ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း - Junior Win
အတွေးအမြင် (၁၃၅)၊ ၁၉၉၈ အောက်တိုဘာ
Conscience ဟူသည်မှာ သင့်အား သင့်၏ မှားယွင်းနေမှုကို အမှန်တရားဘက်သို့ ညွှန်ပြပြောဆိုနေသော သေးငယ် တိုးတိတ်သည့် အသံလေးဖြစ်ပေသည်ဟု မှတ် သားဖူးပါသည်။ အမှားတစ်ခု (သို့မဟုတ်) မကောင်းမှုတစ်ခုကို ကူျးလွန်အံဆဲဆဲ သင်၏ နားထဲတွင် ''အဲဒါက အမှား၊ မကောင်းမှု။ ဒါက အမှန်နော်'' ဟု အသံသေးသေးလေး တစ်ခုက သင့်ကို ပြောနေလိမ့်မည်။ ထိုအသံ၏ နောက်သို့ လိုက်ရင်း သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိလာမည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရတာလောက် ကောင်းတာမရှိဟု အတွေးဝင်လာပါလိမ့်မည်။
ကျွန်မအဘိုး အင်္ဂလိပ်စာဆရာကြီး ဦးခင်မောင်လတ်က’Conscience’ ဟူသော စကားလုံးတစ်လုံး၏ အဓိပ္ပာယ်ကို သင်ကြားစဉ်က ရှင်းပြခဲ့သော အချက်များနှင့် ကျွန်မ ဖြည့်စွက် စဉ်းစားမိခဲ့ခြင်း ဖြစ်ပါသည်။ အမှန်တရား ၏ နောက်သို့လိုက်ရင်း၊ အမှန်တရားကို ရှာဖွေဖော်ထုတ်ရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်လာခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို စိတ်ဝင်စားမိသဖြင့် ကျွန်မသည် မိမိကိုယ်ကို ယုံကြည်ကြသူများ၏ အကြောင်းကို လေ့လာကြည့် မိပါတော့သည်။
၁၈ ရာစုခန့်က အင်္ဂလိပ်နယ်ချဲ့တို့သည်Massachusettsအပါအဝင် ကိုလိုနီတိုင်းပြည်များအား ၄င်းတို့ ကုန်ပစ္စည်းများကို ဈေးကြီးတင်၍ ရောင်းချ ခြင်း၊ ကိုလိုနီနိုင်ငံများ၏ ပစ္စည်းများကို ဈေးအဆမတန်နှိမ်၍ ဝယ်ယူခြင်းများကို ပြုလုပ်ခဲ့ကြသည်။ အင်္ဂလိပ်တို့ တင်ပို့သော လက်ဖက်ခြောက်များကို ကိုလိုနီ နိုင်ငံများအား ဈေးတင်၍ ရောင်းချသောအခါMassachusetts ပြည်နယ်၏ မြို့ တော် Bostonဆိပ်ကမ်းတွင် ထိုလက်ဖက်ခြောက်များကို ၁၇၇၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ရေထဲသို့ သွန်ချခဲ့ကြသည်။ ထိုအဖြစ်အပျက်ကို ဓသြျအသည လက်ဖက်ခြောက် ပါတီပွဲ'' ဟု ခေါ်ကြသည်။ ထို သပိတ်မှောက်ပွဲ အဖြစ်အပျက် သည် အမေရိကန်တို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လေသည်။ ထိုအကြောင်းအရာများကို ကျွန်မ တင်ပြရ ခြင်းမှာ ''ရေထဲက လက်ဖက်ခြောက်လေးများ၏' ၏ အခန်းကဏ္ဍ အရေးပါမှု ကို သိရှိရန် ဖြစ်သည်။
မုတ်ဆိတ်မွေး ထားတာနဲ့ မထားတာကို မိုင်နာလို့ ယူဆချင် ယူဆ၊ ဲသန ဆိုတဲ့ အဘိုးကြီးကို လူမိုက်လို့ ဆိုချင်ဆို၊ ဒါပေမဲ့ ရေထဲက လက်ဖက်ခြောက် လေးတွေက မီးစက်မီးပွင့်ကလေးအဖြစ် နိုင်ငံရဲ့အလံ ဖြစ်ခဲ့တာကို ဲသန က မေ့မှာ မဟုတ်ဘူး။ Joe Palmerရဲ့ အကြောင်းမှာ သင်ခန်းစာယူစရာက-
''လွတ်လပ်ပါတယ်ဆိုမှတော့ ဘယ်လောက်ကလေး လွတ်လပ်ပါတယ် လို့ ပြောစရာ မလိုဘူးတဲ့။ လွတ်လပ်သူတွေ အားလုံးရဲ့ လွတ်လပ်မှုဟာ အတူတူ ပါပဲ။ ဒါကြောင့် လွတ်လပ်တဲ့သူတွေဟာ သိပ်ကြီးကျယ်ကြတယ်။ သူတို့ဟာ မလွတ်လပ်တဲ့သူတွေထက် သာတယ် ဆိုပြီးတော့ပေါ့''
The Ballad of Hairy Joe ဟူသော ရေဒီယိုပြဇာတ်၏ အဆုံးတွင် အထက်ပါ သီချင်းလေးဖြင့် အဆုံးသတ်ထားသည်။
Joe (သို့မဟုတ်) Joeseph Palmer (?-၁၈၇၅) သည် သူ နေထိုင်သောMassachusettsပြည်နယ် Fitchburgမြို့မှ ဘုန်းကြီးတစ်ပါး၏ မုတ်ဆိတ်မွှေး မထားရဟူသော တားမြစ်ချက်ကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ ထိုအချိန်တုန်းက မုတ်ဆိတ်မွှေးတွေနှင့် သူ့ကို New Englandပြည်က လှောင်ပြောင်မှု အများဆုံး ခံရသူတစ်ဦးဟု ကင်ပွန်းတပ်ကြသည်။ မုတ်ဆိတ်မွှေးတွ ရိတ်ပစ်ဖို့ ငြင်းဆန်ခဲ့ သောကြောင့် သူသည် အကျဉ်းချခံခဲ့ရသည်။
Joe ၏ မှန်ကန်သော ယုံကြည်မှုကြောင့် သူ၏ ရပ်တည်မှုကို လူတိုင်း နားလည် လက်ခံလာကြလေသည်။ နောင်တွင် Joe Palmer သည် Fitchburg မြို့၏ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပြီး သူ့ကြောင့်ပင် မုတ်ဆိတ်မွှေးထားခြင်း အလေ့အထများ ပြန်လည် ခေတ်စားလာခဲ့လေသည်။
သူသည် ၁၈၇၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ့အုတ်ဂူတွင် မုတ်ဆိတ် မွှေး ထားထားသော သူ့ရုပ်တုကို ထုထားပြီး Joseph Palmer မုတ်ဆိတ်မွေးထား ခြင်းအတွက် အနှိပ်စက်ခံခဲ့ရသည်'' ဟု စာလုံးများ ရေးထွင်းထားလေသည်။
သူ၏ ဘဝအကြောင်းကိုSol Panitzn က ရေဒီယိုပြဇာတ်အဖြစ် ဖော် ထုတ်ရေးသားခဲ့သည်။ ထိုပြဇာတ်သည် ၁၉၆၉ ခုနှစ်အတွက် ရေဒီယို အသံလွှင့် အစီအစဉ် အကောင်းဆုံးဆုုBroadcast Industry Media Awardကိုရရှိခဲ့သည်။
********* *********** ***************
''အင်္ဂလန်ပြည်ရဲ့ ဥပဒေဟာ ဘုရားသခင်ကို ဆန့်ကျင်လို့မရဘူး''
အထက်ပါ စကားလုံးများကား Sir Thomas More (၁၄၇၈-၁၅၃၅) သူ့ကို ခေါင်းဖြတ်ကွပ်မျက်မည့် Tower Hill စင်သို့ မတက်ရောက်မီ သူယုံကြည် သော၊ မြင့်မြတ်သော ကက်သလစ်ဘာသာဝင် ဘုရားရှိခိုးကျောင်းအတွက် နောက် ဆုံး ပြောကြားခဲ့သော ကြေညာချက်ဖြစ်သည်။
အင်္ဂလန်ဘုရင် Henry VIII (၁၄၉၁-၁၅၄၇) သည် စပိန်မင်းသမီး ကက်သရင်းကို ကွာရှင်းခွင့်ရရေးနှင့် Anne Boleynနှင့် လက်ထပ်ရေးအတွက် ဘုရားရှိခိုးကျောင်းမှ Pope ရဟန်းမင်းကြီး၏ ခွင့်ပြုချက်ကို ရရှိဖို့ အကြံတစ်ခု ရခဲ့လေသည်။
၄င်း Henry VIIIနှင့် Pope ရဟန်းမင်းကြီးသာ တစ်ယောက်တည်း ဖြစ်မည်ဆိုလျှင် ဟူသောအကြံ ဖြစ်လေသည်။ ဒါဆိုလျှင် ကက်သရင်းနှင့် ဘယ်တုန်းကမှ လက်မထပ်ခဲ့ပါဘူးလို့ ပြောရင် ဘယ်သူမျှ ငြင်းမည်မဟုတ်ဟု အတွေးဝင်လေသည်။
အင်္ဂလန်တစ်ပြည်လုံး၏ လေးစားခြင်း ခံရသော Sir Thomas More ကား HenryVIII၏ အမတ်တစ်ဦး ဖြစ်သော်ငြားလည်း သူယုံကြည်သည့် မြင့်မြတ်သော ကက်သ်လစ်ဘာသာဝင်တို့၏ ယုံကြည်မှုကို သူ့အသက်ထက်ပင် တန်ဖိုးထားခဲ့သူ ဖြစ်သည်။
Sir Thimas More ဆီက ဘုရင် Henry VIIIလိုချင်တာ ဘုရင်ကိုယ် တိုင်ကြားချင်တဲ့ စကားလေးတစ်ခွန်းပါပဲ။ ဒါပေမဲ့ Sir Thomas Moreဟာ နောက်ဆုံးအချိန်အထိ တိတ်ဆိတ်စွာ နေခဲ့ပါတယ်။
သူ ကွယ်လွန်ပြီးနောက် ဘာသာရေး လွတ်လပ်ခွင့်အတွက် အသက်ပေး သွားခဲ့သူ Sir Thomas More အား ၁၉၃၅ ခုနှစ်တွင် ဘာသာရေး သူတော်စင် XIအဖြစ် ကြေညာသမုတ်ခြင်း ခံခဲ့ရပါသည်။
အင်္ဂလိပ် အဘိဓာန်တွင်Utopia (ယူတိုးပီယား) ဟူသော အင်္ဂလိပ် ဝေါဟာရ စာလုံးအသစ်သည် Sir Thomas More အား အထူးစပါယ်ရှယ် သတိတရ အမှတ်တရ ဖြစ်စေသော Sir Thomas More ၏ ကိုယ်ပိုင်စကားလုံး လေး ဖြစ်ပါသည်။
Sir Thomas More ရေးသားခဲ့သည့် Utopia (၁၅၁၆) အမည်ရှိ စာအုပ် တွင် Utopia ဟူသော ကျွန်းကလေးသည် လူတိုင်းအတွက် နေထိုင်ဖို့ အကောင်း ဆုံးနေရာ စိတ်ကူးနယ်မြေတစ်ခု ဖြစ်ပေသည်။ ထိုစိတ်ကူးနယ်မြေထဲတွင် နေထိုင် ကြသော လူတိုင်းလူတိုင်းသည် သူတို့၏ ချမ်းသာခြင်းကို မျှဝေကြပြီး သူတို့ လုပ်သမျှ အလုပ်တိုင်းသည် သူတို့အတွက် မဟုတ်၊ လူတိုင်း၏ ကောင်းစားရေး အတွက် ဖြစ်လေသည်။
********** ************* ************
''သူမကို မီးရှို့လို့ မရတာကို ထူးဆန်းတယ်၊ မထူးဆန်းဘူး ပြောမနေနဲ့။ အရေးကြီးတာဟာ ကျွနု်ပ်တို့ ရောမအင်ပါယာရဲ့ အရှင်သခင် Dio detion ရဲ့ အမိန့်အရ ခရစ်ယာန်တွေ ကျဆုံးဖို့ရယ်၊ သူ့ရဲ့ အမိန့်ကို နာခံဖို့ရယ်ပဲ''
ရောမအရာရှိသည် အထက်ပါအတိုင်း ကြိုးချည်၍ ပြောဆိုပြီးနောက် သူ့ဓားအိမ်မှ ဓားကို ဆွဲထုတ်၍ လူပုံအလယ်တွင် ကြိုးချည်၍ မီးရှို့သတ်သော် လည်း လောင်ကျွမ်းခြင်း မရှိသော အသက်ဆယ့်သုံးနှစ်အရွယ် ခရစ်ယာန်ဘာသာ ကို သက်ဝင်ယုံကြည်သော အမိုျးသမီးငယ်ဆီသို့ ရှေးရှု၍ လျှောက်သွားလေသည်။
ထိုအဖြစ်အပျက်ကား AD၃ဝ၄ ခုနှစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခေါင်း ဖြတ် အသက်ခံခဲ့ရသူ အမိုျးသမီးငယ်ကား ခရစ်ယာန်ဘာသာကို ယုံကြည်သူ Agnesဖြစ်လေသည်။ သူမသည် သူမ၏ ယုံကြည်ချက်ကြောင့် ခရစ်ယာန်ကို မယုံကြည်သော ရောမအင်ပါယာ အရှင်သခင် Diodetion (AD ၂၄၅-၃၁၃) နှင့် ၄င်း၏ လူများကြောင့် မီးရှို့သတ်မိန့်ကျခံခဲ့ရသူ ဖြစ်လေသည်။ Diodetion၏ အမည် အရှည်မှာ Gaius Aurellius Valerius Diodetonus ဖြစ်သည်။ သူသည် ရောမအင်ပါယာ၏ အရှင်သခင်ဖြစ်ပြီး ခရစ်ယာန်များကို နှိမ်နှင်းခဲ့သူ အဖြစ် ထင်ရှားသည်။ ထို့ပြင် ခရစ်ယာန်တို့၏ ယူဆချက်၊ ယုံကြည်ချက် ဖြစ်သော ''ဘုရားသခင်က ကျွနု်ပ်တို့ကို ဖန်ဆင်းပေးတယ်၊ ဘုရားသခင်သာလျှင် တစ်ဦးတည်းသော ကိုးကွယ်ရာ'' ဟူသော အချက်ကို လုံးလုံးလျားလျား ဆန့်ကျင် ခဲ့သူ ဖြစ်လေသည်။
အကယ်၍ သူမသည် ခရစ်ယာန်ဘာသာဝင်အဖြစ် ရုပ်သိမ်းမည်ဆိုပါက သူမ လွတ်မြောက်ခွင့်ရမည်ဟု Prefect Semproniusဆိုသူက သူမ၏ အမှု တွင် ဝင်ရောက်ကြားဝင် စေ့စပ်ပေးခဲ့သေးသည်။ သို့ရာတွင် သူမသည် သူမ၏ ခရစ်ယာန်ဘာသာကို စွန့်လွှတ်ခြင်း မပြုခဲ့ပေ။ ဇန်နဝါရီလ ၂၁ ရက်၊ သူမ အသက် ၁၃ နှစ်အရွယ်တွင် သူမကို မီးပုံရှို့သော်လည်း မီးလောင်ကျွမ်းခြင်း မရှိသောကြောင့် ရောမအရာရှိက သူ၏ ဓားဖြင့် သူမကို ခေါင်းဖြတ်သတ်ခဲ့လေ သည်။
သူမ သေဆုံးပြီးနောက်ပိုင်း ရောမပြည်တွင် Agnes ၏ အမှတ်တရ အဖြစ် ဘုရားရှိခိုးကျောင်းတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ထို ဘုရားရှိခိုး ကျောင်း၏ အမည်မှာ Saint-Agnes (သူတော်စင်Agnes)ဟု အမည်တွင်လေ သည်။ အင်္ဂလန်ရှိ ဘုရားရှိခိုးကျောင်းတစ်ခုတွင်လည်း သူမ၏ အမည်ကို ပေး ထားလေသည်။
သူမ၏ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ခြင်းကြောင့် အသတ်ခံ ခဲ့ရသည့် အဖြစ်ကို အီတလီ ပန်းချီဆရာ Tintoretto (Jacopo Robsti ၁၅၁၈-၉၄) အပါအဝင် ပန်းချီဆရာများစွာက ပန်းချီကားမျးရေးဆွဲ၍ မှတ်တမ်း တင်ထားခဲ့ကြသည်။ နာမည်ကျော်ကဗျာဆရာ John Keats(၁၇၉၅-၁၈၂၁) က Eve of St.Agnes ကဗျာတွင် လည်းကောင်း၊ Alferd Tennyson (၁၈ဝ၉-၉၂) က St Agnes Eve ဘာသာရေး ကဗျာတွင်လည်းကောင်း သူတော်စင် Agnesသေဆုံးခဲ့ရသော ဇန်နဝါရီလ ၂၁ ရက်မတိုင်မီ တစ်ရက်အလိုကို ရည်ရွယ် ၍ ရေးဖွဲ့မှတ်တမ်းတင်ခဲ့ကြလေသည်။
ငယ်ရွယ်သူ သူတော်စင် Agnes သည် အမိုျးသမီးငယ်များအား စောင့် ရှောက်သူဟု ယုံကြည်သတ်မှတ်ခြင်း ခံခဲ့ရသည်။ ထို့ပြင် သူမ သေဆုံးခဲ့ရသော ဇန်နဝါရီ ၂၁ ရက် မတိုင်မီ တစ်ရက်အလို St. Agnes Eve တွင် မက်ခဲ့သော အိပ်မက်ထဲက သူသည် ထိုအိပ်မက်ပိုင်ရှင်၏ ဖူးစာရှင် ဖြစ်လိမ့်မည်ဟုလည်း စွဲလမ်းယုံကြည်ကြလေသည်။
************** ************* *********
''နိုင်ငံခြား ပင်လယ်ရပ်ခြား တိုင်းပြည်တွေမှာ ပျော်ပါး လှည့်လည်ရာက ကိုယ့်အိမ်ဘက် ခြေဦးလည့်လိုက်တာတောင်မှ အိမ်ပြန်ချင်လိုက်တာ ဆိုတာ မရှိ၊ ငါ့တိုင်းပြည်ကို လွမ်းလိုက်တာဆိုတာ မရှိ...အဲဒီလို အလကားလူ၊ မိုျးချစ် စိတ် မရှိတဲ့လူ၊ အရာရာ ငါချမ်းသာ ပြီးရောဆိုပြီး အတ္တကြီးတဲ့သူ အသက်ရှင် နေရင် နာမည်ကောင်းရမှာ မဟုတ်။ သေရင်တောင်မှ လူတင်မက နာမည်ပါ သေမှာ။ သူ့အတွက် ငိုမယ့်သူ မရှိ။ ဂုဏ်ပြုမယ့်လူ မရှိ။ သီချင်းတွေ၊ စာတွေ ရေးဖွဲ့မယ့်သူ မရှိ''
အထက်ပါစာသားမှာ Sir Walter Scott (၁၇၇၁-၁၈၃၂) ၏ 'မိုျးချစ်စိတ်' ဆိုသည့် ကဗျာတစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ခုျပ် အောင်ဆန်း ဆိုရင် ယနေ့တိုင် သူ့ကို ရေးဖွဲ့ထားတဲ့ တေးသီချင်းတွေ၊ ကဗျာ တွေကို အလွတ်ရနေတယ်ဟု ကျွန်မ အဘိုးက ပြောဖူးပါသည်။
မိမိ၏ မှန်ကန်သော ယုံကြည်ချက် ဆုပ်ကိုင်ရင်း ''ကိုယ့်ကိုယ်ကိုယ် ယုံကြည်ခြင်း'' ဟူသော မိမိကိုယ်ကို ယုံကြည်ကြသူများအကြောင်းကို လေ့လာ ခဲ့မိသည်။ ထိုသူများကား လူပင် သေသော်လည်း နာမည် မသေ၊ သူတို့ကို ရေးဖွဲ့ဂုဏ်ပြုကြသော ကဗျာများ၊ ပန်းချီကားများ စာပေများကား ယနေ့တိုင် အမှတ်တရ ရှိနေဆဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖိို့၊ စိတ်ဓာတ်မွေးမြူဖို့ အရေးကြီး သည်ဟု ကျွန်မ စဉ်းစားခဲ့မိသည်။
Conscience ဆိုသည့် အသံလေးက သင်တစ်ခု ဆုံးဖြတ်လုပ်ကိုင်တော့ မည်ဆိုလျှင် အမှားနှင့်အမှန် ခွဲခြားပြပါလိမ့်မည်။ သင်လိုက်လိုရာ လိုက်ပေတော့ ဟု ဆုံးဖြတ်ခြင်း မပြုဘဲ သင့်ကိုသာ တာဝန်ပေးလိမ့်မည်။ ထိုအခါ အမှန်တရား ၏ နောက်သို့ သင်လိုက်ပါရင်း သင့်ကိုယ်သင် ယုံကြည်မှုအပြည့် ရှိလာပေလိမ့် မည်ဟု ကျွန်မ သင်ခန်းစာ ယူလိုက်မိပါသည်။
No comments:
Post a Comment