Friday, February 7, 2014

လွဲမှားခဲ့သော အနာဂတ်တွက်ကိန်းများ - ဂျူနီယာဝင်း

လွဲမှားခဲ့သော အနာဂတ်တွက်ကိန်းများ - ဂျူနီယာဝင်း

  (အမှတ် ၁၆၅၊ ၂ဝဝ၄၊ ဇန်နဝါရီ အတွေးအမြင်)

(မဖြစ်နိုင်ဘူးဆိုတာတွေဖြစ်လာတာကတော့ယနေ့မျက်မြင်ပါပဲ။နောင်အနာဂတ်မှာ နောင်တစ်နေ့နေ့မှာ မဖြစ်နိုင် ဆိုပြီးပြောတာတွေကိုအနာဂတ်လူသားတွေက ယနေ့ခေတ်လူတွေကိုအခုလိုပဲ ထောက်ပြကြဦးမယ် ထင်ပါရဲ့)


"to err is human" တဲ့။ လူဆိုတာ မှားမှာပဲဟု ဆိုပါသည်။ အမှားနှင့်ကင်းသူဟူ၍ မရှိနိုင်။ အနာဂတ်မှာ ဘာတွေဖြစ်နိုင်တယ်။ မဖြစ်နိုင်ဆိုတာမိုျးကျတော့ ပို၍ပင်မှားနိုင်ပေတော့သည်။
          IBM ကို တွေ့ရှိခဲ့သူ Thomas Watson က ၁၉၄၃ ခုနှစ်မှာ အခုလိုပြောခဲ့ပါတယ်။ 'ကျွန်တော့်အထင် ပြောရရင်တော့ ကမ္ဘာပေါ် မှာ ကွန်ပြူတာတောင်းဆိုမှုဟာ စက်ငါးလုံးထက် မကျော်နိုင်ပါဘူး'။ ဒါပေမဲ့ ယနေ့ IBMကွန်ပူျတာခေတ်က ရာဂဏန်းနဲ့ စကားပြောနေပါ ပြီ။ ၁၈၇၇ ခုနှစ်နဲ့ ၁၈၈၁ ခုနှစ်ကြားမှာ အမေရိကန်သမ္မတဖြစ်ခဲ့သူ RutherfordBirchard Hayes က ၁၈၇၆ ခုနှစ်မှာ တယ်လီဖုန်းတွေ နဲ့ ပတ်သက်လို့ အခုလိုဆိုခဲ့ပါတယ်။ 'ဒီတီထွင်မှုဟာ အံ့သြစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ တစ်နေ့ကျရင်တော့ ဘယ်သူမှ သုံးကြမှာမဟုတ်ပါဘူး' ဒါပေမဲ့ ယနေ့ခေတ် တယ်လီဖုန်း အသုံးဝင်မှုကို လူတိုင်းမြင်တွေ့နေကြရပါပြီ။ တယ်လီဖုန်းမှ အိမ်တွင်းသုံးတွေ၊ သယ်ဆောင်လို့ရတဲ့ တယ်လီဖုန်းတွေ၊ အရောင်အသွေးစုံ၊ ပုံသဏ္ဌာန်မိုျးစုံဟာ လောက်တောင် မလောက်ပါဘူး။
Auguste Compte ဟာ ပြင်သစ်လူမိုျး စိတ်ပညာရှင်ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ စိတ်ပညာဘာသာဗေဒကို ယနေ့ Herman တက္ကသိုလ်မှာ သင်ကြားနေဆဲဖြစ်ပါတယ်။ သူက ၁၈၃၅ ခုနှစ်မှာ ကြယ်တွေနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။ ‘Nous concevons la possibilité de ............’ 'ကျွန်တော်တို့က သူတို့ရဲ့ ပုံပန်းသဏ္ဌာန်တွေ၊ အကွာအဝေးတွေ၊ သူတို့ရဲ့ ဟန်ပန်တွေ၊ လှုပ်ရှားမှုတွေကို စဉ်းစားတွေးခေါ်နိုင်ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဓာတုဗေဒဆိုင်ရာ ဖွဲ့စည်းမှုတွေ၊ သူတို့ရဲ့ မြေမျက်နှာပြင်ဆိုင်ရာ အသွင်သဏ္ဌာန်တွေ ကို လေ့လာမှုကို လုပ်နိုင်မှာ မဟုတ်ပါဘူး'တဲ့။ ၁၈၅၉ ခုနှစ်မှာ စပက်ထရိုစကုပ်(Spectoscope) ခေါ် ရောင်စဉ်ကြည့် ကိရိယာပေါ်လာ ပါတယ်။ အဲဒီကိရိယာနဲ့ ကြယ်တွေရဲ့ဖွဲ့စည်းတည်ဆောက်မှုတွေ၊ ဓာတုဗေဒဆိုင်ရာ အသွင်သဏ္ဌာန်တွေကို လေ့လာခွင့်ရခဲ့ကြပါတယ်။
          ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein ဟာ နူျကလိယစွမ်းအင်နဲ့ ပတ်သက်ပြီး ၁၉၃၂ ခုနှစ်မှာ သူ့ရဲ့ ယူဆချက်ကို ပြောခဲ့ပါတယ်။ 'နူျကလိယစွမ်းအင် တစ်နေ့မှာ ပိုင်ဆိုင်လာမယ်ဆိုတာဟာ တော်တော် မဖြစ်နိုင်ဆုံး၊ အသေးနုတ်ဆုံး အချက်ပဲ ဖြစ်ပါတယ်။ အက်တမ်ကို ခွဲမှသာ ရနိုင်မယ့် နူျကလိယကို မရနိုင်ပါဘူး။ အက်တမ်ကို ခွဲနိုင်မယ်ဆိုတာ မဟုတ်ပါဘူး' အိုင်စတိုင်းဟာ ၁၉၃၉ ခုနှစ်မှာ တော့ သူ့အမြင်ကို ပြောင်းခဲ့တဲ့ သဘောရှိပါတယ်။ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေဖြစ်တဲ့ ရူပဗေဒပညာရှင်တွေက အဏုမြူဗုံး ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ စာတစ်စောင်ကို သမ္မတRoosevelt ဆီပေးပို့ရာမှာ သူက လက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီ ထုတ်လုပ်မှုမှာ မပါဝင်ခဲ့ပါဘူး။ ၁၉၄၃ ခုနှစ်မှာ သမ္မထံ ဒီလက်နက်ကို အသုံးမပြုဖို့ စာရေးတောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်က ပစ်လွှတ်ခဲ့တဲ့ အဏုမြူဗုံးဟာ ဟီရိုရှိးမားကို ကျခဲ့ပါတယ်။ စစ်အပြီးမှာ အိုင်စတိုင်းဟာ နူျကလိယ အဏုမြူဗုံးလုပ်ငန်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။
Lee De Forest က အမေရိကန် အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ လကမ္ဘာနဲ့ ပတ်သက်ပြီး အခုလို ဆိုခဲ့ပါ တယ်။‘Mettre un homme dans une fuse a plusieurse tages et......’’ 'လူတစ်ယောက်ကို ဒုံးပျံထဲမှာ ထည့်ပြီး လကမ္ဘာရှိရာ သွားမယ်၊ ပြီးတော့ ကမ္ဘာမြေကို ပြန်လာမယ် ဆိုတာဟာ (ဲJules Vernes) ဂူျးဗန်းရဲ့ စိတ်ကူးယဉ်ပုံပြင်တစ်ပုဒ်မျှသာ ဖြစ်ပါတယ်။' သို့ပေမယ့် သူပြောခဲ့ပြီး ၁၂ နှစ်အကြာမှာ လူသားဟာ ပထမဦးဆုံး လကမ္ဘာမြေပေါ် ခြေချနင်းခဲ့ပါတယ်။
          Auguste Lumiere ဟာ ၁၈၉၅ ခုနှစ်မှာ သူ့ရဲ့အစ်ကို အကူအညီနဲ့ ရုပ်ရှင်ရိုက်စက်ကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ သူက အဲဒီ နှစ်တုန်းကပဲ အခုလို ပြောခဲ့ပါတယ်။ 'ကျွန်တော့်ရဲ့ တီထွင်မှုဟာ အတိုင်းအတာ တစ်ခုအတွင်းမှာသာ စူးစမ်းစရာ သိပ္ပံပညာရပ်တစ်ခုလိုပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ စီးပွားရေးအရတော့ ဘယ်လိုလမှ အောင်မြင်မှာ မဟုတ်ဘူး' လို့ ဆိုပါတယ်။ ၁၉၂ဝ ခုနှစ်မှာတောင် သူက အခုလို တွက်ကန်းထုတ်ခဲ့ပါသေးတယ်။ 'ရုပ်ရှင်တွေဟာ တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာတော့ ရေရှည်မရပ်တည် နိုင်ပါဘူး။ အသံနဲ့ရုပ်ကြည်လင်ပြတ်သားမှုဆိုတာ လုံးဝဥဿုံ မဖြစ်နိုင်ပါဘူး။' အခုလက်ရှိဘဝမှာ ရုပ်ရှင်တွေရဲ့ တိုးတက်မှုဟာ လိုက်လို့ တောင် မမီနိုင်တော့ပါဘူး။
          လေထဲမှာ လူတွေ မသွားနိုင်ဖူးလို့ (Academy of Science) အဖွဲ့ဝင်နက္ခတ္တဗေဒပညာရှင်(Jpseph de Lanlande က ၁၇၈၂ ခုနှစ် မှာ အခုလိုဆိုခဲ့ပါတယ်။ ‘Il est totalement impossible que..........’’ 'လူတွေ လေထဲပျံနိုင်မယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီလိုလုပ်နိုင်ဖို့ အံ့သြစရာကောင်းတဲ့ တွက်ချက်မှုနဲ့ တည်ဆောက်ထားတဲ့ တောင်ပံတွေရှိဖို့လိုပါတယ်။ တစ်စက္ကန့်ကို တစ်မီတာနှုန်းရှိတဲ့ အမြင့်နှုန်းနဲ့ လှုပ်ရှား နိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီလို တွေးခေါ်တာဟာ ရူးသွပ်မှုသာ ဖြစ်ပါတယ်' သူပြောပြီး ၁၃ လ အကြာမှာ Montgofier ညီအစ်ကိုတွေဟာ ပထမဦးဆုံး မိုးပျံပူဖောင်းနဲ့ ပျံသန်းမှုဟာ အောင်မြင်ခဲ့ပါတယ်။
          ၁၇၉၃ ခုနှစ်နဲ့ ၁၈၅၉ ခုနှစ်ကြား လန်ဒန်တက္ကသိုလ်မှ နက္ခဗေဒပါမောက္ခ ဒေါက်တာ Dyonysus Landner က အခုလို ဆိုပါ တယ်။
          'မီးရထားနဲ့ အမြန်ဆုံးခရီးတွင် နိုင်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ခရီးသည်တွေဟာ အသက်ရှုကျပ်ပြီး သေသွားနိုင်ပါတယ်'တဲ့။ ၁၈၅၃ ခုနှစ်မှာ အင်္ဂလန်က(The Quarterly Review)  သတင်းစာက အခုလို ရေးခဲ့ပါတယ်။
          'မီးရထားတွေဟာ မော်တော်ယာဉ်တွေ အားလုံးထက် နှစ်ဆလောက် မြန်ပြီး ကျော်တက်သွားမယ်ဆိုတာဟာ ရူးသွပ်တဲ့ စဉ်းစားတွေး ခေါ်မှုသာ ဖြစ်ပါတယ်'။ ယနေ့ မီးရထားတွေရဲ့ ရပ်တည်မှုဟာ သူတို့နိုင်ငံတွေမှာ တစ်နာရီကို မိုင်ရာဂဏန်း ဖြစ်နေကြပါပြီ။
          မဖြစ်နိုင်ဘူးလို့ သူတို့က ပြောခဲ့ကြပါတယ်။ ပြောတဲ့သူတွေကလည်း သာမန်လူတွေ မဟုတ်ပါဘူး။ တကယ့် ဧရာမ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတွေ ဖြစ်လာတာကတော့ ယနေ့ မျက်မြင်ပါပဲ။ နောင်အနာဂတ်မှာ နောင်တစ်နေ့နေ့မှာ... မဖြစ်နိုင် ဆိုပြီး ပြောတာတွေကို အနာဂတ်လူသားတွေက ယနေ့ခေတ်လူတွေကို အခုလိုပဲ ထောက်ပြကြဦးမယ် ထင်ပါရဲ့။
Ref: Science et Vie Junior , Janvier, 2000

       

No comments: