Wednesday, September 3, 2014
Book Review
စတီဗင်ဟောကင်း ကျွန်တော့သမိုင်းအကျဉ်းချူပ်- ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
စာအုပ်အမည်- စတီဗင်ဟောကင်း ကျွန်တော့သမိုင်းအကျဉ်းချူပ်
မူရင်းစာအုပ် - My Brief History by Steven Hawking
ဘာသာပြန်သူ - ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)
ဒေါင်းစာပေ
၁၁၃- ၃၃ လမ်း အလယ် ကျောက်တံတားမြို့နယ်
ဖုန်း - ၃၇၃၂၁၀။ ၀၉  ၅၁၆ ၂၀၆၄
ပထမအကြိမ် ၂၀၁၄ ဇူလိုင်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၂၀၀၀ ကျပ်
မျက်နှာဖုံး - နောင်နောင်စိုး
စာမျက်နှာ - ၁၂၈ (Index အပါအ၀င်)
(Index မှာ မူရင်းစာအုပ်တွင်မပါရှိပါ။ ဘာသာပြန်သူက စာဖတ်သူများ ပိုရွေ့ နားလည်စေရန် ဖြည့်စွက်ပေးထားခြင်းဖြစ်ပါသည်။)
အခန်းပေါင်း - ၁၃ ခန်း
ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း ကိုယ်တိုင်ရေး သမိုင်းအကျဉ်းချူပ်ဖြစ်သည်။ သူ၏ကလေး ဘ၀ကနေစလို့ သူလက်ရှိအခြေအနေအထိကို သူကိုယ်တိုင်နဘေးကနေ သူ့အကြောင်းများ စီကာပတ်ကုံး ပြောပြနေတာကို နားဆင်နေရသလို ခံစားသွားရမည့် စာအုပ်ဖြစ်ပါသည်။ သူ၏ကလေးဘ၀ကနေ သူ၏စိတ်ကူးအတွေးများ ယုံကြည်မူများကို တစစီဖတ်သွားရကာ သိပံပညာရှင် ဘ၀မှာ သူ၏ စိတ်ကူးများ ဘယ်လိုတွေးခေါ်ကာ စဉ်းစားလုပ်ဆောင်ခဲ့ပုံများကား စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ နားလည်ရန်ခက်ခဲလှသည့် သိပံ၏ အတွေးအခေါ်များ ဖြစ်သော တွင်းနက်၊ မဟာပေါက်ကွဲမူများ၊ ကြယ်မည်းများ၊ စိတ်ကူးယှဉ်အချိန်၊ တီကောင်တွင်း၊ အချိန်ကိုကျောက်ဖြတ်သွားရောက်ခြင်း၊ ဆွဲငင်အားများ၊ အချိန်စက်ကြီး အစရှိသော ဝေါဟာရများကို နားလည်အောင် ရှင်းလင်းရေးသားထားသည် များကိုတွေ့ရသည်။ ယင်းသည် ဘာသာပြန်သူ ဒေါက်တာခင်မောင်ဝင်း(သင်္ချာ)၏ စာဖတ်သူများကို နားလည်အောင် ရေးသားတတ်သော အနုပညာ စွမ်းကြောင့်ပင်ဖြစ်ပါလိမ့်မည်။
စတီဗင်ဟော့ကင်းသည် အသက် ၂၁ နှစ်အရွယ်လောက်တွင် ကုမရသော ရောဂါကိုခံစားခဲ့ရပြီး ဘီးတပ်ကုလားထိုင်ဖြင့်သွားလာနေရပြီး ဘာမှမလှူပ်ရှားနိုင် စကားလည်း မပြောနိုင် နေနေရသူဖြစ်လေသည်။ သို့သော် သူသည် သူ့လက်ချောင်းကလေးများကို သာလှူပ်ပြီး ကွန်ပြူတာကတဆင့် စာလုံးများကိုဖော်သော နည်းဖြင့် သူ၏အတွေးအခေါ်များကို လူများအား အသိပေးခဲ့သည်။ ထိုအခြေအနေဖြင့် ရေးသားခဲ့သော A Brief History of Time – From the Big Bang to Black Holes စာအုပ်သည် နယူးရောက် တိုင်း သတင်းစာတွင် အရောင်းရဆုံးစာရင်း ထဲတွင် ၁၄၇ ပတ်ပါဝင်ခဲ့သည်။ တိုင်းသတင်းစာတွင် စံချိန်တင် ၂၃၇ ပတ် တိုင်တိုင် အရာင်းရဆုံးစာအုပ်စာရင်းထဲ ပါခဲ့သည်။ ထိုစာအုပ်သည် ဘာသာ ၄၀ ဘာသာပြန်ခဲ့သည်။ စာအုပ် ဆယ်သန်းရောင်းခဲ့ရသည်။ စာဖတ်သူများ၏ စိတ်ဝင်စားမူများ၊ လူအများအာရုံစိုက်မူများ ခံခဲ့ရပါသည်။ သို့သော် ထိုအောင်မြင်သော အခြေအနေကို မရောက်ခင်မှာ သူ့ဘ၀ သူ့အကြောင်းများကား ယခုသူ့သမိုင်းအကျဉ်းချူပ်ကို ဖတ်ကြည့်မှသိမည် ဖြစ်ပါသည်။ သူ၏ သိပံပညာဆိုင်ရာ ကျိုးပမ်းမူများ၊ ကျမ်းမာရေးကြောင့် သူ့ဘ၀သည် အဆိုးထဲက အကောင်းကို ရှာတွေ့ခဲ့ရပုံများကို စိတ်ညစ်ညူးဖွယ်မဟုတ်ပဲ ဟာသဆန်ဆန်များ ရေးသားထားသည် ကိုတွေ့ကြရပါသည်။  ရှားပါးဓါတ်ပုံများ ပါဝင်ထားခြင်းများကြောင့် သူ၏ကိုယ်တိုင်ရေးအတုပတိသည် သူရေးသားသောစာများနှင့်အတူ စာဖတ်သူများ မငြီးမငွေ့ဖတ်သွားရပေလိမ့်မည် ဟုကောက်ချက်ချရမည် ဖြစ်ပါတော့သည်။
Book Review -
မောင်ဝံသအမှတ်တရ စာအုပ်
မျက်နှာဖုံးပန်းချီ - မျိုးမြင့်
ဒေါင်းစာပေ
၁၁၃ ၃၃ လမ်း (အလယ်) ကျောက်တံတား ရန်ကုန်
ဖုံး - ၃၇၃၂၁၀။ ၀၉  ၅၀၄ ၀၉ ၉ ၎
ပထမအကြိမ်
သြဂုတ်လ ၂၀၁၄
အုပ်ရေ - ၅၀၀
တန်ဖိုး - ၈၀၀၀ ကျပ်
အတွင်းဒီဇိုင်း - အိရွှေစင်
ထုတ်ဝေသူ ဒေါ်ခင်မျိုးမြတ် နန်းဒေ၀ီစာပေ
စာမျက်နှာ - ၅၂၀
မာတိကာ မှာ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ၊ ရေးဖော်ရေးဖက်များ၊ မိသားစု၊ တပည့်များ၊ ဆရာမောင်ဝံသကိုယ်တိုင်ရေးသားထားသော အမှတ်တရဆောင်းပါး ၀တုနှင့် စာတမ်းများအပါအ၀င် ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုတွင် ဖတ်ကြားခဲ့သော ဆရာမောင်ဝံသစာတမ်း Writing Between the lines ၊ အမှတ်တရ မှတ်တမ်းများနှင့် အမှတ်တရ လွမ်းသူ့ပန်းခွေ စသည်ဖြင့် ပါရှိပါသည်။ ဆရာမောင်ဝံသ ကွယ်လွန်ခဲ့ခြင်း နှစ်ပတ်လည် ရွှေကျင်ကျောင်းတိုက်တွင် မိသားစုမှ ကျင်းပပြုလုပ်ခဲ့စဉ် တက်ရောက်လာသော စာရေးဆရာများ ပရိသတ်များအား ထိုအမှတ်တရစာအုပ်များ ပေးခဲ့ပါသည်။ ဆရာမောင်ဝံသ၏ တပည့်တပန်းများ မိသားစုဝင်များ မိတ်ဆွေစာရေးဖော်များ နိုင်ငံရေးမိတ်ဆွေများ စွာရေးသားထားသော ဆရာ့ကိုလွမ်းသည့်စာများသည် စိတ်မကောင်းစရာ ၀မ်းနည်းစရာများ အပြည့်ဖြစ်ပါသည်။ ထို့ပြင် ဆရာမောင်ဝံသ ၏အမှတ်တရဓါတ်ပုံများစွာသည် ဆရာ့ကိုပိုရွေ့ပင်သတိရစေပါသည်။ ဆရာလျောက်လှမ်းခဲ့သော မှတ်တိုင်များစွာ၊ ဆရာ၏သမိုင်းပုံရိပ်များကို ထိုစာအုပ်တွင် တစည်းတလုံးတည်း ဖတ်ခွင့်ရလိုက်ခြင်းဖြင့် ဆရာမောင်ဝံသအမှတ်တရ သည်ပိုပြီးပီပြင်လာ ခဲ့ရပါသည်ဟူရွေ့ မှတ်တမ်းတင်လိုက်ရပါသည်။
Sunday, June 29, 2014
စာရေးဆရာပြဇာတ်တုုိ့၏ ရွှေခေတ်
ဂျူနီယာဝင်း
ဇွန် ၂၈၊ ၂၀၁၄
The Golden Age of Writers’ Theatre
Junior Win ၏ Walking Through The Wonderand ကင်ဒဲယ် အီးဘုုတ်မှ The Golden Age of Writers’ Theatre ကုုိကိုုယ်တုုိင်ဘာသာပြန်ထားပါသည်။
(၁၉၅၀? လောက်က ကပြခဲ့ကြသော ဒုုိင်းခင်ခင်ပြဇာတ်အတွက် အစမ်း ရီဟာဇယ် လေ့ကျင့်နေကြစဉ်။ (ဝဲမှယာ) (ဦး) သုုခ၊ ဦးခင်မောင်လတ်၊ (ဒေါ်) ခင်မျိူးချစ်နှင့် (ဒေါ်) မလှသန်း။)
“စာရေးဆရာပြဇာတ်“ မြန်မာပြည်မှာ မြန်မာပြည်က စာရေးဆရာတွေ တီထွင်လုုိက်တာ ဖြစ်ပါသည်။ သူတုုိ့က ရုုပ်ရှင်မင်းသား မင်းသမီးတွေတော့ မဟုုတ်ကြပါဘူး။ သုုိ့သော် သူတုုိ့က တကယ့်သရုုပ်ဆောင်တွေလုုိပဲ သရုုပ်ဆောင်ကပြ ကြပါသည်။ စာရေးဆရာ များ၏ပြဇာတ် ပေါ်လာတာ မြန်မာပြည်မှာ ဂျပန်တွေခေတ် ကနေစလာလုုိက်တာ ၁၉၅—? အထိကဟုုပဲ ခန့်မှန်းပါသည်။ ကျွန်မတုုိ့၏ အဘုုိးအဘွားများက စာရေးဆရာများဆုုိတော့  အဲသည်ပြဇာတ်ထဲ ပါဝင်ကြတာ အသေအချာပေါ့။
● စာရေးဆရာပြဇာတ် ဘယ်လုုိစဖြစ်ပေါ်?
အဲသည်အချိန်အခါတုုန်းက မြန်မာစာရေးဆရာများ အဖွဲ့ကနေ ရန်ပုုံငွေ အတွက် ပြဇာတ်တစ်ပုုဒ်ကဖုုိ့ ဆုုံးဖြတ်ခဲ့ကြပါသည်။ အဖွဲ့ဝင် တွေဟာ ဦးပုုည၏နံမယ်ကြီး ပြဇာတ်များအပါအဝင် မြန်မာပြဇာတ်များစွာကုုိ ရွေးချယ် ကပြကြဖိုု့ စဉ်းစားခဲ့ကြပါသည်။ (ဦးပုုညဆုုိတာ မြန်မာ့နံမယ်ကျော် စာရေးဆရာ ကဗျာဆရာကြီးဖြစ်သည်။ ကဗျာတွေလည်းများစွာ ရေးသားခဲ့သူ ဖြစ်သည်။ သူကသမုုိင်းဝင် နံမယ်ကျော် စာကြီးပေသားများကုုိ ရေးသားခဲ့သူဖြစ်ပါသည်။ သူရေးသားသော ကဗျာစာကြောငး်များမှာ ရှည်လျားပြီးခက်ခဲလှ၏။ ဘယ်လုုိရုုပ်ရှင်မင်းသားမင်းသမီးတွေ မှပင် သူ့စာကြောင်းကြီးများကုုိ သံနေသံထား မှန်မှန်ဖြင့် အလွတ်မရွတ်နုုိင်ကြပါ။ အင်း….. စာရေးဆရာများကလွဲ လုုိ့ပေါ့။ သည်ထဲမှာ ရုုပ်ရှင်သရုုပ်ဆောင်လဲ ဟုုတ်နေသည့် စာရေးဆရာကြီး ဦးသုုခ လုုိ နံမယ်ကျော် စာရေးဆရာ အဆုုိတော်ကြီး အတွက် ချွင်းချက်ထားရပေတော့မည် ဖြစ်ပါသည်။)
● စာရေးဆရာပြဇာတ်အတွက် ပြဇာတ်များ
စာရေးဆရာပြဇာတ်ထဲတွင် စာရေးဆရာများက မင်းသား မင်းသမီးများ ဖြစ်လာသည်။ သူတုုိ့ကပြခဲ့သည့် ပြဇာတ််များမှာ ဒုုိင်းခင်ခင် (သီပေါမင်း၏ ကြင်ယာတော် အကြောင်းရေးထားသည့် ဇာတ်လမ်း) ပြဇာတ်၊ ၀ိဇယ (မင်းသားအမည်)၊ နတ်သျှင်နောင် (မြန်မာစစ် သည်နှင့်ကဗျာဆရာ အကြောင်းဇာတ်လမ်း) ပြဇာတ်၊ မြဝတီမင်းကြီးဦးစ (မြန်မာစစ်သည်တော် ပညာတတ် ကဗျာဆရာ အကြောင်း) ပြဇာတ်၊ စသည်စသည်ဖြင့်တုုိ့သည် စာရေးဆရာ ပြဇာတ်များဖြစ်လာကြပါသည်။
(ပုုံတွင် စာရေးဆရာကြီး (ဦး) သင်္ခက ဘုုရင်အဖြစ်၊ (ဒေါ်)ခင်မျိူးချစ်က ဘုုရင်မကြီးအဖြစ် သရုုပ်ဆောင်နေကြပုုံ။)
● ဘယ်သူတွေက ဘယ်လုုိဇာတ်ကောင်တွေ သရုုပ်ဆောင်ကြသလဲ?
(ဦး)သင်္ခ (စာရေးဆရာ) က အမြဲတမ်း ဘုုရင်လုုပ်ကာ ကျွန်မအဘွား (ဒေါ်)ခင်မျိူးချစ်က အမြဲတမ်း ဘုုရင်မကြီး လုုပ်လေ့ရှိကြပါသည်။ ရွှေညာမောင် (စာရေးဆရာ) က အဓိကသရုုပ်ဆောင် လုုပ်လေ့ ရှိပါသည်။ မေနွဲ့(သူက စာရေးဆရာမ အရင်ဖြစ်တာဖြစ်ပါတယ်။ နောက်မှ စာရေးဆရာပြဇာတ်ကနေ မင်းသမီးတကယ် ဖြစ်သွားတာပါ။) က အဓိကမင်းသမီး လုုပ်ပါသည်။ ဗိုုလ်ဗကုုိ (စာရေးဆရာ) ကဒုုိင်းခင်ခင် ပြဇာတ်တွင် သီပေါမင်းသား လုုပ်ပါသည်။ (ဒေါ်) မလှသန်း (စာရေးဆရာ) က ဒိုုင်းခင်ခင် လုုပ်ပါသည်။ ဦးချင်းစိန် (စာရေးဆရာ) က နတ်ရှင်နောင် လဲလုုပ်ကာ မြဝတီမင်းကြီးဦးစ လဲလုုပ်ပါသည်။ (ဦး) သုုခ (စာရေးဆရာ) က ၀ိဇယမင်းသား အဖြစ်လည်းကောင်း၊ မောင် ဖေငယ်အဖြစ်လည်းကောင်း သရုုပ်ဆောင်ပါသည်။ သူသရုုပ်ဆောင်တဲ့ ၀ိဇယ ဇာတ်ကောင်သည် ဦးသုုခအား ဒရာမာ ဇာတ်ကောင်အဖြစ် တွန်းပုုိ့ခဲ့ပါတော့သည်။ ဂျပန်ခေတ်တစ်ခေတ်လုုံးမှာ (ဦး)သုုခသည် သီချင်းပြဇာတ်များစွာ ထုုတ်လုုပ်ခဲ့ပါသည်။ ဇဝန (စာရေးဆရာ)သည် ပြဇာတ်တွေမှာ ဟာသသရုုပ်ဆောင်အဖြစ် သရုုပ်ဆောင်ပါသည်။ မေနွဲ့သည် စုုဖရားလတ် (သီပေါမင်း၏ အလွန်သဝန်တိုုသော ဇနီးသည် လည်းဟုုတ် ဘုုရင်မကြီးလဲဟုုတ်) အဖြစ်လည်းကောင်း၊ (ဒေါ်) ကြည်မာ(စာရေးဆရာမ) သည် စုုဖရားလေး (စုုဖရားလတ်၏ ညီမတော်) အဖြစ်လည်းကောင်း သရုုပ်ဆောင်ကြကာ ကျွန်မအဘုုိးနှင့်အဘွားသည် ဒုုိင်းခင်ခင်၏ မိဘများအဖြစ် အမြဲသရုုပ်ဆောင်ကြပါလေသည်။ 
(ကျွန်မအဘွား (ဒေါ်) ခင်မျိူးချစ်အား စာရေးဆရာပြဇာတ်တစ်ခုုတွင် မိဖုရားအဖြစ် တွေ့ရပုုံ)
● စာရေးဆရာပြဇာတ်တွေ ဘယ်ရုုံမှာပြကြသလဲ?
စာရေးဆရာပြဇာတ်တွေသည် မြန်မာပြည်တွင် အလွန်ပရိသတ်စိတ်ဝင်စားကြသော ပြဇာတ်တွေ ဖြစ်ခဲ့ပါသည်။ ဝဇီရာ ရုုပ်ရှင်ရုုံ မှာ ကပြခဲ့ကြသည်။ သူတုုိ့၏ စာဖတ်ပရိသတ်များကလည်း သူတုုိ့အသည်းစွဲ စာရေးဆရာများ ၏သရုုပ်ဆောင်မူများကုုိ တွေ့မြင်ရမှာမိုု့ အလွန်နှစ်သက်ကြကာ ဦးပုုည၏ ကြီးကျယ်ခန်းနားသော ဂန္ဓဝင်မြောက်စာသားများကုုိ နားနှင့် ဆတ်ဆတ်ကြားလုုိလှလေသည်။ မြန်မာလူမျိူးတွေဆုုိတာ ဂီတာတုုိ့ အကတုုိ့ သီချင်းတုုိ့နှစ်သက်သူများ မဟုုတ်ပါလော။ 
(မေမေကြီး (ဒေါ်) ခင်မျိူးချစ်ကုုိ စာရေးဆရာပြဇာတ် ဒုုိင်းခင်ခင်ပြဇာတ်တွင်း တကယ်သရုုပ်ဆောင်ဖုုိ့ ရုုိက်ထားပုုံ။)
ဝမ်းနည်းစရာကောင်းတာကတော့ ရှားပါးဓါတ်ပုုံများကလွဲပြီး ဘာမှတ်တမ်းမှ မကျန်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုုခေတ်လိုု ဒစ်၈ျစ်တယ် ဟမ်းဖုုန်းခေတ် သာဆုုိပါရင် ထုုိမှတ်တမ်းမှတ်ရာများသည် ယနေ့ခေတ်အတွက်တော့ ဂန္ဓဝင်မြောက် စာရေးဆရာပြဇာတ် ရွှေခေတ်တစ် ခေတ်ကုုိ လှစ်ဟပြသ လျက်ရှိနေတော့မည်မှာ သေချာပါသည်။
(video on YouTube in 2022)
စာအုပ်အမည် – My Life Will Go On. ရေးသူ – Junior Win
စာအုပ်အမည် – My Life Will Go On. ရေးသူ – Junior Win
ဂျူနီယာဝင်း၊ ဇွန် ၂၄၊ ၂၀၁၄
ရန်အောင်စာပေ
အ-ထ-က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H) ၁၂လုံးတန်းမှတ်တိုင်အနီး ရန်ကင်းမြို့နယ်
ဖုံး ၀၉  ၅၁၇ ၉ ၃၉ ၈။ ၀၉  ၇၃၂ ၄၃၈ ၅၁။
ထုတ်ဝေသူ – ဦးလှတိုး
ပထမအကြိမ် ၂၀၁၄ ဇွန်လ
အုပ်ရေ – ၅၀၀
တန်ဖိုး- ၁၀၀၀ ကျပ်
မျက်နှာဖုံး ပန်းချီလက်ရာ – ပေါ်ဦးသက်
မျက်နှာဖုံး ဒီဇိုင်း – ကိုမြင့်စိုး
နောက်ဖုံးပန်းချီကား – A Girl in the Wood (Vincent Van Gogh)
စာမျက်နှာ – ၇၀
အခန်းပေါင်း – ၁၉  ခန်း
သည်စာအုပ်ကလေးက အမေဇုံကင်ဒဲယ်မှာ တင်ဖြစ်ခဲ့တာ မနှစ်ကပါ။ ၂၀၁၃ခုနှစ် မတ်လ ၁၄ရက်နေ့ ဖြစ်ပါတယ်။ အဲသည်မတိုင်ခင်တုန်းက ကာလတစ်ခုဆီကို ပြန်သွားချင်တယ်။ အမေဇုံမှာ အင်္ဂလိပ်လိုစာအုပ်တစ်အုပ်ရေးမယ်လို့စိတ်ကူးနဲ့ စာစီနေစဉ်မှာ စာအုပ် ဘီဒိုဟောင်းထဲက အမှိုက်ပုံထဲကလို့ ဆိုမလား။ ပြဇာတ်တစ်ပုဒ်ကို ရှာတွေ့ခဲ့ပါတယ်။ ပြဇာတ်နံမယ်က Pride and Prejudice လို့အမည်ပေးထားတဲ့ ကိုယ်တွေ့ပြဇာတ်ပါ။ အဲသည်ပြဇာတ်က ၁၉ ၉ ၉  ခုနှစ်နောက်ပိုင်းက လောက်ကလို့ ထင်တာပဲ။ ဒါမှမဟုတ်လဲ အဲသည်ဝန်းကျင်ပေါ့။ ဘီဘီစီကနေ ပြဇာတ်ပြိုင်ပွဲတစ်ခု လုပ်တုန်းက ပြိုင်ပွဲဝင် ပြဇာတ်တစ်ခုအနေနဲ့ ၀င်ပြိုင်ခဲ့ဖူးတဲ့ ပြဇာတ်ဟောင်းတစ်ပုဒ် ဖြစ်ပါတယ်။ စာမျက်နှာ ၂၀ ကျော်လောက်ရှိပြီး ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်တွေထဲက ပညာရေးနယ်ပယ်ထဲကနေ ကြိုးစားခဲ့ရပုံများနဲ့ နောက်ဆုံးနှစ် မဟာသိပံစာမေးပွဲ အထိ ရေးထားတဲ့ အင်္ဂလိပ်လိုရေး ပြဇာတ်ပါ။
ကျွန်မရဲ့ အတွေးအမြင် ပရိသတ်ကတော့ ကျွန်မရေးခဲ့တဲ့ ဘ၀စာမျက်နှာ တွေ ဖတ်ဖူးထားခဲ့ရင် အဲသည်ပြဇာတ်ထဲ ဘာတွေလဲဆိုတာ သိကြမှာပါပဲ။ ဒါပေမယ့် နောက်ပိုင်း စာရေးဖြစ်လာခဲ့တဲ့ အကြောင်းတွေ မပါသေးပါဘူး။ အဲဒီဟာကို ပြန်ရှာတွေ့လိုက်တာဟာ သည်စာအုပ်လေး ဖြစ်လာဖို့ အစပါပဲ။ ပြဇာတ်ဆိုတော့ ဒိုင်ယာလော့တွေနဲ့ ပဲတည်ဆောက်ထားတာပါ။ ဒါကို စကားပြေပြန်ရေးရတယ်။ ပြီးတော့ စာရေးဆရာ ဖြစ်လာပုံများကို ထပ်ဖြည့်ဖြစ်ခဲ့ပါတယ်။ ဒါကို ပြည်တွင်းမှာ ထုတ်ချင်ခဲ့ပေမယ့် ထုတ်ဝေသူတော်တော်များများက ဗမာလိုပြန်ခိုင်းတာကြောင့် ကြန့်ကြာသွားခဲ့ပါတယ်။ အခုတော့ ရန်အောင်စာပေက ထုတ်ပေးခဲ့ပါပြီ။ ဘာသာပြန်ဖို့စိတ်ကူးမရှိပါဘူး။ အကြောင်းကတော့ အဲသည်ထဲက အခန်းတွေဟာ ကျွန်မရေးနေတဲ့ အတွေးအမြင်ထဲက ရေးခဲ့ပြီး ဖော်ပြခဲ့ပြီးတဲ့ ပညာရေးဆိုင်ရာဆောင်းပါးတွေ ဘ၀စာမျက်နှာတွေ ဖြစ်နေလို့ပါပဲ။ ဒီတော့ အခုလို အင်္ဂလိပ်လို ထုတ်ဖြစ်ခဲ့တော့ နည်းနည်းပါးပါးတော့ မြန်မာလိုဆောင်းပါးများထဲက ထည့်မရေးဖြစ်ခဲ့တာတွေတော့ ပါတာပေါ့လေ။ စာအုပ်တစ်အုပ် လိုရေးရတာဆိုတော့ အဖွင့်အပိတ် အစအဆုံးရယ်လို့ ဖြစ်အောင် စီစစ်ရေးသားရတာပေါ့။ သည်အထဲက နိဒါန်းကို ဘယ်လိုရေးထားတယ်ဆိုတာလေး ကို နည်းနည်း ဘာသာပြန်ပေးလိုက်ပါတယ်…..
“……………
………………………
…………………
ကျွန်မရဲ့ဘ၀မှာ ကျွန်မနဲ့ တခြားသူတွေကြား အရေးကြီးတယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး တော်တော့်ကို မတူညီတဲ့ အမြင်တွေ ရှိနေပါတယ်။ အဲသည်အချက်ဟာ ကျွန်မလျောက်ခဲ့တဲ့ ပညာရေးလမ်းကြောင်းမှာရော ကျွန်မရဲ့ စာပေနယ်ပယ်မှာပါ အရေးပါလှတဲ့ အစိတ်အပိုင်းအနေနဲ့ တည်ရှိနေပါတယ်။
ကျွန်မက ဟောဒါကတော့ဖြင့် အရေးကြီးတယ်လို့ ယူဆမိပေမယ့် တခြားသူတွေက ဒါကို အရေးမကြီးဘူးလို့ ယူဆကြပါတယ်။ ဒါကတော့ အလကားဟာတွေ၊ အေ၇းမကြီးပါဘူးလို့ ကျွန်မက ထင်ပေမယ့် တခြားသူတွေက သိပ်ကိုအရေးကြီးလှချေရဲ့၊ ဘ၀အတွက် အရေးပါလှချေရဲ့ လို့ မြင်ကြပြန်ပါရော။ တစ်ယောက်ယောက်ကတော့ အခုလိုဆိုချင် ဆိုနိုင်ပါတယ် …. အရေးကြီးတယ် အရေးမကြီးဘူးဆိုတဲ့ အချက်က ဘယ်လောက်တောင်အရေးကြီး နေလို့လဲ…..။ အင်း…. အဲဒါပေါ့ အခုကျွန်မ ရေးမှာ….
………….
………….“
အဲဒါ ကျွန်မရဲ့ My Life Will Go On စာအုပ်ကလေးရဲ့ အမြည်းဘာသာပြန်ပေး ထားပုံပါပဲ။ ဗမာလိုဖတ်ချင်သူများ ရှိလာရင် မေးသူများလာရင်တော့လဲ မြန်မာလိုပြန်ဖို့ စဉ်းစားရမှာပါ။
စာဖတ်သူများ၏ အလိုတော်အတိုင်းပါပဲ………။
အခုတော့ ဘိုလိုပဲ ခံစားကြည့်ကြတာပေါ့။
တေးဆိုငှက်ကလေးနိုက်တင်းဂေး၊ နှင်းဆီပန်းတစ်ပွင့်  လျို့ဝှက်သည်းဖိုသိပံ္ပဘာသာပြန်ဝတ္ထုများ (ဘာသာပြန်သူ – ဂျူနီယာဝင်း)
တေးဆိုငှက်ကလေးနိုက်တင်းဂေး၊ နှင်းဆီပန်းတစ်ပွင့်  လျို့ဝှက်သည်းဖိုသိပံ္ပဘာသာပြန်ဝတ္ထုများ (ဘာသာပြန်သူ – ဂျူနီယာဝင်း)
မိုးမခစာအုပ်စင်၊ ဇွန် ၁၉၊ ၂၀၁၄
အမွှာညီနောင်စာပေ
ထုတ်ဝေသူ – ဒေါ်စန်းစန်းဝေ
ထုတ်ဝေရာအရပ် – အမှတ် ၄၇၉ – ၄၈၁ မြေညီထပ် (ယာ) မဟာဗန္ဓုလလမ်းနှင့် ဗိုလ်ဆန်ပက်၊ လမ်း၃၀ကြား ပန်းဘဲတန်း။
မျက်နှာဖုံးပန်းချီ – အံ့ဖွယ်ဇင်
အတွင်းသရုပ်ဖော်လက်ရာ – မောင်ရစ်
အမှာစာ – ဒေါက်တာခင်မောင်ဝင်း သင်္ချာ
စီစဉ်သူ – ဦးကြည်နိုင်
ဖုန်း – ၀၁ ၂၄၅၃၆၈၊ ၀၉  ၈၆၃၃၀၄၄၊ ၀၉  ၄၉၃၄၆၂၁၁။
အုပ်ရေ – ၅၀၀
တန်ဖိုး – ၂၈၀၀ ကျပ်
ပထမအကြိမ်
၂၀၁၄ မေလ
စာမျက်နှာ – ၂၉ ၉
စာအုပ်ပုံစံ – ဘာသာပြန်ဝတ္ထုများ
ထူးခြားချက် – မူရင်းစာရေးဆရာကြီးများ၏  ဓါတ်ပုံများနှင့်သူတို့၏ အကြောင်း အကျဉ်းချူပ်များ ပါဝင်ခြင်း။
မူရင်းကမ္ဘာကျော်စာရေးဆရာကြီးများ – အော်စကာဝိုင်းလ်၊ အက်ဂါအယ်လန်ပိုး၊ ဆာအာသာကိုနင်ဒွိုင်း၊ ရေးဘရက်ဘာရီ။
မူရင်းဝတ္ထုအမည်များ – Happy Prince, Devoted Friend, Nightingale and the rose, Star Child; The Cask of Amontillado, The Pit and the Pendullum, Morella; The Last Camtomb; Calling Mexico, Fever Dream, Leave Taking, The Coffin, The Murderer, The One Who Waits.
ဘာသာပြန်ခေါင်းစဉ်များ – ပျော်နေတဲ့မင်းသားလေး၊ ချစ်ခင်ရသောမိတ်ဆွေ၊ တေးဆိုငှက်ကလေးနိုက်တင်းဂေးနှင့် နှင်းဆီပန်းတစ်ပွင့်၊ ကြယ်ကလေး။ စပျစ်ဝိုင် သို့မဟုတ် အာမွန်တီလာဒို၊ တွင်းနှင့်ချိန်သီး၊ မောရစ်လာ။ မြေအောက်လှိုင်ခေါင်းအသစ်။ မက္ကစီကို ခေါ်တယ်၊ အဖျားအိပ်မက်၊ နှူတ်ဆက်ထွက်ခွာ၊ အခေါင်း၊ လူသတ်သမား၊ အင်္ဂါဂြိုလ်မှာစောင့်နေသူ။
မဟေသီ၊ အင်္လကာဝတ်ရည်၊ မြန်မာသစ်၊ ရနံ့သစ်၊ တို့တွင်ဖော်ပြခဲ့သော ဘာသာပြန်များနှင့် ဘယ်မဂ္ဂဇင်းမှာမှ ဖော်ပြခြင်းမရှိသေးသော The Pit and the Pendulum တွင်းနှင့်ချိန်သီး, နှင့် Morella မော်ရစ်လာ ပါဝင်ပါသည်။ စုစုပေါင်းဘာသာပြန် ၁၄ ပုဒ်ဖြစ်ပါသည်။
ဂျူနီယာဝင်းက သူ့စာအုပ်ကို သည်လိုမြင်ထားပါတယ်။
၂၀၀၉ ခုနှစ်ကစလို့ ဘာသာပြန်ဝတ္ထုများရေးသားဖို့ စိတ်ပါလာခဲ့ပါသည်။ ဖတ်ရင်းနှင့် အလွန်နှစ်သက်မိသော ၀တ္ထုများ၊ အရေးအသားများ၊ သူတို့ရေးထားသောအကြောင်းအရာများက ကိုယ်တိုင်ရေးချင်မိသော စိတ်ကူးအတွေးများ ပါလာတာတွေ ဒါတွေကိုတေးမှတ်မိထားရတာတွေ များလာရာက ဘာသာပြန်တွေ ရေးဖြစ်ခဲ့ပါသည်။ ၀တ္ထုတစ်ပုဒ်စီတွင် ဘာသာပြန်ဖြစ်ခဲ့သောအတွေးများကို ထပ်မံဖြည့်စွက်ထားပါသည်။ ကမ္ဘာကျော်စာရေးဆရာကြီးများ၏ ကမ္ဘာကျော်ဝတ္ထုများဟု ကြော်ငြာထားတာကိုတွေ့တော့ အမွှာညီနောင်စာပေ၏ သည်စာအုပ်လေးအပေါ် ထားရှိသောအမြင်ကို သိလိုက်ရတာ ကျေးဇူးတင်ဝမ်းမြောက် မိပါသည်။
ကိုယ်ကြိုက်နှစ်သက်တာတွေကိုသာဖတ်ပြီး ပျော်ရွှင်ရပါသည်။ စာဖတ်တာပျော်ဖို့အတွက် သက်သက်သာ ဖြစ်ပါသည်။ အခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ ဖတ်ပြီး ကြိုက်တာတွေကို သာဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ မေမေကြီးဒေါ်ခင်မျိုးချစ် ပြောသလိုဆိုရင်တော့ “သူများစာ ကိုယ့်စာ လုပ်လိုက်တာပါပဲ“။ ကြိက်နှစ်သက်၍ ရေးထားသောစာများဖြစ်တာကြောင့် စာဖတ်သူများလည်း ကြိုက်ကြမှာပါပဲ။
စာဖတ်ပြီးပျော်ရွှင်ကြပါစေ။
Monday, May 26, 2014
ဘဘဦးဝင်းတင်ဆီက စာအုပ်နဲ့ မေတ္တာစာ ဂျူနီယာဝင်း၊ မေ ၂၀၊ ၂၀၁၄
ဘဘဦးဝင်းတင်ဆီက စာအုပ်နဲ့ မေတ္တာစာ
ဂျူနီယာဝင်း၊ မေ ၂၀၊ ၂၀၁၄
“ဒါလားဟဲ့ လူငရဲ“ ဆိုတဲ့စာအုပ် မူရင်းကို ရှားရှားပါးပါး ရခဲ့စဉ်က အိမ်မှာ ဘဘကြီး ဦးခင်မောင်လတ် အတွက် ၁၄နှစ်ပြည့် ဆွမ်းကျွေး တဲ့နေ့ကပါ။ ဘဘဦးဝင်းတင်ရဲ့ အဲသည်စာအုပ်က လူတိုင်းလိုချင် လူတိုင်းဖတ်ချင်နေတဲ့ကာလမှာ ဘဘဦးဝင်းတင်က သူ့ကိုယ်ပိုင်ရတဲ့ စာအုပ် ၄အုပ် ထဲက ကျွန်မတို့ မိသားစုအတွက် တစ်အုပ်ပေးခဲ့ ပါတယ်။ စာအုပ်ရတော့ ဘဘကိုလက်မှတ်ထိုးခိုင်းတော့ အောက်ကစာက ဘဘရေးပေးတဲ့မူရင်း လက်ရေးပါ။
နောက်ပိုင်းမှာ အဲသည်စာအုပ် ဒါလားဟဲ့ လူ့ငရဲ က မိတ္တူတွေပွားပြီး လူတွေလက်ထဲ ရောက်ခဲ့တယ်။ လက်ထဲရတဲ့ သူတွေက ဘဘဆီကိုသွားပြီး လက်မှတ်တွေထိုးခိုင်းကြတယ်။ အဲသည်မှာလည်း ဘဘက လက်မှတ်လဲထိုး အမှတ်တရ စာတွေလည်းရေးပေးတယ်။ ဒါနဲ့ ဘဘမိတ်ဆွေ ဖျာပုံနီလုံဦးကပြောတယ်။ အကယ်၍များ သည်လက်မှတ် နဲ့စာတွေကိုစုပြီး စာအုပ်ထုတ်ရင်ကောင်းမှာပဲတဲ့။ ဘဘက အရှည်ကြီးရေးပေးတာပဲ။ လက်မှတ်တောင်းတဲ့သူတွေ ကျေနပ်နေကြတာပေါ့။ ဒါပေမယ့် ခက်တာက စာအုပ်မှာလက်မှတ်ထိုးခိုင်းသူတွေက ဘဘလက်မှတ်နဲ့စာတွေ ကိုအမှတ်တရ ယူသွား သိမ်းသွားကြတာကိုး။ အကြံကတော့ ကောင်းပါရဲ့။ ဘဘရေးသမျှ လိုက်သိမ်းဖို့က မလွယ်လှဘူး။ ကျွန်မလည်း ကိုယ်နဲ့ဆိုင်တဲ့စာအုပ်လေး သိမ်းထားခဲ့တာ ကြာပြီပေါ့။
အခုကျွန်မစဉ်းစားကြည့်မိတာပါ။ ဒီစာအုပ်ပိုင်ရှင်တွေ အများကြီးရှိမှာပဲ။ သူတို့ရဲ့ စာအုပ်တွေမှာ ဘဘက အခုလို စာတွေရေးပေးခဲ့တယ်။ ကျွန်မတစ်ယောက်ထဲ အထူးစပယ်ရှယ် ရေးပေးတာမှ မဟုတ်တာ။ လူတိုင်း လူတိုင်းကို ရေးပေးနေတာပဲ။
ဆရာရေးပေးခဲ့တဲ့စာကို ပြန်ပြီး တင်ဆက်လိုက်ပါတယ်။
ဂျူနီယာဝင်းသို့ …
ဒီအတောအတွင်းမှာ ဒီစာအုပ်ရှာရလာတဲ့ လူတိုင်းက ဦးလေးဆီလာပြီး လက်မှတ်ထိုးခိုင်းနေကြတယ်။ ဘာရမလဲ ဦးလေးက လက်မှတ် ထိုးတိုင်း တပြည်လုံးကို ထောင်ချ လူတိုင်းကိုထောင်ချနေတဲ့ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးတို့၊ ထောင်မကြောက်တရား တို့ ကို အရှည်ကြီး ရေးပေးလိုက်တော့တာပေါ့။
ဦးလေး စိတ်ထဲမှာလဲ အမှန်တကယ်ပေါ်နေတာက အဲဒီကိစ္စတွေဖြစ်နေတာကိုး။ ဒီတော့ “စာအုပ်ကောင်းတာ မကောင်းတာ ထားလိုက်ကွယ်။ ငါပြောချင်တာလေးတွေတော့ ရင်ဖွင့်ပါရစေ”      ဆိုပြီးတတောင်လောက် ရှိတဲ့  စာအုပ်ရှည်ကြီးမှာ တမျက်နှာပြည့် စာတွေရေးပေးလိုက်တာပေါ့။
အမှန်ပဲလေ။ ဒီနေ့ ဒီအချိန်က ထောင်မကြောက်တရား တွေ များများ ပြော၊ ထောင်မကြောက်တရားတွေ ကျယ်ကျယ်ပြောကြရမယ့် အချိန်မဟုတ်လား။
ဟုတ်တယ်။ ဒီနေ့ဒီအချိန်မှာ စစ်အာဏာရှင်တွေက နိုင်ငံရေးလှူပ်ရှားသူတွေ နိုင်ငံရေး .စေတနာရှိသူတွေကို ထောင်နဲ့ ခြောက် နေတယ်။ ဒီလိုနဲ့ လူတွေစိတ်မှာ ထောင်ကြောက် တဲ့စိတ်တွေ တစိမ့်စိမ့် ၀င်လာနေတယ်။ ဦးလေးသဘောမှာတော့ လူတွေထောင်ကြောက်တာကိုမကြိုက်ဖူး။ ထောင်ကျတာ ဘယ်သူမှ မကြိုက်ဘူး။ ဒီတော့ ထောင်ကိုရှောင်ချင်သပဆို ရှောင်ပေါ့။
“လိမ္မာသလို လုပ်လို့” ပြောသင့်လဲ ပြောဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် လူတွေက ကိုယ်တိုင် ထောင်ရှောင်ရုံမကဘူး အခြားလူတွေကို ထောင်ကြောက်တရားဟောနေ ကြတာတော့ မကောင်းလှ ဘူးပေါ့်။
ဒါကြောင့် ဦးလေး ဒီစာအုပ်ကိုရေးတာ။ ဒါ မူလ စေတနာ ပဲ။ အခုတော့ မဖြစ်ချည်ဘူး ဆိုပြီး စာအုပ်လက်မှတ် ထိုးခိုင်းသူတိုင်းကို ထောင်မကြောက်တရား တွေ စာတွေ ရေးပေးနေမိတော့ တာပေါ့။
ဦးလေး ဒီစာအုပ်ရေးတဲ့အခါများမှာ မှတ်တမ်းရေးသလိုမရေးမိအောင် ထိန်းတယ်။ မှတ်တမ်းရေး နိုင်လောက်အောင် ဦးလေးမှာထောင်အတွေ့အကြုံ မများဘူး။ ဦးလေးကို ထောင်ထဲမှာ နှစ် ၂၀ ထားခဲ့ပေမယ့် အမြဲလိုလို တစ်ယောက်ထဲ ပိတ်ထားတာဆိုတော့ တခြားသူတွေနဲ့ လဲမတွေ့ရ၊ စကားလဲမပြောရဖြစ်နေတဲ့ အချိန်က အမြဲတမ်းပဲဆိုပါတော့။ ဒီတော့ မှတ်တမ်းရေး စရာ အကြောင်းအရာ သိပ်မရှိလှဘူးပေါ့။ ဒါနဲ့ ဒီစာအုပ်ကို ရသဆံဆံ ရုပ်ပုံလွှာတွေ ရေးသလို ကိုယ်တွေ့ ဖြစ်ရပ်တွေကို စိတ်ဖျာပြီး တပိုင်းစီ တပျက်စီ ရေးချသွားတာပဲံ။
အဒီလိုဆိုပုံစံနဲ့ ရေးတော့ မှတ်မိသမျှ ဟိုအကြောင်း ဒီအကြောင်း ဟိုတစ ဒီတစ တို့ထိဆွဲထုတ် ရေးသွားနိုင်တာပေါ့။ အဲဒီမှတ်မိသမျှလေးတွေထဲမှာ အမကြီးတို့ ဆရာတို့ မင်းတို့မိသားစု တို့အကြောင်းတွေလဲ တို့ထိသွားနိုင်တာပေါ့။ ဒီလိုနဲ့ ကိုယ်လဲရေးရတာ ပျော်တယ်။ တဘက်မှာလဲ အပြင်မှာ မပြောဘူး မရေးဘူးတဲ့ အကြောင်းကိစ္စလေးတွေလဲ စာရွက်ပေါ်ရောက် လာတော့တာပေါ့။
စာအုပ်အကြောင်းပြောလို့ စိတ်ထဲခံစားရတာလေး ပြောပြချင်တယ်။
ဦးလေးက သတင်းစာ ဆရာ ဆိုတာတော့ ဟုတ်ရဲ့ ဒါပေမယ့် စာရေးဆရာလို့ ပြောလို့မရဘူး။ ဟုတ္တိပတ္တိရယ်လို့ စာအုပ်ပေအုပ်တွေ မရေးဘူးဘူး။ စုစုပေါင်း ကို လက်ဆယ်ချောင်းပြည့်အောင် ချိုးလို့မရဘူး။ အခုဒီစာအုပ် ကိုရေးမိတော့ သိပ်ဝမ်းသာသွားတယ်။ ပီတိလဲ ဧရာမ ဖြစ်ရတယ်။ အသက်ကရှစ်ဆယ်ပြည့်ပြီ။ လက်တွေလဲတုန်၊ မျက်စိတွေလဲမှူန်ပြီ။ မှတ်ဉာဏ်ကလဲ ဟုန်ပြီ။ တသက်တာရဲ့ နောက်ဆုံးစာအုပ်ကို နောက်ဆုံးရေး လိုက်သလို ရေးလိုက်ရလို့ ၀မ်းသာရတာပေါ့။ ဦးလေးသာ ကိုဝံသတို့လိုပဲ စာအုပ်တွေ ဆယ်ပေါင်းများစွာ ရာဂဏာန်း ထိရေးခဲ့ပြီးပြီဆိုရင် ဘာဝမ်းသာစရာအထူး ဖြစ်ရတော့မှာလဲ။ တကယ်တော့ ဒီစာအုပ်တွေ မရေးဖြစ်တာ တကယ်တော့ အလုပ်တွေပိလွန်းတာ သက်သက်မဟုတ်ပါဘူး။ ပျင်းတာ ကလောင်ကိုင်ရမှာ တွန့်ဆုတ်တာဆိုတဲ့ ပျက်ကွက်စိတ်တွေရဲ့ ဖိစီးမူ ကလဲပါတယ်။
ဒါကြောင့် ဂျူနီယာကို တိုက်တွန်းချင်တာက အချိန်ရှိတုန်း ကလောင်နဲ့ လက်မခွာဘဲ စာအုပ်တွေ ရေးနိုင်သမျှ ရေးသာရေးချပေတော့။ ဦးလှတို့ ၊ ကိုဝံသတို့လို အားထုတ်မူ အင်အားကြီးကြီး မွေးပါလေ။
ဝင်းတင် (သြဂုတ် ၁၊ ၂၀၁၀)
စာအုပ်ကြော်ငြာ
တက္ကသိုလ်ရွှေရီဝင်း၏ မျက်လုံးစိမ်းနှင့် မိန်းခလေး ဘာသာပြန်ဝတ္ထုတိုများ
မိုးမခစာအုပ်စင်၊ မေ ၈၊ ၂၀၁၄
စာအုပ်အမည် – မျက်လုံးစိမ်းနှင့်မိန်းခလေး နှင့် ဘာသာပြန်ဝတ္ထုတိုများ
ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း
မူရင်းအင်္ဂလိပ် – Jennifer Bassett
ထုတ်ဝေသူ – ဦးသိန်းလွင် ။ လင်းလွန်းခင်စာပေ
ပထမအကြိမ်။ ၂၀၁၄ မတ်လ။
အုပ်ရေ – ၅၀၀။ တန်ဖိုး – ၁၅၀၀ ကျပ်
မျက်နှာဖုံး – Eagle
စာမျက်နှာ – ၁၅၆ ခန့်
ဝတ္ထု အရေအတွက် – ၇ ပုဒ်
စာအုပ်ပုံစံ – အင်္ဂလိပ် မြန်မာ
The Light of English လစဉ်ထုတ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတချို့၏ စုစည်းမူ ဖြစ်ပါသည်။အင်္ဂလိပ်စာပေတွင် စာကြီးပေကြီးများကို လွယ်ကူသော အင်္ဂလိပ်စာ အရေးအသားများဖြင့် အကျဉ်းချူံး ပြန်လည်ရေးသားထားသော ရီတိုး (Retold)များ များစွာရှိပါသည်။ လွယ်ကူသောဝါကျ များဖြင့်ရေးသားထားသည်ဖြစ်သောလည်း မူရင်းရသ မပျက်အောင် ရေးသားထားသည်များ ဖြစ်သောကြောင့် အင်္ဂလိပ်စာ လေ့လာလိုက်စားသူများအတွက် အကျိုးလည်းရှိကာ စာကြီးပေကြီးများ မဖတ်နိုင်သူများအတွက် လည်း အဆင်ပြေစွာ နားလည်ဖတ်ရူ ရမည် ဖြစ်ပါသည်။
မူရင်းစာရေးဆရာမ ဂျနီဖာဘက်စက်သည် သူကိုယ်တိုင်က အင်္ဂလိပ်စာ သင်တန်းဆရာမဖြစ်ပြီး The Phanton of the Opera နှင့် The President ‘s Murderer ၀တ္ထုကြီး နှစ်ပုဒ်ကို ရီတိုး ရေးသားခဲ့သူ ဖြစ်ပါသည်။ ယခုသူကိုယ်တိုင် ရီတိုးပုံစံဖြင့် ရေးသားထားသော သူ့ကိုယ်ပိုင်မူရင်းဝတ္ထု များ ဖြစ်သည့် သူ့ဝတ္ထု ၇ပုဒ်ကို တက္ကသို်လ်ရွှေရီဝင်းကနေ ဘာသာပြန်ပေးထားခြင်း ဖြစ်ပါသည်။ တဖန် ဘာသာာပြန်ခြင်း အလုပ်ကလည်း မူရင်းကနေ ဘာသာပြန် သည်ဟု အကြမ်းအားဖြင့် ဆိုနိုင်သော်လည်း အင်္ဂလိပ်စကားလုံးများကို တိုက်ရိုက် မြန်မာဘာသာပြန်ခြင်းနှင့် စာရေးဆရာက သူ့အနုပညာကို ထည့်သွင်း ဘာသာပြန်ခြင်းဟူ ရွေ့ ခွဲခြားမည်ဆိုပါလျှင် အီစာအုပ်လေးသည် စာရေးဆရာ၏ အနုပညာဘာသာပြန်လက်ရာ ဟုဆိုရပါလိမ့်မည်။ သည်တော့ ဖတ်ရင်းနဲ့ အင်္ဂလိပ်စာလည်းတိုးကာ မြန်မာလို ဘာသာပြန်ထားသော ပုံစံ ကိုပါ ခံစားရပေတော့မည် ဖြစ်ပါသည်။