Saturday, February 22, 2014

Book Advertisement

Book Advertisement – Use The Right Word – Dr. Khin Maung Win (Maths)

 ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ Use The Right Word အဓိပ္ပါယ်တူအသုံးအနှူန်းကွဲပြားသောစကားလုံးများ
ထုတ်ဝေသူ – ဒေါ်ဝိုင်းသဇင် (အောင်ပိုင်မင်းစာပေ)
ပါမောက္ခစာအုပ်အမှတ် ၁၃
မျက်နှာဖုံးဒီဇိုင်း – ၀ိုင်းသဇင်
တန်ဖိုး – ၂၅၀၀ ကျပ်
အုပ်ရေ – ၅၀၀
၂၀၁၄ခုနှစ် ဇန်န၀ါရီ
စာမျက်နှာ – ၂၃၅ခန့်

The Light Of English တွင်လစဉ်ရေးသားလျက်ရှိနေဆဲဖြစ်သောUse The Right Word များကိုစုစည်းထုတ် သောစာအုပ်ဖြစ်သည်။ ယခုလည်း အသစ်များ ဆက်လက်ရေးသား နေဆဲဖြစ်သည်။ စာအုပ်ခေါင်းစဉ်အတိုင်းပင် အင်္ဂလိပ်စာကားလုံးများကို မှန်မှန်ကန်ကန် အသုံးချရေး၊ တတ်ပြောတတ်နားလည်တတ်အောင် ရှင်းလင်းထားပြီး စာကြောင်းများကိုလည်း နမူနာများပါဝင်ထားသည်။ အဓိပ္ပါယ်တူသော စကားလုံးများကို လေ့လာကြည့်ကာ မိမိအတွက်အသုံးလိုသော စကားလုံးကိုရွေးချယ် တတ်သွားမည်ဖြစ်သည်။ စာအုပ်နောက်ဆုံးတွင် Index ပါရှိသောကြောင့် ကိုယ်သိလိုသောစကားလုံးကို အလွယ်တကူရှာဖွေလို့ရပါသည်။ ထိုဆောင်းပါးများသည် Use The Right Word ကျမ်းစာအုပ်ကြီးကနေ ဘာသာပြန်ထားခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ အင်္ဂလိပ်စာလေ့လာသူများအတွက် မိမိ၏စာကြည့်စားပွဲဘေးမှာ ဆောင်ထားရမည့်စာအုပ်တစ်အုပ်အဖြစ် အဖိုးတန်စာအုပ်တစ်အုပ်ဖြစ်ကြောင်း အကြံပေးလိုက်ရပါသည်။

Harvest Festivsl in Three Pagodas Monastert and Aroung Rangoon


 ကမာရွတ်မြို့နယ် ဘု၇ားသုံးဆူကျောင်းတိုက်တွင်ကျင်းပခဲ့သော
ထမနဲထိုးပွဲအမှတ်တရရုပ်သံမှတ်တမ်း

Harvest in Three Pagodas Monastery (Video)

Wednesday, February 19, 2014

ယုံကြည်ချက်အတွက်အနစ်နာခံခြင်း Junior Win

-->ယုံကြည်ချက်အတွက်အနစ်နာခံခြင်း Junior Win

 အတွေးအမြင် (၁၂၆)၊ ၁၉၉၇ ဇွန် + ဇူလိုင်
Martyrဆိုတာ မိမိ၏ ယုံကြည်ချက်အတွက် အသက်စွန့်သည်အထိ အနစ်နာခံသူ လို့ အဓိပ္ပာယ်ရတယ်။ ဥပမာ-ဗိုလ်ခုျပ်အောင်ဆန်းဟာ (Martyr) အာဇာနည်ပဲ ပေါ့။ ဒါပေမဲ့ ဗိုလ်ခုျပ်အောင်ဆန်းမှ မဟုတ်ဘူး။ မိမိ၏ ယုံကြည်ချက်ကို ကိုယ့်အသက်ထက်တောင် တန်ဖိုးထား ဆုပ်ကိုင်ပြီး အသက်စွန့်သွားသူတွေကို လည်းMartyr လို့ခေါ်တယ်'
ကွယ်လွန်သူ ကျွန်မ၏ အဘိုးဖြစ်သော အင်္ဂလိပ်စာဆရာကြီး ဘဘကြီး ဦးခင်မောင်လတ်ကMartyr ဟူသော စကားလုံးတစ်လုံး အကြောင်းကို အထက်ပါအတိုင်း ရှင်းပြခဲ့ပါသည်။ ကျွန်မသည် ယုံကြည်ချက်ကို ဆုပ်ကိုင်ကြ သူများကို စိတ်ဝင်စားပြီး လက်လှမ်းမီသလောက် လေ့လာခဲ့သည်။ ယုံကြည်ချက် ကို ဆုပ်ကိုင်ထားကြသူများနှင့် ပတ်သက်သော စကားလုံးများကို လေ့လာမိရင်း ကျွန်မ သဘောကျနှစ်ခြိုက်သကဲ့သို့ စာဖတ်သူများ ခံစားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
George Bernard Shaw ၏ Androcle and the Lionပြဇာတ်ထဲတွင်  ယုံကြည်ချက်ကို ဆုပ်ကိုင်ထားကြသူ အတော်များများကို တွေ့ရသည်။ ထိုသူတို့ ကား AD-၁ဝ စုနှစ်လောက်က စတင် ပေါ်ထွက်လာသော ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူများ ဖြစ်ကြသည်။ နတ်ကိုးကွယ်သူ Carsar  (ရောမဘုရင်) က ၄င်းတို့က ယုံကြည်သော နတ်ရုပ်ရှေ့တွင် အမွှေးတိုင် ထွန်းညှိပူဇော်စေသည်။ ခရစ်ယာန်များက ထိုအချက်ကို မလိုက်လျောကြ။ ထိုသူတို့ကို ခြင်္သေ့စာ ကျွေးခံရ မည့်လမ်းနှင့် နတ်ရုပ်ရှေ့တွင် အမွှေးတိုင်း ထွန်းညှိဖို့ လမ်းနှစ်သွယ်အနက် တစ်လမ်းကို ရွေးခိုင်းသောအခါ ခြင်္သေ့၏အစာအဖြစ် အသက်စွန့်ရမည့်လမ်းကို ရဲဝံ့စွာ ရွေးချယ်သွားကြသည့်ဇာတ်လမ်း ဖြစ်သည်။
Caesar နှင့်တကွ နတ်ကိုးကွယ်သူများက Diana နတ်ရုပ်ရှေ့တွင် အမွှေး တိုင် ထွန်းညှိလိုက်ရုံနှင့် အသက်ဘေးမှ လွတ်မြောက်မည်ကို သိလျက်နှင့် အဘယ်ကြောင့် မိုက်မဲစွာ ဆုံးဖြတ်ကြလေသလဲဟု ခရစ်ယာန်များကို နားမလည် ကြပါ။ ခရစ်ယာန်တစ်ဦးက သူတို့ အမွှေးတိုင် မထွန်းညှိခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။
'အသင့်ရဲ့ လက်နှင့်ကြွက််ကောင်ကို ဖမ်းဖူးသလား၊ ကျွနု်ပ်စာဖတ် နေတဲ့ချိန်မှာ ကြွက်တစ်ကောင်ဟာ ကျွနု်ပ်ရဲ့ စားပွဲပေါ်မှာ ဆော့ကစားနေတယ်။ ဒီကြွက်ကို ကျွနု်ပ်ရဲ့ လက်နှင့် ဖမ်းပြီး ဖယ်ထုတ် ပစ်လိုက်ချင်တယ်၊ စာအုပ်တွေ ပေါ်မှာ ဆော့ကစားနေတဲ့ ကြွက်ဟာ ကျွနု်ပ်ရဲ့ လက်တွေကို ဆန့်ထုတ်လိုက်ရုံနှင့် ပြေးမလွတ်ပါဘူး။ ဒီတော့ သူ့ကို ဖမ််းဖို့အတွက် ကျွနု်ပ်ရဲ့ လက်တွေကို ဆန့် ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဆန့်ထုတ်လိုက်တိုင်း လက်တွေက ကျွနု်ပ်ဆီ ကို ပြန်လာတယ်။ ဒီကြွက်ကို ကျွနု်ပ်ရဲ့ အသည်းနှလုံးက မကြောက်ပါဘူး။ ဒါပေမဲ့ ကျွနု်ပ်လက်တွေရဲ့ သဘာဝက ကြွက်ဆိုတဲ့ သတ္တဝါကို ထိကိုင်ဖို့ ငြင်းဆန်နေတယ်။ ဒီလိုပါပဲ၊ အမွှေးတိုင် ထွန်းညှိမယ့် ကျွနု်ပ်ရဲ့ လက်တွေဟာ ကျွနု်ပ်ဆီကိုပဲ ပြန်လာနေပါတယ်။ ကျွနု်ပ် ခန္ဓာကိုယ်ရဲ့ ရပ်တည်မှုဟာ ကျွနု်ပ်ရဲ့  ယုံကြည်ချက်အပေါ်မှာ မှန်ကန်မှု ရှိပါတယ်'
G.B.Shaw သည် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက် ချထားသည်။
''ခရစ်ယာန်အာဇာနည်များ ခြင်္သေ့စာ အကျွေးခံရခြင်းမှာ သူတို့ခရစ်ယာန် ဖြစ်သာကြောင့် မဟုတ်၊ သူတို့၏ ယုံကြည်ချက်သည် ရောမဘုရင်နှင့် ထိပ်တိုက် ဆန့်ကျင်နေခြင်းကြောင့် ဖြစ်သည်။ သူတို့သည် သာမန်လူတန်းစား မဟုတ်ပေ''
ကျွန်မ ဆက်လက်ဖော်ပြချင်သော အာဇာနည်တစ်ဦးမှာ Joan of Arc (၁၄၁၂-၁၄၃၁) ဖြစ်သည်။ ဲသညေ သည် ပြင်သစ်လူမိုျး သာမန်အရပ်သူတစ်ယောက် ဖြစ်သည်။ သို့သော်ငြားလည်း ဲသညေ ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် သူမ၏ ယုံကြည် ချက်ကို အသက်စွန့်သည်အထိ အနစ်နာခံသွားမှုမှာ ပြောစမှတ်ရလောက်အောင် သမိုင်းတွင် အာဇာနည်တစ်ဦး ဖြစ်သွားပေသည်။
Joan ကို ၁၄၁၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပြင်သစ်နိုင်ငံDomremy ရွာတွင် မွေးဖွားခဲ့သည်။ နှစ်ပေါင်း ၁ဝဝ နီးပါး အင်္ဂလိပ် လက်အောက်ခံ ဖြစ်နေသော ပြင်သစ်နိုင်ငံကို လွတ်မြောက်စေချင်သော သူ၏ အစွဲအလမ်းကြီး သော စိတ်ဓာတ်ကြောင့် သူမ၏ လုပ်ဆောင်မှုများ အောင်မြင်ခဲ့ရသည်။ သူမတို့ ခရစ်ယာန်ဘာသာဝင်များ ကိုးကွယ်ကြသော St.Michael, St Margaret, St.Catherine တို့ သူမကို ပြောကြားသော အသံများ၊ လမ်းညွှန်ချက်များကို တစိုက် မတ်မတ် နားထောင်လိုက်နာရင်း အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်အောင် သူမကိုယ်တိုင် ဦးဆောင် တိုက်ပွဲဝင်ခဲ့သူအဖြစ် ထင်ရှားခဲ့သည်။ ထိုအသံများကို သိုးကျောင်းရင်း၊ ဘုရားရှိခိုးကျောင်းတက်ရင်း ကြားရသည်ဟူသော သူမ၏ ပြောဆိုချက်များကြောင့် သူမသည် စုန်းမအဖြစ် အစွပ်စွဲခံခဲ့ရသည်။ ထိုအချက်နှင့် ပတ်သက်၍ G.B.shawက-
'သူမရဲ့ စိတ်ထဲမှာ မိမိနိုင်ငံအတွက် သူတစ်ပါးလက်အောက်က လွတ် မြောက်အောင် မည်သို့လုပ်ဆောင်ရမလဲလို့ အမြဲပဲ စွဲစွဲလမ်းလမ်း စဉ်းစားနေတော့ ဘုရားရှိးခိုးကျောင်းက ခေါင်းလောင်းတီးသံကိုတောင် ခေါင်းလောင်းသံလို့ မကြား ရတော့ဘူး။ သူမ နားထဲမှာ St.Michaelတို့က သူမကို တိိုင်းပြည်အတွက် ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ အကြံညဏ်တွေ၊ အမိန့်တွေ ပေးနေတယ်လို့  ယုံကြည်နေတော့တာပဲ ဖြစ်ပါတယ်'
Sol Panitz(၁၉၆၇) ရေးသားသော The Ballad of Hairy Joe စင်တင် ပြဇာတ်တစ်ပုဒ်တွင် ၁၈၃ဝ ခန့်က NewEngland ပြည် Fitchbery မြို့တွင်  မုတ်ဆိတ်မွေး မထားရဟူသော သတ်မှတ်ချက်ကိုJoseph Palmerဟူသော သာမန်အရပ်သားတစ်ဦးက ဆန့်ကျင်ခဲ့သည်။
Joseph Palmer ဇနီးဖြစ်သူ ကိုယ်တိုင်Joseph Palmer၏ ယုံကြည် ချက်ကို နားမလည်သောအခါ သူက ယခုလို ရှင်းပြခဲ့သည်။
'အကယ်၍ မနက်ဖြန်ကျရင် မင်းကို အင်္ကျီအပြာရောင် ဘယ်တော့မှ မဝတ်ရဘူးလို့ ပြောမယ်ဆိုပါတော့။ ဝတ်ရင် မင်းကို အားလုံးက ပြောင်လှောင် မယ်။ မင်းကို ဈေးရောင်းတဲ့သူကလည်း ဘာမှ မရောင်းတော့ဘူး။ စကားလည်း မပြောတော့ဘူး...
'မုတ်ဆိတ်မွေး ထားတယ်၊ အင်္ကျီဝတ်တယ်၊ ဖိနပ်စီးတယ်၊ လမ်းလျှောက် တယ်၊ ဒါဟာ တစ်သဘောတည်းပဲ'
နောက်ဆုံးတွင်Joseph Palmerသည် သူ့ကို မကျေနပ်သူများ၏ စွပ်စွဲ ချက်ကြောင့် အကျဉ်းချခံထားရသောအခါ သူ၏ ဇနီးဖြစ်သူသည် သူ၏ ပြောဆို ချက်များကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
Joseph အကျဉ်းချခံရခြင်းဟာ မတူညီတဲ့ သူ့ရဲ့ရှေ့မှာ ဘယ်သူမှ မရပ် တည်ခဲ့ကြလို့ပဲ။ ''မတူညီခြင်း'' ဆိုတာ တကယ်တော့ မကောင်းတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး'
မုတ်ဆိတ်မွှေးတွေကို ရိတ်ပစ်လိုက်ရုံဖြင့် အကျဉ်းချခံရခြင်းမှ သက်သာ မည်ကို သိလျက်နှင့် တင်းခံနေသောJoseph Palmerကို ဖမ်းဆီးခဲ့သူများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ သို့ရာတွင်Joseph Palmerထိုကဲ့သို့ ရပ်တည်မှု သည် သူတွယ်တာသော Fitchbery မြို့သူ မြို့သားများအတွက်၊ သူချစ်သော သူ့မိသားစုအတွက် အနစ်နာခံခြင်း ဖြစ်ကြောင်း အားလုံးက သဘောပေါက်လာကြ သောအခါJoseph Palmerသည် Fitchbery မြို့အတွက် သူရဲကောင်းအာဇာနည် တစ်ဦး ဖြစ်သွားခဲ့ပေသည်။

Sunday, February 9, 2014

ကြွေပါသော်လည်း... - ဂျူနီယာဝင်း

ကြွေပါသော်လည်း...   - ဂျူနီယာဝင်း

  (အမှတ် ၁၈၉၊ ၂ဝဝရ၊ ဒီဇင်ဘာ အတွေးအမြင်)
          ‘Terror of death’ ဟူသော ကဗျာ ခေါင်းစဉ်တစ်ခုကို ဖတ်ကြည့်မိလျှင် 'သေခြင်းတရားကို ကြောက်ရွံ့ခြင်း'ဟု အရင်ဆုံးတွေးမိ သည်။ သို့သော် ‘terror’  ဟူသော စကားလုံးသည် ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်းတွေပါ၏။ 'သေရမှာကိုတော့ ကြောက်ကြတာပဲ'ဟု ခပ်လွယ်လွယ် ဆိုကြမှာလားတော့ မသိပါ။ ထိုအကြောင်း ကဗျာစပ်သူက ဂျွန်ကိ John Keats (၁၇၉၅-၁၈၂၁) ဖြစ်ပါသည်။ သူ့ကဗျာ တွင် သူရေးဖွဲ့ချင်သော ကဗျာတွေ၊ စာအုပ်တွေ အကောင်အထည်မဖော်မီ သေသွားမည်ကို ကြောက်ရွံ့ကြောင်း ရေးဖွဲ့ထား၏။
          ဂျွန်ကိသည် ၁၉ ရာစုအစောပိုင်း ကာလက ထင်ရှားသော ကဗျာဆရာဖြစ်သည်။ သူ့ကဗျာများတွင် သဘာဝတရား၏ လှပမှု၊ ချစ်ခင် မြတ်နိုးမှု၊ စိတ်ကူးယဉ်နှင့် ဖန်တီးခြင်းကြားက ဆက်သွယ်မှုကို ဖော်ဆောင်ထားသည်ကို တွေ့ကြရ၏။ ထို့ပြင် လှပမှုနှင့် နာကျင်ထိခိုက်မှု တွေကိုလည်း ဒွန်တွဲပြထား၏။ သူ့ဘဝတွင် သူအလွန်မြတ်နိုးတန်ဖိုးထားသည့် စာအုပ်များကို ဘဝ၏ အရေးအပါဆုံးအဖြစ် သတ်မှတ်ထားစဉ် တွင် ရုတ်တရက် သေဆုံးသွားမည်ကို အလွန်ကြောက်ရွံ့လျက်ရှိကြောင်း သူ့ကဗျာလေးတွင် ဖွဲ့ဆိုတားသည်။ ထိုမျှမက ကဗျာ၏ ဂီတသံတွင် ပင် ကြောက်ရွံ့ခြင်း သံစဉ်တွေ စီးဆင်းလျက်ရှိသည်။ သူချစ်သော စာအုပ်များမှ ဝေးရာသို့ သေခြင်းတရားက ခေါ်ဆောင်သွားမည့်အရေး တွေးပူနေရှာလေသည်။
          သူတွေးပူနေရသော လုံလောက်သော အကြောင်းပြချက်ကလည်း ရှိနေသည်။ သူ့မိခင်သည် အဆုတ်တီဘီရောဂါဖြင့် ကွယ်လွန်ခဲ့ကာ သူ့အစ်ကို ဖြစ်သူမှာလည်း ထိုရောဂါရကာ သူ့ရှေ့မှာ ကွယ်လွန် အနိစ္စရောက်ရသည်ကို ကြုံတွေ့ခဲ့ရသူ ဖြစ်ပါသည်။ သူ့မှာလည်း ထိုတီဘီ ရော ဂါရနေသည်ကို သိရှိခဲ့ပြီးနောက်မှာ သူလည်း တစ်နေ့သေရမည့်အရေး ဘယ်လောက်တောင် တွေးပူခဲ့ရရှာမည်ကို မြင်ယောင်ကြည့်မိပါ သည်။ ထိုကဗျာကို သူမကွယ်လွန်မီ (၄) နှစ်အလိုမှာ ရေးသားခဲ့ခြင်းဖြစ်ပြီး အသက်ငယ်ရွယ်စဉ် ၂၆ နှစ်မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ ဂျွန်ကိသည် ကဗျာတွင် သူသေရမှာကို မကြောက်၊ သူမသေမီ သူအကောင်အထည်ဖော်ချင်တာတွေ မထုတ်ဖော်လိုက်ရမှာကို ကြောက်ခြင်းဖြစ် ကြောင်းကို ကွဲပြားစွာ ရေးဖွဲ့ထားခြင်းဖြစ်၏။
          ဂျွန်ကိသည် သူ့နဘေးက လူတွေကို ဂရုမစိုက်ပါ။ ဘဝ၏ ပျော်ရွှင်ယစ်မူးသာယာခြင်းကိုပင် အလေးမထားပါ။ သို့သော် သူ၏ တစ်ခု တည်းသော စိတ်ပူပန်မှုက သူမကွယ်လွန်မီ သူ့စိတ်ကူးတွေကို စာလုံးတွေ၊ စာအုပ်တွေအဖြစ် မရေးဖွဲ့လိုက်ရမှာကိုဖြစ်၏။ ကဗျာဆရာက ထိုစိတ်ပူပန်မှုသည် သူ့အား ဘဝတစ်လျှောက်လုံး ခြိမ်းခြောက်လျက်ရှိသည်ဟု ရင်ဖွင့်ထား၏။ သူသည် အဆိုးမြင်ဝါဒီသမားပင်ဖြစ်နေလေပြီ ဟု သူ့ကိုယ်သူ သုံးသပ်ထား၏။ ကောင်းကင်ယံက တိမ်တိုက်တွေကို တွေ့လည်း မသာယာနိုင်။ သူသေရတော့မည်ဟု တွေးက ကြောက်ရွံ့မှု က ပိုတိုးလာသည်။ ထိုတိမ်တိုက်တွေကပြောပြသော လှပသော စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများသည် သူ့ကို ပိုပြီးတော့တောင် ကြောက်ရွံ့ သွားအောင် ခြိမ်းခြောက်လျက်ရှိနေကြသည်။ သူ့မှာ အနာဂတ်အရေး တွေးပူဖို့ပင် အချိန်မရှိပါဟု ဆိုထားပါသည်။
          ဂျွန်ကိ၏ ထိုကဗျာနှင့် ပတ်သက်၍ ခံစားမိသော ကဗျာချစ်သူတစ်ယောက်၏ ခံစားချက်ကို အင်တာနက်တွင် အခုလို တွေ့လိုက်ရပါ သည်။
          'သေခြင်းတရားဆိုတာ တကယ်တော့ နောက်ဆုံးနယ်နိမိတ်ပဲ။ စေ့စေ့တွေးလေ၊ တန်ခိုးအာဏာကြီးပါပေ့လို့ မြင်မိလေဖြစ်ပါတယ်။ ကျွန်တော် အဲဒီကဗျာကို ဖတ်ပြီး စဉ်းစားကြည့်မိတယ်။ ကျွန်တော် ုနအျေ လို့တော့ တွေးလို့မရဘူး။ သူ့ရဲ့ကဗျာအစက
          ‘When I have fears that I may cease to be, Before my pen has gleaned by teeming brain,’
          ''ကျွနု်ပ်၏ အတွေးများဖြင့် ပြည့်နှက်နေသော ဦးနှောက်အား ကျွနု်ပ်၏ ကလောင်တံဖြင့် ထိုးဆွရေးခြင်းမပြုမီ ကျွနု်ပ်သေသွားမှာကို ကြောက်၏''
          ဆိုတဲ့ စကားလုံးက ပြင်းထန်လိုက်တာဗျာ။ ကြောက်ရွံ့ခြင်းက သူ့ကို တွေးစရာတွေ ဖြစ်ရသတဲ့။ တခို့ျလူတွေ ကြော်ကြားမှုကို စားသုံးနေတဲ့အခါ သူတို့ဘယ်လို တွေးကြပါလိမ့်လို့ စဉ်းစားမိတယ်။ တခို့ျက အကိုးကွယ်ခံရ၊ တခို့ျက လူတွေရဲ့ အာရုံတောင် အရောက် မခံလိုက်ရဘူး။ Keats အသက်ရှင်နေစဉ်မှာတော့ သူ့အတိုင်းအတာနဲ့သူ အာရုံစိုက်ခြင်းခံရမှာပါပဲ။ ဒါကြောင့်လဲ သူက ကလောင်သွေးခဲ့တဲ့ ဟောဒီကဗျာဟာ ယနေ့တိုင် ခံစားနေရတာပေါ့။ ‘For whom the bell tolls’  'သူတစ်ယောက်အတွက် သေမင်းတမန် ခေါင်းလောင်းတီး ချေပြီ။' ဆိုတဲ့ စာကြောင်းလေးကို သတိရမိပါရဲ့။ (ထိုစာကြောင်း၏ နောက်တွင် ‘It tolls for thee.’ (အဲဒါ မင်းအတွက်တီးတာပေါ့။) ဟူသော စာကြောင်းလိုက်ပါသည်)။ ကဗျာထဲမှာ ကျွန်တော်အနှစ်သက်ဆုံး စာကြောင်းတွေကတော့-
          ‘When I behold, upon the night’s starred face, Huge cloudy symbols of a high romance, And think that I may never to trace Their shadows, with magic hand of chance.’
          ''ည၏ ကြယ်ရောင် လင်းလက်သော ကောင်းကင်မျက်နှာအား ကျွနု်ပ်ကြည့်၏။
          ကျယ်ပြန့်သော တိမ်တိုက်များသည် ကျွနု်ပ်အား လှပသော အချစ်ဇာတ်လမ်းများကို ပြောပြနေကြ၏။
          ခံစားညို့ငင်သောလက်ဖြင့် ထိုလှပသော ပုံပြင်များကို ကျွနု်ပ်မရေးခြစ်လိုက်ရမီ သေသွားမှာကို ကြောက်၏။''
          ပြီးတော့ ကဗျာရဲ့ နောက်ဆုံးစာကြောင်းတွေ-
          '' ... then on the shore of the wide world I stand alone, and think, Till love and fame to nothingness to sink.”
          ''ကျယ်ပြန့်သော ကမ္ဘာကြီးထဲမှာ ချောက်ကမ်းပါးထက်ဝယ် တစ်ကိုယ်တည်း ရပ်နေရသည်ဟု ခံစားမိ၏။
          ကျွနု်ပ်၏ မပျော်ရွှင်သော နှလုံးသားအား နှစ်သိမ့်ပေးမည့် အချစ်လည်း မရှိ၊ ကျော်ကြားမှုလည်း မရှိ။''
          ဆိုတာတွေရယ်ကို အကြိုက်ဆုံးပါပဲ။ ဂျွန်ကိရဲ့ ကဗျာလေး အဆုံးသတ်ထိရေးဖြစ်ခဲ့တာကိုတော့ စိတ်မကောင်းတဲ့ကြားက သူ့အတွက် ဝမ်းသာမိပါတယ်။ သူရေးတဲ့ အဲဒီကဗျာလေး သူ့ပရိတ်သတ်ကြားထဲ ရောက်သွားခဲ့တာပဲဆိုပြီး အသုံးဝင်သွားခဲ့တာကို သူတွေ့မြင်ခံစားခဲ့ရရှာ မှာပါပဲ''တဲ့။
          ဂျွန်ကိ၏ ထိုကဗျာများနှင့်ပတ်သက်၍ ဝေဖန်သူတခို့ျကတော့ အသက် ၂၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့သော ထိုကဗျာဆရာ၏ ကဗျာလေးကို အသံကျယ်ကျယ်ဖြင့် အော်ဖတ်သင့်လှကြောင်း၊ အကြံပေးထား၏။ သို့မှသာလျှင် ကဗျာ၏ ခံစားချက်၊ ခံစားမှု၊ အနှစ်သာရ၊ ဂီတတွေကို အသင် တကယ်သိမြင်လာပါမည်တဲ့။ အဲဒီလို နားလည်သွားမှသာလျှင် Keats  သည် သေခြင်းတရားကို ကြောက်ခြင်းမဟုတ်၊ သေရမည့်အရေး တုန်လှုပ်နေခြင်းမဟုတ်။ 'ကျွနု်ပ်၏ အတွေးများကို စကားလုံးများအဖြစ် ချရေးဖို့ အချိန်မရှိလိုက်မှာကို ဖြစ်၏။ ကျွနု်ပ်၏ စိတ်ဆူးများကို စာအုပ်တွေအဖြစ် အသက်သွင်းဖို့ အချိန်မရှိလိုက်မှာကို ဖြစ်၏။ ကျွနု်ပ်၏ အိပ်မက်များ၊ ရုပ်ပုံလွှာများကို ကဗျာများအဖြစ် ဘာသာပြန်ပစ်လိုက်ဖို့ စိတ်စူးစိုက်ဖို့ အချိန်မရှိလိုက်မှာကို ဖြစ်၏။ နောက်ဆုံးမှာတော့ ကျွနု်ပ်၏ ချစ်လှစွာသော ဗညေညပ မြတေညန ကို ဘယ်တော့မှ မတွေ့မြင်လိုက်ရတော့မှာကို ဖြစ်ပါ၏' ဟူသော ဂျွန်ကိ၏ ဆိုလိုချက်များကို သေသေချာချာ တွေ့မြင်ခံစာရပေလိမ့်မည်။
          သေခြင်းတရားနှင့် ပတ်သက်၍ ကဗျာတွေ စပ်ဆိုခံစားကြရာတွင် များသောအားဖြင့် ပဲ့ေြွကလွယ်သော ပန်းကလေးတွေကို ကြည့်၍ လူ့ဘဝ၏ မတည်မြဲမှုကို ဆင်ခြင်သုံးသပ်ဖို့ သို့မဟုတ် သေမင်းတမန်သည် မျက်နှာမလိုက်၊ ယုတ်၊ မြတ်မရွေး ခေါ်ဆောင်သွားမည့် သဘော တရားများကို  အများအားဖြင့် ဖတ်ဖူးတွေ့ဖူးပါသည်။ ဆိုလိုသည်မှာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို အချိန်နှင့်အမျှ ခံစားတုန်လှုပ်နေရှာ သော ကဗျာဆရာတစ်ယောက်၏ ရင်ထဲက ဒုက္ခကို ရှားရှားပါးပါး တွေ့မိခြင်းဖြစ်ပါသည်။ လူတိုင်း တစ်နေ့တော့ သေကြရမှာပဲဖြစ်သည်။ ဘယ်နေ့သေမည်မသိသည့်အတွက် စိတ်မပူဘဲ နေနိုင်ကြ၏။ သို့တည်းမဟုတ် မတွေးပဲထားခြင်းသည် တစ်မိုျးစိတ်သက်သာရရနေကြ၏။ ဂျွန်ကိခမျာမှာတော့ မသေမီ သူအကောင်အထည်ဖော်ချင်ခဲ့တာတွေ မထုတ်ဖော်ခဲ့ရမှာကို အချိန်နှင့်အမျှ တွေးပူနေရရှာသူဖြစ်လေသည်။
          ထို့ကြောင့်ပင် ဂျွန်ကိ၏ Terror of deathကဗျာနှင့် ပတ်သက်ပြီး ကဗျာချစ်သူများ၏ အထင်အမြင်ယူဆချက်များကို ကောက်ကြည့် ကြရာ အင်တာနက်တွင် ဖော်ပြထားချက်များအရ Keatsလို မတွေးမိပါဟူသော အမြင်မိုျး တော်တော်များများတွေ့လိုက်ရခြင်းဖြစ်ပေသည်။Keats  ကဗျာချစ်သူတစ်ယောက်ကတော့ ယခုလိုမှတ်ချက်ချထားပါသည်။
          'ကျွန်တော် သေရမှာကို ကြောက်ပါသည်။ ဘုရားသခင်က ကျွန်တော့်အား ပေးသနားတော်မူသော အချိန်တွေအတွက် ကျေးဇူးတင်လှ ပါသည်။ ကဗျဆရာ Keats  သည် သူရေးချင်တာတွေအားလုံး မပြီးမီ သူသေရမည်ကို သိရှိနေကြောင်း ကဗျာဖတ်သူများအား အသိပေးထား ၏။ သူသေသွားသော်လည်း သူ့မှာ ရေးဖွဲ့စရာတွေ ကဗျာတွေ ကျန်ရှိနေသေးပါလားဟု ကဗျာချစ်သူအနေနှင့် မျှဝေခံစားမိကြောင်းပါ။
          ဂျွန်ကိရေးသားခဲ့သော ကဗျာတွေထဲမှာ အကောင်းဆုံး ကဗျာတစ်ပုဒ်အဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ကဗျာတွင် အဆုတ် တီဘီရောဂါဝေဒနာ ခံစားနေရရှာသော ကဗျာဆရာ၏ ပွင့်ထွက်လာသော စိတ်မကောင်းစရာအဖြစ်ကို စာနာမိပြီး အခြားတစ်ဖက်ကလည်း Keats သည် သာမန်လူသားတစ်ယောက်ဖြစ်ပြီး၊ ကဗျာသမားတစ်ယောက်မဟုတ်ခဲ့ပါလျှင် ဂျွန်ကိ၏ ေြွကလွင့်ခြင်းကို လူတွေ သတိပြုမိကြ ပါ့မလားဟု တွေးမိပါသည်။ ဂျွန်ကိ စိုက်ခဲ့သော မှတ်တိုင်တွေကို ယခုအထိ ကဗျာချစ်သူတွေ ခံစားပေးနေရတာကိုပဲ စဉ်းစားကြည့်ပါမည်။ ဂျွန်ကိလိုပဲ တီဘီရောဂါဖြင့် သေတာခြင်း အတူတူ သူ့အစ်ကိုကိုတောင်ဖြင့် ကျွန်မတို့ အမည်တောင် အလေးထားခဲ့မိလို့လား။
          ဂျွန်ကိထက် နှစ်တစ်ရာကျော် ရှေ့က ကဗျာဆရာကြီး ဝီလျံရှိတ်စပီးယားWilliam Shakespeare (၁၅၆၄-၁၆၁၆) ၏ ‘Fear no more’ ဟူသော ကဗျာကတော့ 'သေတော့လည်း အေးတာပဲ' ဟူသော အဓိပ္ပာယ်သက်ရောက်ခဲ့သည့် ခံစားချက်တွေနှင့် ဖြစ်ပါသည်။ ဂျွန်ကိ ၏ Terror of death နှင့် ရှိတ်စပီးယား၏ ကဗျာကို ယှဉ်ဖတ်မိရင်း ကဗျာဆရာတွေ၏ ခံစားတတ်သော နှလုံးသားကို အနည်းငယ်မျှတော့ လက်ခံမိကြောင်းပါ။ ရှိတ်စပီးယား၏ ကဗျာလိုရင်းကို ဘာသာပြန်ပြလိုက်ရပါသည်။
          'နေပူမှာကိုလည်း မကြောက်ရတော့ပါ၊
          ဒေါသကြီးတဲ့ လေပြင်းမုန်တိုင်းကို ကြောက်စရာမလိုတော့၊
          မိုးလောက်ကြီးတဲ့ တာဝန်တွေ မပြီးဆုံးသေးသော်လည်း သွားရတော့မယ်လေ၊
          နေစရာ အိမ်လည်း မရှိတော့ ဝန်ထုပ်ဝန်ပိုးတွေလည်း ဖယ်ခွာရစ်ပြီ။
          ရွှေမင်းသား ရွှေမင်းသမီးလေးတွေလည်း ဒီလမ်းလိုက်ရမည်၊
          တံမြက်စည်းလှည်းသမတွေလည်း သည်လမ်း လိုက်ရမည်လေ၊
          အားလုံး ပြာဖြစ်ရမည်လေ။'
          'သခင်ကြီးတွေ မျက်မှောင်ကြုံ့မှာလဲ မကြောက်ရတော့ပါ၊
          တန်ခိုးရှင်ကြီး လက်ညှိုးငေါက်ငေါက်ထိုးမှာလဲ ရှောင်စရာ မလိုတော့ပါ။
          အဝတ်ဝတ်ဖို့နဲ့ စားဖို့လည်း ပူစရာမလိုတော့။
          သေမင်းတမန် တံလှပ်နဲ့ အဝှေ့လိုက်မှာ မင်းလဲ ပါသွားပြီလေ။
          အို... ဘုရင်တွေ၊ ပညာတတ်တွေ၊ ဆရာဝန်တွေ...
          အားလုံး သည်လမ်းလိုက်ရမည်လေ၊
          အားလုံး ပြာဖြစ်ရမည်လေ။'
          'လျှပ်စီးလက်မှာလဲ မကြောက်ရတော့ပါ၊
          မိုးကြိုးသွားကိုလည်း မကြောက်ရတော့ပါ။
          ဂုဏ်သိက္ခာဆိုတာလည်း ပူမနေရတော့၊
          ဝေဖန်ပြစ်တင်တာတွေလည်း ထွက်ပြေးပြီလေ၊
          ငိုကြွေးစရာလည်း မလို
          ရယ်မောစရာလဲ မလိုတော့။
          ငယ်ရွယ်တဲ့ ချစ်သူတွေရော၊
          အားလုံးသော ချစ်သူတွေလည်းလေ
          မင်းနောက်ကို လိုက်ရတော့မယ်လေ။
          အားလုံးပြာဖြစ်သွားမှာပဲလေ'
          ဂျွန်ကိက သူ၏ အတွေးစိတ်ကူးတွေကို စကားလုံးအဖြစ် မထုတ်ဖော်လိုက်မီ သေဆုံးရမည်ကို ကြောက်ရွံ့ကြောင်း စပ်ဆိုထားပြီး ရှိတ်စပီးယားကတော့ မိုးလောက်ကြီးသည့် တာဝန်တွေ၊ ဝတ္တရားတွေ တဝက်တပြက် တိုးလိုးတန်းလန်းနဲ့ သေမင်းခေါ်ရာနောက်လိုက်ရလည်း ပျော်ပျော်ကြီးသာ လိုက်သွားရပေတော့မည်ဟု ဆိုထားလေသည်။
          ကျွန်မသည် ကဗျာဆရာတွေလို ခံစားတတ်သူတစ်ယောက်မဟုတ်၍ ကဗျာဆရာကြီး ဂျွန်ကိလို စိုးရိမ်ထိတ်လန့်ရမှန်းမသိ၊ ရှိတ်စပီး ယားဆို ထားသလိုလည်း တရားမရနိုင်သေးပါ။ လူ့သဘောသဘာဝအတိုင်း ေြွကသွားလေသော ပန်းကလေးတွေ၊ ကြယ်ပွင့်ကလေးတွေအား တန်ဖိုးထားနေမိရင်းနှင့်ပင် သူတို့စိုက်ထူခဲ့လေသော မှတ်တိုင်များအား အစဉ်အမြဲ သတိရနေရုံမှ တစ်ပါး။
       

Junior Win's ပျော်တော့ ပျော်တာပေါ့ ဒါပေမဲ့

ပျော်တော့ ပျော်တာပေါ့ ဒါပေမဲ့.           Junior Win
            စာမေးပွဲအောင်စာရင်းမှာ ကိုယ်က စာမေးပွဲကျပြီး သူများက အောင်နေကြလျှင်တော့ 'သူများပျော်လို့ မပျော်နိုင်'ဟု စာသားလေးကို သတိရသည်။ အကယ်၍ ကိုယ်ကအောင်ပြီး ကိုယ့်သူငယ်ချင်းတစ်ယောက်ကျနေလျှင် ကိုယ်စာမေးပွဲအောင်လို့ ပျော်တော့ပျော်ပါတယ်။ ဒါပေမဲ့ ကိုယ့်သူငယ်ချင်းကျနေလို့ ပျော်ရတာသိပ် အဓိပ္ပာယ်မရှိသလိုလို ကျတဲ့လူကို အားနာပြီး သိပ်ပျော်ပြမနေဖို့တော့ ကောင်းတာပေါ့ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးရသည်။ အဲဒီအကြောင်းကို ရေးချင်သည်။
            ကျွန်မတို့ အဘိုးအဘွားများ ဖြတ်သန်းခဲ့ရသော ဂျပန်ခေတ် ၃ နှစ်တာကာလမှာ ဘယ်လောက်မွန်းကြပ်ခဲ့ရသည်ကို အဘွား မေမေကြီး ဒေါ်ခင်မိုျးချစ်က သူ့စာထဲထည့်ရေးခဲ့လို့ သိခဲ့ရပြီး တစ်ခါတစ်ရံ နှုတ်ကနေ ပြောဆိုတာတွေကို ကြားဖူးခဲ့ရသည်။ 'ငါ့မြေးတို့ အဲဒီလို ခေတ်ဆိုးကြီး မကြုံခဲ့ကြရတာ ကံကောင်းလေခြင်း'ဟု နောက်ဆုံးတွင် မှတ်ချက်ချက်တတ်ကြသည်။ ကျွန်မတို့ ငယ်စဉ်က ကြားခဲ့ရတာတွေမို့ သိပ်နားမလည်ပါ။ ဂျပန်ခေတ်တွင် ဘယ်လောက်တောင် ကြောက်ရွံ့ခဲ့ရခြင်းကို မေမေကြီးသည် Three Years Under The Japs 'ဂျပန် ခေတ်မှာ ၃ နှစ်တာ' တွင် ရေးပြခဲ့သည်။ ကျွန်မကလည်း မေမေကြီးရေးခဲ့တဲ့ စာအုပ်တွေထဲ ဘယ်စာအုပ်အပါးဆုံးလဲဆိုတာ ဘာသာပြန်ဖို့ ရွေးယူနေရာမှ ထိုစာအုပ်က လှည့်ရောက်လာတော့သည်။
            သို့ပေမယ့်လည်းပေါ့လေ။ ဘာသာပြန်ရင်းနှင့် ကျွန်မရင်ထဲဖြစ်ပေါ်လာသော ခံစားမှုက တစ်မိုျးဖြစ်လို့နေသည်။ အင်း ... ထားပါတော့ လေ။ ဂျပန်ခေတ်မှာမို့ ဒီလောက်ဆိုးရွား အနှိပ်စက်ခံထားကြရသော မြန်မာပြည်သူပြည်သားတို့ကို နားလည်ပါသည်။ ဘဘကြီး ပြောပြောနေ သော ညညအချိန်မတော် ကြားနေရသည့် ဂျပန်စစ်ဖိနစ်သံကို ကြောက်ရွံ့နေရခြင်းကိုလည်း သဘောပေါက်ပါသည်။ တုန်လှုပ်ခြောက်ခြားစွာ ကျီးလန့်စာစားနေနေရသော ဂျပန်ခေတ်အောက်ကာလကိုလည်း မျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်ပါသည်။ သို့သော်...။
            ဂျပန်ခေတ်ကြီးထဲမှာ မြန်မာလူမိုျးများသည် ကြောက်ရွံ့ခြင်းကို ဘေးချိတ်ကာ ၁၂ လရာသီ ပျော်ပွဲရွှင်ပွဲများကို အဘယ့်ကြောင့် ကျင်းပနိုင်ခဲ့ကြသနည်း။ အဲဒီလောက် ဆိုးဆိုးရွားရွား ထိတ်လန့်တုန်လှုပ်ခါနေနေရသော ကာလကြီးအတွင်းမှာ ပျော်နေနိုင်ကြသေးတာ ဘာကြောင့်ပါလဲ။ တခို့ျများ ဂျပန်တွေ နှိပ်စက်ခံရလို့ မျက်ရည်ပေါက်ကြီးငယ်ကျကာ ဒုက္ခဆင်းရဲခံနေကြရတာတွေရှိနေ၊ တွေ့မြင်၊ ကြားသိနေရဲ့သားနှင့်များ ပျော်ပွဲတွေ ကျင်းပနိုင်ခဲ့ကြတာ ဘာကြောင့်ပါလဲ။ ဒုက္ခပင်လယ်ဝေနေသူတွေကို နည်းနည်းတော့ အားနာဖို့ကောင်း သည်။ ကိုယ်က အဲဒီလို ဒုက္ခမရောက်တာနှင့်ပဲ ပျော်သင့်ပါရဲ့လား။
            မေမေကြီး ရေးသားခဲ့သော 'အပျင်းဖြေနည်း' စာအုပ်တွင် ယခုလို ရေးထားတာတွေ့ရသည်။ 'ဂျပန်ခေတ်တွင် ကောင်းကင်မှ ဗုံးချ မြေပြင်ထက်၌လည်း ဂျပန်က နှိပ်စက်၊ သုံးစရာ၊ စားစရာပစ္စည်းများကလည်း ရှားပါးလှသည့် ခေတ်၌ပင်လျှင် စည်ဗျောသံမစဲ အလှူပွဲခံနိုင် သည့် မြန်မာလူမိုျးများကား ကမ္ဘာတွင် ရှားပေလိမ့်မည်။ ဂျပန်နှင့် အင်္ဂလိပ်၊ အမေရိကန်တို့စပ်ကြား၌ မြေစာပင် စစ်မြေပြင်ဖြစ်ခံရသော မြန်မာလူမိုျးတို့သည် ထိုပျော်တတ်သော စိတ်ကလေးကြောင့်သာ ရူးသွတ်မသွားသည်ဟု ဆိုရပေမည်'တဲ့။
            ကျွန်မရင်ထဲမှာ သိပ်မရှင်းလင်းခဲ့သော ထိုကိစ္စနှင့် ပတ်သက်၍ ဘဘကြီး မေမေကြီးတို့နှင့် ဆွေးနွေးခဲ့ဖူးသည်ကို အမှတ်ရမိသည်။ ပျော်တတ်သော မြန်မာလူမိုျးတို့၏ စိတ်သဘာဝကိုလည်း မေမေကြီးရေးပြခဲ့သောကြောင့် နည်းလည်ခံစားလို့ရခဲ့ပါ၏။ သို့သော် ကျွန်မ စောဒကတက် မေးခွန်းများကို ယခုလို ခံစားတတ်သွားအောင် ရှင်းပြဖူးခဲ့သည်ကို ပြန်လည်တင်ပြရသည်ရှိသော်...
            သြော် ဂျပန်ခေတ်တွင်း ကျရောက်သက်ဆင်းခဲ့ရရှာသော တို့မြန်မာပြည်သားများ ထိုစဉ်က ၁၂ လရာသီပွဲတော်များကို မိမိတို့၏ အမိုျး သားရေးစိတ်ဖြင့် မဖြစ်ဖြစ်အောင် လစဉ်မပျက်စိတ်ကျင်းပကာ ပျော်ရွှင်မှုကို ရယူခဲ့ကြရသော အဖြစ်သည် ဂျပန်ကို ဖားပြီး ပျော်ပြနေခြင်းမဟုတ်ပါ။ တိုင်းပြည်ကြီး အေးချမ်းသာယာ ပျော်ရွှင်နေပါသည်ဟူ၍ အဓိပ္ပာယ်မိုျးမရှိပါ။ ကျွနု်ပ်တို့၏ မိုျးချစ်စိတ်ဓာတ်ကို ရှင်သန်ထက်မြက်အောင်သွေးခဲ့ကြသော ဓားသွားများပေတည်း။ သူတို့၏ ရင်ထဲမှာ တောက်လောင်နေသောမီးကို အမိုျးသားရေးစိတ်ဓာတ် အဖြစ် အသွင်ပြောင်းပစ်ခြင်းသာတည်း။ ရင်ထဲမှာ မပျော်ရွှင် ပင်ပန်းဆင်းရဲလှပါသည်ဟု ၄င်းတို့၏ မျက်နှာများတွင် (ပျော်တော့ပျော်ပါ တယ်၊ ဒါပေမယ့်... )ဟူသော အဓိပ္ပာယ်များ စီးဝင်နေသည်ကို တွေ့မြင်ကြရပါသည်။
            'မျက်နှာတွေကြည့်လိုက်တာနဲ့ သိပါတယ်။ ရင်ထဲဘယ်လောက်တောင် ပူလောင်ပြီး နေနေကြရတယ်ဆိုတာ စိတ်ထဲက အူလှိုက်သည်းလှိုက်ပျော်လွန်းလို့ ခုန်ပေါက်ကျင်းပနေတာမှ မဟုတ်ဘဲလေ။ ဘယ်နှယ့်ကွယ် ပျော်ပွဲရွှင်ပွဲ ဂျပန်ခေတ်ထဲ ရှိသလားဆို ရှိတာပေါ့။ ရှိအောင်ကို မဖြစ်ဖြစ်အောင်ကို လုပ်ပြကြရတာ။ အဲဒီလို လုပ်ပြပြီးတော့ကို တို့မြန်မာလူထု စိတ်ဓာတ်တွေ စုစည်းခဲ့ကြရတာ။ တို့ယဉ်ကျေးမှု ရိုးရာတွေ မပျောက်ပျက်အောင်၊ တို့ဗုဒ္ဓဘာသာမတိမ်ကောအောင်ဆိုတဲ့ စိတ်ဓာတ်နဲ့ပျော်ခဲ့ရတဲ့ အပျော်တွေပါ။ ပျော်တော့ ပျော်တာပေါ့။ ဒါပေမဲ့...'
            (အမှတ် ၁၉ဝ၊ ၂ဝဝ၈၊ ဇန်နဝါရီလ)

Saturday, February 8, 2014

ေေတာင်းတဲ့ဆုနဲ့ ပြည့်ပါရစေ - ဂျူနီယာဝင်း

ေတာင်းတဲ့ဆုနဲ့ ပြည့်ပါရစေ - ဂျူနီယာဝင်း

  (အမှတ် ၁၈၈၊ ၂ဝဝရ၊ နိုဝင်ဘာလ အတွေးအမြင်)
          ကျွန်မသည် ဆုတောင်းရတာ တော်တော် ဝါသနာပါသောသူ အမိုျးအစားဖြစ်ပါသည်။ ကျွန်မ ငယ်ငယ်ကဆိုလျှင် စာမေးပွဲဖြေသည့် အခါ စာမေးပွဲအောင်ဖို့ ဆုတောင်းရပါသည်။ ငယ်ငယ်က ဝိဇ္ဇာဘာသာရပ်များဖြစ်သော ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာများ ကျမည်စိုးရိမ်ကာ လစဉ်စာမေးပွဲစစ်တိုင်း ဆုတောင်းရပါသည်။ သို့သော်လည်း ကျမည့် ဘာသာကတော့ ကျတာပဲဖြစ်ပါသည်။ ဒါပေမဲ့ စိတ်မပျက်ပါ။ ဆုတောင်းရဲ့ သားနှင့်ကျရသလားဟု အပြစ်မတင်ရက်ပါ။ ဆုတောင်းမပြည့်သည့်အတွက်လည်း နောက်တစ်ခါ ဆုမတောင်း တော့ဘူးလား ဆိုတော့လည်းမဟုတ်ပါ။ ဆုတောင်းရတာကို ဝါသနာပါနေပုံရပါသည်။ အဲဒီလိုနှင့်ပဲ ဆုတွေမိုျးစုံအောင် တောင်းခဲ့ဖူးပါသည်။
          ကျွန်မတစ်ဦးတည်း ဘုရားရှေ့ ဆုတောင်းရတာ အားမရတော့ ကျွန်မအဘွား မေမေကြီး ဒေါ်ခင်မိုျးချစ်ကိုပါ ဆွဲထည့်ရပါသည်။ မေမေကြီးကလည်း ကျွန်မလိုပဲ ထင်သည်။ 'ဒီနေ့ စာမေးပွဲဖြေရမယ်။ ဘယ်နှနာရီက ဘယ်နှနာရိီအထိ။ အဲဒီအချိန်အတွင်းမှာ မေမေကြီးက ဘုရားရှေ့မှာ ဖယောင်းတိုင် ဘယ်နှစ်တိုင်ထွန်းပြီး ဆုတောင်းပေးနေနော်။ သမီး စာမေးပွဲဖြေရင်း တစ်ခုခုမေ့ရင် မေမေကြီးက သမီးစာမေးပွဲ ဖြေနိုင်ဖို့ ဘုရားစင်ရှေ့မှာ ဆုတောင်းပေးနေရတယ်လို့ စဉ်းစားလိုက်မှာ။ အဲဒါဆိုချက်ချင်းမှတ်မိသွားမှာ၊ သိလားဟု အကြိမ်ကြိမ် အဖန်ဖန် တတွတ်တွတ် ပြောခဲ့ဖူးတာ မှတ်မိပါသည်။ ကျွန်မ မေမေလည်း မနေရပါ။ 'မေမေရေ အဲဒီ စာမေးပွဲဖြေနေတဲ့ အချိန်အတွင်းမှာ ဖယောင်း တိုင် ထွန်းထားပေးနော်။ တစ်တိုင်ကုန်သွားရင် နောက်တစ်တိုင်ထွန်းဖို့ ပြင်ထားဦး။ တော်ကြာ ကြားထဲ အဆက်ပြတ်သွားတဲ့အချိန် သမီးစာ တွေ မေ့သွားမှာစိုးရမယ်'။ ကျွန်မသည် စာမေးပွဲဖြေနေတဲ့ အချိန်အတွင်း စဉ်းစားမရသောအခါ အိမ်ရှိဘုရားစင်ရှေ့ဆုတောင်းပေးနေသည့် မေမေကြီးကို တွေးယူပါသည်။ မေမေထွန်း ပေးထားသည့် ဖယောင်းတိုင်ကို မြင်ယောင်ပါသည်။ 'စဉ်းစားစမ်း'ဟု ကိုယ့်ကိုယ်ကိုယ် အားပေးပါသည်။ တစ်ခါတလေ စဉ်းစားလို့ရသွားသည့်အခါရှိသည်။ တစ်ခါတလေ စဉ်းစားမရဘဲ ထားပစ်ခဲ့ရတာရှိသည်။ ထိုအခါ ထိုစဉ်းစား မရသောအချိန်ကို မှတ်ထားပြီး အိမ်ရောက်ရင် ရန်လုပ်ပါသည်။ ''အဲဒီအချိန်တုန်းက ဖယောင်းတိုင် ကုန်သွားတာလား ... မေမေ ကြီးက ဘုရားစင်ရှေ့မှာ ရှိရဲ့လား'နှင့် ဖြစ်ပါသည်။ မေမေကြီးကတော့ 'အေးကွယ်... အဲဒီတုန်းကထင်ပါရဲ့ တယ်လီဖုန်း လာသလား ရေသောက်လိုက်သလားပဲ'ဟု စကားနည်း ရန်စဲပြောတတ်ပါသည်။ ဘဘကြီး ဦးခင်မောင်လတ်သည် ယခုလိုပင် ဝင်ပြောတတ်ပါသည်။ 'ဟဲ့... သမီးထွန်းတာ ဆေးဖယောင်းတိုင်လားကွယ့်'ဟု ကျွန်မ မေမေကို လှမ်းမေးပါသည်။ ဘာကြောင့်လဲဆိုတော့ မေမေက တစ်တိုင်တည်း သော ဖယောင်းတိုင်ကို ဆက်တိုက်ထွန်းပေးနေရသောကြောင့် ဖြစ်ပါသည်။ မေမေက 'မဟုတ်ဘူး ဘဘရယ်... ဒီလိုပဲ ဈေးထဲက ဝယ်တာ တွေပါပဲ။ အိမ်မှာ အရေးကြီးတဲ့ ကိစ္စတွေရှိရင် ဖယောင်းတိုင်ထွန်းပေးရတာ ထုံးစံလိုဖြစ်နေတာပါ'ဟု ဖြေပါသည်။
          မေမေကြီးကလည်း ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းရသည့် နည်းတွေကိုလည်း ပြောပြပါသည်။ ဖယောင်းတိုင် ၁ဝ၈ တိုင်စလုံးကို တစ်နေ့တည်းစုပြီးထွန်းဖို့ခက်သည်။ ဒီတော့ အခုလို ထွန်းရသည်။ လဆန်း ၁ ရက်နေ့စပြီး ဖယောင်းတိုင် ၈ တိုင်ထွန်းရသည်။ လဆန်း ၂ ရက်နေ့မှာ ၉ တိုင်။ လဆန်း ၃ ရက်နေ့မှာ ၁ဝ တိုင်။ စသည်ဖြင့် စသည်ဖြင့် ၁၆ တိုင် အထိ ထွန်းရသည်။ ဒီတော့ ရက်ပေါင်း ၉ ရက်တိုင် ရှိသွားရသည်။ ထိုထွန်းခဲ့သော ဖယောင်းတိုင်ပေါင်းကို ရေတွက်လျှင် ထို ၉ ရက်မှာ ၁ဝ၈ တိုင်ဖြစ်ရသည်။ ထိုအခါ နောက်ဆုံး ၉ ရက်မြောက်သောနေ့မှာ ကိုယ်အလိုချင်ဆုံးဆုကို တောင်းရသည်တဲ့။ ပြီးတော့ အရေးကြီးသော အချက်တစ်ခုက ရှိသည်။ ထိုအချက်ကတော့ လဆန်း ၁ ရက်နေ့ စထွန်းသည့်ရက်သည် ဆုတောင်းလိုသူ၏ မွေးရက်ဖြစ်ရမည်။ ဥပမာ ကြာသပတေးနေ့သည် လဆန်း ၁ ရက်နေ့ရောက် လျှင် ထိုကဲ့သို့ ကြာသပတေးနေ့ရှင်က ထွန်းသွားရသည်။ ဆုကိုလည်း ထိုမွေးရက်ရှင်ကပဲ တောင်းခွင့်ရှိသည်။ ထိုအခါ မေမေကြီးသည် ပြက္ခဒိန်ကို လစဉ် အပတ်စဉ်ကြည့်ပြီး ဟောဒီအပတ်မှာဖြင့် အိမ်သားတွေ၏ ဘယ်သူ့မွေးရက်ကျသည်။ ဖယောင်းတိုင် ၁ဝ၈ တိုင် အသင့်ပြင် ထားဖို့ ဆော်သြသည်။ ပြီးတော့ဖယောင်းတိုင်တွေ ထွန်းဖို့ ဗန်းကြီးဗန်းငယ်တွေ ဘုရားစင်ရှေ့မှာ နေရာချပေးသည်။ ဖယောင်းတိုင်တွေ မလဲအောင်ရေတွေထည့်ဖို့ အသင့်လုပ်ထားသည်။ ကျွန်မသည် ကျွန်မထွန်းရသော အလှည့်ရောက်လျှင် အဲဒီ အတိုင်း ၉ ရက်ထွန်းသွားပြီး ဆုတောင်းရတော့မည့်ရက် မရောက်ခင်တွင် ဘာဆုတောင်းရမလဲဟု စိတ်ကူးတွေယဉ်ရသည်။ စာမေးပွဲအတွက် ဆုတောင်းစရာမရှိလျှင် ကျွန်မ လိုချင်တာတွေ တစ်ခုမဟုတ်တစ်ခုတော့ တောင်းလိုက်ရမှ ကျေနပ်သည်။ လဆန်း ၁ ရက်နေ့မှာ ကိုယ့်မွေးနေ့ ကျဖို့ဆိုတာ တော်တော်ခဲယဉ်း သည်။ ''ဒီလို ခဲခဲယဉ်းယဉ်းတိုက်တိုက်ဆိုင်ဆိုင် ကျရောက်သည့်အခါ ဆုလေးတစ်ခုမှ မတောင်းလိုက်ရလျှင် မဖြစ်''
          ကျွန်မ တက္ကသိုလ်ရောက်တော့ မဟာသိပ္ပံတန်းတွေ တက်လှမ်းတဲ့ကာလတွေမှာပေါ့။ စာမေးပွဲအချိန်ဇယားဆိုတာ ရေးဖြေကတော့ ပြဿနာမရှိပါ။ Viva ဗိုင်ဗာ (နှုတ်ဖြေစာမေးပွဲ)ကျတော့ အချိန်အတိအကျ မသတ်မှတ်ထားပါ။ ဒီတော့ အိမ်မှာ ဖယောင်းတိုင်ထွန်းပေးနေကြ သော သူတွေ ဒုက္ခတွေ့ရသည်။ ကျွန်မက အခုလိုစဉ်းစားပြီး အချိန်ကို တွက်ပေးရသည်။ ''ခုံနံပတ်က ဒါဆိုတော့ စဖြေရမယ့် အချိန်က ၉ နာရီဆိုရင် ၁၁ နာရီလောက်ဆို သမီးဝင်ရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ရှေ့က သူတွေက ဖြေတာ ၁ဝ မိနစ်နဲ့ပြီးသွားတယ်ဆိုရင် ၁ဝ နာရီခွဲ လောက်ဝင်ရရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ စိတ်ချရအောင် ၁ဝ နာရီမထိုးခင်ကတည်းက ဖယောင်းတိုင် ထွန်းထားပေးနော်။ သမီးဖြေပြီးသွား ရင် ဖုန်းဆက်လိုက်မယ်။ သမီးဖုန်းမဆက်မချင်း ဆက်ထွန်းပေးထားနော်။ မေမေကြီးရေ သမီးဖြေရမယ့် ဆရာတွေက ဘယ်သူတွေလဲမသိဘူး။ မေမေကြီးက မေတ္တာပို့ပေးနေနော်။ သမီးကျက်ထားတာတွေ၊ သမီးညက ကြည့်ထားတာတွေထဲကမေးအောင်လေ' ကျွန်မသည် အဲဒီလောက် အစိုးရိမ်ကြီးပြီး ကိုယ်တစ်ဦးတည်း ဆုတောင်းရတာနှင့် အားမရဘဲ အိမ်သားတွေကိုပါ ဝိုင်းပြီးဆုတောင်းခိုင်းပါသည်။ ထို့ပြင်စွန်းလွန်းဆရာ တော် ဘုန်းကြီးဆီရောက်လျှင်လည်း တစ်လတရားအားထုတ်ဖို့ အဓိဋ္ဌာန်ယူပြီး တရားထိုင်ပါသည်။ ထိုတစ်လပြည့်သော နေ့မှာ ဆုတောင်းရင် ပြည့်သတဲ့။ ဒီတော့ စာမေးပွဲမဖြေခင်တစ်လမှာက နေစပြီး အဓိဋ္ဌာန်နှင့်ပင် အိမ်မှာတရားထိုင်သွားတာ တစ်လပဲပြည့်၊ စာမေးပွဲလည်း ဖြေ စသည်ဖြင့် ချိန်ကိုက်လုပ်လေ့ရှိပါသည်။ တရားထိုင်တာ၊ ဖယောင်းတိုင်ထွန်းပူဇော်တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေပဲမို့ ဆုတောင်းမပြည့် လည်း ဘာဖြစ်သလဲပေါ့... အနည်းဆုံး အဲဒီကုသိုလ်တော့ ရမှာပဲ မဟုတ်လား။ အဲဒီလိုပဲ တွေးကာ ဆုတွေတောင်းခဲ့တာတွေ မနည်းပါ။ ကြောင်လေး အိမ်ပြန်မလာလျှင်လည်း ဆုတောင်းရတာ အမောပါ။ မေမေကြီးကိုလည်း ဝင်ပါခိုင်းရပါသည်။ အိမ်ပြန်လာသည့်ကြောင်လေးကို လည်း မေမေကြီးဆီ ခေါ်သွားကာ ပြန်လာပြီဖြစ်ကြောင်း၊ မေမေကြီး ဆုတောင်းပေးလိုက်လို့ ပြန်ရောက်လာတာ စသည်ဖြင့် ယုံယုံကြည် ကြည်နှင့် ပြောခဲ့ဖူးပါသည်။
          ဆုတောင်းပြီဆိုမှတော့ ပြည့်ချင်ပါသည်။ မပြည့်တော့လည်း မတတ်နိုင်ပါ။ တစ်ခါတလေတော့လည်း ဘာကြောင့် ဆုတောင်းတွေ မပြည့်ရတာပါလိမ့်နော်ဟု တွေးမိခဲ့ပါသည်။ ကျွန်မနှင့်အတူ ဝိုင်းပြီး ဆုတောင်းပေးခဲ့ဖူးသည့် အဘွားအဖြစ်သူ မေမေကြီးမရှိတော့လို့များ ဒီလိုအတွေးတွေ ဝင်လာရသလား မသိပါ။ ကျွန်မတစ်ယောက်တည်း ဆုတောင်းရုံမက အိမ်က လူတွေပါ ဝိုင်းဆုတောင်းပေးကြလျှင် ကျွန်မ စိတ်ထဲမှာ ဆုက ပိုပြီးပြည့်နိုင်သည်ဟု ယုံကြည်ထားပုံရပါသည်။ 'ဆုတောင်းတိုင်းသာ ပြည့်မှတော့ လူတွေဘာအလုပ်မှ မလုပ်ဘဲ ဆုပဲတောင်းနေကြမပေါ့'ဟူသော အဆိုကိုလည်း လက်ခံထားရပါဦးမည်။
          ကျွန်မတောင်းခဲ့ပြီး မပြည့်ခဲ့သော ဆုတွေ တော်တော်များပါသည်။ ဥပမာ ကျွန်မ၏ ဘဝရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ဖူးသော တက္ကသိုလ် နည်းပြစာမေးပွဲ၊ အင်တာဗူျးတွေမှာ ဘယ်လောက်တောင် ဆုတောင်းခဲ့မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ ထိုစာမေးပွဲတွေကျခဲ့တော့လည်း ကိုယ်မတတ်နိုင်သည့် ကိစ္စမို့ ခံစားရသော်ငြားလည်း ကိုယ့်ဘာသာ နှစ်သိမ့်နိုင်ခဲ့ပါသည်။ ပြီးတော့ ပြင်သစ်စာ ဒီပလိုမာတက်ရင်း ၄ ကြိမ် လောက် စာမေးပွဲ ပြန်ဖြေခဲ့ရတုန်းကလည်း ဆုတောင်းရက်နဲ့ ကျခဲ့တာပဲလေ။ ဆုတောင်းရတာကို အကျင့်ကြီးပါနေ့လို့ပဲ လုပ်ရိုးလုပ်စဉ် ဘုရားရှိခိုး၊ ဆုတောင်းတာ မပျက်ခဲ့တာဖြစ်ရမည်။ ကိုယ်ကပဲ ပေါ့ပေါ့ဆဆ ဆုတောင်းခဲ့တာတွေကြောင့်လားဟု တစ်ခါတစ်ရံ တွေးမိပါ သည်။ မပြည့်လဲ ကိစ္စမရှိပါဘူးလေဟု ဆုတောင်းတာကိုက စိတ်လျှော့ထားပုံရလေသည်။ ဒါကြောင့်လည်း ဆုတောင်းတဲ့ကြားက စာမေးပွဲပဲ ကျကျ၊ အဆင်မချောတာတွေ ရင်ဆိုင်ရရင်ဆိုင်ရ ထိုစိတ်ဒုက္ခကို ရင်ဆိုင်ဖို့ အင်အားရှိနေခဲ့တာကို ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခဲ့တာပါပဲ။ ပြီးတော့ မေမေကြီး ကွယ်လွန်ခဲ့ပြီးနောက်ပိုင်းမှာ လဆန်း ၁ ရက်နေ့ကစလို့ မွေးရက်ကျသူက ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းရသည့် အလေ့အထလည်း ပျောက်ပျက်သွားခဲ့တာ အခုတိုင်ဆိုပါတော့။ မေမေကြီး ကွယ်လွန်ခဲ့ပြီးတဲ့နောက် စိတ်မပါတော့တာလည်း ဖြစ်နိုင်သည်။ ကျွန်မ၏ ဘဝရည်မှန်းချက်တွေလည်း တစ်ခုပြီးတစ်ခု စွန့်ခွာဖယ်ခွာ သွားစမို့လည်း ဆုတောင်းရတာကိုပင် စိတ်မပါတော့ရာကနေ ထိုအလေ့ အထလေးပျောက် သွားပုံရပါသည်။
          တစ်နေ့က တရားဟောသည့် အထဲမှာလား၊ သူများပြောတာကြားမိသလားတော့ မမှတ်မိပါ။ ကိုယ်က ဆုတောင်းမေတ္တာပို့တဲ့အခါ ကိုယ့်ရဲ့စိတ်ဟာ သန့်ရှင်းကြည်လင်ပြီး ငါးပါးသီလမြဲရင် ပိုပြီးထိရောက်ပါသတဲ့။ ထိုအချက်ကြောင့် ကျွန်မ တွေဝေသွားခဲ့ရပါသည်။ ကျွန်မ တစ်သက်လုံးဆုတွေတောင်းလိုက်သည်မှာ ထိုကဲ့သို့သော စိတ်ကြည်လင်မှုနှင့်လား၊ ၅ ပါး သီလရော မြဲနေရဲ့လား။ အဲဒါကြောင့် ဆုတောင်းမပြည့်ခဲ့တာနေမှာပေါ့။ အဲဒီလို တွေးလိုက်တော့ အတော်လေး ဖြေသာသွားပါသည်။
          ကျွန်မသည် ပြက္ခဒိန်စာရွက်တွေကို လှန်လှောရင်း လဆန်းတစ်ရက်နေ့ကို လိုက်ရှာနေမိပါသည်။ ထို့ပြင် ကျွန်မ မွေးရက်ကျသည့်လကို တွေ့လိုတွေ့ငြား ရှာပါသည်။ တစ်လလမှာတော့ တွေ့နိုင်ပါသည်။ ဖယောင်းတိုင် ၁ဝ၈ တိုင်ကိုလည်း စုထားရပါဦးမည်။ အဲဒီနေ့ ဖယောင်း တိုင်တွေ စထွန်းပါသည်။ ၁ဝ၈ တိုင် ပြည့်သွားသောနေ့မှာ ဆုတစ်ခုကိုတော့ တောင်းကြည့်ချင်ပါသည်။ မပြည့်လျှင်လည်း ရပါသည်။ နောက်တစ်ခါ လဆန်း ၁ ရက်နေ့နှင့် ကျွန်မ၏ မွေးရက် တိုက်ဆိုင်တဲ့နေ့ ရောက်လာသည့်အခါ ထပ်ပြီးဆုတောင်းပါဦးမည်။
       

ကနေဒီအမှတ်တရ - ဂျူနီယာဝင်း

ကနေဒီအမှတ်တရ - ဂျူနီယာဝင်း

(အမှတ် ၁၈၆၊ ၂ဝဝရ၊ စက်တင်ဘာလ အတွေးအမြင်)
          ဂျွန်အက်ဖ်ကနေဒီ (John Fitzerald Kennedy) (John F.Kennedy) ၁၉၆၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၂၂) ရက်နေ့တွင် ဒါးလက်စ် မြို့သူ မြို့သား၏ ရှေ့မှောက်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် ၃၃ နှစ်အကြာတွင် အခင်းဖြစ်ပွားစဉ်က သမ္မတကြီးနှင့် နီးကပ်စွာရှိနေခဲ့ သူ နယ်လီကွန်နယ်လီ (Nellie Con Nally) က အဲဒီတုန်းက အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထိုနေ့က အဖြစ်တွေကို (၂၆) မျက်နှာ ရေးသားခဲ့ပြီးသည့်နောက် (၃၃) နှစ်အကြာမှပင် ပထမဦးဆုံးအကြိမ် ပြန်လည်ဖတ်ရှုခဲ့သည်ဟု သူမက ဆိုထားပါသည်။ မှေးမှိန်နေပြီဖြစ်သော အဝါရောင် စာမျက်နှာတွေကို သူ ယခုလို ထုတ်ဖော်ဖို့ ဆုံးဖြတ်လိုက်ခြင်းသည် တိုင်းပြည်အတွက်လည်းမဟုတ်၊ သမိုင်းတွင် သွားစေဖို့လည်း မဟုတ်ပါဘူးတဲ့။ ဒါတွေကို သူ့သားသမီးတွေ မြေးတွေ သိသွားစေချင်တဲ့အတွက်သာ ဖြစ်ပါသတဲ့။
          (၁၉၁၇) ခုနှစ် မေလ (၂၉) ရက်နေ့ ဖွားဂျွန်အက်ဖ်ကနေဒီသည် အမေရိကန်ပြည်ထောင်စု၏ (၃၅) ဦးမြောက် သမ္မတကြီးဖြစ်ပါ သည်။ ၁၉၆ဝ ခုနှစ်မှာ သမ္မတအဖြစ် ရွေးချယ်ခံရသူဖြစ်သည်။ သူသည် အိုင်ယာလန်-အမေရိကန်မိသားစုက ပေါက်ဖွားလာသော နိုင်ငံရေး အရ ထင်ရှားသော မိသားစုဝင်တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဒဏ်ရာရသော လုပ်ဖော်ကိုင်ဖက် သင်္ဘောအမှုထမ်းတစ်ဦးအား ပင်လယ်ကို ဖြတ်၍ သယ်ယူကူးခတ်ကာ နီးရာ ကျွန်းရှိရာသို့ ကယ်တင်ခဲ့သော သူ၏ ရဲစွမ်းသတ္တိနှင့် သူရဲကောင်းစိတ်ဓာတ်သည် ပြောစမှတ် ပြုရလောက်အောင် ကျန်ရစ်ခဲ့ပါသည်။
          (၁၉၆၃) ခုနှစ် နိုဝင်ဘာလ (၂၂) ရက် သောကြာနေ့နေ့လည် (၁၂) နာရီခွဲမှာ နိုင်ငံရေးခရီးစဉ်တစ်ခုအဖြစ် (Texas) ကို ဖြတ်သန်း သော ခရီးစဉ်တစ်ခု ထွက်ခဲ့သည်။ တက္ကဆက်ပြည်နယ်က ဒါးလက်စ်မြို့ကို အရောက်မှာ အများသိကြသည့်အတိုင်း လုပ်ကြံခံခဲ့ရသည်။ အဲဒီ တုန်းက ကားပေါ်မှာ သမ္မတကြီးနှင့်အတူ သူ၏ ဇနီးဂျက်ကီရယ်၊ မြို့တော်ဝန် ဂျွန်ကွန်နယ်လီရယ်၊ ပြီးတော့ နယ်လီကွန်နယ်လီရယ် ပါပါ သည်။ အခင်းဖြစ်တဲ့ ဖြစ်ရပ်ကို အသံတိတ် စူပါ ၈ မီလီမီတာ ဖလင်နှင့် ဒါးလက်စ်မြို့က အဝတ်အထည်လုပ်ငန်းက အေဘရာဟမ်ဇာ ပရုဒါက မမျှော်လင့်ဘဲ အစအဆုံးရိုက်ဖြစ်ခဲ့ပါသည်။ သူ၏ ရိုက်ကူးခဲ့မှုကြောင့်သာလျှင် သမ္မတကြီးလုပ်ကြံခံခဲ့ရပုံ မြင်ကွင်းကို တစ်ကမ္ဘာ လုံးက သိရှိခွင့် တွေ့မြင်ခွင့်ရခဲ့ကြတာဖြစ်ပါသည်။ ဖလင်ထဲမှာ ပထမဦးဆုံးကျည်ဆန်က သမ္မတကြီး၏ လည်ပင်းကို ထိသွားပုံ၊ နောက်တစ် ချက်က သမ္မတကြီးရဲ့ ဦးခေါင်းညာဘက်ကို ထိမှန်ခဲ့ပုံတွေ ပါသည်။
          မြို့တော်ဝန်၏ ဇနီးဖြစ်သူ နယ်လီကွန်နယ်လီက တစ်ချက်ပြီး တစ်ချက်ဝင်လာသော သေနတ်သံတွေ၏ နောက်မှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 'သေနတ်သံက သုံးချက်ဖြစ်ပါတယ်။ ဒါသေချာပါတယ်။ သုံးချက်စလုံးက အနောက်ဘက်ကနေ လာတာဖြစ်ပါတယ်။ အဲဒီအထဲက ဒုတိယအချက်က ကျွန်မခင်ပွန်းရဲ့ နောက်ကြောကို ထိပါတယ်။ ကျည်ဆန်ဟာ နံရိုး ရယ်၊ လက်ကောက်ဝတ်ရယ်၊ ပေါင်ရယ်ကို ဖြတ်သွားပါတယ်။ ယခုအခါ အသက် (၈၄) နှစ်ရှိပြီဖြစ်သော နယ်လီကွန်နယ်လီက (၁၉၆၃) ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က အဖြစ်တွေကို အနှစ် (၄ဝ) အကြာမှာ 'သမ္မတကြီးဂျွန်အက်ဖ်ကနေဒီ၏ နောက်ဆုံးအချိန်များ'ဆိုပြီး စာအုပ်ထုတ်ခဲ့ပါပြီ။ သူ့စာအုပ်ထဲမှာ သမ္မတကြီးသေနတ်ပစ်မခံရခင် စက္ကန့်ပိုင်းလေးတုန်းမှာ ပြောခဲ့တဲ့ စကားအခို့ျကို ထည့်သွင်းဖော်ပြထား ပါသည်။
          အဲဒီအချိန်တုန်းက သမ္မတကြီး စီးသော ကားသည် အမိုးဖွင့်ကားကြီး ဖြစ်သည်။ (၁၉၆၃) ခုနှစ်မှာ သေနတ်ပြီးသည့်ကားတွေကို သမ္မတများ စီးနင်းသည့်အခါ မဟုတ်သေးချေ။ သမ္မတကနေဒီနှင့် သူ့ဇနီးတို့ရှေ့မှာ တက္ကဆက်မြို့တော်ဝန် ဂျွန်ကွန်နယ်လီနှင့် သူ့ဇနီးတို့ လိုက်ပါလာကြသည်။
          နယ်လီကွန်နယ်လီက ဒါးလက်စ်မြို့သူ မြို့သားတွေ သမ္မတကြီးကို ကြိုဆိုနေကြတာကို ကြည့်ပြီး သမ္မတကြီးကို အခုလို မေးလိုက်ပါ သည်။
          ''သမ္မတကြီး ... ဒါးလက်စ်မြို့က ရှင့်ကို မချစ်ကြဘူးလို့ ပြောမလား''
          ''ဒါ သံသယမရှိပါဘူးဗျာ''တဲ့။ ဒါသမ္မတကြီးရဲ့ နောက်ဆုံးစကားဖြစ်လိမ့်မယ်လို့ ဘယ်သူက ကြိုသိပါ့မလဲ။ အဲဒီအချိန်မှာပင် သေနတ်သံတွေ တစ်ချက်ပြီးတစ်ချက်...။ အမိုးဖွင့်ကားကြီးပေါ်မှာ အဝါရောင်နှင်းဆီပန်းတွေ၊ အနီရောင် နှင်းဆီပန်းတွေနှင့်အတူ သွေးတွေ လည်း စွန်းထင်ကျန်ရစ်ခဲ့ပါပြီ။
          ဂျွန်အက်ဖ်ကနေဒီသည် အမေရိကန်နိုင်ငံသားတွေကို 'တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးမလဲလို့ မမေးပါနှင့်၊ ကိုယ့်တိုင်းပြည် အတွက် သင်ဘာလုပ်ပေးနိုင်သလဲဆိုတာကိုပဲ မေးပါ''ဟူသော စကားများ၊ ဆင်းရဲမွဲတေမှုနှင့်ရော ဂါဘယရယ်၊ ပြီးတော့ စစ်ရယ်ပဲ ဖြစ်ပါ တော့တယ်'' ဟူသော မိန့်ခွန်းစကားများကို ထားရစ်ခဲ့ပြီ ဖြစ်ပါတော့သည်။