ေတွးမိသောအတွေးများ - Junior Win
အတွေးအမြင် (၁၄၁)၊ ၁၉၉၉ နိုဝင်ဘာ
ကျွန်မ လျှောက်ခဲ့သော ပညာရေးလမ်းတစ်လျှောက်တွင် အတွေ့အကြုံတွေများစွာ တွေ့ရကြုံရတိုင်း အတွေးတွေက အရိပ်လို ကပ်ပါလာမြဲ ဖြစ်လေသည်။ ထို အတွေ့အကြုံတို့ကို အခြေခံရင်း အတွေးတွေ နယ်ချဲ့မိလေသည်။
တစ်နေ့သ၌ ကျွန်မသည် ကျောင်းပြင်ပ ပညာရေး အစီအစဉ်အတွက် မြောက်ဥက္ကလာပမြို့ တစ်နေရာသို့ သုတေသနအဖွဲ့နှင့်အတူ ကျွန်မ၏ဖခင် သင်္ချာဆရာကြီးအား ကူညီရန်အလို့ငှာ လိုက်ပါခဲ့ဖူးပါသည်။ ထိုအချိန်က ကျွန်မမှာ ၁၉၉၂ ခုနှစ် သင်္ချာအဓိကနှင့် ဒုတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူဘဝတွင် ဖြစ်ပါသည်။ ကျွန်မတို့ သင်ရမည့် ဘာသာမှာ သင်္ချာဘာသာရပ်ဖြစ်ပြီး ဂဏန်း သင်္ချာ တစ်မှ တစ်ဆယ်အထိကို တစ်နာရီအတွင်း စာ လုံးဝ မရေးတတ် မဖတ်တတ်သော သင်တန်းသူ သင်တန်းသား အယောက် ၂ဝ ခန့်ကို တတ်မြောက် သွားအောင် သင်ပေးရမည်ဖြစ်သည်။
မည်၍မည်မျှ တတ်မြောက်သည်ဆိုသည်မှာ စာအုပ်ရေးသားသူ၊ စာသင် ကြားသူနှင့် လာတက်ရောက်ကြမည့် အစမ်းသပ်ခံ စာသင်သူတို့ပေါ်တွင် တည် သည်ဟု ဆိုရမည်။ ထိုအချက်ကို သုတေသနလုပ်ရန် ဖြစ်ပါသည်။ ကျွန်မ၏ဖခင် သင်္ချာဆရာကြီးက သင်တန်းသားများအတွက် ဆယ်မျက်နှာခန့်ရှိသော ဂဏန်း သင်္ချာ သင်္ကေတများကို ရေးသားထားပြီး ကျွန်မ၏အစ်ကို စက်မှုတက္ကသိုလ် ကျောင်းသား ကာတွန်းဆရာ မောင်ရစ်က ရုပ်ပုံများဖြင့် ရေးဆွဲ သရုပ်ဖော်ထား လေသည်။ ကျွန်မကတော့ စာသင်ကြားသူအဖြစ် တာဝန်ယူထားရလေသည်။
ကျွန်မဖခင် သင်္ချာဆရာကြီးသည် သုတေသန အစည်းအဝေးတွင် ကျပန်း ဆရာမတစ်ဦးနှင့် စမ်းသပ်မှု ပြုလုပ်ပြီး အတွေ့အကြုံများအရ ကျွန်မ တကယ် ကွင်းဆင်းသင်ကြားရာတွင် အမှားမပြုလုပ်မိစေရန် ကြိုတင် သတိပေး မှာကြား ထားလေသည်။
'ဖေဖေ့ရဲ့ လမ်းညွှန်းချက်အတိုင်း သင်နော်။ ကိန်းဂဏန်းသင်္ကေတတွေ ကို သင်တန်းသားတွေကို ဖတ်ပြ၊ ဖတ်ခိုင်း၊ ရေးပြ၊ ရေးခိုင်း ဟုတ်ပြီလား။ ဖေဖေ အစည်းအဝေးခန်းမမှာတုန်းက ဆရာမတစ်ယောက်ကို ရွေးပြီး သင်ခိုင်း လိုက်တာ မျက်နှာဖုံးနဲ့တင် သင်ပြသွားတယ်။ ဒီတော့ ဖေဖေ့စာအုပ်ရဲ့ ထိရောက် မှုကို အကဲဖြတ်လို့ မရတော့ဘူး ဖြစ်သွားတယ်။ သမီး သင်ရင် အဲဒီလို မဖြစ် စေနဲ့နော်'
ကျွန်မ၏ဖခင်က ယခုလို သင်ကြားမည့်သူများ အခြေအနေတို့ကို ရှင်းပြ ပါသည်။
လာရောက် သင်ယူကြမည့်သူများမှာ အသက် (၁ဝ) နှစ်မှ (၄၅) နှစ် အရွယ် အကြောင်းအမိုျးမိုျးကြောင့် စာမတတ်သူများ ဖြစ်သည်။
(ကျွန်မ၏အတွေး-ဒီလောက်အရွယ်ရောက်မှ ဒီဂဏန်းလေးတွေနဲ့ ထိတွေ့ နေမှာ အသေအချာပါပဲ။ ဒီတော့ တစ်နာရီတောင် မလိုပါဘူး၊ ၁ဝ မိနစ်လောက်နဲ့ တစ်ကနေ ၁ဝ အပြင် အပေါင်းအနုတ်ပါ သင်ပြီး သွားမှာ။ လေ့ကျင့်ခန်းတွေ တောင် အပိုလုပ်ပြလိုက်ဦးမှာ)
'သမီးသင်တာကို နံဘေးကနေ လူကြီးတွေက အမှတ်ပေးကြလိမ့်မယ်။ သင်ကြားမှု ဘယ်လောက် ထိရောက်သလဲ။ သူတို့လေးတွေ ဘယ်လောက် တတ်သွားသလဲ စသည်ဖြင့်ပေါ့'
(ကျွန်မ၏အတွေး-ဒီလောက် လွယ်တဲ့အလုပ် ဖေဖေ ဘာလို့ ခိုင်းရ တာလဲဆိုတာ နားမလည်ဘူ။ မျက်စိမှိတ်တောင် သင်ပြနိုင်တယ်)
ကျွန်မသည် စာသင်ကြားရေးဘက်တွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီး တတ်သူပီပီ ထိုကဲ့သို့ ယူဆချက်များ ရှိနေသည်မှာ မဆန်းပါပေ။
ကျွန်မ စသင်လိုက်ကတည်းက သဘောပေါက်ခဲ့တော့သည်။ တစ်ဆို သည့် ဂဏန်းလေးနဲ့တင် ၁၅ မိနစ်လောက် ကုန်သွားလေပြီ။ ပေါင်းနုတ်ရောက်ဖို့ နေနေသာသာ ဂဏန်း ၉ အထိ ပြီးပါ့မလားဟုပင် စိုးရိမ်နေရလေသည်။ ကျွန်မ စိုးရိမ်ပူပန်သည့်အတိုင်း ဂဏန်း ၅ သင်ပြီးချိန်တွင် တစ်နာရီ ပြည့်သွားလေပြီ။
ကျွန်မ အာခြောက်သွားသည်မှာ စာသင်ပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ပါ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသော၊ မသင်မီက သင်ရ သည့်စာကို လွယ်လွန်းလှချည့်ဟု အထင်သေးခဲ့သော ကျွန်မ၏ အယူအဆမှား များကို ပြန်လည်စဉ်းစားပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်မိသည်။ ကိုယ့်ကိုယ် ကိုယ် အပြစ်တင်ရင်း သင်ခန်းစာတစ်ခု ရခဲ့တော့သည်။ ဒီထက် ဆိုးရွားသော၊ ပြင်၍မရသော အမှားမိုျး လုပ်ခဲ့မိလျှင်...။
ဥပမာ-စာသင်ခန်းထဲမှာ လွယ်လွန်းလို့ အလွယ်တကူ ရှင်းပြနိုင်မှာပဲဟု တွက်ဆပြီး ကြိုတင်ပြင်ဆင်မထားဘဲ စာသင်ခန်းထဲရောက်မှ အစဖော် မရအောင် ဒုက္ခရောက်ရတာမိုျး မဖြစ်ရလေအောင် ဂရုစိုက်ဖို့ အတွေးအခေါ်တစ်ခု ရခဲ့ပါ သည်။ အားလုံး အဆင်ပြေသွား၍သာ၊ ဘာတစ်ခုမှ မမှားခဲ့၍သာ ခံသာပေသည်။ ကျွန်မ၏ သင်ကြားမှုကို အမှတ်ပေးသော သုတေသနပုဂ္ဂိုလ်များ၏ တစ်ခုတည်း သော မှတ်ချက်မှာ ကျွန်မ စာသင်တာ အနည်းငယ် မြန်နေသည်ဟူ၍ ဖြစ်လေ သည်။
ကျွန်မ ကလေးဘဝက ကျွန်မကို သုညမှ စသင်ခဲ့ကြသော ဆရာ ဆရာမများကိုလည်း သတိရလိုက်မိပါသည်။ မည်သည့်ကိစ္စမဆို လွယ်ကူသည် မရှိ။ အလွန် လွယ်ကူလေ အလွန်ရှင်းပြရတာ ခက်လေပါပဲဟု ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတိပေး ဆုံးမဖို့အတွက် အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ရပါသည်။ တောတို့၏ဘုရင် ကေသရာဇာ ခြင်္သေ့မင်းသည် သူ ဖမ်းရမည့် သားကောင် အကြီးအငယ်မရွေးကို ဖမ်းရာတွင် အသုံးပြုသော အင်အားသည် အတူတူဖြစ် သည်တဲ့။ ဥပမာ-ြွကက်ကလေးတစ်ကောင်ကို ဖမ်းရာမှာ အသုံးပြုတဲ့ အင်အား ဟာ ဆင်ကောင်ကြီးလောက်ကို ဖမ်းရမယ့်အခါ အသုံးပြုရမယ့် အင်အားနဲ့ အတူတူပဲတဲ့။ ဘယ်တော့မှ ရင်ဆိုင်ရမယ့် ရန်သူကို အထင်မသေးရဘူးဆိုတဲ့ ဥပမာပါပဲ။ ဂဏန်း '၁' ကနေ '၁ဝ' အထိ ဒီတစ်နာရီအတွင်း သင်ပြီးရမည်ဟု မည်သူနှင့်မျှ အလောင်းအစား မလုပ်ထား၍သာ တော်ပါတော့သည်။
နောက်အတွေ့အကြုံများမှာ ကျွန်မ၏အလုပ်နှင့် ပတ်သက်လေသည်။ ကျွန်မသည် နည်းပြစာမေးပွဲကို ဖြေခဲ့ရာတွင် မဟာသိပ္ပံ နောက်ဆုံးနှစ် ၁၉၉၅ ခုနှစ် စာမေးပွဲနှင့် အချိန်မကွာသဖြင့် ကောင်းစွာ မဖြေနိုင်ဘဲ အလုပ်စာမေးပွဲ ကျခဲ့ဖူးပါသည်။ လုပ်သားကောလိပ်၊ လှိုင်တက္ကသိုလ်တို့တွင် အချိန်ပိုင်း ဝင် လုပ်နေစဉ်ကလည်း ကွန်ပူျတာတက္ကသိုလ်နည်းပြ အင်တာဗူျး ဝင်ဖြေခဲ့ရာ မအောင်ခဲ့ပြန်ပါ။ တစ်ဖန် အချိန်ပိုင်းနည်းပြများကို နည်းပြများအဖြစ် ခန့်စဉ် ကလည်း ကျွန်မ မရခဲ့ပြန်ပါ။ ထိုအလုပ် မရခဲ့ချိန်တွင် သိပ္ပံနှင့် နည်းပညာဌာန တွင် Ph.D တက်ရောက်ခွင့် ရေးဖြေစာမေးပွဲ အောင်မြင်ခဲ့ပါသည်။ အကြိုသင် တန်းဟုဆိုကာ ရူပဗေဒဘာသာရပ်များနှင့် အင်္ဂလိပ်စာတို့ကို သင်ကြားခဲ့ရပါ သည်။ ကျွန်မသည် Ph.D ရပြီး ကျွန်မ ဝါသနာပါသော စာသင်ကြားခြင်းအလုပ် ကို ဆက်လက် လုပ်ကိုင်သွားရတော့မည်ဟု ယူဆထားခဲ့မိပါသည်။ ရှစ်လအကြာ (Ph.D သင်တန်း မတက်ရောက်မီ နှစ်လအလို) တွင် ထိုအလုပ်မှ ကျွန်မ ထွက်ခဲ့ လေသည်။ ထိုထွက်ခဲ့သောနေ့က ကျွန်မ စိတ်ဓာတ်တွေ မကျစဖူး ကျပြီး ဘာကြောင့်များ အလုပ်အကိုင်တွေ အဆင်မပြေ ဖြစ်ရပါလိမ့်မည်ဟုလည်း တွေးမိ လေသည်။
ကျွန်မသည် တစ်ခါတစ်ရံ ထိုသို့ အလှည့်အပြောင်းများ ကြုံတွေ့ရသည့် အခါ ထုံးစံအတိုင်း ကျွန်မ လျှောက်ခဲ့ရသော လမ်းတစ်လျှောက်မှ အတွေ့အကြုံ များ၊ အဖြစ်အပျက်များကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ စိတ်ကူးမိလေသည်။ It’s a wonderful life အမည်ရှိ ရှေးဟောင်း အင်္ဂလိပ်ရုပ်ရှင်ကားတစ်ကားထဲတွင် ဇာတ်လိုက်မင်းသားသည် သူ့ဘဝတွင် စိတ်တိုင်းမကျဖြစ်ကာ ငါသာ လူ ဖြစ်မလာ ခဲ့ရင် သိပ်ကောင်းမှာ၊ သေတာပဲ ကောင်းတယ်ဟု ဆိုကာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်လေသည်။ ထိုအချိန်တွင် သေမင်းရောက်လာပြီး သင့်အသက် ကို မသတ်သေခင်...
- ဤလူ့လောကတွင် သင် မမွေးဖွားလာဘူးဟု ဘဝကို ပြောင်းလဲ ဖန်တီးထားပြီ
- သင်သွားချင်သည့် နေရာကို သွား
- သင့်ကို ဘယ်သူမှ မသိ၊ ဘယ်သူမှ မကြားဖူး၊ မမြင်ဖူးကြတဲ့ လူ တစ်ယောက်အဖြစ်နှင့် လူ့လောကကို သွားကြည့်ချေ
- သင်မပေါဘဲ လူ့လောကထဲမှာ ဘာတွ ဖြစ်နေကြမလဲဆိုတာ သင် ကိုယ်တိုင် သွားလေ့လာတော့...
ဟု ဆိုပြီး စေလွှတ်လိုက်ရာ နောက်ဆုံးတွင် ဒီကမ္ဘာလောကကြီးဟာ တကယ့်ကို သာယာလှပပြီး ထူးခြားဆန်းကြယ်သည့် လောကကြီးပေပဲ၊ ငါ မရှိလို့ မဖြစ်ပါလားဟု ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သည့်စိတ်များ ပျောက်သွား ပြီး အမြင်မှန် ရသွားသည့်အကြောင်း ဖြစ်လေသည်။
ထိုရုပ်ရှင်ကားကို ကျွန်မ ငယ်ငယ်က အဘိုးအဘွားများနှင့်အတူ ဗြိတိသျှ သံရုံးတွင် သွားကြည့်ခဲ့ရလေသည်။ ယခု ပြန်စဉ်းစားကြည့်လျှင် ဤမျှလောက်သာ မှတ်မိလေသည်။ ထိုရုပ်ရှင်ကား အသေးစိတ်များကို သေချာ မမှတ်မိတော့သော် လည်း ကိုယ့်ကိုယ်ကိုယ် မမွေးဖွားလာခဲ့လျှင်ဟု ပြောင်းလဲထားသော ဖန်တီးချက် ကို ကျွန်မ အလွန်သဘောကျမိလေသည်။ ကျွန်မသည် လူ့လောကကို စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တော့ စိတ်မကူးခဲ့ပါ။ သို့သော် တစ်ခါတစ်ရံတွင် ငါ ဆယ်တန်းအောင်တုန်းက သင်္ချာအဓိက မယူခဲ့ရင် ဘာတွေဖြစ်လာမလဲဟု စိတ်ကူးယဉ်ဆန်ဆန် တွေးခဲ့လေသည်။ အဲဒီလို အတွေးမိုျးနှင့် စဉ်းစားလိုက်တိုင်း It’s a wonderful life ထဲကလို ကျွန်မ လုပ်ခဲ့သမျှတိုင်းအတွက် နောင်တဆိုတာ မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုမိုျး ကင်းဝေးခဲ့လေသည်။ ဘာလို့ ဒီလို စိတ်ကူးမိုျး ပေါ်လာရသလဲဟင်ဟုပင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိလေ သည်။
နောက်ထပ် စဉ်းစားမိသော အတွေ့အကြုံများမှာ ဘာသာရပ်ဆိုင်ရာ စာတမ်း တင်ပြပွဲ၊ ဆွေးနွေးပွဲ အတွေ့အကြုံများ ဖြစ်ပါသည်။ မဟာသိပ္ပံကျမ်းစာ မေးပွဲ M.Sc Thesis Defend(၁၉၉၇ မတ်လ) တွင် နှစ်ကြိမ်၊ စိန်ရတုစာတမ်း ဖတ်ပွဲ (၁၉၉၇ ဒီဇင်ဘာ) တွင် တစ်ကြိမ်၊ သိပ္ပံနှင့် နည်းပညာဌာန၌ (၁၉၉၈ ဒီဇင်ဘာ) တွင် တစ်ကြိမ် ဖြစ်ပါသည်။
ကျွန်မသည် စာမေးပွဲ luck မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် အမြဲတစေ သတိပေးနေလေသည်။ စားမေးပွဲမှာ ဥပမာ-မြန်မာစာ ဆယ်ပုဒ်မှ ကိုးပုဒ်ကျက် လျှင် ကျန်တစ်ပုဒ် အမေးခံရသည်မှာ ထုံးစံဖြစ်နေသည်။ ကျွန်မ၏ သူငယ်ချင်း တွေကတောင် နင်မကျက်တဲ့ တစ်ပုဒ် ငါတို့ကို ပြောစမ်းပါဟု ပြောရလောက် အောင် အခြေအနေက ဆိုးလေသည်။ ဒီတော့ ကျွန်မ စာမေးပွဲတွေမှာ ဘာတစ်ခုမှ မချန်ရဲ၊ ဘာမဟုတ်တဲ့ စာတစ်ကြောင်းတလေပင် မချန်ရဲလောက်အောင် ကျက် မှတ်ခဲ့ရလေသည်။ မဟာသိပ္ပံကျမ်းစာမေးပွဲမှာ ဘယ်ဘက်က စမ်းစမ်း ငါ အကုန် ဖြေနိုင်ရမဟဲ့ဟု လက်မထောင်ပြီး ''စာမေးပွဲ Luck မရှိဘူးနော်'' ဟူသော သတိပေးချက်ကလည်း ကြာလာတော့ မေ့မေ့လျော့လျော့ ဖြစ်ကာ ထိုနေ့အတွက် အစွမ်းကုန် ပြင်ဆင်ခဲ့ဖူးပါသည်။
စာတစ်ကြောင်းပင်မကျန်၊ ဘယ်လိုလှည့်မေးမေး ဖြေနိုင်ရမည်ဟု ကိုယ့် ကိုယ်ကိုယ် Challenge လုပ်ထားခါမှ ထိုနေ့မှာ ဘာတစ်ခုမှ အမေးမခံလိုက်ရ တော့ တော်တော် စဉ်းစားရကျပ်သွားရသည်။ ဒီတော့ ငါကိုက စာမေးပွဲ ူကခု မရှိပါဘူးလေဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရတော့သည်။
ဒီလိုနှင့် နှစ်ပတ်အကြာတွင် ကျမ်း thesisစာတမ်းစာမေးပွဲ ဒုတိယ အကြိမ် လုပ်ဖြစ်ခဲ့သည်။ စစ်စစ်ပေါက်ပေါက် မေးလွန်းသော၊ သင်္ချာ အတွေး အခေါ်များကို နှိုက်နှိုက်ချွတ်ချွတ် သိစေချင်လွန်းသော ဂုဏ်ထူးဆောင် သင်္ချာ ပါမောက္ခဟောင်းတစ်ဦးနှင့် သင်္ချာဘာသာရပ်နှင့် ပတ်သက်လာလျှင် စာတမ်း အကြောင်း ကိုယ်သာ အသိဆုံးဟု ေြွကးကြော်တတ်လွန်းသော ကျွန်မတို့ အတော် ဟန်ကျခဲ့ပြီး စာဆွေးနွေးခွင့် အပြည့်အဝ ရခဲ့ပါသည်။
နောက် ရန်ကုန်တက္ကသိုလ် စိန်ရတု စာတမ်းဖတ်ပွဲတွင် ၁၅ မိနစ်ဟူသော အချိန်တိုအတွင်း ကိုယ်ရေးသားထားသော စာတမ်းကို တက်ရောက်လာကြသော သင်္ချာသမား ဟုတ်သူရော၊ မဟုတ်သူပါ နားလည်အောင် တင်ပြ ဖတ်ပြခဲ့ဖူးပါသည်။
ကျွန်မသည် thesis defend နှင့် စိန်ရတုစာတမ်းဖတ်ပွဲတို့တွင် ကျွန်မ၏ မျှော်မှန်းချက်များ အောင်မြင်ခဲ့၍ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသော စိတ်များ ဝင်ရောက်လာခဲ့လေသည်။ ကျွန်မသာ ဘယ်လို စာတမ်းမိုျးမဆို ရေးသားပြောဆို ခွင့်ရှိလျှင် ဘယ်သူမဆို နားလည် လက်ခံသွားရမည်ဟူသော ဘဝင်မြင့်သည့်စိတ် ကြီးစိုးလာလေသည်။
သိပ္ပံနှင့်နည်းပညာဌာနတွင် ရူပဗေဒ ပရိသတ်များအား သင်္ချာစာတမ်း တင်သွင်း ဆွေးနွေးခဲ့သော နေ့ကျမှ ကျွန်မဟာ ကျွန်မ အထင်ကြီးသလောက် မဟုတ်သေးပါလားဟု နောင်တ အကြီးအကျယ်ရခဲ့တော့သည်။ ကျွန်မ၏ စာတမ်း နှင့် ပတ်သက်၍ အခုလို မှတ်ချက်ချခြင်းကို ခံခဲ့ရ၍ ဖြစ်ပါသည်။
'သမီး စာတမ်းက Variational Methodဆိုတာ ဆရာတို့ ရူပဗေဒက variaton လုပ်ပြီး တွက်ရတဲ့ပုစ္ဆာမိုျးတွေ မဟုတ်ပါလား။ တပည့်တို့ သူပြောတဲ့ Variational Methodဆိုတာ ကြားဖူးကြသလား။ အင်း မသိဘူး၊ ဟုတ်လား။ မင်းတို့ စာမကျေဘူးဆိုတာ ပြတာပဲ။ မင်းတို့ သင်ဖူးတာပေါ့။ Hilbert Space, Banah Space တို့ ဆိုတာလည်း ဆရာတို့ ရူပဗေဒမှာ သုံးနေတာပဲကွယ့်။ တပည့်တို့ အဲဒီ space တွေကို သိကြတယ် မဟုတ်လား ကဲ၊ ကဲ၊ နောက် စိတ်ဝင်စားတဲ့သူရှိရင် သူနဲ့ နောက်မှ ဆွေးနွေးကြပေါ့။ ဒီမှာတော့ ဒီနေရာမှာပဲ တော်ပြီ။ ဆရာ့ အနေနဲ့ ဒီလောက်ပဲ ပြောစရာရှိပါတယ်'
ကျွန်မ Variational Methodအကြောင်း တင်ပြစဉ်တုန်းက မပြောဘဲ ချန်ထားခဲ့တဲ့ စကားလုံးတို့မှာ...
''ဒီ Variational Methodဆိုတာ ၁၉၆၅ ခုနှစ်လောက် စခဲ့တာပါ။ အဲဒီတုန်းက တခို့ျသော theorem များ မပေါ်သေးတဲ့အတွက် ပုစ္ဆာများကို မဖြေရှင်းနိုင်ခဲ့ပါဘူး။ အဲဒီ method ဟာ အဖြေ အတိအကျရှာလို့ မရနိုင်တဲ့ Differential equation, intergration equation ပုစ္ဆာတွေ၊ ဥပမာ-two dimentionပုစ္ဆာတွေရဲ့ ခန့်မှန်းအဖြေများတွင် ရှာနိုင်ပါတယ်။ ၁၉ရဝ နောက်ပိုင်း မှာ theorem တွေနဲ့ ကိုက်ညီတဲ့ functional equationပုစ္ဆာအခို့ျကို ဖြေရှင်းလာ နိုင်ခဲ့ပါတယ်။ calculatorသုံးပြီး ချတွက်တာတောင် လေးကြိမ်တိုင် ခန့်မှန်းအဖြေ အထိပဲ ရှာနိုင်ခဲ့ပါတယ်။ ကြားထဲက တွက်ချက်မှု အဆင့်များဟာ အင်မတန် ခက်ခဲပြီး ရှုပ်ထွေးလို့ပဲ ဖြစ်ပါတယ်။ ကွန်ပူျတာမှာ programme ဆွဲပြီး တွက်နိုင်တဲ့အဆင့် ရောက်ခဲ့မယ်ဆိုရင်တော့ ပုစ္ဆာတွက်ရာမှာ အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ မိမိညဏ်ရည်ရဲ့ ဖန်တီးမှု စွမ်းရည်ဟာ စက်နဲ့ ဘယ်လိုမှ ညီမျှခြင်းချလို့ မရနိုင်ပါဘူး''
ကျွန်မသည် ထို Variational method ကို လွယ်လင့်တကူ နားလည် နိုင်ရန် အလွယ်ကူးဆုံး ပုစ္ဆာတစ်ပုဒ်နှင့်သာ ရှင်းလင်းတင်ပြခဲ့ပြီး တွက်ချက်ခြင်း အဆင့်များနှင့် သာမန်နည်းများ အသုံးပြု၍မရသော ပုစ္ဆာများကို လုံးဝ ရေးပြ ဖော်ပြခဲ့ခြင်း မပြုလုပ်ခဲ့ပေ။ အကြောင်းမှာ သတ်မှတ်ထားသည့် ဆယ်မိနစ်အတွင်း ထိုအရာများ ပြောပြနေရုံနှင့် မည်သူမျှ နားလည်သွားမည်မဟုတ်။ အထင်ကြီးခံ ရရုံ သက်သက်သာ ရှိလိမ့်မည်ဟူသော ကျွန်မ၏ ယူဆချက်ကြောင့် ဖြစ်လေ သည်။ သို့ရာတွင် ကျွန်မ မှန်းချက်နှင့် တကယ်တမ်း ရရှိချက်က အဓိပ္ပာယ်တလွဲ ဖြစ်ခဲ့ရလေသည်။
ကျွန်မသည် အတွေ့အကြုံများကို အခြေခံရင်း ထိုအတွေ့အကြုံများမှ အမှားအယွင်းများ၊ သင်ခန်းစာများကို အမြဲတစေ ဆင်ခြင် ဆန်းစစ်ခဲ့လေသည်။ မည်သည့်အရာကိုမျှ ကြိုတင်တွက်ဆ၍ မရသည့်အတွက် အတွေ့အကြုံတို့သည် သာ ကိုယ့်အတွက် အကောင်းဆုံးသော စွန့်စားရာ ဖြစ်ပါသည်။ ထိုအတွေ့အကြုံ များနှင့် ဆုံစည်းခွင့်ရခဲ့ခြင်းတို့အတွက် ပါဝင်ပတ်သက်သောသူများကို ကျေးဇူး တင်ရမည်ဖြစ်ပါသည်။
ကျွန်မသည် အကြောင်းအမိုျးမိုျးကြောင့် နည်းပြအလုပ်များနှင့် ဝေးခဲ့ရ သော်လည်း ကျွန်မ ဝါသနာပါသော သင်္ချာဘာသာရပ်ကို လေ့လာ ဆွေးနွေးခဲ့စဉ် အခါတုန်းက အတွေ့အကြုံများကိုကား မမေ့နိုင်ပါပေ။ ကျွန်မတို့၏ အတွေ့အကြုံ များမှ မှားယွင်းခဲ့သော အတွေးအခေါ်များကို အမြဲတစေ ဆန်းစစ်နေမှသာလျှင် နောင်တွင် အမှားအနည်းဆုံးသော အတွေ့အကြုံများကို ကြိုတင်စဉ်းစား ဖန်တီးနိုင် မည် ဖြစ်ပါသည်။
No comments:
Post a Comment