ့တွင် ''ငါသည် ယနေ့မှစ၍ ဘုရင်၏ လူ မဟုတ်တော့၊ ထာဝရ ဘုရားသခင်၏လူ ဖြစ်သွားပြီ''ဟု ကြေညာခဲ့ပြီး ဘုရားရှိခိုကျောင်း၏ အခွင့်အရေးများ ရပိုင်ခွင့်များ၏ရှေ့မှ ရပ်တည်ရင်း ဘုရင် ၏ ဆန္ဒကို ဆန့်ကျင်ခဲ့သည်။
ထို့ကြောင့် Thomas Becket သည် အင်္ဂလန်ပြည်မှ ပြည်နှင်ဒဏ်ပေးခံရ ပြီး ဥရောပတွင် ခုနစ်နှစ်ကြာ သီတင်းသုံးနေထိုင်ခဲ့သည်။ ၁၁ရဝ တွင် Thomas သည် အင်္ဂလန်သို့ ပြန်လာလေသည်။ ပြည်နှင်ဒဏ် အပေးခံရသူတစ်ဦး ထိုသို့ ပြန်လာခြင်းသည် ကောင်းသော ပြန်လာခြင်း မဟုတ်နိုင်ပေ။ T.S.Eliot ၏ Murder in the Catherdral ပြဇာတ်သည် ထိုနေရာမှ စလေသည်။
ဒီဇင်ဘာ ၂ ရက် ၁၁ရဝ ဘုရားရှိခိုးကျောင်းခန်းမထဲသို့ Thomas Becket ခြေမချမီမှာပင် ကိုးရပ်စ်များက ယခုလို နိမိတ်ဖတ်ကြလေသည်။
''ခုနစ်နှစ် ဟူသော အချိန်ကာလ ကုန်လွန်ခဲ့လေပြီ။
လူတွေအပေါ် အမြဲတမ်း သနားကြင်နာတတ်သော ဘုန်းတော်ကြီး ငါတို့ တစ်တွေကို ထားပစ်ခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း ခုနစ်နှစ်ကတည်းကပါ။ ယခု သူပြန်လာလည်း ထူးပြီ ကောင်းလာမည် မဟုတ်''
ကိုးရပ်စ်များသည် Thomas Becketရောက်မလာမီမှာပင်Thoma ၏ ကောင်းသော ပြန်လာခြင်းမဟုတ်ကြောင်းကို ဖွဲ့ကာနွဲ့ကာနှင့် Thomas ကို စောင့်မျှော်နေကြသော ခရစ်ယာန်ဘုန်းကြီးများနှင့်အပြိုင် ပြောဆိုကြလေသည်။ နားကြားပြင်းကတ်လာသော ဘုန်းတော်ကြီးတစ်ပါးသည်-
'မင်းတို့ဟာ ဘာမှ အသုံးမကျ ဣန္ဒြေမရ၊ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုး ထဲက ရေပူတွေကို အဆက်မပြတ် ပွတ်လောရိုက်နေတဲ့ အဘွားကြီးတွေပဲ။ ငါတို့တွေရဲ့ မွန်မြတ်သော ဘုန်းကြီး မကြာခင် အချိန်အတွင်းမှာ ရောက်ရှိလာ တော့မှာကို မင်းတို့တွေ မသိလေရော့သလား။ လမ်းပေါ်က လူတွေဟာ လက်ခုပ် သံတွေ ညံပြီး ငါတို့ရဲ့ ဘုန်းတော်ကြီးကို ကြိုဆိုနေကြလေရဲ့။ မင်းတို့တစ်တွေ ကတော့ သစ်ပင်ထိပ်ဖျားမှာ ဒုက္ခတွေ့လို့ ညည်းတွားနေတဲ့ ဖားတွေလိုပဲ။ ဒါပေမဲ့ ဖားဆိုတာ နောက်ဆုံးမှာတော့ ချက်စားခံရမှာ ဓမ္မတာပဲ။ မင်းတို့တစ်တွေ ရဲ့ သူရဲဘောကြောင်တဲ့ စကားလုံးတွေနှင့် ကြောက်ရွံ့နေကြမယ့်အစား ပျော်ရွှင် ကြည်နူးတဲ့ မျက်နှာတွေကို အစားထိုးပြီး ငါတို့ရဲ့ မြင့်မြတ်သော ဘုန်းတော်ကြီး ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ကြစမ်းပါ''
ထိုအချိန်တွင်Thomas Becket ဝင်လာလေသည်။ Thomasကတော့ ကိုးရပ်စ်များကို ချီးကူျးစကားပြောပါသည်။
'သူတို့တစ်တွေဟာ သိတာထက်တောင် ပိုပြောနိုင်ကြတယ်။ သူတို့ပြော တာတွေကို မင်းတို့တောင် နားလည်လိမ့်မည်မဟုတ်။ သူတို့ လွတ်လပ်စွာ ပြောပါ စေ'
ကိုးရပ်စ်များ၏ သဘာဝကိုက အမှန်ကို မြင်နိုင်ကြ၏။ ဘဝဇတ်ခုံပေါ်က သရုပ်ဆောင်များကား သူတို့လောက် မမြင်နိုင်။ အမှန်တွေချည်းပဲ ပြောလွန်းသော အခါ သရုပ်ဆောင်များပင် မကျေမနပ် ဖြစ်ကြရသည်။ ပြဇာတ်ဖတ်သူကပင်လျှင် ဒီကိုးရပ်စ်တွေ ပြောသလောက်လည်း ဆိုးမှာ မဟုတ်ပါဘူးဟု အတွေးတွေဝင် လာရပေသည်။ ကိုးရပ်စ်များကား မရပ်မနား ပြောနေဆဲပင် ဖြစ်ပါသည်။
'အိုး...အသင် Thomas . . .  အသင်နှင့်အတူ လက်ခုပ်သြဘာသံများ၊ ပျော်ရွှင် ရွှင်မြူးခြင်းများတင်မက ဃညေအနမဘကမပ သို့ သေခြင်းတရားကိုပါ ယူ ဆောင်လာခဲ့လေပြီ'
ထိုသို့ ကိုးရပ်စ်များ ကြိုတင်နိမိတ်ဖတ်ထားသလိုပင် ဘုရင် Henry ၏ မခံမရပ်နိုင်၊ Thomasအပေါ် ထားရှိသော အမျက်ဒေါသများက ဘုရင်၏ သူရဲကောင်းလေးဦးအား Thomas ကို Canteburt ဘုရားရှိခိုးကျောင်းတွင် အဆုံးစီရင်ပစ်ဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ရလေသည်။
'ထိတ်လန့်တုန်လှုပ်ဖွယ်၊ ကြောက်မက်ဖွယ် အဖြစ်အပျက်တိုင်းမှာ သူ့
အဓိပ္ပာယ်နှင့်သူ ရှိကြသည်။
စိတ်ပူပင်သောက ဖြစ်ရခြင်းတိုင်းမှာလည်း အဆုံးသတ်ပုံတစ်မိုျးစီ ရှိကြတယ်။
ဘဝမှာ အကြာကြီး ဝမ်းနည်းပူဆွေးဖို့အတွက် အချိန်မရှိဘူး' ဟု ကိုးရပ်စ် များက အထက်ပါအတိုင်း သူတို့အချင်းချင်း ပြောဆိုနေကြလေသည်။ ထိုပြဇာတ် ပြီးဆုံးသွားသည်အထိ ကိုးရပ်စ်များ၏ ပြောဆိုချက်များ၊ ဝေဖန်မှတ်ချက်ချမှုများ၊ သုံးသပ်ချက်များနှင့်ပင် ရေးဖွဲ့ တင်ပြထားသည်ကို ဖတ်ရှုရပေသည်။
ကိုးရပ်စ်ကို စိတ်ဝင်စားသူများသည် Murder in the Cathedral ပြဇာတ် ထဲက ကိုးရပ်စ်များနှင့် ရင်းနှီးလာသည်ဟု ဆိုကြသည်။ ဇာတ်ကွက်ထဲက အခန်းတိုင်း အခန်းတိုင်း၏ အခြေအနေများကို အပြင်လူလို ရပ်ကြည့်ပြီး ဝေဖန် တတ်သော ကိုးရပ်စ်များ၏ အကြောင်းကို ဆက်ပြီး လေ့လာဆွေးနွေးမည်ဆိုလျှင် မဆုံးနိုင်တော့ပြီ။

Saturday, February 1, 2014

Home-made Traditional Shan Food (Video)


ရှမ်းစာ မုန့်လုပ်နည်း မိသားစုရုပ်သံမှတ်တမ်း


Tuesday, January 7, 2014

Book Review


စာအုပ်အမည် - ဗုဒဘာသာနည်းဖြင့်နေရကျိုးနပ်သောဘ၀ဖြစ်စေရေး
ရေးသူ - ခင်မျိုးချစ်
အင်္ဂလိပ်မူရင်း - Khin Myo Chit
Title – Add Life to Years – The Buddhist Way
အင်္ဂလိပ်မြန်မာနှစ်ဘာသာ
မြန်မာဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
လင်းလွန်းခင်စာပေ
အမှတ် ၄၉ ၊ပထပထပ်ဝဲ၊လိပ်ကန်လမ်း၊ဖုံး-၀၁၂၉ ၃၄၀၁၊၀၉ ၂၂၀၁၇၃၀
ပထမအကြိမ်
၂၀၁၃ ဒီဇင်ဘာ
အုပ်ရေ - ၅၀၀
တန်ဖိုး - ၁၂၀၀ ကျပ်
စာမျက်နှာ - ၁၄၆
ဒေါ်ခင်မျိုးချစ်ရေးသားခဲ့သောဆောင်းပါးရှည်နှစ်ပုဒ်ကိုဘာသာပြန်တင်ဆက်မူဖြစ်ပါသည်။ဒေါ်ခင်မျိုးချစ်ကိုယ်တိုင်လက်နှိတ်စက်ဖြင့်ရိုက်ကာရေးထားသောဆောင်းပါးTheBuddhistWayOfLifeInBurmaနှင့်ကမာဘာ့ကျမ်းမာရေးအဖွဲ့WHOမှထုတ်သောReligion,Aging,andHealth(1988)ဆောင်းပါးပေါင်းချူပ်ထဲကAddLifeToYearsတို့ဖြစ်ကြပါသည်။၎င်းတို့ကားဓမရိပ်မဂဇင်းတွင်၂၀၁၂-၁၃တွင်လစဉ်ဖော်ပြခဲ့သည်များ၏စုစည်းမူလည်းဖြစ်သည်။
သက်ကြီးဝါကြီးများကိုရိုသေစွာကန်တော့ခြင်းဖြင့်မိကောင်းဖခင်သားသမီး၊အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ခြင်းကိုပြသောဝိသေသတစ်ခုဖြစ်သည်ဟု၎င်း၊သက်ကြီးဝါကြီးများအပေါ်ရိုသေစွာဆက်ဆံတတ်ခြင်း၏ဓလေ့စရိုက်၊မည်မျှပင်ရာထူးကြီးနေပါစေအမိအဘအားရိုသေစွာလက်အုပ်ချီလျက်ကန်တော့ခြင်းသည်ကိုယ့်ကိုယ်ကိုယ်နှိမ်ချသောစိတ်၊ကျေးဇူးသိတတ်သောစိတ်ဖြင့်ပြုလုပ်ခြင်းဖြစ်သောကြောင့်မည်မျှအကျိုးကျေးဇူးကြီးမားပုံများကိုရေးသားရှင်းပြထားပါသည်။မြန်မာလူမျိုးများ၏ဓလေ့စရိုက်များတွင်မိမိထက်ကြီးသူကိုဦးဒေါ်အကိုအမတပ်ခေါ်ခြင်းများကိုလည်းအသက်အရွယ်အလိုက်ပင်လေးလေးစားစားခေါ်ဝေါ်ဆက်ဆံတတ်ပုံများကိုလည်းတွေ့ရပါသည်။
ကန်တော့ခြင့်ဓလေ့စရိုက်များကိုမြန်မာလူမျူိးများကသက်ကြီးပူဇော်ပွဲများ၊လူမူရေးကိစများတွင်လုပ်ဆောင်လေ့ရှိကြပုံများ၊လောကမှာအိုရခြင်းသည်လူတိုင်းတနေ့မှာကြုံကြရပေမည်၊ထိုသို့ရိုသေခြင်းအသိအမှတ်ပြုခြင်းဖြင့်ကားအိုခြင်းဒဏ်ကိုခံရချိန်မှာသက်သာရာရနိုင်ပါပေသည်ဟုဖော်ပြရေးသားထားသည်များကိုလည်းတွေ့ရပါသည်။
ယခုခေတ်မှာတွေ့ရခဲလှသောသက်ကြီးရွယ်အိုများပြောစကားများကိုစိတ်ဝင်တစားနားဆင်ကြသောလုငယ်လူရွယ်လေးများအကြောင်းကိုလည်းတွေ့ကြရသည်။ထိုစကားဝိုင်းတွေကနေရိုသေမူ၊ရင်းနှီးမူ၊သြ၀ါဒများနားဆင်ရမူ၊ဟာသများနဲ့မှတ်သားစရာများရရှိမူ၊ရယ်စရာများဖလှယ်ကြမူများကိုတွေ့နိုင်လေသည်။ယင်းသည်ခေတ်မှီသောကမာဘထဲမှာနေထိုင်နေကြသောလူငယ်လူရွယ်များဘယ်လိုမှမရရှိနိုင်သည့်ခံစားမူများဖြစ်လေသည်။တကယ်လို့များဒါကိုလုပ်ယူဖန်တီးလျှင်လည်းအနှစ်သာရရှိမှာမဟုတ်ပေ။ဟိုးအရင်ကဒီလိုအဖြစ်တွေကသူ့အလိုလိုသဘာဝအလျောက်ဖြစ်ပေါ်လာတာများဖြစ်ပါသည်ဟုမှတ်ချက်ချမိပါသည်။
မြန်မာဗုဒဘာသာဝင်ယောကျာင်္းတစ်ယောက်အဖြစ်မွေးဖွားလာရကာဘုန်းကြီးကျောင်းမှာသင်္ကန်းဝတ်ဖူးခြင်းကားလောကမှာလူဖြစ်ရကျိုးနပ်သောအဖြစ်ပင်ဖြစ်ပါသည်။ကိုရင်ဘ၀၊ဦးပုဇင်းဘ၀များအဖြစ်ဖြတ်ကျော်ဖူးသောယောကျာင်္းတစ်ယောက်အနေနဲ့အမြတ်ဆုံးကုသိုလ်ပဲဖြစ်ပါတော့သည်ဟုအားကျဂုဏ်ယူဖွယ်ရေးသားထားပါသည်။ဘုန်းကြီကျောင်းမျာဆိုတာကဗုဒဘာသာဝင်တို့အတွက်တော့သက်ကြီးရွယ်အိုဖြစ်လာသောအခါဘုန်းကြီးကျောင်းတွင်ခိုလှုူံရာဖြစ်ခြင်းကားသဘာဝကျသောလုပ်ရပ်ဖြစ်ပါသည်။ယင်းကားဗုဒဘာသာကိုသက်ဝင်ယုံကြည်ခြင်းဟူသောသဘောတရားများစီးဝင်လျက်ရှိပါကြောင်းကိုရေးသားတင်ပြထားပါသည်။
မြတ်စွာဘုရားလက်ထက်တော်ကဘုရားဇတ်တော်များကိုလည်းအခန်းတိုင်းတွင်ထည့်သွင်းရေးသားထားသည်များပါဝင်ပါသည်။ထို့ပြင်၁၉၆၉ခုနှစ်လောက်ကသတင်းထောက်တစ်ဦး၏အင်တာဗျူးတစ်ခုမှဘိုးဘွားရိပ်သာတွင်နေထိုင်သူဦးစုအကြောင်းများ၊မင်းသမီးလေးမစိန်မှူံနှင့်တွေ့ဆုံခဲ့သောကမောဇမြင့်လွင်ရေးသားထားသည်များ၊အသက်ခုနှစ်ဆယ်ကျော်စာရေးဆရာကြီးများရေးသားချက်များမှစိတ်ဝင်စားဖွယ်ဆောင်းပါးကောက်နှူတ်ချက်များအပြင်စာဖတ်သူများရင်းနှီးနေသောပုံပြင်ဇာတ်လမ်းများကိုလည်းတွေ့နိုင်ပါသည်။
မြန်မာလူမျူိးတို့၏အိမ်တိုင်းတွင်ထားရှိသောဘုရားစင်လေးအကြောင်းကားနေ့စဉ်နေ့တိုင်းရေ၊ဆီမီး၊ပန်း၊ဆွမ်းကပ်လှူလေ့ရှိကြသည့်ဓလေ့စရိုက်များအဖြစ်ဗုဒဘာသာဝင်တို့၏ကိုးကွယ်မူယုံကြည်မူတို့ဖြင့်ကိုးကွယ်ဆည်းကပ်မူများအဖြစ်တွေ့ရပုံတို့ကိုဖတ်ရူလိုက်ရပါသည်။ယင်းကားဗုဒဘာသာဝင်တို့၏ဘ၀၊ကံ၊ကံ၏အကျိုးကိုယုံကြည်ခြင်း၊လက်ခံခြင်း၊ကုသိုလ်ကောင်းမူများလုပ်ခြင်းဖြင့်မိမိဘ၀၏အချိန်များကိုကုန်လွန်ကြစေဖို့၊အလှူဒါနပြုခြင်းဟူသောသဒါတရားများဖြင့်နေထိုင်ခြင်း၊ဆွမ်းလောင်းခြင်းအလှူ၏မြင့်မြတ်ပုံများကိုစာဖတ်ရင်းသိမြင်ခံစားလာမိကာဒေါ်ခင်မျိုးချစ်၏ကိုယ်တိုင်ပြောအဖြစ်အပျက်များကိုဘာသာပြန်သူ၏ပြန်လည်တင်ပြချက်များဖြင့်စိတ်ဝင်တစားဖတ်ရူကာမိမိတို့ဗုဒဘာသာဝင်ဖြစ်ရခြင်းကိုတန်ဖိုးထားမိခံစားမိယုံကြည်မိသောစိတ်ဓါတ်များဖြစ်ပေါ်ခံစားလာမိရပါကြောင်းဖြင့်စာအုပ်လေးအကြောင်းရီဗျူးရေးလိုက်ရပါသည်။