Sunday, February 2, 2014

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း - Junior Win

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း - Junior Win

 အတွေးအမြင် (၁၃၅)၊ ၁၉၉၈ အောက်တိုဘာ
Conscience ဟူသည်မှာ သင့်အား သင့်၏ မှားယွင်းနေမှုကို အမှန်တရားဘက်သို့ ညွှန်ပြပြောဆိုနေသော သေးငယ် တိုးတိတ်သည့် အသံလေးဖြစ်ပေသည်ဟု မှတ် သားဖူးပါသည်။ အမှားတစ်ခု (သို့မဟုတ်) မကောင်းမှုတစ်ခုကို ကူျးလွန်အံဆဲဆဲ သင်၏ နားထဲတွင် ''အဲဒါက အမှား၊ မကောင်းမှု။ ဒါက အမှန်နော်'' ဟု အသံသေးသေးလေး တစ်ခုက သင့်ကို ပြောနေလိမ့်မည်။ ထိုအသံ၏ နောက်သို့ လိုက်ရင်း သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိလာမည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရတာလောက် ကောင်းတာမရှိဟု အတွေးဝင်လာပါလိမ့်မည်။
ကျွန်မအဘိုး အင်္ဂလိပ်စာဆရာကြီး ဦးခင်မောင်လတ်က’Conscience’ ဟူသော စကားလုံးတစ်လုံး၏ အဓိပ္ပာယ်ကို သင်ကြားစဉ်က ရှင်းပြခဲ့သော အချက်များနှင့် ကျွန်မ ဖြည့်စွက် စဉ်းစားမိခဲ့ခြင်း ဖြစ်ပါသည်။ အမှန်တရား ၏ နောက်သို့လိုက်ရင်း၊ အမှန်တရားကို ရှာဖွေဖော်ထုတ်ရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို စိတ်ဝင်စားမိသဖြင့် ကျွန်မသည် မိမိကိုယ်ကို ယုံကြည်ကြသူများ၏ အကြောင်းကို လေ့လာကြည့် မိပါတော့သည်။

၁၈ ရာစုခန့်က အင်္ဂလိပ်နယ်ချဲ့တို့သည်Massachusettsအပါအဝင် ကိုလိုနီတိုင်းပြည်များအား ၄င်းတို့ ကုန်ပစ္စည်းများကို ဈေးကြီးတင်၍ ရောင်းချ ခြင်း၊ ကိုလိုနီနိုင်ငံများ၏ ပစ္စည်းများကို ဈေးအဆမတန်နှိမ်၍ ဝယ်ယူခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အင်္ဂလိပ်တို့ တင်ပို့သော လက်ဖက်ခြောက်များကို ကိုလိုနီ နိုင်ငံများအား ဈေးတင်၍ ရောင်းချသောအခါMassachusetts ပြည်နယ်၏ မြို့ တော် Bostonဆိပ်ကမ်းတွင် ထိုလက်ဖက်ခြောက်များကို ၁၇၇၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရေထဲသို့ သွန်ချခဲ့ကြသည်။ ထိုအဖြစ်အပျက်ကို ဓသြျအသည လက်ဖက်ခြောက် ပါတီပွဲ'' ဟု ခေါ်ကြသည်။ ထို သပိတ်မှောက်ပွဲ အဖြစ်အပျက် သည် အမေရိကန်တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေသည်။ ထိုအကြောင်းအရာများကို ကျွန်မ တင်ပြရ ခြင်းမှာ ''ရေထဲက လက်ဖက်ခြောက်လေးများ၏' ၏ အခန်းကဏ္ဍ အရေးပါမှု ကို သိရှိရန် ဖြစ်သည်။
            မုတ်ဆိတ်မွေး ထားတာနဲ့ မထားတာကို မိုင်နာလို့ ယူဆချင် ယူဆ၊ ဲသန ဆိုတဲ့ အဘိုးကြီးကို လူမိုက်လို့ ဆိုချင်ဆို၊ ဒါပေမဲ့ ရေထဲက လက်ဖက်ခြောက် လေးတွေက မီးစက်မီးပွင့်ကလေးအဖြစ် နိုင်ငံရဲ့အလံ ဖြစ်ခဲ့တာကို ဲသန က မေ့မှာ မဟုတ်ဘူး။ Joe Palmerရဲ့ အကြောင်းမှာ သင်ခန်းစာယူစရာက-
''လွတ်လပ်ပါတယ်ဆိုမှတော့ ဘယ်လောက်ကလေး လွတ်လပ်ပါတယ် လို့ ပြောစရာ မလိုဘူးတဲ့။ လွတ်လပ်သူတွေ အားလုံးရဲ့ လွတ်လပ်မှုဟာ အတူတူ ပါပဲ။ ဒါကြောင့် လွတ်လပ်တဲ့သူတွေဟာ သိပ်ကြီးကျယ်ကြတယ်။ သူတို့ဟာ မလွတ်လပ်တဲ့သူတွေထက် သာတယ် ဆိုပြီးတော့ပေါ့''
The Ballad of Hairy Joe ဟူသော ရေဒီယိုပြဇာတ်၏ အဆုံးတွင် အထက်ပါ သီချင်းလေးဖြင့် အဆုံးသတ်ထားသည်။
Joe (သို့မဟုတ်) Joeseph Palmer (?-၁၈၇၅) သည် သူ နေထိုင်သောMassachusettsပြည်နယ် Fitchburgမြို့မှ ဘုန်းကြီးတစ်ပါး၏ မုတ်ဆိတ်မွှေး မထားရဟူသော တားမြစ်ချက်ကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ထိုအချိန်တုန်းက မုတ်ဆိတ်မွှေးတွေနှင့် သူ့ကို New Englandပြည်က လှောင်ပြောင်မှု အများဆုံး ခံရသူတစ်ဦးဟု ကင်ပွန်းတပ်ကြသည်။ မုတ်ဆိတ်မွှေးတွ ရိတ်ပစ်ဖို့ ငြင်းဆန်ခဲ့ သောကြောင့် သူသည် အကျဉ်းချခံခဲ့ရသည်။
Joe ၏ မှန်ကန်သော ယုံကြည်မှုကြောင့် သူ၏ ရပ်တည်မှုကို လူတိုင်း နားလည် လက်ခံလာကြလေသည်။ နောင်တွင် Joe Palmer သည် Fitchburg မြို့၏ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပြီး သူ့ကြောင့်ပင် မုတ်ဆိတ်မွှေးထားခြင်း အလေ့အထများ ပြန်လည် ခေတ်စားလာခဲ့လေသည်။
သူသည် ၁၈၇၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ့အုတ်ဂူတွင် မုတ်ဆိတ် မွှေး ထားထားသော သူ့ရုပ်တုကို ထုထားပြီး Joseph Palmer  မုတ်ဆိတ်မွေးထား ခြင်းအတွက် အနှိပ်စက်ခံခဲ့ရသည်'' ဟု စာလုံးများ ရေးထွင်းထားလေသည်။
သူ၏ ဘဝအကြောင်းကိုSol Panitzn က ရေဒီယိုပြဇာတ်အဖြစ် ဖော် ထုတ်ရေးသားခဲ့သည်။ ထိုပြဇာတ်သည် ၁၉၆၉ ခုနှစ်အတွက် ရေဒီယို အသံလွှင့် အစီအစဉ် အကောင်းဆုံးဆုုBroadcast Industry Media Awardကိုရရှိခဲ့သည်။

*********                                                      ***********                          ***************

''အင်္ဂလန်ပြည်ရဲ့ ဥပဒေဟာ ဘုရားသခင်ကို ဆန့်ကျင်လို့မရဘူး''
အထက်ပါ စကားလုံးများကား Sir Thomas More (၁၄၇၈-၁၅၃၅) သူ့ကို ခေါင်းဖြတ်ကွပ်မျက်မည့် Tower Hill စင်သို့ မတက်ရောက်မီ သူယုံကြည် သော၊ မြင့်မြတ်သော ကက်သလစ်ဘာသာဝင် ဘုရားရှိခိုးကျောင်းအတွက် နောက် ဆုံး ပြောကြားခဲ့သော ကြေညာချက်ဖြစ်သည်။
အင်္ဂလန်ဘုရင် Henry VIII (၁၄၉၁-၁၅၄၇) သည် စပိန်မင်းသမီး ကက်သရင်းကို ကွာရှင်းခွင့်ရရေးနှင့် Anne Boleynနှင့် လက်ထပ်ရေးအတွက် ဘုရားရှိခိုးကျောင်းမှ Pope ရဟန်းမင်းကြီး၏ ခွင့်ပြုချက်ကို ရရှိဖို့ အကြံတစ်ခု ရခဲ့လေသည်။
၄င်း Henry VIIIနှင့် Pope ရဟန်းမင်းကြီးသာ တစ်ယောက်တည်း ဖြစ်မည်ဆိုလျှင် ဟူသောအကြံ ဖြစ်လေသည်။ ဒါဆိုလျှင် ကက်သရင်းနှင့် ဘယ်တုန်းကမှ လက်မထပ်ခဲ့ပါဘူးလို့ ပြောရင် ဘယ်သူမျှ ငြင်းမည်မဟုတ်ဟု အတွေးဝင်လေသည်။
အင်္ဂလန်တစ်ပြည်လုံး၏ လေးစားခြင်း ခံရသော Sir Thomas More ကား HenryVIII၏ အမတ်တစ်ဦး ဖြစ်သော်ငြားလည်း သူယုံကြည်သည့် မြင့်မြတ်သော ကက်သ်လစ်ဘာသာဝင်တို့၏ ယုံကြည်မှုကို သူ့အသက်ထက်ပင် တန်ဖိုးထားခဲ့သူ ဖြစ်သည်။
Sir Thimas More ဆီက ဘုရင် Henry VIIIလိုချင်တာ ဘုရင်ကိုယ်  တိုင်ကြားချင်တဲ့ စကားလေးတစ်ခွန်းပါပဲ။ ဒါပေမဲ့ Sir Thomas Moreဟာ နောက်ဆုံးအချိန်အထိ တိတ်ဆိတ်စွာ နေခဲ့ပါတယ်။
သူ ကွယ်လွန်ပြီးနောက် ဘာသာရေး လွတ်လပ်ခွင့်အတွက် အသက်ပေး သွားခဲ့သူ Sir Thomas More အား ၁၉၃၅ ခုနှစ်တွင် ဘာသာရေး သူတော်စင် XIအဖြစ် ကြေညာသမုတ်ခြင်း ခံခဲ့ရပါသည်။
အင်္ဂလိပ် အဘိဓာန်တွင်Utopia (ယူတိုးပီယား) ဟူသော အင်္ဂလိပ် ဝေါဟာရ စာလုံးအသစ်သည် Sir Thomas More အား အထူးစပါယ်ရှယ် သတိတရ အမှတ်တရ ဖြစ်စေသော Sir Thomas More ၏ ကိုယ်ပိုင်စကားလုံး လေး ဖြစ်ပါသည်။
Sir Thomas More ရေးသားခဲ့သည့် Utopia (၁၅၁၆) အမည်ရှိ စာအုပ် တွင် Utopia ဟူသော ကျွန်းကလေးသည် လူတိုင်းအတွက် နေထိုင်ဖို့ အကောင်း ဆုံးနေရာ စိတ်ကူးနယ်မြေတစ်ခု ဖြစ်ပေသည်။ ထိုစိတ်ကူးနယ်မြေထဲတွင် နေထိုင် ကြသော လူတိုင်းလူတိုင်းသည် သူတို့၏ ချမ်းသာခြင်းကို မျှဝေကြပြီး သူတို့ လုပ်သမျှ အလုပ်တိုင်းသည် သူတို့အတွက် မဟုတ်၊ လူတိုင်း၏ ကောင်းစားရေး အတွက် ဖြစ်လေသည်။
**********                            *************                                              ************
''သူမကို မီးရှို့လို့ မရတာကို ထူးဆန်းတယ်၊ မထူးဆန်းဘူး ပြောမနေနဲ့။ အရေးကြီးတာဟာ ကျွနု်ပ်တို့ ရောမအင်ပါယာရဲ့ အရှင်သခင် Dio detion ရဲ့ အမိန့်အရ ခရစ်ယာန်တွေ ကျဆုံးဖို့ရယ်၊ သူ့ရဲ့ အမိန့်ကို နာခံဖို့ရယ်ပဲ''

ရောမအရာရှိသည် အထက်ပါအတိုင်း ကြိုးချည်၍ ပြောဆိုပြီးနောက် သူ့ဓားအိမ်မှ ဓားကို ဆွဲထုတ်၍ လူပုံအလယ်တွင် ကြိုးချည်၍ မီးရှို့သတ်သော် လည်း လောင်ကျွမ်းခြင်း မရှိသော အသက်ဆယ့်သုံးနှစ်အရွယ် ခရစ်ယာန်ဘာသာ ကို သက်ဝင်ယုံကြည်သော အမိုျးသမီးငယ်ဆီသို့ ရှေးရှု၍ လျှောက်သွားလေသည်။
ထိုအဖြစ်အပျက်ကား AD၃ဝ၄ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခေါင်း ဖြတ် အသက်ခံခဲ့ရသူ အမိုျးသမီးငယ်ကား ခရစ်ယာန်ဘာသာကို ယုံကြည်သူ Agnesဖြစ်လေသည်။ သူမသည် သူမ၏ ယုံကြည်ချက်ကြောင့် ခရစ်ယာန်ကို မယုံကြည်သော ရောမအင်ပါယာ အရှင်သခင် Diodetion (AD ၂၄၅-၃၁၃) နှင့် ၄င်း၏ လူများကြောင့် မီးရှို့သတ်မိန့်ကျခံခဲ့ရသူ ဖြစ်လေသည်။ Diodetion၏ အမည် အရှည်မှာ Gaius Aurellius Valerius Diodetonus ဖြစ်သည်။ သူသည် ရောမအင်ပါယာ၏ အရှင်သခင်ဖြစ်ပြီး ခရစ်ယာန်များကို နှိမ်နှင်းခဲ့သူ အဖြစ် ထင်ရှားသည်။ ထို့ပြင် ခရစ်ယာန်တို့၏ ယူဆချက်၊ ယုံကြည်ချက် ဖြစ်သော ''ဘုရားသခင်က ကျွနု်ပ်တို့ကို ဖန်ဆင်းပေးတယ်၊ ဘုရားသခင်သာလျှင် တစ်ဦးတည်းသော ကိုးကွယ်ရာ'' ဟူသော အချက်ကို လုံးလုံးလျားလျား ဆန့်ကျင် ခဲ့သူ ဖြစ်လေသည်။
အကယ်၍ သူမသည် ခရစ်ယာန်ဘာသာဝင်အဖြစ် ရုပ်သိမ်းမည်ဆိုပါက သူမ လွတ်မြောက်ခွင့်ရမည်ဟု Prefect Semproniusဆိုသူက သူမ၏ အမှု တွင် ဝင်ရောက်ကြားဝင် စေ့စပ်ပေးခဲ့သေးသည်။ သို့ရာတွင် သူမသည် သူမ၏ ခရစ်ယာန်ဘာသာကို စွန့်လွှတ်ခြင်း မပြုခဲ့ပေ။ ဇန်နဝါရီလ ၂၁ ရက်၊ သူမ အသက် ၁၃ နှစ်အရွယ်တွင် သူမကို မီးပုံရှို့သော်လည်း မီးလောင်ကျွမ်းခြင်း မရှိသောကြောင့် ရောမအရာရှိက သူ၏ ဓားဖြင့် သူမကို ခေါင်းဖြတ်သတ်ခဲ့လေ သည်။
သူမ သေဆုံးပြီးနောက်ပိုင်း ရောမပြည်တွင် Agnes ၏ အမှတ်တရ အဖြစ် ဘုရားရှိခိုးကျောင်းတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ထို ဘုရားရှိခိုး ကျောင်း၏ အမည်မှာ Saint-Agnes (သူတော်စင်Agnes)ဟု အမည်တွင်လေ သည်။ အင်္ဂလန်ရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင်လည်း သူမ၏ အမည်ကို ပေး ထားလေသည်။
သူမ၏ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ခြင်းကြောင့် အသတ်ခံ ခဲ့ရသည့် အဖြစ်ကို အီတလီ ပန်းချီဆရာ Tintoretto (Jacopo Robsti ၁၅၁၈-၉၄) အပါအဝင် ပန်းချီဆရာများစွာက ပန်းချီကားမျးရေးဆွဲ၍ မှတ်တမ်း တင်ထားခဲ့ကြသည်။ နာမည်ကျော်ကဗျာဆရာ John Keats(၁၇၉၅-၁၈၂၁) က Eve of St.Agnes ကဗျာတွင် လည်းကောင်း၊ Alferd Tennyson (၁၈ဝ၉-၉၂) က St Agnes Eve ဘာသာရေး ကဗျာတွင်လည်းကောင်း သူတော်စင် Agnesသေဆုံးခဲ့ရသော ဇန်နဝါရီလ ၂၁ ရက်မတိုင်မီ တစ်ရက်အလိုကို ရည်ရွယ် ၍ ရေးဖွဲ့မှတ်တမ်းတင်ခဲ့ကြလေသည်။
ငယ်ရွယ်သူ သူတော်စင် Agnes သည် အမိုျးသမီးငယ်များအား စောင့် ရှောက်သူဟု ယုံကြည်သတ်မှတ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် သူမ သေဆုံးခဲ့ရသော ဇန်နဝါရီ ၂၁ ရက် မတိုင်မီ တစ်ရက်အလို St. Agnes Eve တွင် မက်ခဲ့သော အိပ်မက်ထဲက သူသည် ထိုအိပ်မက်ပိုင်ရှင်၏ ဖူးစာရှင် ဖြစ်လိမ့်မည်ဟုလည်း စွဲလမ်းယုံကြည်ကြလေသည်။
**************                                *************                      *********

''နိုင်ငံခြား ပင်လယ်ရပ်ခြား တိုင်းပြည်တွေမှာ ပျော်ပါး လှည့်လည်ရာက ကိုယ့်အိမ်ဘက် ခြေဦးလည့်လိုက်တာတောင်မှ အိမ်ပြန်ချင်လိုက်တာ ဆိုတာ မရှိ၊ ငါ့တိုင်းပြည်ကို လွမ်းလိုက်တာဆိုတာ မရှိ...အဲဒီလို အလကားလူ၊ မိုျးချစ် စိတ် မရှိတဲ့လူ၊ အရာရာ ငါချမ်းသာ ပြီးရောဆိုပြီး အတ္တကြီးတဲ့သူ အသက်ရှင် နေရင် နာမည်ကောင်းရမှာ မဟုတ်။ သေရင်တောင်မှ လူတင်မက နာမည်ပါ သေမှာ။ သူ့အတွက် ငိုမယ့်သူ မရှိ။ ဂုဏ်ပြုမယ့်လူ မရှိ။ သီချင်းတွေ၊ စာတွေ ရေးဖွဲ့မယ့်သူ မရှိ''
အထက်ပါစာသားမှာ Sir Walter Scott (၁၇၇၁-၁၈၃၂) ၏ 'မိုျးချစ်စိတ်' ဆိုသည့် ကဗျာတစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ခုျပ် အောင်ဆန်း ဆိုရင် ယနေ့တိုင် သူ့ကို ရေးဖွဲ့ထားတဲ့ တေးသီချင်းတွေ၊ ကဗျာ တွေကို အလွတ်ရနေတယ်ဟု ကျွန်မ အဘိုးက ပြောဖူးပါသည်။

မိမိ၏ မှန်ကန်သော ယုံကြည်ချက် ဆုပ်ကိုင်ရင်း ''ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း'' ဟူသော မိမိကိုယ်ကို ယုံကြည်ကြသူများအကြောင်းကို လေ့လာ ခဲ့မိသည်။ ထိုသူများကား လူပင် သေသော်လည်း နာမည် မသေ၊ သူတို့ကို ရေးဖွဲ့ဂုဏ်ပြုကြသော ကဗျာများ၊ ပန်းချီကားများ စာပေများကား ယနေ့တိုင် အမှတ်တရ ရှိနေဆဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖိို့၊ စိတ်ဓာတ်မွေးမြူဖို့ အရေးကြီး သည်ဟု ကျွန်မ စဉ်းစားခဲ့မိသည်။
Conscience ဆိုသည့် အသံလေးက သင်တစ်ခု ဆုံးဖြတ်လုပ်ကိုင်တော့ မည်ဆိုလျှင် အမှားနှင့်အမှန် ခွဲခြားပြပါလိမ့်မည်။ သင်လိုက်လိုရာ လိုက်ပေတော့ ဟု ဆုံးဖြတ်ခြင်း မပြုဘဲ သင့်ကိုသာ တာဝန်ပေးလိမ့်မည်။ ထိုအခါ အမှန်တရား ၏ နောက်သို့ သင်လိုက်ပါရင်း သင့်ကိုယ်သင် ယုံကြည်မှုအပြည့် ရှိလာပေလိမ့် မည်ဟု ကျွန်မ သင်ခန်းစာ ယူလိုက်မိပါသည်။

အဆိုးထဲက အကာင်း - Junior Win

အဆိုးထဲက အကာင်း - Junior Win

ကွယ်လွန်သူ ကျွန်မ အဘိုး အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်က blessing in disguiseဆိုတဲ့ အသုံးအနှုန်းလေးတစ်ခုကို ကျွန်မ ၁ဝ တန်းတုန်းက ကြုံ့တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုနှင့် တိုက်ဆိုက်လို့ အခုလို ရှင်းပြခဲ့တယ်။
blessing in disguiseကို မြန်မာလို အနီးစပ်ဆုံးပြောရရင် 'အဆိုးထဲက အကောင်း' ပေါ့။ ကံကောင်းခြင်းဟာ တစ်ခါတစ်ရံမှာ ကံဆိုးခြင်းဆိုတဲ့ မျက်နှာ ဖုံးနဲ့ ဖုံးကွယ်ပြီး ရောက်လာတတ်တယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် ကံဆိုးလေခြင်းလို့ ယူဆမိပေမယ့် အဲဒီလို ကံဆိုးတာဟာ ကိုယ့်အတွက် ပိုကောင်းတဲ့ ကံကောင်းမှု မိုျးကို တွေ့ကြုံရတတ်တယ်။ အခု သမီး ၁ဝ တန်းစာမေးပွဲ ဖြေနေတုန်း နောင်ဆုံး သမိုင်းဘာသာ မဖြေခင်နေ့မှာ အဆော့လွန်ပြီး ခြေထောက်ခေါက်လို့ လမ်းမလျှောက်နိုင်ဘူး မဟုတ်လား။ ကိုယ့်အသား နာကျင်အောင် ဖြစ်ရတယ် ဆိုတာဟာ မကောင်းဘူးပေါ့။ ဒါပေမယ့် အဲဒီလို ခြေထောက်မထောက်နိုင်ခဲ့လို့ ကျောင်းကလုပ်တဲ့ ပွဲတစ်ခုမှာ သမီး မပါခဲ့ရပါဘူးဆို။ အခု သမီးသူငယ်ချင်း တွေ နေပူထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်ရလို့ စာမေးပွဲပြီးလို့ ကျောင်းပိတ်တာ တောင် ကောင်းကောင်း မကစားရဘူးလေ။ သမီးက အခု အိမ်မှာ အချိန်ပြည့် နားနိုင်တယ်။ ကစားနိုင်တယ်။ ဒါကို သမီး ကျေနပ်တယ်မဟုတ်လား။ သမီး ခြေထောက် လမ်းမလျှောက်နိုင်လို့ အခု သမီးအိမ်မှာ အေးအေးဆေးဆေး နေရ တယ်။ သမီးက အေးအေးဆေးဆေး နေရတာ ဝါသနာပါတယ် မဟုတ်လား။ အဲဒီလို့ မကောင်းတာဖြစ်ပေမယ့် ကိုယ့်အတွက် ကောင်းတာဖြစ်လာရတာကို blessing in disguiseလို့ ခေါ်တယ်။
ကျွန်မအဘိုး ဘဘကြီးဟာ တိုက်ဆိုင်မှုတွေနဲ့ ကြုံလာရင် အင်္ဂလိပ်စကား ပုံတွေနှင့် ရှင်းပြတတ်ပါတယ်။ အဲဒီ blessing in disguiseဆိုတဲ့ အသုံးအနှုန်း ကို ဘဘကြီးက သူ့ဘဝတစ်လျှောက်လုံးမှာ တွေ့ကြုံဖြစ်ပျက်ခဲ့ရတဲ့ အဖြစ်အပျက် တွေနှင့် ကြုံရင်ကြုံသလို ပြောပြလေ့ရှိတယ်။
ဘဘကြီး I.Sc (Immediate Science) အောင်ပြီး ရှေ့ဆက်ဘွဲ့ရအောင် ဆက်မတက်ဘဲနှင့် အရင်းရှင်ကုမ္ပဏီတစ်ခုမှာ တစ်လ ခြောက်ဆယ်ကျပ်နှင့် ဝင်လုပ်ခဲ့ပါတယ်။ ကျွန်မက ဘဘကြီးကို M.A ဘွဲ့ရပြီးတယ်ဆိုတာ သိထား တော့ I.Scကနေ M.Aဘယ်လို ဆက်တက်ခဲ့တယ်။ M.A ဘွဲ့ရခဲ့တယ်ဆိုတဲ့ အချက်ဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။
ဘဘကြီးဟာI.Sc အောင်ပြီး ရရာအလုပ် ဝင်လုပ်ခဲ့တယ်။ စစ်ပြီးသွားတော့ (လွတ် လပ်ရေးရပြီး) နိုင်ငံခြားရေးဌာနက သံတံမန်ရေးရာဌာနမှာ အလုပ်လိုချင်လွန်းလို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက ဘဘကြီးက အသက် ၃ဝ ဝန်းကျင်ပါ။ အဲဒီ နိုင်ငံခြားရေးရုံးမှာ အကြောင်းအမိုျးမိုျးကြောင့် အလုပ်မရခဲ့ဘူး။ ဒါကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချဖြစ်ခဲ့တယ်။ နိုင်ငံခြားရေးရုံးမှာ မရခဲ့တာ ကို ကျေအောင် M.Aရအောင် ယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။
အဲဒီတုန်းက လုပ်နေတဲ့ ထောက်ပံ့ရေးရုံးမှာ လခ ၅ဝဝ ကျပ်ရတယ်။ ဒါပေမယ့် စာကျက်ချိန် မရှိဘူး။ ဒါကြောင့် အဲဒီကနေ ထွက်ပြီး လခ ၁၅ဝကျပ် ပဲရတဲ့ စာပေဗိမာန်မှာ ဝင်လုပ်ခဲ့တယ်။ ဒီတော့မှ စာကျက်ချိန် ရခဲ့တယ်။ အင်္ဂလိပ်စာတော်တယ်။ အင်္ဂလိပ်စာကို စိတ်ဝင်စားသူဆိုတော့ English Literature အဓိက ယူပြီး B.Aအောင်ခဲ့တယ်။ တက္ကသိုလ်မှာ အချိန်ပိုင်း ကူျတာ လခ ၁၅ဝ နှင့် ဝင်လုပ်တော့ လခ ၂၅ဝ ကျပ် ဖြစ်နေပြီဖြစ်တဲ့ စာပေဗိမာန်က ထွက်လိုက်ပြန်တယ်။ M.Aဆက်တက်တယ်။ သူများတွေတော့ မသိဘူး။ ဘဘ ကြီးမှာတော့ အလုပ်ပြောင်းတယ်ဆိုပြီး တစ်ခါပြောင်းလိုက်ရင် လခနည်းနည်း သွားလိုက်ရင်းနှင့် လူတိုင်း ကဲ့ရဲ့စရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒါ ဂရုစိုက်စရာ မဟုတ်ပါဘူး။ ကိုယ်စိတ်ချမ်းသာပြီး ကိုယ်ဝါသနာပါတာ လုပ်နေရတာကို အဓိက ထားတယ်။
နိုင်ငံခြားရေးရုံးမှာ ကိုယ်သိပ်လုပ်ချင်တဲ့ အလုပ်မရရှိခဲ့လို့ အခုလို M.Aဘွဲ့ရတဲ့ အထိ တက်နိုင်ခဲ့တာပါပဲ။ နိုင်ငံခြားရေးရုံးက အလုပ်ဟာ အင်မတန် မက်မောစရာ ကောင်းပါတယ်။ အဲဒီအချိန်တုန်းကတော့ ကိုယ်လုပ်ချင်တာ မရခဲ့ လို့ ကိုယ့်ကိုယ်ကိုယ် ကံဆိုးတယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အဲဒီမှာ မရခဲ့လို့ ဘဘကြီး ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်လုပ်ဖို့ M.A ဘွဲ့ရခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။ ဒါဟာblessing in disguise  ပဲ မဟုတ်လား။
ကျွန်မအဘွား စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်ကလည်း blessing in disguiseအတွေ့အကြုံရှိတယ်။ မေမေကြီးဟာ ဘုရားသမိုင်းတွေကို မပျောက် မပျက် ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်လို ရေးချင်ခဲ့ပါတယ်။ စာပေအရသာ  တစ်ခုမှာ 'အံ့သြခြင်း' ဆိုတဲ့ အရသာ ရှိတယ်။ ဘယ်လောက် စက်မှုလက်မှု ထွန်းကားနေပါစေ၊ အဲဒီအရသာ မရှိဘူး။ ဒါကြောင့် Science Fiction စိတ်ကူး ယဉ်သိပ္ပံ ဇာတ်ကားတွေ တီထွင်ပြီး အံ့သြအောင် လုပ်ယူနေကြတာလို့ ယူဆပါ တယ်။ ဒါကြောင့် ဒီဘုရား သမိုင်းကို အင်္ဂလိပ်လို ရေးရင် နိုင်ငံခြာသားတွေ ကြိုက်ကို ကြိုက်ရမယ်လို့ ယုံကြည်ခဲ့တယ်။
အဲဒီမှာ 'ကိုျက်ထီးရိုးသမိုင်း' စရေးတယ်။ Guardianအင်္ဂလိပ်သတင်း စာကို ပို့ခဲ့တယ်။ အဲဒီတုန်းက နတ်သိကြား မပါရဆိုတော့ ဘုရားသမိုင်းမှာ ဒီနတ်တွေ သိကြားတွေ မပါဘဲရေးလို့ မဖြစ်တော့ အယ်ဒီတာက မေမေကြီးကို တောင်းတောင်းပန်ပန်နဲ့ ပြန်ပေးခဲတယ်။
နောက်ပိုင်းမှာ အဲဒီဆောင်းပါးကို အာရှမဂ္ဂဇင်းAsia magazine ကို ပေးခဲ့တယ်။ ဗျငေ ာေါဖေငညန ဆိုတာ တနင်္ဂနွေနေ့တိုင်း သတင်းစာနဲ့ တွဲရောင်း တဲ့ မဂ္ဂဇင်းဖြစ်တယ်။ အဲဒီမှာ Centre page အလယ်စာမျက်နှာမှာ ပါလာ တယ်။ အဲဒီမှာတင် သံတမန်အဖွဲ့တွေက သဘောကျ၊ ကိုျက်ထီးရိုးသွားချင်တဲ့ သူတွေက ပုံနေတော့တယ်။ ကိုျက်ထီးရိုးကလည်း ပြုပြင်ကာစမို့ နိုင်ငံခြားသား တွေအတွက် အမြန်ကို ပြုပြင်ခဲ့ရတယ်။ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းသလဲ။ အခုလို လှုပ်လှုပ်ရှားရှား ဖြစ်သွားရတာ ကျွန်မ အားကျမိတယ်။
နောက် 'မယ်လမုဘုရား' အကြောင်းပါလာတယ်။ နောက်ရေးပါဦးလို့ တိုက်တွန်းကြတော့ A  Wonderland of Burmese Legend ဆိုတာ ဗန်ကောက် မှာ ထုတ်ခဲ့တယ်။ အဲဒီ စာအုပ် review က ဟောင်ကောင်သတင်းစာမှာ ပါလာတာ။
Blessing in disguise ဆိုတာကို ကျွန်မ သဘောပေါက်လာပြီ။ Guardian မှာ ပါခဲ့ရင် 'အာရှမဂ္ဂဇင်း' ကို ပို့ဖို့အကြောင်း မရှိဘူး။ အာရှမဂ္ဂဇင်းမှာ ပါလာတော့ နိုင်ငံတကာက သိလာတယ်။ ထင်ထင်ရှားရှား ဖြစ်လာရတာ။ ပြီးတော့ ဒေါ်လာနဲ့ ရတယ်။ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ မရရှိခဲ့၊ မဖြစ်ခဲ့ရတာတွေဟာ ကိုယ့်အတွက် ပိုကောင်းတဲ့ ကံကြမ္မာနှင့် ဆုံစည်းခွင့်ရခဲ့ ရတာပါလို့ ကျွန်မ တွေးမိတယ်။
ကျွန်မအဘိုးရဲ့ ဆရာ တစ်ယောက်က သူအမြတ်တနိုးထားတဲ့ ဆေးတံ လေး ကိုျးသွားတာတောင် blessing in disguise လို့ ပြောတယ်တဲ့။ နောက် ဆေးတံအသစ်တစ်ခု ရတာပေါ့ဆိုတဲ့ အတွေးအခေါ်တစ်ခု ရှိနေတယ်။ တစ်နည်းအားဖြင့် ဖြစ်သမျှအကြောင်း အကောင်းပေါ့။
ကျွန်မလည်း ၁ဝ တန်းစာမေးပွဲ ဖြေပြီးတဲ့အချိန် အဲဒီ blessing in disguise ဆိုတဲ့ အသုံးအနှုန်းလေးကို စသိခဲ့ရတယ်။ တစ်ခုခု ခက်ခက်ခဲခဲဖြစ် ရရင် ဆိုးဆိုးရွားရွား ကြုံတွေ့ရရင် အကောင်းဘက်က စဉ်းစားတတ်လာတယ်။ ကျွန်မလည်း ကျွန်မ အဘိုးအဘွားတွေကို အားကျလို့ ကျွန်မမှာလည်း ဘဝနှင့် ယှဉ်ခဲ့ရတဲ့ blessing in disguiseတွေကို ညဏ်မီသလောက် ချရေးခဲ့မိပါ တယ်။
ကျွန်မ ၁ဝ တန်းအောင်ပြီး သင်္ချာ အဓိက ယူခဲ့တယ်။ B.Sc(Hons) အောင်မြင်ခဲ့တယ်။ ၁၉၉၅ခုနှစ် မေလမှာ မဟာသိပ္ပံနောက်ဆုံးနှစ် အောင်မြင် ခဲ့တယ်။ အဲဒီ မဟာသိပ္ပံနောက်ဆုံးနှစ် စာမေးပွဲဖြေတဲ့ နေ့တွေနဲ့ ၁ဝရက်လောက် ကြာတော့ အလုပ်စာမေးပွဲ ဖြေရတယ်။ နည်းပြစာမေးပွဲပေါ့။ စာကျက်ချိန် မပေးနိုင်ခဲ့လို့ အဲဒီီ အလုပ်စာမေးပွဲ ကျတယ်။ ဒါဟာ စိတ်ထိခိုက်စရာ တစ်ခုလို့ ယူဆရင် ရပါတယ်။ ဒါပေမယ့် ကျမ်းပြုစုနေတဲ့ ကာလတစ်လျှောက်လုံးမှာ စိတ်လွတ်ကိုယ်လွတ် စာကြည့်ရ၊ သင်္ချာပုစ္ဆာတွေ တွက်ရတာ သိပ်ကို ပျော်စရာ ကောင်းခဲ့တယ်။ အလုပ်တစ်ဖက်နဲ့ဆို မဟာသိပ္ပံကျမ်းအတွက် လုံလောက်တဲ့ အချိန် မပေးနိုင်ဘူးလို့ စဉ်းစားတတ်ခဲ့တာဟာ ဘဘကြီးသင်ထားတဲ့ ‘blessing in disguise’ ကြောင့်ပါပဲ။
မဟာသိပ္ပံကျမ်း ပြုစုနေတဲ့ အချိန်မှာ တာဝန်သိပ်မကြီးတဲ့ အချိန်ပိုင်း နည်းပြအလုပ်ကို လုပ်သားကောလိပ်မှာ ၁၉၉၅ ဇွန်လက စပြီး ဝင်လုပ်ခဲ့ပါတယ်။ နောက် ၁၉၉၆ ခုနှစ် နိုဝင်ဘာလကစပြီး လှိုင်ကောလိပ်မှာ အချိန်ပိုင်းဝင်လုပ် နေတုန်းမှာပဲ ၁၉၉၇ ခုနှစ် မတ်လမှာ မဟာသိပ္ပံကျမ်း စာမေးပွဲကို အောင်မြင် ခဲ့တယ်။
အဲဒီ မဟာသိပ္ပံကျမ်း စာမေးပွဲနေ့မှာ မေးခွန်းတစ်ခုမှ အမေးမခံခဲ့ရလို့  ကျွန်မ စိတ်ထိခိုက်ခဲ့ရတယ်။ ကျွန်မသူငယ်ချင်းတွေရဲ ့ thesis defendကျမ်း စာမေးပွဲတွေမှာ မေးခွန်းတွေ အမေးခံကြရလို့ ကျွန်မကို နားလည်ပါတယ်ဆိုတဲ့ ကျွန်မ သူငယ်ချင်းတွေကတောင် ကျွန််မကို ပြောကုန်ကြတယ်။ 'နင့်အဖေက သင်္ချာဆရာကြီးဆိုတော့ မေးစရာမလိုဘူးလို့ ယူဆနေလိုက်တာ နေမှာပေါ့၊ နင့် အဖေက သင်္ချာဆရာကြီးဆိုတော့ နင့်thesisအကြောင်း နင့်အဖေနဲ့ပဲ ဆွေးနွေး လိုက်ကြတာနေမှာ၊ 'ငါ့ကျတော့ အများကြီး မေးတယ်၊ နင့်ကိုကျတော့ တစ်ခုမှ မမေးဘူးဆိုတော့ ဘယ်တရားပါ့မလဲ' ကျွန်မကို ချလိုက်ကြတဲ့ မှတ်ချက်တွေ၊ ဝေဖန်သံတွကို ကျွန်မ ခံနိုင်ရည် မရှိခဲ့ဘူး။ ကျွန်မရဲ့ ပညာရေးလမ်းတစ်လျှောက်မှာ အခုလို ရင်ဆိုင်နေရတဲ့ အဖြစ်ဟာ တော်တော်ကြီး စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်မ thesis defendတစ်ခုပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပါမောက္ခရဲ့ ခွင့်ပြု ချက်နဲ့ ပြုလုပ်ခဲ့တဲ့ ကျွန်မရဲ့ ျနာငညမေ စာတမ်းဖတ်ပွဲမှာ စာ အလွန်မေးတယ်လို့ နာမည်ကြီးတဲ့ ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးကို ဖိတ်ခဲ့ပါတယ်။ ကျွန်မဟာ M.Scနဲ့ ထိုက်တန်သလား မထိုက်တန်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးတဲ့ ပွဲပဲလို့ ကျွန်မ မှတ်ချက်ချထားခဲ့ပါတယ်။
ဒthesis defend ဆိုတဲ့ မေးခွန်းတွေကို 'ဘာမှ မမေးလို့ မဖြေခဲ့ရဘူး' လို့ ပြန်ဖြေနေရတာထက်စာရင် အခုလုပ်တဲ့ seminar မှာ မေးတဲ့မေးခွန်းတွေ မဖြေနိုင်ရင်တောင်မှ 'ဘယ်မေးခွန်းတွေကို ဘယ်လိုမေးလိုက်တာ' ဆိုပြီး ပြော လိုက်ရတာကို ဂုဏ်ယူချင်ပါတယ်။ ဒီ ဂုဏ်ထူးဆောင်ပါမောက္ခ မေးတာကို ဖြေကို ဖြေနိုင်ရမယ်။ အတတ်နိုင်ဆုံး ရအောင်ဖြေမယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည် ထားရတာကို ကျွန်မအတွက် အင်အားတစ်ခု ဖြစ်ခဲ့ရတယ်။
အဲဒီနေ့မှာ seminar တက်ရောက် လာကြတဲ့ စီးပွားရေးတက္ကသိုလ်၊ လုပ်သားကောလိပ်၊ ဒဂုံ၊ ဒေသ-၂၊ ဒေသ-၁ စသည်ဖြင့် ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေရဲ့ ရှေ့မှာ ကျွန်မ စိတ်ကြိုက်ဖြေဆိုခွင့်၊ ဆွေးနွေးခွင့်၊ ဂုဏ်ထူး ဆောင်ပါမောက္ခကြီးဆီက သူ့ရဲ့ ပညာရပ်ဆိုင်ရာ သဘောတရားတွေ ကြားသိ လိုက်ရတာ သိပ်ကို ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ ဒါဟာ thesis defend တုန်းက ဘာတစ်ခုမှ အမေးမခံလိုက်ရလို့ မဟုတ်လား။ ဒါ blessing in disguise လို့ ဘဘကြီးသာ သက်ရှိထင်ရှားရှိနေရင် ကျွန်မကို ပြောမှာ သေချပါတယ်။
လူဆိုတာ အသက် ၁ဝဝ မနေရပေမယ့် အမှု ၁ဝဝ ကြုံရတယ်လို့ ဆိုရိုးစကား ရှိတယ် မဟုတ်လား၊ အဲဒီလို အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ကြုံလာတိုင်း blessing in disguise ဆိုတဲ့ စကားလေး ခေါင်းထဲမှာရှိနေရင် အများကြီး စိတ်သက်သာရာ ရတယ်ဆိုတာ အကြံပေးချင်တယ်။ မည်သူမဆို 'အဆိုးထဲကအကောင်း'၊ ဖြစ်သမျှအကြောင်း အကောင်းကြီး' ပါပဲလို့ ခံယူနိုင် ကြပါစေဆိုတဲ့ ရည်ရွယ်ချက်နှင့် ကျွန်မဆောင်းပါးကို နိဂုံးခုျပ်လိုက်ပါတယ်။

ကိုးရပ်စ်အကြောင်း - Junor Win

ကိုးရပ်စ်အကြောင်း - Junor Win

 အတွေးအမြင် (၁၃၂)၊ ၁၉၉၈ ဧပြီ
၁။        ဇာတ်ပို့တွေကို chorus (ကိုးရပ််စ်) လို့ ခေါ်တယ်။
၂။        chorus လို့ ခေါ်တဲ့ ဇာတ်ပို့တွေရဲ့ အလုပ်က ဇာတ်ကို ပို့ရုံတင် မကပါဘူး။ ဇာတ်ထွက်လာတာနဲ့  ကိုးရပ်စ်တစ်ယောက်  သို့မဟုတ်  နှစ်ယောက် သုံးယောက် ထွက်လာမယ်။
၃။        ဇာတ်မကမီ ကပြမယ့် ဇာတ်အကြောင်းကို ပရိသတ်ကို ပြောပြမယ်။
၄။        ကိုးရပ်စ်တွေဟာ ဇာတ်ကွက်ထဲမှာ တစ်ခန်းနှင့် တစ်ခန်း အခြေအနေများကို ပါ ပရိသတ် နားလည်အောင် ဝေဖန် ပြောကြတယ်။
၅။        ကိုးရပ်စ်များဟာ ဇာတ်ကောင်များ မဟုတ်ကြပါဘူး။ ဇာတ်လမ်းထဲ လုံးဝ ပါဝင် သရုပ်မဆောင်ကြပါဘူး။
၆။        သူတို့ဟာ ဘာကိုမှ အထောက်အကူ မပြုကြသလို သူူတို့ကြောင့်လည်း ဇာတ်လမ်းက ရွေ့မသွားပါဘူး။ chorus များဟာ ဇာတ်လမ်းထဲမှာ ဘာမှ လုပ်ပေးကြသူတွေ မဟုတ်ပါဘူး။
၇။        ဇာတ်လမ်းထဲက ဖြစ်ပျက်နေတာတွေကို အပြင်လူလိုပဲ ရပ်ကြည့်ပြီး သူ့ အမြင်ကို ပရိသတ်ကို ပြောပြကြတယ်။
၈။        ဇာတ်လမ်းထဲမှာ ချာလည်နေတဲ့ ဇာတ်ဆောင်တွေဟာ အခြေအနေမှန်ကို ယထာဘူတကျကျ မသိနိုင် မမြင်နိုင်ကြပါဘူး။ ကိုးရပ်စ်တွေကသာ ကမ်းပေါ်က ကြည့်ပြီး အဖြစ်မှန်ကို မြင်နိုင်ပါတယ်။
အထက်ပါ အချက်များသည် ကိုးရပ်စ်နှင့် ပတ်သက်၍ ပြဇာတ်ဆိုင်ရာ အဓိပ္ပာယ်သတ်မှတ်ချက်များ ဖြစ်ပါသည်။ (ဒေါ်) ခင်မိုျးချစ် ရေးသားသော ဥရောပစာပေနှင့် လောကဇာတ်ခုံ၊ ဇာတ်ခုံလောက အမည်ရှိစာအုပ်များမှ ကိုးရပ်စ် နှင့်ဆိုင်သော အကြောင်းအရာများကို ကျွန်မ ထုတ်နုတ်၍ တင်ပြထားခြင်းဖြစ်ပါ သည်။ ပြဇာတ်ထဲမှာ ကိုးရပ်စ်တွေ ဘာတာဝန် ယူကြသလဲ၊ ကိုးရပ်စ်တွေရဲ့ အလုပ်က ဘာလဲ၊ ကိုးရပ်စ်တွေ ဘာတွေ ပြောကြသလဲဟူသော မေးခွန်းများကို ကျွန်မ စိတ်ဝင်စားမိရာမှ ဆောင်းပါးတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ရပါသည်။
ဂရိပြဇာတ်ဆရာကြီးများဖြစ်သည့် Sophocles ဆော့ဖ်ကလိစ် (ဘီစီ-၄၉၆-၄ဝ၆)နှင့် Aechylus အစ္စစိလိ (ဘီစီ ၅၂၅-၄၅၆) တို့ ရေးသားသော Oedipus the King, Oedipus at Colorus, Seven Against Thebes, Antogone, Prometheus ပြဇာတ်များထဲတွင် ကိုးရပ်စ်များ၏ နေရာ၊ ကိုးရပ်စ် များ၏ အခန်းကဏ္ဍ၊ ကိုးရပ်စ်များ၏ ရပ်တည်မှုသည် ဇာတ်ဆောင်များလို လှုပ်ရှားမနေဘဲ ကျောက်စိုင်ကျောက်သားများလို ဘာမှလည်း အကူအညီမပေး၊ ဘာမှလည်း ဝင်မလုပ်ပေးဘဲနှင့် သက်ဝင်လှုပ်ရှားနေပါသည်။
ကိုးရပ်စ်များကြောင့် ပရိသတ်များ တစ်ခုခုကို နားလည်သွားကြသည်။ ကိုးရပ်စ်များ အပြောကောင်းလွန်း၍ ဇာတ်ဆောင်များပင် သူတို့ကို တော်ပါတော့၊ သင်တို့၏ ပါးစပ်များ ပိတ်ထားကြပါတော့ဟု ပြောယူကြရသည်။ သူတို့ကို သရုပ်ဆောင် ဇာတ်လိုက်တွေလည်း မနိုင်။ ကိုးရပ်စ်များကား သူ့တာဝန်အတိုင်း သူ့ပရိသတ်များအား လှည့်ပြောလိုက်၊ ကိုးရပ်စ်တွေ အချင်းချင်းပြောလိုက်၊ ဇာတ်လိုက်တွေကို ဝေဖန်လိုက်နှင့် အေးအေးဆေးဆေး ရှိလှပေသည်။
ဂရိပြဇာတ်တွေမှာ ကိုးရပ်စ်နေရာ ယူထားတာ ဘယ်သူလဲ၊ ကိုးရပ်စ် တွေ ဘယ်အခန်းမှာ ထွက်လာလေမလဲဟူသော မေးခွန်းများက ဇာတ်လိုက်သရုပ် ဆောင်များထက် စိတ်ဝင်တစား ရှာဖွေမိအောင် ကျွန်မကို ဆွဲဆောင်လွန်းပါတယ်။
''ဂရိပြဇာတ်တစ်ခုကို ကြည့်နေသော ပရိသတ်များသည် ဇာတ်စင်၏ နံဘေးတွင် ခုံကလေးတစ်လုံးချ၊ ဆေးလိပ်လေးဖွာလိုက်နှင့် ကိုးရပ်စ်တစ်ယောက် နှစ်ယောက်ကို တွေ့ရလိမ့်မည်။ သူတို့သည် ပရိသတ်နှင့် အတူ ဇာတ်စင်ပေါ်က သရုပ်ဆောင်တွေ၏ လှုပ်ရှားမှု၊ သရုပ်ဆောင်မှုများကို ကြည့်ကြပေလိမ့်မည်။ ပရိသတ်များကို သူတို့က ဇာတ်လမ်းဇာတ်ကွက် အကြောင်းတွေ ရှင်းပြကြလိမ့် မည်။ သရုပ်ဆောင် တစ်ယောက်တည်း ဇာတ်ခုံပေါ်ရှိနေလျှင်လည်း ပျင်းမနေ အောင် စကားလှမ်းပြောချင် ပြောနေကြပေလိမ့်မည်။''
ကျွန်မ၏အဘွား ဒေါ်ခင်မိုျးချစ်သည် ကျွန်မ မသိ မမီလိုက်ရသော ကိုးရပ်စ်တွေ၏ ဇာတ်ခုံပေါ်က မြင်းကွင်းကို အထက်ပါအတိုင်း ရှင်းပြခဲ့ပါသည်။ ကျွန်မ လေ့လာဖတ်ရှုခဲ့သော ပြဇာတ်တစ်ပုဒ်ဖြစ်သည့် Aechylus ရေးသားသော Seven Agains Thebes ပြဇာတ်ထဲတွင် ကိုးရပ်စ်၏ နေရာမှာ (သီဘိစ်ပြည်) အမိုျးသမီးများ ဖြစ်ပါသည်။ ရန်သူတော်တွေ အဝိုင်းခံနေရသော Thebes   ပြည်ကို-
''ငါတို့ မြို့ထဲသို့ ရန်သူတွေ ဝင်လာကြပြီ။ သူတို့ ဝင်လာပုံကား ရေတံခွန်မှ ရေများ အတားအဆီးမဲ့ ကျလာပုံမိုျးတည်း''
ဟု အစချီလျက် ရန်သူတွေ ဝင်လာပြီး တိုက်ခိုက်ကြပုံ၊ မြင်းတွေဝင်လာ ကြပုံကို ဘောလုံးပွဲတွင် ဘောလုံးကို ဘယ်လိုကန်လို့၊ ဘယ်သူက ထောက်ပေး၍ ဘောလုံးက မည်သို့မည်ပုံ ဂိုးတိုင်ထဲ ဝင်သွားပါသည်ဟု ဘောလုံးပွဲ ကြေညာ သူကဲ့သို့ တစ်စမကျန် ပြောနေကြသဖြင့် ပြဇာတ်ဖတ်သူသည် မျက်စိထဲတွင် တိုက်ပွဲ၏ ပြင်းထန်ပုံကို ကွက်ကွက်ကွင်းကွင်း မြင်နေကြရပါသည်။ ဇာတ်ခုံပေါ် တွင် ပြရခက်ခဲသော တိုက်ပွဲပြကွက်များကို ကိုးရပ်စ်များ၏ ပြောဆိုကြပုံနှင့် ကြောက်ရွံ့စဖွယ် လက်တွေ့ ရှုမြင်ရသလို ပြဇာတ်ကြည့်သူများ ခံစားကြရပေ လိမ့်မည်။
နောက်ဆုံးတွင် ကိုးရပ်စ်များက သူတို့ ကိုးကွယ်သည့် နတ်များကို တိုင်တည် ေြွကးကြော်ကြလေသည်။
'ငါတို့၏ နတ်မင်းများ...ငါတို့၏ တိုင်းပြည်ကို ကယ်တင်ကြပါ။ ငါတို့ တိုင်းပြည်ကို သင်တို့ ဘယ်လောက် ချစ်မြတ်နိုးကြတယ်ဆိုတာ ပြသကြပါဦး။ သင်တို့တွေအတွက် ငါတို့ ဘယ်လို ယဇ်ပူဇော်ပေးခဲ့ကြတယ်ဆိုတာတွေကို ပြန်စဉ်းစားကြပါဦး'
ထိုအခါ ဘုရင် Etoclesက-
'မင်းတို့ဟာ ဘာမှ အသုံးမကျ၊ ဘာမှ အကူအညီ မပေးတဲ့ သတ္တဝါတွေ၊ ဒါ အဝိုင်းခံနေရတဲ့ ငါတို့ စစ်တပ်ကို မင်းတို့တိုင်းပြည်ရဲ့ လုံခြုံမှုအတွက် အကောင်းဆုံး အားပေးနေတာလားလို့ ငါမေးလိုက်ချင်ပါရဲ့'
ဟု ကိုးရပ်စ်များကို အပြစ်တင်ရင် တစ်ဖက်တစ်ခွန်း စကားပြောကြရင်း-
'အို...Zeus ဇီးယုဇ် နတ်မင်းကြီး ပေးထားတာ ဘယ်လို မိန်းမတွေနဲ့ ဖွဲ့စည်းထားတဲ့ အမိုျးအနွယ်တွေပါလိမ့်' ဟု ညည်းညူပြောဆိုလေသည်။
Sophocles ရေးသားသော Oedipus at Colorus ပြဇာတ်ထဲတွင်လည်း နယ်နှင်ခံရသူ Oedipus (အိဒိပ) ကို ကိုးရပ်စ်များက-
'သင် ဘယ်သူလဲ၊ သင့်မျက်လုံးတွေ ဘာကြောင့် ကန်းနေရသလဲ၊ သင် ဘာကိစ္စ ဒီနယ်ထဲ နယ်ကျွံလာရတာလဲ။ ကဲ...အပန်းဖြေပြီးရင် သင့်အမည်၊ သင့်ရဲ့ အမိုျးအနွယ်တွေအကြောင်း ပြောပေတော့။ ဘာကိစ္စဖြေရမှာ ကြောက်ရွံ့ နေရတာလဲ။ မရဘူး ပြော၊ ပြော။ သင့်ရဲလူမိုျး၊ သင့်ရဲ့အဖေ ဘယ်သူလဲ။ မြန်မြန်ပြော၊ သင်က သိပ်နှေးကွေးလွန်းတာပဲ'
ဟု အဖကို သတ်၊ အမိကို မိဖုရား မြှောက်မိ၍ နယ်နှင်ခံထားရသည့် အကြောင်းကို Oedipus ဘုရင် မပြော ပြောအောင်၊ ပရိသတ်များလည်း သိသွား အောင် မရအရ ပြောခိုင်းလေသည်။ ကံကြမ္မာ၏ လှည့်စားမှုကြောင့် အဖရင်းကို မသိဘဲနှင့် သတ်မိခြင်း၊ မိခင်အရင်းကိုလည်း မသိဘဲနှင့် မိဖုရားမြှောက်မိ ခြင်းတို့ကို Oedipus the Kingပြဇာတ် ကြည့်ဖူးပြီးသော ပရိသတ်တွေ သိပြီး သား ဖြစ်ချင် ဖြစ်နေပေလိမ့်မည်။ သို့သော် ကိုးရပ်စ်များကြောင့် ပွဲကြည့် ပရိသတ်အားလုံး သိသွားကြပေမည်။
ဂရိပြဇာတ်တွေထဲတွင် ကိုးရပ်စ်ပါမှ ပြည့်စုံသည်ဟု ပြောစမှတ် ပြုရ လောက်အောင် ကိုးရပ်စ်၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဟု ကျွန်မ ထင် ပါသည်။ ဂရိပြဇာတ်ဟု ဆိုလိုက်သည်နှင့် ကိုးရပ်စ် မလွဲမသွေ ပါဝင်နေခြင်း ကြောင့် 'ဂရိဖက်ရှင်' Greek Fashon ဟူသော အသုံးအနှုန်းသည် ကိုးရပ်စ်များ ကို အဓိက ရည်ညွှန်းကြောင်း သိသာပါသည်။ ထို့ကြောင့်ပင် William Shakespeare (၁၅၆၄-၁၆၁၆) ရေးသားသော Antony and Cleopatra ပြဇာတ် ထဲမှ ဇာတ်ကောင် Enobarbus ကို ‘Enobarbus ဟာ ဂရိဖက်ရှင်၏ နောက်ပိုင်း ကိုးရပ်စ်များ၏ အခန်းကဏ္ဍအဖြစ် ဝေဖန်ပိုင်းခြားသူ၊ ဆွေးနွေးတိုင်ပင်သူ ဇာတ် ကောင်တစ်ဦးအဖြစ် Shakespeare ဖန်တီးထားသော ဇာတ်ရုပ်တစ်ရုပ် ဖြစ်ပေ သည်'' ဟု မှတ်ချက်ချခံရခြင်း ဖြစ်ပေသည်။
ထို့ပြင် Hudsonဆိုသူ ပုဂ္ဂိုလ်တစ်ဦးကလည်း-
Enobarbus ဟာ ဒီပြဇာတ်ထဲမှာ ကိုးရပ်စ်များ၏ အခန်းကဏ္ဍအနေနှင့် စာရေးဆရာနှင့် ပရိသတ်များအကြားမှာ ရှင်းလင်းတင်ပြရတဲ့ အပိုင်းကို ယူထား ပါတယ်။ ကဗျာဆရာကြီး Shakespeareဟာ သူပြောချင်တဲ့ လှို့ျဝှက်ချက်ကို ကျွန်တော်တို့ ပရိသတ်ကြီး နားလည်သွားအောင် ပြောကြားပေးဖို့ Enobarbus  ကို တာဝန်ပေးထားပါတယ်။ Enobarbus ဟာ တစ်ချိန်တည်းမှာပဲ သရုပ်ဆောင် တစ်ဦး ဖြစ်နေသလို တစ်ချိန်တည်းမှာပဲ သရုပ်ဆောင်ဇာတ်ရုပ်တွေကို ရယ်သွမ်း သွေးနေပါတယ်။ အဲဒီစတိုင်ဟာ Enobarbus ရဲ့ အထူးခြားဆုံးသော လိမ္မာ ပါးနပ်မှု စတိုင်လ်ပဲ ဖြစ်ပါတယ်' ဟု ကောက်ချက်ချထားပါသည်။ Mark Antony၏ သူငယ်ချင်းဖြစ်သော Enobarbus သည် Antony and Cleopatraပြဇာတ်ထဲတွင် လှုပ်ရှားနေသော ဇာတ်ကောင် ဇာတ်ရုပ်များကြားတွင် အတူတူရှိနေ သော်လည်း တစ်ပြိုင်နက်တည်းမှာပင် ကိုးရပ်စ်၏ အရည်အချင်းများနှင့် ပြည့်မီသော ကိုးရပ်စ်တစ်ယောက် ဖြစ်နေခဲ့ပါသည်။
ထို့ကြောင့် Enobarbus သည် လောကဇာတ်ခုံပေါ်က ချာလည်နေသော ဇာတ်ဆောင်များကြားထဲတွင် တစ်ဦးတည်းသော ပညာရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေ သည်ဟု မှတ်ချက်ချထားကြခြင်း ဖြစ်ပါသည်။ Enobarbus ၏ အမည် အရှည် မှာ Domitius Enobarbus ဖြစ်ပါသည်။
Enobarbus ကဲ့သို့ ကိုးရပ်စ်သရုပ်ဆောင်တစ်ဦးမှာ George Bernard Shaw(၁၈၅၆-၁၉၅ဝ) ရေးသားသော Caesar and Cleopatraအမည်ရှိ  နာမည်ကျော်  ပြဇာတ်တစ်ပုဒ်ထဲမှ  Apollodorus  ဖြစ်သည်။ Apollodorus သည် ဆစ်စလီလူမိုျး (Sicilian) အသက် ၂၄-၂၅ နှစ်အရွယ်၊ တက်ြွကနိုးကြားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူသည် မင်းမှူးမတ်မိုျး ဖြစ်ခြင်းကို ဂုဏ်ယူစွာ ပြောကြားတတ်လေ့ရှိပြီး ''အနုပညာသည် အနုပညာ အတွက်'' ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသူ ကဗျာအနုပညာသည် တစ်ဦးလည်းဖြစ်သည်။ ဲJulius Caesar ကပင်လျှင် Apollodorus ဟာ နာမည် ကျော် မင်းမှူးမတ်မိုျးနွယ် အနုပညာသည် တစ်ယောက်ပေပဲ ဟု မှတ်ချက်ချ ထားပေသည်။ ပြဇာတ်တစ်ခုလုံးတွင်Apollodorus ၏ ကဗျာဆန်သော စကား လုံးများ၊ ပါဝင်သရုပ်ဆောင်မှုများကို ဝေဖန်မှတ်ချက်ချသော ကောက်ချက်များ စာဖတ်ပရိသတ်ကို အတော်ကြီး ဖမ်းစားလျက် ရှိသည်။ ထိုပြဇာတ်ကို ဖတ်ရင်း ဖတ်ရင်းနှင့်ပင် Apollodorus ဟာ တကယ့်ကို ကိုးရပ်စ်တစ်ယောက်၏ တာဝန် ကို ကျေပွန်သူပေပဲဟု မချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်ရပေသည်။
တစ်ခါတစ်ရံ ကျွန်မ လုပ်ပုံကိုင်ပုံတွေကို ကျွန်မ၏ သူငယ်ချင်းတွေက ဝေဖန်ပြောဆိုကြတတ်ပါသည်။ ကျွန်မက မကျေမနပ်နှင့် ပြန်ပြောလျှင်လည်း သည်းညဉ်းခံတတ်သူတွေ ဖြစ်ပါသည်။ သူတို့ပြောတာဆိုတာတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ရှုမြင် သုံးသပ်နိုင်ခဲ့ရပါသည်။ ကိုးရပ်စ်လို အားမနာတမ်း ဝေဖန်တတ်သူ ကျွန်မ ပတ်ဝန်းကျင်မှ အပေါင်းအသင်း သူငယ်ချင်းများကို ''ကိုးရပ်စ်အကြောင်း'' ဆောင်းပါးရေးရင်း သတိရလိုက်မိပါသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့၏ ပတ်ဝန်းကျင်မှာလည်း ကိုးရပ်စ်တွေ ရှိနေသည်ကို သတိပြုလိုက်ရပါ သည်။
စာညွှန်း-
Antony and Cleopatra (Shakespeare) Edited with An introduction and full notes, by Prof T.N. Jagadisan, M.A

ယုံကြည်ချက် - Junior Win

ယုံကြည်ချက် - Junior Win

 အတွေးအမြင် (၁၃ဝ)၊ ၁၉၉၇ ဒီဇင်ဘာ + ၁၉၉၈ ဇန်နဝါရီ
မဟာဗုဒ္ဓဝင်ထဲမှာ၊ သမိုင်းဝင်အဖြစ်အပျက်တွေထဲမှာ၊ စာအုပ်စာပေတွေထဲမှာ၊ ကျွန်မတို့ ပတ်ဝန်းကျင်မှာ၊ လူတိုင်းလူတိုင်းမှာ ယုံကြည်မှုလေးတွေ ရှိနေတတ် ကြပါတယ်။ ကျွန်မ လေ့လာမိသလောက်ထဲက တခို့ျကို တင်ပြချင်ပါတယ်။
တစ်ခါတစ်ရံမှာ ဘာမဟုတ်တာကလေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး စွဲကိုင် ယုံကြည်မိတာတွေ ရှိတယ်။ ကျွန်မလည်း ဘာမဟုတ်တာကလေးကို မှန်တယ်လို့ ယူဆပြီး ခေါင်းမာတတ်ခဲ့ဖူးပါတယ်။ ကျွန်မ ငယ်စဉ် အတန်းထဲမှာ စာမေးခံရတုန်းက အကြောင်းပါ။ ဆရာမက ကျွန်မ နာမည်ခေါ်ပြီး မတ်တတ် ရပ်ခိုင်းပါတယ်။ ဆရာမက မေးခွန်းကို ပြောပြီး ကျွန်မကို ဖြေဖို့ ခွင့်မပြုခင်လေး မှာ ကျွန်မ ရှေ့နားက ကျောင်းသူတစ်ယောက်က အဲဒီ အဖြေကို ဝင်ဖြေလိုက်ပါ တယ်။ သူ ဖြေလိုက်တာကို ကျွန်မနဲ့ အနီးတစ်ဝိုက်က ကျောင်းသား ကျောင်းသူ တွေအပြင် ဆရာမလည်း ကြားလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ 'ကဲ...ဖြေ' လို့ ဆရာမက ကျွန်မကို တိုက်တွန်းချိန်မှာ ဆရာမ စမေးကတည်းက ဖြေဖို့ အသင့်ပြင်ထားတဲ့ အဖြေကို ဖြေရမယ့်အစား ကျွန်မဦးနှောက်ထဲမှာ 'ငါဖြေလိုက် ရင် ရှေ့က ကျောင်းသူပြောတာကို ကြားလို့ ဖြေနိုင်တယ်လို့ ထင်သွားမယ်။ ငါ့ အရည်အချင်းနဲ့ ငါ ဖြေတာကို ယုံမှာမဟုတ်ဘူး' လို့ တွေးနေခဲ့ပါတယ်။ ဆရာမက မေးခွန်းကို ထပ်ရွတ်ပြပြန်ပါတယ်။ သူများ ဖြေပြီးသား လိုက်ဖြေ တယ်ဆိုတဲ့ အထင်မိုျးကို အထင်မခံချင်လို့ ဆရာမက အထင်သေးပြီး ဒါလေး တောင် မရရကောင်းလားဆိုတဲ့ အပြစ်တင်စကားမိုျးနဲ့ ကျွန်မ လဲလှယ်ယူခဲဖူးပါ တယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သူငယ်ချင်းတွေက ကျွန်မကို အပြစ် တင်ကြပါတယ်။
'ဟိုတစ်ယောက်ပြောတာ နင် မကြားဘူးလား။ ဘာဖြစ်လို့လဲ'
'ကြားပါတယ်။ သူ မပြောလည်း ငါ ဖြေတတ်တာပဲ။ ငါ ဖြေလိုက်ရင် သူ ပြောလိုက်တာကြောင့်လို့ ထင်သွားကြမှာ ငါ မလိုချင်ဘူး။ အခုတောင် နင် အဲဒီလိုပဲ ယူဆနေတယ် မဟုတ်လား'
'ဘာဆိုင်လဲ။ အရေးကြီးတာ ဆရာမ မေးတာ ဖြေနိုင်ဖို့ပဲ''
သူများတွေက ကြောင်တယ်လို့ ပြောတာတောင် သိပ်လက်မခံချင်ဘူး။ ကျွန်မ မှန်တယ်ဆိုပြီး ယုံကြည်မိတာကို ဘာနဲ့မှ မလဲခဲ့ပါဘူး။
အဲဒီလို အဖြစ်အပျက်အတိုင်း ကျွန်မ သင်္ချာအဓိကနဲ့ တက္တသိုလ် ပထမ နှစ်မှာ အင်္ဂလိပ်စာ ဆရာမ စာမေးခံရစဉ်တုန်းက ထပ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းကလည်း ကျွန်မ ငယ်ငယ်တုန်းကလိုပဲ ပါးစပ်ပိတ်ပြီး နေခဲ့ဖူးတယ်။ ငယ်ငယ်က သူငယ်ချင်းတွေ အပြစ်တင်တာမိုျး ကျွန်မဘေးက သူငယ်ချင်း အသစ်တွေက ဝိုင်းပြီး မကျေမနပ် ပြောကြတာ ခံခဲ့ရပါတယ်။ ငယ်စဉ် state ကျောင်းတွေနဲ့ မတူတာက စာသင်ခန်းဘေးမှာ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ ကျောင်းသားကျောင်းသူတွေ၊ လှောင်တတ် ပြောင်တတ်တဲ့သူတွ ရှိနေတာပါပဲ။ အဲဒီကြားထဲက ကျွန်မဟာ ယုံကြည်မှုရဲ့ အစွဲကို အလျှော့ပေးဖို့ မစဉ်းစားခဲ့မိဘူး။ အဲဒီအတွက်လည်း နောင်တ မရခဲ့ဘူး။
'အဲဒါဆိုလည်း ဆရာမကို နောက်မေးခွန်းအသစ်တစ်ခု မေးပါလို့ ပြော လိုက်ပါလား။ သူများ ဖြေပြီးသား မဖြေချင်ဘူးလို့ ဆရာမကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပေါ့' လို့ ဘယ်သူငယ်ချင်းကမှ မပြောဖူးကြသလို ကျွန်မကိုယ်တိုင် လည်း မစဉ်းစားခဲ့မိပါဘူး။ အခု ၁၉၉၇ ခုနှစ် မတ်လ M.Scမဟာသိပ္ပံ စာမေးပွဲကျမှ အဲဒီ အတွေးမိုျး ဝင်လာခဲ့ပါတယ်။ ၁၉၉၇ မတ်လမှာ ပြုလုပ်တဲ့ မဟာသိပ္ပံကျမ်းပြု စာမေးပွဲ M.S thess defend အတွက် အစစအရာရာ ပြင်ဆင်ကြိုးစားခဲ့ရသမျှdefendမှာ ဘာတစ်ခုမှ အမေးမခံရတဲ့အတွက် ကျွန်မ စိတ်ထိခိုက်ခဲ့ရဖူးပါတယ်။ အဲဒီအတွက် ကျွန်မရဲ့ အရည်အချင်းကို သိရှိနိုင်ဖို့ defendပြန်လုပ်ခွင့် ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့defendအစား စာတမ်း seminor စာတမ်းဖတ်ပွဲ လုပ်ခွင့်ရပြီး အဲဒီမှာ ဆရာတွေ ဝိုင်းမေးကြတဲ့ မေးခွန်း တွေ ဖြေနိုင်ခဲ့လို့၊ စာဆွေးနွေးခွင့် ရခဲ့လို့ တက်ရောက်ခဲ့ကြတဲ့ ဆရာ ဆရာမတွေ  ကျွန်မရဲ့ အရည်အချင်းကို ဝေဖန်ပြောဆိုမှုတွေရဲ့ အောက်မှာ M.Scဆိုတဲ့ ဘွဲ့ကို ကျွန်မကိုယ်ကျွန်မ ထိုက်တန်ပြီလို့ ဝမ်းသာကျေနပ် ဂုဏ်ယူခဲ့ရပါတယ်။
ကျွန်မ ငယ်စဉ်က ''နောက်မေးခွန်းအသစ်တစ်ခု မေးဖို့ ဆရာမကို ပြောသင့်တယ်'' ဆိုတဲ့ အတွေးမိုျး မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ အခု M.Scဆိုတဲ့ ဘွဲ့တစ်ခုအတွက် ထိုက်တန်တဲ့ မေးခွန်းမိုျးကို ကျွန်မ မျှော်လင့်တကြီး တောင်းဆို တတ်သွားခဲ့တာကို ကျေနပ်ခဲ့မိတယ်။ M.Scအောင်စာရင်းထွက်တော့ ကျွန်မ သိပ်လိုချင်ခဲ့တဲ့ credit တို့Dတို့ မရပေမယ့် ကျွန်မ ကျေနပ်ပါတယ်။
ကျွန်မက ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ယုံကြည်မှုကို သစ္စာ မဖောက်မိဖို့ အဓိက ထားခဲ့ပါတယ်။ ဥပဒေစကားနဲ့ ပြောရရင် ပဋိညာဉ် ထားတယ်ပေါ့။ ပဋိညာဉ် (contract) ကတိစာခုျပ်လို့ အဓိပ္ပာယ် ရပါတယ်။ စာနဲ့ပေနဲ့ ခုျပ်ထားမှ မဟုတ်ဘူးလို့ ကျွန်မအမေက သူ့ကို Commerical Law သင်တဲ့ ဆရာတစ်ယောက်က အတန်းထဲမှာ ရှင်းပြပုံနှင့် ဥပမာ ပြောပြပါ တယ်။
'သူငယ်ချင်းတစ်ယောက်ဆီ စိတ်ဆိုးပြီး စာတစ်စောင်ကို စာတိုက်ပုံးထဲ ထည့်ပြီးသွားပြီ ဆိုပါတော့။ ထည့်ပြီးမှ စိတ်ပြေပြီး ပြန်လိုချင်လို့ စာသိမ်းချိန် စောင့်ပြီး ကိုယ့်စာလေး ပြန်တောင်းဖို့ စာသိမ်းသမား အလာကို ထိုင်စောင့်နေရ တယ်။ စာသိမ်းသမား လာတော့ ကိုယ့်စာလေး ပြန်တောင်းတဲ့အခါ အဲဒီ စာသိမ်းသမားက ဒါ contract ဖြစ်သွားပြီ၊ ပြန်မပေးနိုင်ဘူးလို့ ပြောမှာပဲ။ အဲဒါ မနည်းကြီး တောင်းပန်လည်း ကိုယ်စာ ကိုယ့်လက်ထဲ ပြန်ရောက်မှာ မဟုတ်ဘူးနော်။ (contract) ပဋိညာဉ်ဆိုတာ စာနဲ့ပေနဲ့ ခုျပ်ထားမှ မဟုတ်ဘူး။ အဲဒီလို နေရာမှာလည်းcontract ပဲတဲ့'
ဥပဒေ ကျောင်းသူတစ်ယောက်ရဲ့ contract အပေါ် ယုံကြည်မှုကတော့ 'စာမေးပွဲမှာ ခိုးမချရဘူးဆိုတဲ့ contract ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ contract ဟာ စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေနဲ့ ခုျပ်ထားတာ မဟုတ်တဲ့ အတွက် လိုက်နာသင့်တယ်၊ မလိုက်နာသင့်ဘူးဆိုတဲ့ အဖြေဟာ စဉ်းစားစရာပဲ ဖြစ်ပါတယ်' တဲ့။ စားမေးပွဲစောင့် သင်္ချာဆရာတစ်ယောက်က ကျွန်မကို ပြန်ပြော ပြတာ ဖြစ်ပါတယ်။
Sir Walter Scott (၁၇၇၁-၁၈၃၂) ဟာ အင်္ဂလိပ် ကဗျာဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကဗျာရေးသူ၊ လုံးချင်းဝတ္ထုရှည်ကြီးများရေးသူ ပညာရှင် တစ်ဦးအဖြစ် ထင်ရှားပါတယ်။ သူ့ကို ၁၇၇၁ ခုနှစ် စကော့တလန်ပြည် Edinburghမှာ မွေးဖွားခဲ့ပါတယ်။ သူ ရေးခဲ့တဲ့ ကဗျာတွေဟာ သူ့ရဲ့ ယုံကြည်မှု ကို သူ့ကဗျာဖတ်တဲ့ သူတွေပါ စွဲဝင်ယုံကြည်သွားအောင် ဖန်တီးနိုင်စွမ်း ရှိပါ တယ်။ ကျွန်မ အခု ဆွဲထုတ်ပြချင်တဲ့ ကဗျာတစ်ပုဒ်ကတော့ Patrotism ဆိုတဲ့ ကဗျာပဲ ဖြစ်ပါတယ်။
အဲဒီကဗျာ  ကျွန်မနဲ့  ရင်းနှီးခဲ့ရတဲ့  အကြောင်းကတော့  အဘွား ဒေါ်ခင်မိုျးချစ်ကိုယ်တိုင် ဘာသာပြန်ခဲ့တဲ့ ကဗျာတစ်ပုဒ် ဖြစ်နေလို့ပါပဲ။ အဲဒီ ကဗျာကို ကျွန်မရဲ့ အဘိုးအဘွားတို့ တက်ခဲ့ကြတဲ့ နေရှင်နယ်ကျောင်းမှာ ၁ဝ တန်းတုန်းက Aditionl Englishသို့မဟုတ်Optional English စိတ်ကြိုက် အင်္ဂလိပ်စာမှာ သင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျွန်မရဲ့ အဘွားဟာ Patrotism ဆိုတဲ့ ကဗျာကို တေးထပ်အဖြစ်ရေးပြီး ၁၉၃၂-၃၃ တက္ကသိုလ်မဂ္ဂဇင်း၊ ဝသန္တစာစောင်ကို ပို့ခဲ့ပါတယ်။ ကလောင်အမည် ထည့်မရေးခဲ့လို့ အယ်ဒီတာ ဒေါ်သန်းရင်က ဒီကဗျာလေးဟာ မိုျးချစ်စိတ်ကို ဦးစားပေးတဲ့ ကဗျာလေးပဲဆိုပြီး  ကလောင်အမည်ကို 'ခင်မိုျးချစ်' လို့ ပေးလိုက်ရာက အဲဒီနာမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။
Patriotismကဗျာရဲ့ အစမှာ Sir Walter Scottက သူ့ကဗျာဖတ်သူတွေ ကို အခုလို မေးခွန်းမေးပြီး အလုပ်ပေးလိုက်ပါတယ်။
‘Brethe there the man, with soul so dead,
Who never to himself hath said,
 This is my own, my native land?’
''ဒါ ငါ၏ ကိုယ်ပိုင်တိုင်းပြည် ငါ၏ မွေးဖွားရာ တိုင်းပြည်ရင်းလို့ မဟစ်အော်ဖူး၊ မကြွေးကြော်ဖူးတဲ့ လူမိုျး၊ နှလုံးသား မရှိတဲ့ လူမိုျး၊ ရှိတဲ့ နှလုံးသားကလည်း မခံစားတတ်ဘူး၊ အဲဒီလောက် နှလုံးသား သေနေတဲ့ လူမိုျး၊ ကိုယ့်တိုင်းပြည်မှန်း ကိုယ်မသိတဲ့ လူမိုျး၊ ဒီလောကကြီးပေါ်မှာ ရှိသလား တဲ့။
သူဆိုလိုတာက ''ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်တဲ့ မြေရယ်လို့ မဟစ် ေြွကးဖူးတဲ့ သူဟာ မိုျးချစ်စိတ် မရှိတဲ့သူပဲ'' ဆိုတာ ကဗျာဖတ်သူတွေ ခံစား နားလည်ခဲ့ကြတယ်။ Sir WalterScott ဟာ သူ့ရဲ့ ယုံကြည်မှုကို သူ့ကဗျာက တစ်ဆင့် သူ့ကဗျာချစ်သူတွေရဲ့ ရင်ထဲကို ပို့ဆောင်ပေးခဲ့ပါတယ်။
အင်္ဂလိပ်လူမိုျး စာရေးဆရာ Sir Thomas More(၁၄၇၈-၁၅၃၅) ကို ၁၄၇၈ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်၊ ဃ့နေျငိန မှာမွေးဖွားခဲ့ပါတယ်။ သူဟာ ရှေ့နေတစ်ဦးဖြစ်တဲ့အပြင် ရှစ်ဆယ်မြောက် ဟင်နရီဘုရင် (Henry VIII) ရဲ့ အမတ်တစ်ဦး၊ သူငယ်ချင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘုရင် Henry VIIIရဲ့ ဝန်ကြီး CardinalWolsey ဟာ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် Sir Thomas More ဟာ ဝန်ကြီး ခန့်အပ်ခြင်းခံရပါတယ်။ Sir Thomas Moreဟာ ၁၅ ရာစု နကမသစန တစ်တိုက်လုံးက လေးစားခြင်း ခံရသူလည်းဖြစ်ပါတယ်။ ဘုရင် Henry VIIIရဲ့ အိမ်ထောင်ပြုဖို့ ကိစ္စမှာ Sir Thomas Moreဟာ သဘောတူ တယ်လည်း မပြော၊ မတူဘူးလည်း မပြောဘဲ တိတ်ဆိတ်စွာ နေခဲ့ပါတယ်တဲ့။ ‘An honest man silence is ringing all thorough Europe’. ‘Sir Thomas More လို ပုဂ္ဂိုလ်တစ်ဦးရဲ့ နှုတ်ဆိတ်နေခြင်းဟာ Europe တစ်တိုက်လုံးကို တုန်လှုပ်စေပါတယ်'' တဲ့။ Sir Thomas Moreဟာ သူ မှန်တယ်ထင်တာကို သူ ယုံကြည်ထားမိတာကို ဆိတ်ဆိတ်နေခြင်းဖြင့် ပြသခဲ့ပါတယ်။
အရှင်ကောဏ္ဍည မထေရ်ဟာ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ငါးရက်မြောက်သောနေ့မှာ ဘုရားအလောင်းကို လက္ခဏာဖတ်ခဲ့သူ ပုဏ္ဏားရှစ်ယောက်ထဲမှာ အသက် အငယ်ဆုံး၊ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ပုဏ္ဏားတစ်ဦးဖြစ်ပြီး ပဥ္စဝဂ္ဂီငါးဦးမှာ အမှူးပြုသူတစ်ဦးအဖြစ် ထင်ရှားပါတယ်။ အရှင်ကောဏ္ဍညဟာ သိဒ္ဓတ္ထမင်းသားကို လက္ခဏာ ဖတ်ခဲ့စဉ်ကတည်းက ''ဧကန်စင်စစ် ဘုရားဖြစ်လတ္တံ့'' လို့ လက်တစ်ချောင်းထောင်လျက် စကားလုံး တစ်လုံးတည်းဖြင့် အပြီးအပြတ် ဟောခဲ့ပါတယ်။ ထို အသက်ငယ်ရွယ်ဆဲ ကောဏ္ဍညဟာ အလောင်းတော်ကို ရည်ညွှန်း၍ ရဟန်းပြုပြီး တောကျောင်းများကို အမှီပြုကာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မယ့်အချိန်ကို ၃၅ နှစ်တိုင်တိုင် ရဟန်း ဘဝနှင့် စောင့်ခဲ့ပါတယ်။ အရှင်ကောဏ္ဍညရဲ့ လုပ်ရပ်ဟာ သူ့ရဲ့ ယုံကြည်မှုကို လက်တွေ့ကျကျ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
ဘုရားအလောင်းတော်ကို လက္ခဏာ ဖတ်ခဲ့တဲ့ ပုဏ္ဏားရှစ်ယောက်ထဲမှာ ကောဏ္ဍညမှတစ်ပါး ကျန်ပုဏ္ဏားခုနစ်ဦးဟာ အလောင်းတော် သိဒ္ဓတ္ထမင်းသားရဲ့ လက္ခဏာတော်ကို ကြည့်ပြီး လက်ချောင်း နှစ်ချောင်း ပြိုင်တူထောင်လျက် ''လေးကျွန်းသနင်း စကြမင်း ဖြစ်လတ္တံ၊ ရဟန်းပြုငြားက ဘုရားဖြစ်လတ္တံ'' လို့ မဆုံးမဖြတ် ဟောခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၁၅ နှစ်အရွယ် ကောဏ္ဍညက ဘုရားအလောင်းတော် ဘုရားအဖြစ်ကို ရဟန်းဝတ်ပြီး စောင့်ဖို့ လူ့ဘောင်ကို စွန့်လွှတ်ချိန်မှာ အဲဒီ ကျန်ပုဏ္ဏားခုနစ်ယောက်စလုံးကပါ ကောဏ္ဍညနှင့်အတူ ရဟန်းပြုကြခြင်းဖြင့်  ''ဘုရားစင်စစ်  ဧကန်  ဖြစ်ရမယ်''  ဆိုတဲ့  အချက်ကို ယုံကြည်မှုအပြည့်ရှိကြောင်း ပြသခဲ့ပါတယ်။
ခမည်းတော် သုဒ္ဓေါဓနမင်းကြီးဟာ သူ့သားတော်သိဒ္ဓတ္ထမင်းသား ဘုရား  ဖြစ်မှာကို မလိုလားခဲ့ပေမယ့် သိဒ္ဓတ္တမင်းသား တောထွက်ပြီး တရားအားထုတ်ရင်း အစာရေစာ ပြတ်ပြီး မေ့မျောသွားတာကို သေပြီထင်ကာ သုဒ္ဓေါမင်းကြီးကို လာလျှောက်တဲ့အခါမှာတော့ ''ငါ့သားတော်ဟာ ဘုရားမဖြစ်ဘဲ မသေဘူး'' လို့ ယုံကြည်မှု အပြည့်နှင့် ပြောခဲ့ပါတယ်တဲ့။
ကျွန်မ လျှောက်ခဲ့တဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ၊ ကျွန်မ ဖတ်ခဲ့တဲ့ စာအုပ်စာပေတွေထဲက စာကြောင်းတွေပေါ်မှာ ကျွန်မ တွေးမိသလို ကိုယ်ယုံကြည် မိတာကို ဘယ်လို ပြသကြတယ်ဆိုတာ တင်ပြခြင်းဖြစ်ပါတယ်။

ထိုက်တန်အောင်ကြိုးစားခြင်း - Junior Win

ထိုက်တန်အောင်ကြိုးစားခြင်း - Junior Win


အတွေးအမြင် (၁၂၉)၊ ၁၉၉၇ အောက်တိုဘာ+နိုဝင်ဘာ

ကျောင်းသားတစ်ယောက်သည် မိမိနှင့် ထိုက်တန်သည့် အောင်မြင်မှုနှင့် ညီမျှ သော ကြိုးစားမှု လုံ့လဝီရိယ ရှိသင့်ပါသည်။ မိမိ မျှော်မှန်းသည့်အတိုင်း ထိုက်တန်အောင် မည်သို့သော ကြိုးစားမှုမိုျးကို ကြိုးပမ်းအားထုတ်သင့်ပါသလဲဟူ သည့် အဖြေကို လေ့လာမိရင်း ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဟူသော ဆောင်းပါးတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ရပါသည်။
ပညာရေး လမ်းကြောင်းပေါ်တွင် ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်မိသော အချိန် မှာ ၁၉၉၃ ခုနှစ် သင်္ချာအဓိကနှင့် နောက်ဆုံးနှစ် ဂုဏ်ထူးတန်း ကျောင်းသူ ဘဝတွင် ဖြစ်ပါသည်။ ထိုစိတ်ဓာတ်မိုျးမှာ ကျွန်မတစ်ယောက်တည်းတွင် မဟုတ်ဘဲ တော်တော်များများသာ ကျောင်းသားကျောင်းသူ သူငယ်ချင်းများ၏ စိတ်ကူးထဲမှာ ရှိနေပြီး တက္ကသိုလ်မှ ဆရာ ဆရာမများ အဖြစ် ထိုက်တန်အောင် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ကိုယ်စီ ချထားကြပါသည်။
ထို နောက်ဆုံးနှစ် ဂုဏ်ထူးတန်း အောင်ပြီး မဟာသိပ္ပံ နောက်ဆုံးနှစ် တက်ရောက်ဖို့ တစ်နှစ် စောင့်ရပါသည်။ ထိုစောင့်နှစ်စောင့်ရင်း ကွန်ပူျတာတက္က သိုလ်မ MISC ရေးဖြေ စာမေးပွဲကို တခို့ျသော ကျောင်းသားကျောင်းသူများက ဝင်ရောက် ဖြေဆိုခဲ့ကြပါသည်။ ထို ရေးဖြေအောင်ပြီး အင်တာဗူျး ဖြေရမည့်နေ့မှာ ကျွန်မတို့ မဟာသိပ္ပံ နောက်ဆုံးနှစ်ကျောင်းတက်ရန် ဖောင်ပိတ်သည့်နေ့နှင့် လာတိုက်ဆိုက်နေပြန်ရာ သင်္ချာဘာသာရပ်ကို ပိုမိုစိတ်ဝင်စားပြီး သံယောဇဉ်ရှိ သော၊ တက္ကသိုလ် ဆရာ ဆရာမဘဝကို ပို၍ မြတ်နိုးသော ကျွန်မ အပါအဝင် ရေးဖြေအောင်မြင်ခဲ့သူအခို့ျမှာ ထို အင်တာဗူျးကို သွားရောက် မဖြေဆိုကြတော့ ပါ။
၁၉၉၅ မတ်လတွင် မဟာသိပ္ပံနောက်ဆုံးနှစ်ကို ဖြေဆိုခဲ့ကြပါသည်။ အောင်မြင်သူ ၁၈ ယောက်သာ ရှိခဲ့ပြီး တစ်ယောက်မှလည်း ဂုဏ်ထူးမထွက်ကြ ပါ။ အောင်မြင်ခဲ့ကြသော ကျွန်မနှင့် သူငယ်ချင်းတစ်စုသည် ဂုဏ်ထူးမရရှိခြင်း အတွက်-
'အခု ဖြေရတဲ့ လေးဘာသာစလုံးဟာ course အသစ်လည်း ဖြစ်တယ်။ စနစ်သစ်လည်း ဖြစ်တဲ့အတွက် သင်တဲ့ဆရာတွေကလည်း reference စာအုပ်တွေ ဖတ်ပြီး ငါတို့တစ်တွေကို အပင်ပန်းခံပြီး သင်ပေးကြတယ်။ တစ်နှစ်လုံး သင်ရ တာမိို့ စာတွေကလည်း တစ်ဘာသာချင်းစီကို စာအုပ်တွေ အများကြီးနဲ့ လက်ချာ lecture လိုက်ကြရတယ်။ စာမေးပွဲနီးတော့ စာတွေက များလွန်းလို့ သူငယ်ချင်း တွေ စုပြီး တစ်ယောက်နဲ့တစ်ယောက် သင်ပေးပြီး ကျက်မှတ်ခဲ့ကြရတယ်။ စာမေးပွဲ မဖြေခင်ကတည်းက ငါတို့တစ်တွေဟာ အောင်ရုံတောင် မနည်းဖြေကြ ရမှာပါလားလို့ နားလည်နေခဲ့ကြတယ်။ အောင်စာရင်းထွက်တော့ ထင်တဲ့အတိုင်း မြင်တွေ့ကြရပါတယ်။ ငါတို့တွေအားလုံး ဂုဏ်ထူး မရတာက ငါတို့ဟာ ဆရာတွေ မျှော်မှန်းတဲ့ ဂုဏ်ထူးအဆင့်အတန်းကို မပြည့်မီသေးလို့၊ ငါတို့ ကြိုးစားဖို့ လိုသေးလို့၊ ဂုဏ်ထူးနဲ့ မထိုက်တန်သေးလို့ပဲလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နိုင်ကြတယ်' ဟု တညီတညွတ်တည်း ထောက်ခံပြောဆိုခဲ့ကြပါသည်။
ထို မဟာသိပ္ပံ နောက်ဆုံးနှစ် ဖြေဆိုပြီး နှစ်ပတ်ခန့်အကြာတွင် ကူျတာ နည်းပြ စာမေးပွဲကို ဖြေဆိုကြရပါသည်။ ၁၉၉၃ ခုနှစ် နောက်ဆုံးနှစ် ဂုဏ်ထူး တန်း ကျောင်သားဘဝကတည်းက စိတ်ကူးယဉ်ခဲ့သော တက္ကသိုလ် ဆရာ ဆရာမများ ဘဝသို့ ရောက်ရန် ခြေလှမ်းတစ်လှမ်း စလှမ်းရပြီဟု ယူဆခဲ့ကြပါ သည်။ သို့သော် မဟာသိပ္ပံ နောက်ဆုံးနှစ် စာမေးပွဲကို ကြိုးကြိုးပမ်းစား ဖြေဆိုရ ပြီး ခြေကုန်လမ်းပန်းကျနေကြသော ကျွန်မနှင့် သူငယ်ချင်းတစ်ခို့ျမှာ ထိုအလုပ် စာမေးပွဲကို မဖြေနိုင်ခဲ့ဘဲ အလုပ်စာမေးပွဲ ကျခဲ့ကြရပါသည်။
'မဟာသိပ္ပံကျမ်းပြုစုရမည့် အချိန်မှာ မဟာသိပ္ပံကျမ်းတစ်ခုတည်းကိုပဲ စိတ်သွင်းပြီး လုပ်ရဖို့ အခွင့်အလမ်းရတယ်လို့ သဘောထားရမယ်။ ကျမ်းတစ်ဖက်၊ အလုပ်တစ်ဖက် လုပ်ရမယ်ဆိုရင် ဘယ်လွယ်ပါ့မလဲ။ ဘာပဲဖြစ်ဖြစ် မဟာသိပ္ပံ ကျမ်း ပြီးသွားတဲ့အခါကျရင် ငါတို့တစ်တွေဟာ ကူျတာ ဆရာ ဆရာမဘဝနဲ့ ထိုက်တန်ပြီပေါ့။ အဲဒီလို ထိုက်တန်ဖို့အတွက် မဟာသိပ္ပံဘွဲ့ကို ရဖို့ ငါတို့ တစ်တွေ ဆက်ကြိုးစားရမယ်' ဟု တွေးတောခဲ့ကြပြီး နှစ်နှစ်အတွင်း ပြီးစီးအောင် ရေးရမည့် မဟာသိပ္ပံကျမ်းအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ခဲ့ကြပါသည်။ ကျမ်းပြုစုနေစဉ် ၁၉၉၅ ခုနှစ် ဇွန်လတွင် ကျွန်မနှင့် ကျွန်မသူငယ်ချင်းများသည် လုပ်သားကောလိပ်တွင် အချိန်ပိုင်းနည်းပြ ဝင်လုပ်ခဲ့ကြပါသည်။ အချိန်ပြည့် နည်းပြတွေလောက် တာဝန်မကြီးဘဲ မိမိ တာဝန်ယူရသော အတန်းတစ်တန်း၏ ကူျတိုရီရယ်အပေါ်တွင်သာ တာဝန်ကျေအောင် လုပ်ရသောကြောင့် သက်သက် သာသာနှင့် မိမိ၏ ကျမ်းကို စိတ်ချမ်းသာစွာ ဖတ်ရှုရေးသားနိုင်ခဲ့ကြပါသည်။ လုပ်သားကောလိပ်တွင် စာသင်နှစ် သုံးကြိမ်ဆက်တိုက် လုပ်လာကြသော အချိန် ပိုင်း နည်းပြများမှာ ၁၉၉၆ နိုဝင်ဘာလတွင် နည်းပြခန့်ထားရန် လျှောက်လွှာ (သို့မဟုတ်) full time ဖောင်များ တင်ခွင်ရသဖြင့် နည်းပြအဖြစ် လမ်းကြောင်း တစ်ခု ပွင့်လေပြီဟုလည်း ယူဆလို့ ရပါသည်။
၁၉၉၆ ခုနှစ် အောက်တိုဘာလခန့်တွင် သင်္ချာဌာနမှ အချိန်ပိုင်းနည်းပြ လျှောက်ဖို့ လျှောက်လွှာများ ခေါ်ပါသည်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၊ ကြည့်မြင်တိုင်မြို့နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ဒဂုံတက္ကသိုလ် စသည်ဖြင့် မိမိ ကြိုက်နှစ်သက်ရာကို လျှောက်ခွင့်ရှိသည်ဟု ဆိုပါသည်။ ကျွန်မနှင့် ကျွန်မ၏ သူငယ်ချင်းများမှာ ကျမ်းပြုစုနေချိန်တွင် တစ်ပတ်တစ်ခါ ကျောင်းသို့ ရောက်နေ သောကြောင့် သိသိချင်းပင် လျှောက်လွှာများ တင်ခဲ့ကြပါသည်။ ကျွန်မသည် ကျွန်မ၏ အိမ်နှင့် သွားရတာ လွယ်ကူသော လှိုင်နယ်မြေကို ဦးစားပေး လျှောက်ခဲ့ ပါသည်။ ကျွန်မ သူငယ်ချင်းများကတော့ မရမည်ကို စိုးရိမ်၍ ''လိုအပ်သည့် မည်သည့်နယ်မြေကိုမဆို'' ဟူ၍ လျှောက်လွှာများ တင်ခဲ့ကြပါသည်။ ကျမ်းပြီး ရန် လပိုင်းမျှသာ လိုတော့သည့်အတွက် မိမိ၏ ပညာအရည်အချင်းနှင့် ထိုက်တန် သည့် အလုပ်တစ်ခုအပေါ်တွင်လည်း မျှော်လင့်ချက်များ ထားခဲ့ကြပါသည်။
ရွေးချယ်ခံထားရသူများကို ကြေညာသောအခါ လှိုင်နယ်မြေအတွက် ရရှိသူများထဲတွင် ကျွန်မအမည် ပါလာပါသည်။ ကျွန်မ သူငယ်ချင်းအခို့ျမှာ ဒဂုံတက္ကသိုလ်တွင် ရကြပါသည်။ တခို့ျမှာ မည်သည့်နေရာတွင်မျှ မရရှိကြပါ။ ကျွန်မနှင့် ပညာအရည်အချင်းတူ သူငယ်ချင်းများ မရရှိကြခြင်းအတွက် ရရှိခဲ့သူ သူငယ်ချင်းများ အံ့သြစိတ်မကောင်း ဖြစ်ခဲ့ကြပါသည်။ ခန့်ထားခြင်း ခံရသူများမှာ M.Scအောင်ပြီးသားများ၊ thesisကျမ်းပြုစုနေဆဲသူများ၊ နောက်ဆုံးနှစ် ဂုဏ်ထူး တန်း ပူပူနွေးနွေး အောင်ပြီးသူများဖြစ်ပါသည်။ ကျွန်မတို့ နောက်ဆုံးနှစ် ဂုဏ်ထူး တန်း အောင်ခဲ့စဉ်တုန်းက စိတ်ကူးယဉ်ခဲ့သော အိပ်မက်တွေကို လက်တွေ့ ခံစားခွင့်ရကြတဲ့ သူတို့လေးတွေ ကံကောင်းကြပါသည်။ ထိုခန့်ထားခြင်း ခံရသူ အားလုံးမှာ အလုပ်စဝင်ပြီး မကြာခင်မှာပင် င်္ကူူ အငာ ဖောင်များ တင်ခွင့်ရကြပါ သည်။
၁၉၉၇ ခုနှစ် မတ်လကုန်ပိုင်းလောက်တွင် အချိန်ပိုင်းနည်းပြများကို နည်းပြများ ခန့်ထားရန်အတွက် အင်တာဗူျး ခေါ်ပါသည်။ င်္ကူူ အငာန ဖောင်တင် ခွင့် ရသူများအားလုံး အင်တာဗူျးတွင် ဝင်ရောက် ဖြေဆိုခွင့် ရကြပါသည်။
ကူျတာ စာမေးပွဲတုန်းကလည်း မအောင်၊ လုပ်သားကောလိပ်တွင် ကျွန်မ တို့တွေ အချိန်ပိုင်းနည်းပြ ဝင်လုပ်တုန်းကလည်း ဝင်မလုပ်၊ ၁၉၉၆ အောက်တို ဘာလက အချိန်ပိုင်း နည်းပြတွေ ခေါ်စဉ်တုန်းကလည်း မသိရှိခဲ့၍ လျှောက်လွှာ မတင်ခဲ့သူများ၊ လျှောက်လွှာတင်ခဲ့ပြီး မရရှိခဲ့သော သူငယ်ချင်းများကို မည်ကဲ့သို့ သော နှစ်သိမ့်စကားမိုျးဖြင့် ဖြေသိမ့်ရမည်ကို ကျွန်မ မသိပါ။
'ငါတို့ ဒဂုံတက္ကသိုလ်မှာ M.Scပြီးပြီးသားတွေ၊ အချိန်ပိုင်းနည်းပြဘဝနဲ့ အနည်းဆုံး လေးနှစ်လောက်ရှိနေတဲ့ ဆရာ ဆရာမတွေ ရှိတယ်။ သူတို့တစ်တွေ ဟာ ငါတို့ထက် အချိန်ပိုင်းနည်းပြဘဝကို အနစ်နာခံပြီး လုပ်နေကြတာပဲ၊ သူတို့ တစ်တွေဟာ ငါတို့ထက်ပိုပြီး နည်းပြဘဝနဲ့ ထိုက်တန်ပါတယ်။ ငါတို့တွေ နည်းပြဘဝနဲ့ ထိုက်တန်အောင် ကြိုးစားတယ်ဆိုတာ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ပါဘူး။ သူတို့တွေ ဒီအလုပ်ကို ပိုရသင့်ပါတယ်'
ဒဂုံတက္ကသိုလ်မှာ ၁၉၉၆ အောက်တိုဘာလကမှ အချိန်ပိုင်း စလုပ်ခဲ့တဲ့ သူငယ်ချင်းတွေက ကျွန်မကို အထက်ပါအတိုင်း ပြောကြပါသည်။ အမှန်တကယ် တော့ ထိုက်တန်အောင် ကြိုးစားခြင်းဆိုသည်မှာ မိမိ၏ ပညာအရည်အချင်းနှင် ညီမျှသော ပန်းတိုင်တစ်ခုကို ယုံကြည်ရဲဝံ့စွာ ဆုပ်ကိုင်ဖို့ တစ်ခုတည်းမဟုတ်ဘဲ မိမိထက်ပို၍ အနစ်နာခံထားကြသူများကို ကျေနပ်စွာ နောက်ဆုတ်ပေးဝံ့သော စိတ်ဓာတ်လည်း ရှိသင့်သည် မဟုတ်ပါလား။
Chemistryမေဂျာက ကျွန်မသူငယ်ချင်း၏ ညီမတစ်ယောက်ကတော့ ထိုက်တန်အောင် ကြိုးစားသည့်အချက်ပေါ်တွင် ကျွန်မနှင့် ယခုလို အမေးအဖြေ လုပ်ခဲ့ပါသည်။
'နည်းပြဆရာ ဆရာမဝဘဝအပေါ် အစ်မတို့ခံယူချက် သဘောထားက ညီမတို့နဲ့ ထပ်တူထပ်မျှပါပဲ။ ညီမအနေနဲ့ ဖြည့်စွက်ချင်တာက M.Scဆိုတဲ့ ဘွဲ့တစ်ခုရအောင် ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုတာပါပဲ။ အဲဒီ ''ကြိုးစား ခြင်း'' ဆိုတာ ကျောင်းသားတစ်ယောက်ရဲ့ လုံ့လ ဝီရိယလို့ အစ်မအနေနဲ့ ဆိုလိုပါသလားဆိုတာ သိချင်ပါတယ်'
'ဟုတ်ပါတယ်၊ မိမိစိတ်ဝင်တစား ရယူထားတဲ့ ဘာသာရပ်အပေါ်မှာ လေးစားတန်ဖိုးထားမှုရှိရင် မိမိတန်ဖိုးထားတာနဲ့ ညီမျှတဲ့ ကြိုးစားမှု လုံ့လဝီရိယ ဆိုတာ အလိုလို ရှိလာမှာပဲ။ ''ပညာဆိုတာ ငွေနဲ့ ပေးဝယ်လို့ မရဘူး'' လို့ ရှေးလူကြီးတွေ စကားရှိတယ် မဟုတ်လား'
Physics မေဂျာမှ သူငယ်ချင်းတစ်ယောက်ကတော့ နောက်ဆုံးနှစ် တက်နေစဉ် ကျွန်မကို ယခုလို ပြောပြပါသည်။
'ဒုတိယနှစ်တန်းကို honours တက်ဖို့ အမှတ်မမီခဲ့တော့ အခု နောက်ဆုံးနှစ်မျာqualify ဖြစ်ရင် ဆက်တက်ဖို့တော့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ကျောင်းသားတိုင်းမှာ ျှကေူင်ပ နဲ့ ထိုက်တန်အောင် ကြိုးစားမှုဆိုတာ ရှိကြမှာပဲ။ နင်ပြောတဲ့ ''ထိုက်တန်အောင် ကြိုးစားမှု'' ဆိုတဲ့ အချက်ကို ဘယ်ကျောင်းသားကမှ ဦးနှောက်ထဲ ထည့်ပြီး မိမိရဲ့ ကြိုးစားမှုဂရပ်နဲ့ အဲဒီ ကြိုးစားမှုနဲ့ ထိုက်တန်မယ့်ရလဒ်ကို တိုင်းထွာတွက်ချက်နေမှာ မဟုတ်ဘူး။ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည် ဖြစ်စေ ဘယ်ကျောင်သားမဆို qualifyဝင်ချင်ကြတာပဲ မဟုတ်လား'
မြန်မာစာ အဓိကမှ ညီမတစ်ဦးကတော့ သိပ္ပံဘာသာတွဲမှ ဝိဇ္ဇာဘက်ကို ပြောင်းပြီး လျှောက်ခဲ့သူမို့ Roll No  အမြင့်ဆုံးနှင့် တက်ရောက်ခဲ့သူဖြစ်ပါသည်။ သူနှင့် ကျွန်မ စကားစပ်မိရင်း ကျွန်မကို ယခုလို မေးမြန်းခဲ့ပါသည်။
'သမီးကို ဂုဏ်ထူးတစ်ခုရဖို့ ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုတာ ကို သိချင်လို့ ပြောပြပါဦး'
'တို့ကတော့ အခု M.Scဘွဲ့ရတဲ့အထိ ဂုဏ်ထူးတွေ ဝေနေအောင် မရဖူးလို့ ဘယ်လို ကြိုးစားမှုလဲဆိုတာ မဖြေတတ်ဘူး။ ဒါပေမဲ့ ဂုဏ်ထူးဆို တာ ဆရာတွေနဲ့ ပေတံနဲ့ တိုင်းတာပြီး ဆုံးဖြတ်တာလို့ နားလည်ထားတယ်။ ညီမ ဂုဏ်ထူးလိုချင်ရင် ဆရာတွေရဲ့ ပေတံနဲ့ ကိုက်ညီမှုရှိအောင် ကြိုးစားရမှာ ပေါ့'
'အဲဒီ ဆရာတွေရဲ့ ပေတံဆိုတာ ဘာကို ခေါ်တာလဲဆိုတာ ရှင်းပြပါဦး'
'ဆရာတွေရဲ့ ပေတံဆိုတာ ဆရာတစ်ယောက်ဟာ သူသင်တဲ့ ဘာသာရပ် တစ်ခုအပေါ်မှာ သက်ဝင်ယုံကြည်မှု၊ မိမိတပည့်ရဲ့ ဖြေဆိုမှုကို ကြည့်ပြီး သူ့  သင်ကြားမှုအတိုင်း လိုက်နာနိုင်မှု မလိုက်နာနိုင်မှုကို ဆိုလိုတာလို့ အပေါ်ယံအား ဖြင့် အဲဒီလို ပြောရလိမ့်မယ်။ မိမိသင်ကြားတဲ့အတိုင်း ကြိုစား ဖြေဆိုထားတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ဖြေဆိုမှုကို အမှတ်ခြစ်ရတဲ့ ဆရာတစ်ယောက်ရဲ့ ပီတိဆိုတာ ဘာနဲ့မှ မတူဘူးလေ။ ပီတိကိုပဲ ဆရာတွေ စားနေကြတယ်လို့တောင် စကားရှိတယ် မဟုတ်လား။
စားမေးပွဲမှာ ဖြေဆိုတဲ့ အမှတ်အလိုက် ခုံနံပါတ် ပြန်စီတဲ့ စနစ်ကို ကျင့်သုံးနေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ နောက်ဆုံးကနေ ပွတ်ကာသီကာ အောင်မြင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ကတော့ ယခုလို ပြောပါသည်။
'ကျွန်တော် Y.I.Tမှာ ဆရာပြန်လုပ်ဖို့ အားသန်ပါတယ်။ ဒါမှ စာသင်ရ မှာ၊ အဲဒီ ရည်ရွယ်ချက်ကြာင့် အခု အချိန်ပိုင်း ဝင်လုပ်နေတာလေ။ ဒါနဲ့ အဲဒီ ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုတာ ဘာကို ထိုက်တန်အောင်လဲ ဆိုတာ ပြောပြပါဦး။ ဒါမှ ဘယ်လို ကြိုးစားတယ်ဆိုတာကို ဆက်စဉ်းစားလို့ ရမှာမို့လို့ပါ'
ကျွန်မ ဖြေနိုင်တဲ့ မေးခွန်းတွေ၊ မဖြေနိုင်တဲ့ မေးခွန်းတွေကို သင့်လျော် အောင် စကားပြေ ပြန်စီဖြစ်ခဲ့ပါသည်။ အဲဒီထဲက တခို့ျသော အကြောင်းအရာ များကို အတိုခုံျး စိစစ်ခဲ့ပါသည်။ ''ထိုက်တန်အောင် ကြိုးစားခြင်း'' အပေါ် ကျောင်းသားကျောင်းသူ အခို့ျ၏ ခံယူချက် သဘောထားများကိုလည်း လေ့လာ ခဲ့မိပါသည်။ ကျွန်မ၏အဘွား စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်နှင့် စကားမစပ်မိ တော့ အဘွားက သူ ရှစ်တန်း ကျောင်းသူဘဝတုန်းက ကြုံ့တွေ့ခဲ့ရသော အဖြစ်အပျက်လေးကို ပြောပြပါသည်။
'မေမေကြီးတို့ ရှစ်တန်းမှာDဂုဏ်ထူး အဆင့်ထိ ထူးချွန်တဲ့သူတွေကို ဆယ်တန်းကို ကျော်ပြီး တက်ခွင့်ရှိတယ်။ အဲဒီနှစ်က ကျော်တက်ခွင့်ရပြီး အဲဒီအထဲမှာ မေမေကြီး မပါလို့ ငိုဖူးတယ်။ အဖေ အမေကိုလည်း ဘယ်ဆရာ တို့ဖြင့် သွားပြောပေးပါဦးဆိုတာ စိတ်ကူး မရှိပါဘူး။ ဘယ်ဆရာကိုမှလည်း နားပူနားဆာ မလုပ်ဖူးပါဘူး။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုပြီး ကျိတ်ခံစားခဲ့ရတယ်။ ကိုယ်နဲ့ မထိုက်တန်ဘဲ အတန်းကျော်တက်ခွင့်မရှိဘူး ဆိုတာ ကလေးဘဝကတည်း က နားလည်နေပြီ။ ကိုယ်နဲ့ မထိုက်တန်ဘဲ ဆယ်တန်း ရောက်မယ်ဆိုရင်တောင် ကိုယ့်မိဘက ဒီလို အချောင်ခိုပြီး ရောက်ဖို့ အားပေးမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အသိစိတ်ကလည်း ဘဝတစ်လျှောက်လုံံးမှာ ဘယ်သန့်ရှင်းနိုင်တော့မလဲ။ ကိုယ်နဲ့ ထိုက်တန်တယ်၊ မထိုက်တန်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲပေါ့။ အဲဒီလို ထိုက်တန်အောင် ကြိုးစားမှုဆိုတာ ၁ဝဝ ရာခိုင်နှုန်းအပြည့် ရှိနေမှာပဲ။ အဲဒါ ကျောင်းသားတစ်ယောက်ရဲ့ တာဝန်ပဲ'
''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုသည့် အဓိပ္ပာယ်ကား ကျယ်ပြန့် လှပေသည်။ လေ့လာလေလေ မဆုံးနိုင်လေ ဖြစ်ပါသည်။ ပညာရေးလမ်းကြောင်း ပေါ်တွင် ခြေစုံရပ်ဖို့ ကြိုးစားကြသူတိုင်း ကျောင်းသားတစ်ယောက် မျှော်မှန်းသည့် အောင်မြင်မှု ပန်းတိုင်ရောက်အောင်၊ ဆရာ ဆရာမတစ်ယောက် ဖြစ်တည်ဖို့ ထိုက်တန်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါသည်။ ဘာကြောင့် ကျောင်းသား ဘဝကတည်းက ကြိုးစားဖို့ လိုအပ်ပါသလဲ။ ဘာကြောင့် မိမိမျှော်မှန်းသည့် အောင်မြင်မှု ပန်းတိုင်တစ်ခုကို ထိုက်ထိုက်တန်တန် ရရှိဖို့အတွက် ကြိုးပမ်းအား ထုတ်ချင်သော စိတ်ဓာတ်ရှိကြဖို့ တိုက်တွန်းရပါသလဲ။
Words Worth ရေးတဲ့ The Rainbow အမည်ရှိ ကဗျာတစ်ပုဒ်ထဲက စာကြောင်းလေး တစ်ကြောင်းကို ဥပမာပြ၍ ရှင်းပြချင်ပါသည်။
The Child is father of the Man. တဲ့။
''ကလေးတစ်ယောက်ရဲ့ အရည်အချင်းတွေဟာ သူ လူကြီးတစ်ယောက် ဖြစ်လာတဲ့အခါ ရှိနေတဲ့ အရည်အချင်းတွေနဲ့ ထပ်တူထပ်မျှပါပဲ''
တစ်နည်းအားဖြင့်-
''လူတစ်ယောက်ရဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို အကျင့်စရိုက် တွေကို လမ်းညွှန်ပြသသူဟာ တခြားသူမဟုတ်ပါဘူး။ သူ ငယ်စဉ်ကလေးဘဝက ပြုမူနေထိုင်တဲ့ သူကိုယ်တိုင်ရဲ့ ဗီဇဓလေ့စရိုက်တွေပဲ ဖြစ်ပါတယ်'' တဲ့။
ထို့ကြောင့် ကျောင်းသားသူငယ်ဘဝကတည်းက အကျင့်စာရိတ္တ ကောင်း မွန်သော၊ ရိုးသားဖြောင့်မတ်သောသူများ အဖြစ်သို့ ကြိုးစားကြမှ ဖြစ်ပါမည်။ မိမိတို့ လိုချင်သော အောင်မြင်မှု ပန်းတိုင်တစ်ခုကို ထိုက်တန်သော ကြိုးစားမှု မိုျးနှင့် ကြိုးစားနိုင်ကြပါစေဟု ရည်ရွယ်လျက် ကျွန်မ၏ ဆောင်းပါးကို နိဂုံးခုျပ် လိုက်ပါသည်။

ကျွန်မ လျောက်ခဲ့ရသောပညာရေး လှေကားထစ်များ - Junior Win

ကျွန်မ လျောက်ခဲ့ရသောပညာရေး လှေကားထစ်များ - Junior Win

 (အတွေးအမြင် (၁၂၈)၊ ၁၉၉၇ စက်တင်ဘာ)

ကျွန်မ၏ ဖခင်သည် သင်္ချာဆရာတစ်ယောက် ဖြစ်ပါသည်။ ငယ်စဉ်က သင်္ချာ အလွန်ညံ့သော ကျွန်မကို မည်သူကမျှ ကျွန်မ တစ်ယောက်တည်းကို အပြစ်ပုံမချဘဲ သင်္ချာဆရာဖြစ်ပြီး ညံ့လိုက်တာဟု ကျွန်မ ဖခင်ကိုပါ ထည့်သွင်း ဝေဖန်လေ့ ရှိကြပါသည်။ ကျွန်မသည် သင်္ချာဆရာသမီးဖြစ်ပြီး သင်္ချာတော်သည် ဟူသော ပြောဆိုမှုမိုျးကို ပိုမို လုပ်ချင်ခဲ့မိပါသည်။ အဲဒီအတွက် M.Scအဆင့် အထိ ပေးဆပ်ခဲ့ရသော ကျွန်မ၏ ကြိုးစားအားထုတ်မှုကို မည်သူမျှ သတိ မထားမိကြပါ။
အမွေဆက်ခံသူ ဟူသည်မှာ သာမန်ကြိုးစားသူများထက် ပို၍ တာဝန်ကြီး သည်ဟု ထင်ပါသည်။ မိိမိ၏ ကြိုးစားမှု၊ အောင်မြင်မှု၊ ကျရှုံးမှုဟူသမျှသည် မိမိတစ်ဦးတစ်ယောက်တည်းအတွက်သာ ထိခိုက်သည် မဟုတ်ဘဲ မိမိ၏ မိဘမိုျး ရိုး ဂုဏ်သိက္ခာကိုပါ ထိခိုက်တတ်ပါသည်။ အင်္ဂလိပ်စာ အလွန်တော်သော ကျွန်မအဘိုးနှင့် အဘွား၏ အရိပ်အောက်သို့ မဝင်လိုသော ကျွန်မ ဖခင်သည် အင်္ဂလိပ်စာနှင့် အလှမ်းဝေးသော သင်္ချာဘာသာရပ်ကို ရွေးချယ်ကြိုးစားခဲ့သည်ဟု ဆိုပါသည်။ ကျွန်မ ၁ဝ တန်းအောင်စဉ်တုန်းက ထိုစိတ်ဓာတ်မိုျး မရှိခဲ့၍သာ သင်္ချာဘာသာရပ်ကို အေးအေးဆေးဆေး ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ရိုးရိုးမေဂျာတစ်ခုသို့ သာမန် ရောက်ရှိလာသော ကျောင်းသားတစ်ယောက် ၏ ပြင်းပြသော ရည်မှန်းချက်ဆိုသည်မှာ ဂုဏ်ထူးတန်းဝင်အောင် လုပ်ရမည်ဆို တာပဲ ဖြစ်ပါတယ်။ ပညာရပ်အပေါ် စိတ်ဝင်စားမှုသည် ဒုတိယဖြစ်ပါလိမ့်မည်။ ကျွန်မသည် တက္ကသိုလ် ဒုတိယနှစ်တွင် ဂုဏ်ထူးတန်းဝင်ဖို့ သင်္ချာပုစ္ဆာများ ကြိုး စား တွက်ချက်ရင်း ကျွန်မ ဖခင်နှင့် သင်္ချာပုစ္ဆာတွေများ အမေးအဖြေ ဆွေးနွေး ကြရင်းနှင့် သင်္ချာဘာသာရပ်တို့အပေါ်တွင် သာမန်ထက်ပို၍ စိတ်ဝင်စားလာပြီး လေ့လာလိုက်စားလိုစိတ်များ ဖြစ်ပေါ်လာခဲ့ရပါသည်။ ကျွန်မ၏ ကြိုးစားအားထုတ် မှုကြောင့် ဂုဏ်ထူးတန်း ဝင်ခဲ့သောအခါ ဆက်လက်၍ မလျှော့သော ဝိရီယဖြင့် ထူးချွန်အောင် လုပ်မည်ဟု သန္နိဋ္ဌာန်ချခဲ့ပါသည်။
ကျွန်မနှင့် တက္ကသိုလ်အတူတူတက်ခဲ့ကြသော ကျွန်မ၏ သူငယ်ချင်းများ မှာ တစ်ခါတစ်ရံ အပေါ်ယံဝေဖန်တတ်သူ ကျောင်းသားအများစုကြောင့် မခံမရပ် နိုင် ဖြစ်ခဲ့ကြရပါသည်။ ထိုသူများက ကျွန်မနှင့်တွဲသော သူငယ်ချင်းများကို ကျွန်မကို ပေါင်းခြင်းမှာ သင်္ချာဆရာကြီးသမီး ဖြစ်သောကြောင့်ဟု တဲ့တိုးပင် ပြောဆိုကြကြောင်း ကျွန်မကို သူငယ်ချင်းများက ပြန်တိုင်ကြပါသည်။ စပေါ့ မလိုက်၊ ခိုးမချဘဲ၊ ရိုးသားဖြောင့်မတ်သောစိတ်ဖြင့် စာမေးပွဲအောင်ရန် ကြိုးစား ခဲ့သော ကျွန်မ၏ သိက္ခာကို ထိုစကားလုံးများက မည်သို့မျှ ထိခိုက်မည်မဟုတ် ကြောင်း ကျွန်မသာလျှင် အသိဆုံးဖြစ်ပါသည်။
၁၉၉၆-၉၇ ကျမ်းပြုကျောင်းသူဘဝတွင် တစ်ပတ်တစ်ရက် အတန်းတက် ခဲ့ရပါသည်။ အပတ်တိုင်း Assignmentတင်ရသည်။M.Sc(Thesis) Defend (မဟာသိပ္ပံကျမ်းပြု နှုတ်မေးစာမေးပွဲ) အတွက် ပြင်ဆင်မှုကို တစ်နှစ်ခွဲခန့် လေ့လာမှတ်သားခဲ့ရပါသည်။ libraryရှိ thesisများကို ရှာဖွေရင်း သင်္ချာဘာ သာရပ်နှင့် ပတ်သက်သော စာအုပ်များကို သူငယ်ချင်းများနှင့်အတူတူ ဖတ်ရှုခဲ့ရ သည်မှာ ဖတ်လို့ရှာလို့ပဲ မပြီးနိုင်အောင် ဖြစ်ရပါသည်။ ကျွန်မထက် thesisစောပြီးသွားသူ ကျောင်းသူတစ်ဦးက ကျွန်မကို သင်္ချာဆရာကြီးသမီးဖြစ်၍ အလွန် ကံကောင်းခြင်း၊ thesisအတွက် မပူရကြောင်း၊ စာအုပ်တွေရှာရမှာလည်း မပင်ပန်း ကြောင်း လွယ်လွယ်ကူပြီးမှာဖြစ်ကြောင်း ပြောဆိုကြောင်းကို ကျွန်မ၏ သူငယ်ချင်း  တစ်ဦးက ပြန်ပြောပါသည်။
Thesis defendထိုင်ရသည့် စာမေးပွဲ (သို့မဟုတ်) လူတွေ့စစ်ဆေးရမည့် အချိန်အတွင်းမှာ ကျွန်မ၏ ကြိုတင်ပြင်ဆင် ကြိုးစားရမှုများ အဖြေပေါ်မည် ဖြစ်သည့်အတွက် မည်သို့သော ဝေဖန်ပြောဆိုမှုများကိုမှ ကျွန်မ ဂရုမစိုက်ခဲ့ပါ။အကြောင်းမှာ ကျွန်မ ဖခင် သင်္ချာဆရာကြီးသည် ကျွန်မ defendထိုင်သည့်နေ့ တွင် မည်သူမဆို လေ့လာခွင့်ရရမည်ဟု ဆုံးဖြတ်ထားသောကြောင့် ဖြစ်ပါသည်။ ကျွန်မ သူငယ်ချင်းများ၊ သင်္ချာဌာနမှ ဆရာ ဆရာမများ၊ ပြင်ပမှ လေ့လာချင် သူများပါ ပါဝင်နားထောင်ကြမည်ဖြစ်ရာ စာစစ်အဖွဲ့၏ မေးခွန်းများကို ကျွန်မ ဖြေနိုင်လျှင် ကျွန်မ အရည်အချင်းကို အားလုံးသိရမည်။ မဖြေနိုင်လျှင်လည်း ပညာညဏ် အဆင့်မမီသေးဟု ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံရမည်။
ဂုဏ်ထူးတန်းတက်ခဲ့စဉ်၊ မဟာသိပ္ပံနောက်ဆုံးနှစ် တက်ခဲ့စဉ်တွေမှာ ဂုဏ်ထူးတွေ မရခဲ့ဖူးသော ကျွန်မသည် ကျွန်မပြုစုနေသော M.Sc(thesis) အတွက်များစွာ စိတ်ကူးယဉ်ခဲ့ပါသည်။ thesis defendတွင် မည်သည့်မေးခွန်း များကို ကောင်းမွန်စွာဖြေနိုင်လျှင် credit  (သို့မဟုတ်)Dပင် ရနိုင်မည်ဟုလည်း ကျိန်းသေတွက်ထားခဲ့ပါသည်။ ကျွန်မအတွက် ယခု M.Scဘွဲ့အတွက် defend ထိုင်ရမည့်အချိန်သည် creditတို့Dတို့ရရှိဖို့ ကျောင်းသားတစ်ယောက်၏ နောက်ဆုံးအခွင့်အရေး ဖြစ်ပါသည်။
ကျွန်မ ကျမ်းတင်ရမည့် နောက်ဆုံးအချိန်မှာ ၁၉၉၇ မေလဖြစ်ပါသည်။ ကျွန်မသည် ၁၉၉၇ မတ်လတွင် thesis ရေးသားမှုပြီးပြတ်ခဲ့၍  defendလုပ်ဖို့ ပြင်ဆင်ခဲ့ရပါသည်။ စာစစ်အဖွဲ့၏ မေးခွန်းများမမေးမီ နာရီဝက်နှင့်အပြီး ကျွန်မ၏ thesisအကြောင်းကို ပြောရမည်ဖြစ်ပါသည်။ သို့မှသာ မေးခွန်းများကို ဖြေဖို့ အတွက် အချိန်ရမည်ဟု ဆိုပါသည်။
ကျွန်မသည် ဤဆောင်းပါးကို thesisိန်နညိ ထိုင်ပြီး နှစ်ရက်ခန့်ကြာမှ ဆက်ရေးနိုင်ခဲ့ပါသည်။ ကျွန်မကို စာစစ်အဖွဲ့ဝင်များက မေးသောမေးခွန်းများကို မဖြေနိုင်သောကြောင့် မဟုတ်ပါ။ ကျွန်မ thesisအကြောင်းရှင်းပြပြီးသည့်နောက် ဘာမှမမေးဘဲ ပြန်လွှတ်လိုက်သောကြောင့် ဖြစ်ပါသည်။
ကျွန်မ နာရီဝက်ခန့်thesisအကြောင်းရှင်းပြပြီး၍ စာစစ်အဖွဲ့၏ မေးခွန်း များကို မျှော်လင့်ခဲ့မိသည်။ external examiner  က ကျွန်မတွက်ထားသော ပုစ္ဆာတစ်ပုဒ်၏ ပုံတစ်ပုံအကြောင်းကို စတင်ဆွေးနွေးပါသည်။ internal examinerက theorem (သီအိုရမ်) တစ်ခု၏ အဆိုတစ်ခုကို ကျွန်မဖခင်နှင့် ဆွေးနွေးပါသည်။ သင်္ချာပါမောက္ခက ကျွန်မဖခင်နှင့် ကျွန်မ၏ thesis အကြောင်း ပြောသောအခါ erternal  နှင့် internal exminer ဆရာများကပါ ဝင်ရောက် ပြောဆိုနေကြပါသည်။ ကျွန်မကို ဘာတစ်ခုမှ တိုက်ရိုက်မမေးကြသောအခါ လာလေ့လာကြသူ ဆရာ ဆရာမများ၊ သူငယ်ချင်းများ၊ သင်္ချာဆရာကြီး သမီးရဲ့ thesis defend မို့ပွဲကြီးပွဲကောင်းပဲဟု လာရောက် ကြည့်ရှုကြသောသူများနှင့် စာစစ်အဖွဲ့ဝင်များ၏ရှေ့တွင် ရပ်နေရသည်မှာ ကြောင်တက်တက်နိုင်လှပါသည်။ ကျွန်မ thesisအကြောင်း ရှင်းပြပြီးချိန်မှ စတွက်လျှင် ငါးမိနစ်ခန့်ရှိပါသည်။ ကျွန်မကိုယ်တိုင် အပင်ပန်းခံတွက်ချက် လေ့လာထားရသည့် ကျွန်မ၏ thesisကို ကျွန်မနှင့် တိုက်ရိုက်မမေးမမြန်း မဆွေးနွေးခြင်းမှာ ကျွန်မကို အသိအမှတ် မပြုသည့်သဘောပဲဟု ခံစားလိုက်ရသည်။ M.Scအဆင့်အထိ ပေးဆပ်ခဲ့ရသော ကျွန်မ၏ကြိုးစားမှု လုံ့လဝီရိယကို မည်သူမျှ သတိမထားမိကြပါလားဟုလည်း နားလည်လိုက်ရပါသည်။
တခြားကျောင်းသား ကျောင်းသူတွေ thesis defend ထိုင်ကြလျှင် မေးခွန်းတွေ အနည်းနှင့်အများ အမေးခံရသည်မှာ ဓမ္မတာဖြစ်ပါသည်။ နည်းနည်း အမေးခံ အစစ်ဆေးခံရသော ကျောင်းသားတစ်ယောက်၏ အဆင့်အတန်းလောက် ပင် ကျွန်မ မရှိပါလားဟု ခံစားရသည်။ ကျွန်မတစ်သက်လုံး စာမေးပွဲတွေမှာ ရိုးသားစွာ ကြိုးစားခဲ့ရသမျှသည် ဤthesisစာမေးပွဲကျမှ အလကား အအောင် ပေးလိုက်သည့် ပုံစံမိုျးဖြစ်သွားသည်မှာ သိပ်သဘာဝမကျသလို ကျွန်မကိုယ်တိုင် လည်း လုံးဝ လက်မခံနိုင်ပါ။
ထိုအတွက် ကျွန်မတစ်ခုခုတော့ လုပ်သင့်သည်ဟုစဉ်းစားမိသည်။ အနည်း ဆုံး ကျွန်မကိုယ် ကျွန်မ M.Scဟူသောအဆင့် ရှိသည်ဟု ခံယူနိုင်ဖို့ဖြစ်ပါသည်။ ယခုတော့ ကျွန်မ M.Sc thesis defend ပြီးပြီဟု လူရှေ့သူရှေ့ သတ္တိရှိရှိပြောဖို့ လိပ်ပြာမသန့်နိုင်ပါ။
ကျွန်မသည်external examiner (ပြင်ပစာစစ်ဆရာ)ထံသွားရောက်၍ ကျွန်မ၏ ခံစားချက်ကိုတင်ပြ၍ thesis defend ပြန်စစ်ပေးရန်၊ စာမေးပွဲပြန် စစ်ပေးရန် ပြောကြားခဲ့ပါသည်။ external examiner ၏ သဘောတူညီချက်ဖြင့် ပါမောက္ခထံ ခွင့်တောင်းခဲ့ပြန်ပါသည်။ ပါမောက္ခက thesis defend ထပ်ထိုင် သည်ဆိုခြင်းမှာ ထုံးစံမရှိကြောင်း၊ အကယ်၍ ထပ်လုပ်ချင်လျှင် seminor (စာတမ်းဖတ်ပွဲ) လုပ်ခွင့်ရှိကြောင်း ပြောပါသည်။ ပါမောက္ခ၏ ခွင့်ပြုချက်ဖြင့် ျနာငညမေ အတွက် ပြင်ဆင်ခဲ့ပါသည်။
ကျွန်မdefendထိုင်ပြီးသည့်နေ့မှ နှစ်ပတ်အကြာတွင် ကျင်းပခဲ့သော seminor နေ့တွင် ပါမောက္ခ၊ external examiner, internal examiner တို့မှအပ လုပ်သားကောလိပ်၊ ဒေသ-၂၊ ဒေသ-၁၊ ရန်ကုန်တက္ကသိုလ် (ပင်မ)၊ ဒဂုံတက္က သိုလ်မှ ဆရာ ဆရာမများ၊ ကျွန်မ၏ သူငယ်ချင်းများ စုံစုံညီညီ တက်ရောက်ခဲ့ ကြပါသည်။ မနက် ၁ဝးဝဝ နာရီမှ စတင်ခဲ့သည့် ကျွန်မ၏ thesis seminorမှာ နေ့လယ် ၁၂ နာရီခွဲမှ ပြီးပါသည်။ ကျွန်မတို့ အများဆုံး စာမေးသူမှာ ဂုဏ်ထူး ဆောင် ပါမောက္ခ ချီးမြှင့်ခံရသူ အငြိမ်းစား ပါမောက္ခဟောင်းတစ်ဦး ဖြစ်ပါသည်။ ကျွန်မအတွက် ပညာလည်း တိုးပါသည်။ လေ့လာသူများလည်း ကျေနပ်အားရစွာ နားထောင်လေ့လာရပါသည်။ seminor ပြီးသောအခါ တက်ရောက်လာကြသူ ဆရာအခို့ျက ထူးထူးချွန်ချွန် အောင်မှာပါဟု အားပေးစကားများ ပြောကြပါသည်။ မေးသော မေးခွန်းများအားလုံးကို ကျွန်မ မဖြေနိုင်သော်လည်း ကျွန်မ ကြိုး စားအားထုတ်ရသမျှတို့ကို အများရှေ့တွင် ပြောကြားခွင့်၊ ဖြေကြားခွင့် ရခဲ့၍ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ခဲ့မိပါသည်။ ယနေ့ ကျွန်မ M.Scအဆင့်အတန်း နှင့် ထိုက်တန်ပြီဟု နားလည်ခံယူလိုက်မိပါတော့သည်။
အတန်းတစ်တန်း အောင်မြင်ခံပြီးလျှင် ထိုစာကျက်ရသည့် အတွေ့အကြုံ၊ စာမေးပွဲ ဖြေရသည့် အကြောင်းတွေကို ပြန်လည်ဖော်သည်ချရသည်မှာ ပျော်စရာ ကောင်းသလို ဂုဏ်ယူစရာလည်း ဖြစ်ပါသည်။ ရိုးသားဖြောင့်မတ်စွာ ကြိုးစား ခြင်း၏ ရလဒ်ကို အားကျစေချင်ပါသည်။ မည်သူမဆို မိမိ၏ မှန်ကန်သော ကြိုးစားမှုကို ဖြန့်ဝေပေးမှသာလျှင် အနာဂတ်အတွက် စစ်မှန်သော လမ်းကြောင်း တစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။   

ထူးခြားထင်ရှားသူတို့၏ အတွေးအခေါ်များ - Junior Win

ထူးခြားထင်ရှားသူတို့၏ အတွေးအခေါ်များ - Junior Win

အတွေးအမြင် (၁၄၆)၊ ၂ဝဝဝ ပြည့်နှစ်၊ ဒီဇင်ဘာ

သူတို့မှာ ထူးခြားတဲ့ အတွေးအခေါ်တွေရှိတယ်။ သူတို့ ပိုင်ဆိုင်တဲ့ စိတ်ကူးကမ္ဘာ နဲ့ အကောင်အထည် ဖော်တတ်တဲ့ အရည်အသွေးတွေ ရိိှတယ်။ သူလိုငါလို မိသားစုတွေ ရှိကြတယ်။ ဒါပေမဲ့ လူတိုင်းမှာ မရှိတဲ့ စွမ်းအားတွေ အပြည့်နဲ့ ဖြစ်ပါတယ်။
Euclid (၃၃ဝ-၂၆ဝ ဃြ) ဟာ ဂရိသင်္ချာပညာရှင်ဖြစ်ပြီး ဂျီသြမေတြီရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။ သူဟာ ‘Element’ဆိုတဲ့ သင်္ချာသီအိုရီ သက်သေ ပြချက်တွေ ပါဝင်တဲ့ စာအုပ်တစ်အုပ်ကို ၃ဝဝ ဃြ မှာ ရေးခဲ့ပါတယ်။ သူ့ကို တွေးခေါ်ပညာရှင်လို့လည်း ခေါ်ဝေါ်သမုတ်ကြပါတယ်။ ထိုခေတ်အခါက သူတို့ လို တွေးခေါ်ပညာရှင်တွေဟာ ဘုရင်တွေကို ပညာရပ်တွေ၊ အတွေးအခေါ်ပညာ တွေ သင်ပေးကြရပါတယ်။
Euclid သင်ပေးခဲ့ရတဲ့ ဘုရင်က King Ptolemy ဖြစ်ပါတယ်။ ဂျီသြ မေတြီဘာသာရပ်က ပုစ္ဆာတွေနဲ့ သက်သေပြချက်တွေဟာ ဒွန်တွဲနေပါတယ်။ ရှည်လျားတဲ့ သက်သေပြချက်တွေကြောင့် စိတ်မရှည်တဲ့ King Ptolemy က 'ဒီ သီအိုရမ် သက်သေပြချက်တွေကို ဒီထက် တိုအောင် လုပ်တဲ့နည်း မရှိဘူးလား' လို့ နကခူငိ ကို မေးပါတယ်။
Euclidက There is no royal road to Geometry 'ဂျီသြမေတြီ ဘာသာရပ် ကို လေ့လာတဲ့ ဘုရင်တွေအတွက် သီးသန့်လမ်း မရှိဘူး' လို့ ဆိုပါတယ်။ အဓိပ္ပာယ်က လေးနက်ပါတယ်။ ဘုရင် ဏအသူနာပ ဟာ တခြားသော ကျောင်းသား တွေနည်းတူ အပင်ပန်းခံရမယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
Euclid ရဲ့ တပည့်တွေထဲက တစ်ယောက်လည်း အခုလို မေးပါတယ်။ 'ဒီပညာရပ်တွေကို သင်ကြားရင် ကျွန်တော် ဘာရမှာလဲ' တဲ့။ Euclidကသူ့အလုပ်သမားတစ်ယောက်ကို ခေါ်ပြီး အခုလို အမိန့်ပေးလိုက်ပါတယ်။ 'ဒီပညာ တွေ သင်ကြားတာ တစ်ခုခု ရရမယ်ဆိုတဲ့ ဒီကျောင်းသားကို ငွေစ အနည်းငယ် ပေးလိုက်ပါ' လို့ ဆိုပါတယ်။ 'ပညာသင်ကြားခြင်းဟု ဆိုလိုက်သည်နှင့် သူ့တွင် လိုအပ်သော အကြောင်းပြချက်ရှိ၏။ သင်ကြားသူ အကိုျးဘယ်လိုဖြစ်မလဲ ဆိုသည် ကို စိတ်ပူစရာမလို' ဟူသော အဓိပ္ပာယ်ကို ဖော်ညွှန်းပါတယ်။
********                ********                *********              *************
တွေးခေါ်ပညာရှင်တွေပဲ ဒီလိုတွေးတတ်ခေါ်တတ်တာ မဟုတ်ပါဘူး။ စက်မှုလက်မှု ထွန်းကားတဲ့ ၂ဝ ရာစုခေတ်မှာလည်း အဓိပ္ပာယ်ရှိတဲ့ အတွေးအခေါ် တစ်ခုကို တွေ့လိုက်ရပါတယ်။
a man is just a crackpot until he hits the jackpot.
'လူတစ်ယောက်ဟာ သူ မအောင်မြင်မီ အထိတော့ အရူးလို့ သတ်မှတ် ခံရတာပါပဲ' တဲ့။
ဒီစကားကို ပြောသူက ချမ်းသာြွကယ်ဝတဲ့ East Prussia မှာ မွေးဖွားသူ၊ ဒုံးပျံတိုးတက်ရေးမှာ ဦးဆောင်ခဲ့သူ Werner von Braun (၁၉၁၂-  ) ဖြစ်ပါတယ်။ သူဟာ အသက်ငယ်ရွယ်စဉ်ကတည်းက ကမ္ဘာ့အပြင်ဘက် အာကာသကို စိတ်ဝင်စားသူ ဖြစ်ပါတယ်။ အဲဒီစကားကို ရည်ညွှန်းခံရတဲ့ ပုဂ္ဂိုလ်က ၁၉၂၆ ခုနှစ် မတ်လ ၁၆ ရက် Massauchusettesမှာ ပထမဦးဆုံး လောင်စာရည်သုံး ဒုံးပျံကို စတင် ပစ်လွှတ်ခဲ့သူ Dr. Robert Hutching Goddard(၁၈၈၂-၁၉၄၅) ဖြစ်ပါတယ်။ Goddard ဟာ သူစိတ်ကူးယဉ်ပြီး ဒုံးပျံကို တီထွင် စမ်းသပ်ခဲ့စဉ် တုန်းက ဝေဖန်ကဲ့ရဲ့မှုတွေ တော်တော်လေး ခံခဲ့ရပါတယ်။ Goddard ရဲ့ ဇွဲလုံ့လ ကြောင့် ဒုံးပျံလွှတ်တင်နိုင်လာတဲ့အခါမှသာ သူ့နာမည်ဟာ ကမ္ဘာကျော်သွားခဲ့ သလို ဝေဖန်ကဲ့ရဲ့သူတွေရဲ့ အထင်ကြီးလေးစားမှုတွေကိုလည်း ရခဲ့ပါတယ်။
Von Braun ရဲ့ အဆိုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝ၊ ၁၄၇၃ ခုနှစ်က Thorn မှာ မွေးဖွားခဲ့သူ Copernicus ရဲ့ အဖြစ်အပျက်ကို သတိရမိစေပါတယ်။ ရှေးဟောင်း သိပ္ပံပညာရှင် နောက်ဆုံးမိုျးဆက်လို့ ကင်းပွန်းတပ်ခံရတဲ့ Claudius Ptolomaeusသို့မဟုတ် Ptolemy (၂ ရာစုAD) က ကမ္ဘာကြီးဟာ စကြဝဠာ ကြီးရဲ့ အလယ်ဗဟိုမှာ ရှိပြီး၊ နေ၊ လ၊ ဂြိုဟ်တွေက ပတ်ပတ်လည် ဝိုင်းရံနေတယ် လို့ ဆိုခဲ့ပါတယ်။ သူ့ရဲ့ သြဇာလွှမ်းမိုးမှုဟာ ကြီးမားလွန်းတာကြောင့် လူအများ စုက အထွန့်မတက်ခဲ့ကြပါဘူး။ ဒါကိုသဘောမတူတဲ့ တစ်ယောက်ကတော့ နက္ခတ္တဗေဒပညာရှင် Nicholas Koppernigkခေါ်Mikilaj Kopernik ခေါ် copernicus (၁၄၇၃-၁၅၄၃) ဖြစ်ပါတယ်။ သူ့ဇာတိက Polan ဖြစ်ပါတယ်။ သူက အီတလီမှာ ဆေးပညာ၊ သိပ္ပံပညာတို့ကို ဆည်းပူးခဲ့ပါတယ်။ ၁၅၃၃ ခုနှစ်မှာ Concerning the Revolution of the Celestial Bodies ကို ရေးသားခဲ့ပါတယ်။ အဲဒီ စာအုပ်ထဲမှာ နေနဲ့ ရွေ့လျားနေတဲ့ ကမ္ဘာမြေအကြောင်း ကို ရေးချပြခဲ့ပါတယ်။ ကံဆိုးချင်တော့ အဲဒီစာအုပ်က ချက်ချင်း ထုတ်ဝေတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။ Ptolomaeus ခေါ် Ptolemy ရဲ့ အဆိုကို ဆန့် ကျင်တဲ့သဘော သက်ရောက်နေတာကြောင့် တစ်ကြောင်း၊ ခရစ်ယာန်ဘုန်းကြီး လည်း ဖြစ်တဲ့ Copernicus ဟာ Ptolemy ကို လက်ခံနေတဲ့ တခြား ခရစ်ယာန် ဘုန်းကြီးတွေက သဘောမတူတာကြောင့်လည်းတစ်ကြောင်း ဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီစာအုပ်ကို ၁၅၄၃ ခုနှစ်မှာ Copernicusရဲ့ သူငယ်ချင်း ဖြစ်သ ဂျာမနီနိုင်ငံ Wittenberg တက္ကသိုလ်မှ သင်္ချာပါမောက္ခ Georg Phaeticusက ရိုက်နှိပ်ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာအုပ်ထွက်တာနဲ့ Copernicus ဟာ ဝေဖန်ရှုတ်ချမှုတွေ တော်တော်ခံခဲ့ရပါတယ်။ စာအုပ်ထွက်ပြီး မကြာမီမှာပဲ Copernicusဟာ နေမကောင်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ Copernicus ရဲ့ သီအိုရီကို လက်ခံခဲ့သူ Giordano Bruno ဆိုရင်လည်း ၁၆ဝဝ ခုနှစ်မှာ မီးရှို့ အသတ်ခံခဲ့ရပါတယ်။
နှစ်တွေ ရာချီပြီး ရွေ့လျားလာပြီးမှ သိပ္ပံပညာရှင်တွေဟာ Copernicus ရဲ့ အဆိုတွေကို လက်ခံလာကြပါတယ်။ ခရစ်ယာန်ဘုန်းကြီးတွေဟာလည်း သူ့အဆိုတွေဟာ မှန်တယ်လို့ လက်ခံလာကြပါတယ်။ သူ့ကို ဝိုင်းပယ်ပြီး အရူး တစ်ယောက်လို သတ်မှတ်ခံရတဲ့အချိန်တွေ လွန်မြောက်ချိန်မှာ သူဟာ လူ့လောက ကြီးထဲမှာ မရှိတော့ပါဘူး။ သိပ္ပံပညာ ကမ္ဘာမှာတော့ သူ့ကို ဘယ်သူမှ မမေ့နိုင် ကြပါဘူး။
Von Braun ပြောခဲ့သလို လက်ခံနိုင်သော်လည်း အဲဒီအတွက် ပေးဆပ်ရမှု တွေက မစဉ်းစားရဲစရာ ဖြစ်ပါတယ်။ သို့သော်လည်း တွေးခေါ်ပညာရှင်တွေ ဟာ သူတို့ရဲ့ အဆိုတွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ခဲ့လို့လည်း ကျွန်မတို့ဟာ ကမ္ဘာ ကြီးရဲ့ လှို့ျဝှက်ချက်တွေကို သိခဲ့ကြရတာ ဖြစ်ပါတယ်။
Shakespeareနဲ့ တစ်နှစ်တည်း မွေးခဲ့သူ Galileo Galilei  (၁၅၆၄-၁၆၄၂) ဟာ အီတလီလူမိုျး သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင် ဖြစ်ပါတယ်။ သူက Copernicus ရဲ့ သီအိုရီတွေကို လက်ခံပေမယ့် ထင်ထင်ရှားရှား ထောက်ခံဖို့က အန္တရာယ်ကြီးတာကြောင့် ဆိတ်ဆိတ်နေခဲ့သူ ဖြစ်ပါတယ်။ ဂရိတွေးခေါ်ပညာရှင် Aristotle (၃၈၄-၃၂၂ BC) ဟာ ''ငါးပေါင် အလေးနဲ့ တစ်ပေါင်အလေးကို အမြင့်ကနေ လွှတ်ချရင် လေးတဲ့ အလေးက အရင်မြေကြီးကို ထိမယ်'' လို့ ဆိုခဲ့ပါတယ်။ သူ့အတွေးအခေါ် အတော်များများ
ဟာ လွဲမှားမှုတွေ ရှိခဲ့သော်လည်း ရာစုပေါင်းများစွာ သူ့ကို ယုံကြည်ခဲ့ကြပါတယ်။ ၁၆ ရာစု မတိုင်မီအောင် Aristotle ရဲ့ အဆိုတွေကို ပြင်ဆင်သင်ကြားပေးခဲ့တဲ့ အင်္ဂလန်တက္ကသိုလ်က ဆရာတစ်ယောက်ဟာ ဒဏ်ကြေး ငါးပဲ ကျခံခဲ့ရတယ်။ ၁၆ ရာစုအတွင်းမှာ မွေးဖွားခဲ့သူ Galileo ကတော့ 'သိပ္ပံပညာရပ်က အဆိုတွေကို သက်သေပြချက် မရှိဘဲ လက်မခံနိုင်ဘူး' လို့ ေြွကးကြော်ခဲ့ပါတယ်။
Galileo ဟာ ၁၅၉ဝ ခုနှစ်မှာ အီတလီက ပီစာမျှော်စင် (Tower of Pisa) ပေါ်က အလေးချိန် မတူတဲ့ အရာဝတ္ထုနှစ်ခုကို လွှတ်ချပြရင်း Aristitle ရဲ့ အဆို မှားယွင်းနေကြောင်း သက်သေပြခဲ့ပါတယ်။ မြေပြင်ပေါ်ကို တစ်ပြိုင် တည်း ကျတာကို မြင်ကြတဲ့သူတွေက 'ဒါဟာ လှည့်ကွက်တစ်ခုသာ ဖြစ်တယ်။ ငါတို့မျက်စိနဲ့ တပ်အပ်မြင်တယ်လို့ မပြောဘူး' လို့တောင် ဆိုခဲ့ကြပါတယ်။
၁၆၁၅ ခုနှစ်မှာ သူ့ တွေ့ရှိချက်တွေကို ရေးသားထားတဲ့ စာအုပ်တစ်အုပ် ကို ထုတ်ခဲ့ပါတယ်။ အဲဒီစာအုပ်ပါ အတွေးအခေါ်များဟာ Arisotle ရဲ့ ယူဆ ချက်တွေနဲ့ မတူညီတာကြောင့် ခရစ်ယာန်ဘုန်းတော်ကြီးတွေက Galileo မှာ မကောင်းဆိုးဝါးတွေ ပူးကပ်နေပြီလို့ စွပ်စွဲပြီး အကျဉ်းချခဲ့ကြပါတယ်။ ဒါကြောင့် Galileo ဟာ သူရေးခဲ့သမျှတွေ မှားယွင်းကြောင်း၊ ကမ္ဘာကြီး ရွေ့လျားနေတယ်ဆို တာ မဟုတ်ကြောင်း စသည်ဖြင့် ဘုန်းတော်ကြီးတွေရဲ့ ရှေ့မှာ ဝန်ခံပြောဆိုခဲ့ရ ပါတယ်။
နောက်တော့ Galileo ဟာ Florence မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီမှာ နောက်ထပ် စာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ပါ အချက် အလက်တွေဟာလည်း Aristotle ရဲ့ တွေးခေါ်ချက်တွေနဲ့ မတူညီတာကြောင့် ရောမမြို့က အရာရှိတွေက သူ့ကို အိမ်ထဲမှာပဲ နေရမယ်လို့ အမိန့်ချခဲ့ကြပါတယ်။ သူ့အိမ်ထဲမှာပဲနေရင်း ၁၆၄၂ ခုနစ်မှာ သေဆုံးခဲ့ပါတယ်။ Galileo ရဲ့ အတွေး အခေါ်တွေ၊ တွေ့ရှိချက်တွေ ပါဝင်တဲ့ စာအုပ်တွေဟာ ဥရောပတစ်ခွင် ပျံ့လွင့် ခဲ့ပါတယ်။ အဲ့ဒီစာအုပ်တွေဟာ လူတွေရဲ့ ဦးနှောက်တွေကို ဖွင့်ပေးခဲ့ပါတယ်။ 'ကိုယ်ယုံကြည်တာကို လက်ခံဖို့အတွက် ရှာဖွေဆန်းစစ်ဖို့ လိုပါတယ်' ဆိုတဲ့ အတွေးအခေါ်ကို Galileo က ပေးခဲ့ပါတယ်။
ဒါ့အပြင် Galileo ဟာ နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ သိပ္ပံပညာရှင်တွေ အတွက် သံသယလွန်ကဲသူတွေကို ကြောက်ရွံ့နေရခြင်းမှ အနည်းငယ် သက်သာ သွားစေတဲ့ လမ်းကြောင်းတစ်ခုကို ဖွင့်ပေးခဲ့ပါတော့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Flippo the Fool’လို့တောင် ခေါ်ဝေါ် သမုတ်ခံခဲ့ရတဲ့ Florence မြို့ မှာ မွေးဖွားခဲ့သူ Flippo Brunselleshi (၁၃၇၇-၁၄၄၆) ရဲ့ အဖြစ်ကိုလည်း သတိရ မိပါတယ်။ သူဟာ ဆောက်လုပ်ရေးပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူက I believe that nothing is truly impossible 'မဖြစ်နိုင်တဲ့အရာဆိုတာ မရှိ'လို့ ယုံယုံကြည်ကြည်နဲ့ ဆိုခဲ့ပါတယ်။ သူ ဆောက်ခဲ့တဲ့ Florence မြို့က St.Mary ဘုရားရှိခိုးကျောင်းရဲ့ အမိုးခုံးကြီးက သူဆိုခဲ့တဲ့စကား မှန်ကန်ကြောင်း သက်သေ ပြလျက် ရှိပါတယ်။ St.Mary ဘုရားရှိခိုးကျောင်းကြီးကို ၁၄၂ဝ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့မှာ စတင် ဆောက်လုပ်ခဲ့ပြီး ၁၄၃၄ ခုနှစ်မှာ အပြီး သတ်ခဲ့ပါတယ်။ ''အလယ်မှာ အထောက်အပံ့ မပါဘဲနဲ့ အမိုးခုံးကို ဆောက်နိုင် တယ်'' ဆိုတဲ့ သူ့စကားကြောင့် လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။ သူ စတင် ဆောက်လုပ်ပြီး နှစ်တွေ ရွေ့လျားရင်း ဒီလို အန္တရာယ်လည်းများ၊ မဖြစ်နိုင်ဘူးလို့ ယူဆထားတာတွေကိုလည်း ဖြစ်နိုင်အောင် လုပ်ပြခဲ့တာမို့ Flippo ကို ‘Flippo he fool’ ဆိုတဲ့ အခေါ်လည်း မှေးမှိန်လာခဲ့တယ်လို့ ဆိုရမှာပါပဲ။
အမိုးခုံး ဆောက်လုပ်ပြီး နှစ်နှစ်အကြာမှာPope Eugenes IV ကို ပေးလှူ ခဲ့ပါတယ်။ အမိုးခုံးအပေါ်ကို နောက်ဆုံးအဆင့် မှန်မီးအိမ် နေရာမချမီ အသက် ၆၉ နှစ်မှာ Flippo နေမကောင်းဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ သူဟာ သူ့ဘဝက ပေးတဲ့အလုပ်ကို တာဝန်ကျေအောင်၊ ပြည့်စုံအောင် ဖြည့်ဆည်းလုပ်ဆောင်ပေးခဲ့ ပြီရယ်လို့ ခံစားမှတ်ယူသွားခဲ့ပါတယ်။
Florence မြို့သားတစ်ဦးဟာ သူ့မြို့နဲ့ ဝေးရာကို ခရီးသွားရတဲ့အခါ ဇာတိမြေကို လွမ်းမောရင်း အခုလို ညည်းညူတယ်လို့ ပြောစမှတ်ပြုကြပါတယ်။ ''အမိုးခုံးကို မမြင်တွေ့ရတာ ကြာတော့ ရင်ထဲမှာ အောက်မေ့နာကျင်မှုတွေ ဖြစ်နေရပါရဲ့'' တဲ့။
ထူခြား ထင်ရှားသူတွေ အကြောင်းကို ပြောရရင် ပြောမဆုံးပေါင် တောသုံးတောင်လို့ ဆိုရမှာပါပဲ။ သူတို့အကြောင်းတွေကို ရှာဖွေစူးစမ်းရင်း သူတို့ရဲ့ အတွေးအခေါ်တွေကို မှတ်သားလိုက်မိပါတော့တယ်။