ယုံကြည်ချက် - Junior Win
အတွေးအမြင် (၁၃ဝ)၊ ၁၉၉၇ ဒီဇင်ဘာ + ၁၉၉၈ ဇန်နဝါရီ
မဟာဗုဒ္ဓဝင်ထဲမှာ၊ သမိုင်းဝင်အဖြစ်အပျက်တွေထဲမှာ၊ စာအုပ်စာပေတွေထဲမှာ၊ ကျွန်မတို့ ပတ်ဝန်းကျင်မှာ၊ လူတိုင်းလူတိုင်းမှာ ယုံကြည်မှုလေးတွေ ရှိနေတတ် ကြပါတယ်။ ကျွန်မ လေ့လာမိသလောက်ထဲက တခို့ျကို တင်ပြချင်ပါတယ်။
တစ်ခါတစ်ရံမှာ ဘာမဟုတ်တာကလေးကို ရေးကြီးခွင်ကျယ် လုပ်ပြီး စွဲကိုင် ယုံကြည်မိတာတွေ ရှိတယ်။ ကျွန်မလည်း ဘာမဟုတ်တာကလေးကို မှန်တယ်လို့ ယူဆပြီး ခေါင်းမာတတ်ခဲ့ဖူးပါတယ်။ ကျွန်မ ငယ်စဉ် အတန်းထဲမှာ စာမေးခံရတုန်းက အကြောင်းပါ။ ဆရာမက ကျွန်မ နာမည်ခေါ်ပြီး မတ်တတ် ရပ်ခိုင်းပါတယ်။ ဆရာမက မေးခွန်းကို ပြောပြီး ကျွန်မကို ဖြေဖို့ ခွင့်မပြုခင်လေး မှာ ကျွန်မ ရှေ့နားက ကျောင်းသူတစ်ယောက်က အဲဒီ အဖြေကို ဝင်ဖြေလိုက်ပါ တယ်။ သူ ဖြေလိုက်တာကို ကျွန်မနဲ့ အနီးတစ်ဝိုက်က ကျောင်းသား ကျောင်းသူ တွေအပြင် ဆရာမလည်း ကြားလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ 'ကဲ...ဖြေ' လို့ ဆရာမက ကျွန်မကို တိုက်တွန်းချိန်မှာ ဆရာမ စမေးကတည်းက ဖြေဖို့ အသင့်ပြင်ထားတဲ့ အဖြေကို ဖြေရမယ့်အစား ကျွန်မဦးနှောက်ထဲမှာ 'ငါဖြေလိုက် ရင် ရှေ့က ကျောင်းသူပြောတာကို ကြားလို့ ဖြေနိုင်တယ်လို့ ထင်သွားမယ်။ ငါ့ အရည်အချင်းနဲ့ ငါ ဖြေတာကို ယုံမှာမဟုတ်ဘူး' လို့ တွေးနေခဲ့ပါတယ်။ ဆရာမက မေးခွန်းကို ထပ်ရွတ်ပြပြန်ပါတယ်။ သူများ ဖြေပြီးသား လိုက်ဖြေ တယ်ဆိုတဲ့ အထင်မိုျးကို အထင်မခံချင်လို့ ဆရာမက အထင်သေးပြီး ဒါလေး တောင် မရရကောင်းလားဆိုတဲ့ အပြစ်တင်စကားမိုျးနဲ့ ကျွန်မ လဲလှယ်ယူခဲဖူးပါ တယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ သူငယ်ချင်းတွေက ကျွန်မကို အပြစ် တင်ကြပါတယ်။
'ဟိုတစ်ယောက်ပြောတာ နင် မကြားဘူးလား။ ဘာဖြစ်လို့လဲ'
'ကြားပါတယ်။ သူ မပြောလည်း ငါ ဖြေတတ်တာပဲ။ ငါ ဖြေလိုက်ရင် သူ ပြောလိုက်တာကြောင့်လို့ ထင်သွားကြမှာ ငါ မလိုချင်ဘူး။ အခုတောင် နင် အဲဒီလိုပဲ ယူဆနေတယ် မဟုတ်လား'
'ဘာဆိုင်လဲ။ အရေးကြီးတာ ဆရာမ မေးတာ ဖြေနိုင်ဖို့ပဲ''
သူများတွေက ကြောင်တယ်လို့ ပြောတာတောင် သိပ်လက်မခံချင်ဘူး။ ကျွန်မ မှန်တယ်ဆိုပြီး ယုံကြည်မိတာကို ဘာနဲ့မှ မလဲခဲ့ပါဘူး။
အဲဒီလို အဖြစ်အပျက်အတိုင်း ကျွန်မ သင်္ချာအဓိကနဲ့ တက္တသိုလ် ပထမ နှစ်မှာ အင်္ဂလိပ်စာ ဆရာမ စာမေးခံရစဉ်တုန်းက ထပ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ တုန်းကလည်း ကျွန်မ ငယ်ငယ်တုန်းကလိုပဲ ပါးစပ်ပိတ်ပြီး နေခဲ့ဖူးတယ်။ ငယ်ငယ်က သူငယ်ချင်းတွေ အပြစ်တင်တာမိုျး ကျွန်မဘေးက သူငယ်ချင်း အသစ်တွေက ဝိုင်းပြီး မကျေမနပ် ပြောကြတာ ခံခဲ့ရပါတယ်။ ငယ်စဉ် state ကျောင်းတွေနဲ့ မတူတာက စာသင်ခန်းဘေးမှာ ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ ကျောင်းသားကျောင်းသူတွေ၊ လှောင်တတ် ပြောင်တတ်တဲ့သူတွ ရှိနေတာပါပဲ။ အဲဒီကြားထဲက ကျွန်မဟာ ယုံကြည်မှုရဲ့ အစွဲကို အလျှော့ပေးဖို့ မစဉ်းစားခဲ့မိဘူး။ အဲဒီအတွက်လည်း နောင်တ မရခဲ့ဘူး။
'အဲဒါဆိုလည်း ဆရာမကို နောက်မေးခွန်းအသစ်တစ်ခု မေးပါလို့ ပြော လိုက်ပါလား။ သူများ ဖြေပြီးသား မဖြေချင်ဘူးလို့ ဆရာမကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပေါ့' လို့ ဘယ်သူငယ်ချင်းကမှ မပြောဖူးကြသလို ကျွန်မကိုယ်တိုင် လည်း မစဉ်းစားခဲ့မိပါဘူး။ အခု ၁၉၉၇ ခုနှစ် မတ်လ M.Scမဟာသိပ္ပံ စာမေးပွဲကျမှ အဲဒီ အတွေးမိုျး ဝင်လာခဲ့ပါတယ်။ ၁၉၉၇ မတ်လမှာ ပြုလုပ်တဲ့ မဟာသိပ္ပံကျမ်းပြု စာမေးပွဲ M.S thess defend အတွက် အစစအရာရာ ပြင်ဆင်ကြိုးစားခဲ့ရသမျှdefendမှာ ဘာတစ်ခုမှ အမေးမခံရတဲ့အတွက် ကျွန်မ စိတ်ထိခိုက်ခဲ့ရဖူးပါတယ်။ အဲဒီအတွက် ကျွန်မရဲ့ အရည်အချင်းကို သိရှိနိုင်ဖို့ defendပြန်လုပ်ခွင့် ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့defendအစား စာတမ်း seminor စာတမ်းဖတ်ပွဲ လုပ်ခွင့်ရပြီး အဲဒီမှာ ဆရာတွေ ဝိုင်းမေးကြတဲ့ မေးခွန်း တွေ ဖြေနိုင်ခဲ့လို့၊ စာဆွေးနွေးခွင့် ရခဲ့လို့ တက်ရောက်ခဲ့ကြတဲ့ ဆရာ ဆရာမတွေ ကျွန်မရဲ့ အရည်အချင်းကို ဝေဖန်ပြောဆိုမှုတွေရဲ့ အောက်မှာ M.Scဆိုတဲ့ ဘွဲ့ကို ကျွန်မကိုယ်ကျွန်မ ထိုက်တန်ပြီလို့ ဝမ်းသာကျေနပ် ဂုဏ်ယူခဲ့ရပါတယ်။
ကျွန်မ ငယ်စဉ်က ''နောက်မေးခွန်းအသစ်တစ်ခု မေးဖို့ ဆရာမကို ပြောသင့်တယ်'' ဆိုတဲ့ အတွေးမိုျး မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ အခု M.Scဆိုတဲ့ ဘွဲ့တစ်ခုအတွက် ထိုက်တန်တဲ့ မေးခွန်းမိုျးကို ကျွန်မ မျှော်လင့်တကြီး တောင်းဆို တတ်သွားခဲ့တာကို ကျေနပ်ခဲ့မိတယ်။ M.Scအောင်စာရင်းထွက်တော့ ကျွန်မ သိပ်လိုချင်ခဲ့တဲ့ credit တို့Dတို့ မရပေမယ့် ကျွန်မ ကျေနပ်ပါတယ်။
ကျွန်မက ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ ယုံကြည်မှုကို သစ္စာ မဖောက်မိဖို့ အဓိက ထားခဲ့ပါတယ်။ ဥပဒေစကားနဲ့ ပြောရရင် ပဋိညာဉ် ထားတယ်ပေါ့။ ပဋိညာဉ် (contract) ကတိစာခုျပ်လို့ အဓိပ္ပာယ် ရပါတယ်။ စာနဲ့ပေနဲ့ ခုျပ်ထားမှ မဟုတ်ဘူးလို့ ကျွန်မအမေက သူ့ကို Commerical Law သင်တဲ့ ဆရာတစ်ယောက်က အတန်းထဲမှာ ရှင်းပြပုံနှင့် ဥပမာ ပြောပြပါ တယ်။
'သူငယ်ချင်းတစ်ယောက်ဆီ စိတ်ဆိုးပြီး စာတစ်စောင်ကို စာတိုက်ပုံးထဲ ထည့်ပြီးသွားပြီ ဆိုပါတော့။ ထည့်ပြီးမှ စိတ်ပြေပြီး ပြန်လိုချင်လို့ စာသိမ်းချိန် စောင့်ပြီး ကိုယ့်စာလေး ပြန်တောင်းဖို့ စာသိမ်းသမား အလာကို ထိုင်စောင့်နေရ တယ်။ စာသိမ်းသမား လာတော့ ကိုယ့်စာလေး ပြန်တောင်းတဲ့အခါ အဲဒီ စာသိမ်းသမားက ဒါ contract ဖြစ်သွားပြီ၊ ပြန်မပေးနိုင်ဘူးလို့ ပြောမှာပဲ။ အဲဒါ မနည်းကြီး တောင်းပန်လည်း ကိုယ်စာ ကိုယ့်လက်ထဲ ပြန်ရောက်မှာ မဟုတ်ဘူးနော်။ (contract) ပဋိညာဉ်ဆိုတာ စာနဲ့ပေနဲ့ ခုျပ်ထားမှ မဟုတ်ဘူး။ အဲဒီလို နေရာမှာလည်းcontract ပဲတဲ့'
ဥပဒေ ကျောင်းသူတစ်ယောက်ရဲ့ contract အပေါ် ယုံကြည်မှုကတော့ 'စာမေးပွဲမှာ ခိုးမချရဘူးဆိုတဲ့ contract ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ contract ဟာ စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေနဲ့ ခုျပ်ထားတာ မဟုတ်တဲ့ အတွက် လိုက်နာသင့်တယ်၊ မလိုက်နာသင့်ဘူးဆိုတဲ့ အဖြေဟာ စဉ်းစားစရာပဲ ဖြစ်ပါတယ်' တဲ့။ စားမေးပွဲစောင့် သင်္ချာဆရာတစ်ယောက်က ကျွန်မကို ပြန်ပြော ပြတာ ဖြစ်ပါတယ်။
Sir Walter Scott (၁၇၇၁-၁၈၃၂) ဟာ အင်္ဂလိပ် ကဗျာဆရာကြီးတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကဗျာရေးသူ၊ လုံးချင်းဝတ္ထုရှည်ကြီးများရေးသူ ပညာရှင် တစ်ဦးအဖြစ် ထင်ရှားပါတယ်။ သူ့ကို ၁၇၇၁ ခုနှစ် စကော့တလန်ပြည် Edinburghမှာ မွေးဖွားခဲ့ပါတယ်။ သူ ရေးခဲ့တဲ့ ကဗျာတွေဟာ သူ့ရဲ့ ယုံကြည်မှု ကို သူ့ကဗျာဖတ်တဲ့ သူတွေပါ စွဲဝင်ယုံကြည်သွားအောင် ဖန်တီးနိုင်စွမ်း ရှိပါ တယ်။ ကျွန်မ အခု ဆွဲထုတ်ပြချင်တဲ့ ကဗျာတစ်ပုဒ်ကတော့ Patrotism ဆိုတဲ့ ကဗျာပဲ ဖြစ်ပါတယ်။
အဲဒီကဗျာ ကျွန်မနဲ့ ရင်းနှီးခဲ့ရတဲ့ အကြောင်းကတော့ အဘွား ဒေါ်ခင်မိုျးချစ်ကိုယ်တိုင် ဘာသာပြန်ခဲ့တဲ့ ကဗျာတစ်ပုဒ် ဖြစ်နေလို့ပါပဲ။ အဲဒီ ကဗျာကို ကျွန်မရဲ့ အဘိုးအဘွားတို့ တက်ခဲ့ကြတဲ့ နေရှင်နယ်ကျောင်းမှာ ၁ဝ တန်းတုန်းက Aditionl Englishသို့မဟုတ်Optional English စိတ်ကြိုက် အင်္ဂလိပ်စာမှာ သင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျွန်မရဲ့ အဘွားဟာ Patrotism ဆိုတဲ့ ကဗျာကို တေးထပ်အဖြစ်ရေးပြီး ၁၉၃၂-၃၃ တက္ကသိုလ်မဂ္ဂဇင်း၊ ဝသန္တစာစောင်ကို ပို့ခဲ့ပါတယ်။ ကလောင်အမည် ထည့်မရေးခဲ့လို့ အယ်ဒီတာ ဒေါ်သန်းရင်က ဒီကဗျာလေးဟာ မိုျးချစ်စိတ်ကို ဦးစားပေးတဲ့ ကဗျာလေးပဲဆိုပြီး ကလောင်အမည်ကို 'ခင်မိုျးချစ်' လို့ ပေးလိုက်ရာက အဲဒီနာမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။
Patriotismကဗျာရဲ့ အစမှာ Sir Walter Scottက သူ့ကဗျာဖတ်သူတွေ ကို အခုလို မေးခွန်းမေးပြီး အလုပ်ပေးလိုက်ပါတယ်။
‘Brethe there the man, with soul so dead,
Who never to himself hath said,
This is my own, my native land?’
''ဒါ ငါ၏ ကိုယ်ပိုင်တိုင်းပြည် ငါ၏ မွေးဖွားရာ တိုင်းပြည်ရင်းလို့ မဟစ်အော်ဖူး၊ မကြွေးကြော်ဖူးတဲ့ လူမိုျး၊ နှလုံးသား မရှိတဲ့ လူမိုျး၊ ရှိတဲ့ နှလုံးသားကလည်း မခံစားတတ်ဘူး၊ အဲဒီလောက် နှလုံးသား သေနေတဲ့ လူမိုျး၊ ကိုယ့်တိုင်းပြည်မှန်း ကိုယ်မသိတဲ့ လူမိုျး၊ ဒီလောကကြီးပေါ်မှာ ရှိသလား တဲ့။
သူဆိုလိုတာက ''ဒါတို့ပြည်၊ ဒါတို့မြေ၊ တို့ပိုင်တဲ့ မြေရယ်လို့ မဟစ် ေြွကးဖူးတဲ့ သူဟာ မိုျးချစ်စိတ် မရှိတဲ့သူပဲ'' ဆိုတာ ကဗျာဖတ်သူတွေ ခံစား နားလည်ခဲ့ကြတယ်။ Sir WalterScott ဟာ သူ့ရဲ့ ယုံကြည်မှုကို သူ့ကဗျာက တစ်ဆင့် သူ့ကဗျာချစ်သူတွေရဲ့ ရင်ထဲကို ပို့ဆောင်ပေးခဲ့ပါတယ်။
အင်္ဂလိပ်လူမိုျး စာရေးဆရာ Sir Thomas More(၁၄၇၈-၁၅၃၅) ကို ၁၄၇၈ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်၊ ဃ့နေျငိန မှာမွေးဖွားခဲ့ပါတယ်။ သူဟာ ရှေ့နေတစ်ဦးဖြစ်တဲ့အပြင် ရှစ်ဆယ်မြောက် ဟင်နရီဘုရင် (Henry VIII) ရဲ့ အမတ်တစ်ဦး၊ သူငယ်ချင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘုရင် Henry VIIIရဲ့ ဝန်ကြီး CardinalWolsey ဟာ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် Sir Thomas More ဟာ ဝန်ကြီး ခန့်အပ်ခြင်းခံရပါတယ်။ Sir Thomas Moreဟာ ၁၅ ရာစု နကမသစန တစ်တိုက်လုံးက လေးစားခြင်း ခံရသူလည်းဖြစ်ပါတယ်။ ဘုရင် Henry VIIIရဲ့ အိမ်ထောင်ပြုဖို့ ကိစ္စမှာ Sir Thomas Moreဟာ သဘောတူ တယ်လည်း မပြော၊ မတူဘူးလည်း မပြောဘဲ တိတ်ဆိတ်စွာ နေခဲ့ပါတယ်တဲ့။ ‘An honest man silence is ringing all thorough Europe’. ‘Sir Thomas More လို ပုဂ္ဂိုလ်တစ်ဦးရဲ့ နှုတ်ဆိတ်နေခြင်းဟာ Europe တစ်တိုက်လုံးကို တုန်လှုပ်စေပါတယ်'' တဲ့။ Sir Thomas Moreဟာ သူ မှန်တယ်ထင်တာကို သူ ယုံကြည်ထားမိတာကို ဆိတ်ဆိတ်နေခြင်းဖြင့် ပြသခဲ့ပါတယ်။
အရှင်ကောဏ္ဍည မထေရ်ဟာ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ပြီး ငါးရက်မြောက်သောနေ့မှာ ဘုရားအလောင်းကို လက္ခဏာဖတ်ခဲ့သူ ပုဏ္ဏားရှစ်ယောက်ထဲမှာ အသက် အငယ်ဆုံး၊ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ ပုဏ္ဏားတစ်ဦးဖြစ်ပြီး ပဥ္စဝဂ္ဂီငါးဦးမှာ အမှူးပြုသူတစ်ဦးအဖြစ် ထင်ရှားပါတယ်။ အရှင်ကောဏ္ဍညဟာ သိဒ္ဓတ္ထမင်းသားကို လက္ခဏာ ဖတ်ခဲ့စဉ်ကတည်းက ''ဧကန်စင်စစ် ဘုရားဖြစ်လတ္တံ့'' လို့ လက်တစ်ချောင်းထောင်လျက် စကားလုံး တစ်လုံးတည်းဖြင့် အပြီးအပြတ် ဟောခဲ့ပါတယ်။ ထို အသက်ငယ်ရွယ်ဆဲ ကောဏ္ဍညဟာ အလောင်းတော်ကို ရည်ညွှန်း၍ ရဟန်းပြုပြီး တောကျောင်းများကို အမှီပြုကာ သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်မယ့်အချိန်ကို ၃၅ နှစ်တိုင်တိုင် ရဟန်း ဘဝနှင့် စောင့်ခဲ့ပါတယ်။ အရှင်ကောဏ္ဍညရဲ့ လုပ်ရပ်ဟာ သူ့ရဲ့ ယုံကြည်မှုကို လက်တွေ့ကျကျ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
ဘုရားအလောင်းတော်ကို လက္ခဏာ ဖတ်ခဲ့တဲ့ ပုဏ္ဏားရှစ်ယောက်ထဲမှာ ကောဏ္ဍညမှတစ်ပါး ကျန်ပုဏ္ဏားခုနစ်ဦးဟာ အလောင်းတော် သိဒ္ဓတ္ထမင်းသားရဲ့ လက္ခဏာတော်ကို ကြည့်ပြီး လက်ချောင်း နှစ်ချောင်း ပြိုင်တူထောင်လျက် ''လေးကျွန်းသနင်း စကြမင်း ဖြစ်လတ္တံ၊ ရဟန်းပြုငြားက ဘုရားဖြစ်လတ္တံ'' လို့ မဆုံးမဖြတ် ဟောခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၁၅ နှစ်အရွယ် ကောဏ္ဍညက ဘုရားအလောင်းတော် ဘုရားအဖြစ်ကို ရဟန်းဝတ်ပြီး စောင့်ဖို့ လူ့ဘောင်ကို စွန့်လွှတ်ချိန်မှာ အဲဒီ ကျန်ပုဏ္ဏားခုနစ်ယောက်စလုံးကပါ ကောဏ္ဍညနှင့်အတူ ရဟန်းပြုကြခြင်းဖြင့် ''ဘုရားစင်စစ် ဧကန် ဖြစ်ရမယ်'' ဆိုတဲ့ အချက်ကို ယုံကြည်မှုအပြည့်ရှိကြောင်း ပြသခဲ့ပါတယ်။
ခမည်းတော် သုဒ္ဓေါဓနမင်းကြီးဟာ သူ့သားတော်သိဒ္ဓတ္ထမင်းသား ဘုရား ဖြစ်မှာကို မလိုလားခဲ့ပေမယ့် သိဒ္ဓတ္တမင်းသား တောထွက်ပြီး တရားအားထုတ်ရင်း အစာရေစာ ပြတ်ပြီး မေ့မျောသွားတာကို သေပြီထင်ကာ သုဒ္ဓေါမင်းကြီးကို လာလျှောက်တဲ့အခါမှာတော့ ''ငါ့သားတော်ဟာ ဘုရားမဖြစ်ဘဲ မသေဘူး'' လို့ ယုံကြည်မှု အပြည့်နှင့် ပြောခဲ့ပါတယ်တဲ့။
ကျွန်မ လျှောက်ခဲ့တဲ့ ပညာရေးလမ်းကြောင်းပေါ်မှာ၊ ကျွန်မ ဖတ်ခဲ့တဲ့ စာအုပ်စာပေတွေထဲက စာကြောင်းတွေပေါ်မှာ ကျွန်မ တွေးမိသလို ကိုယ်ယုံကြည် မိတာကို ဘယ်လို ပြသကြတယ်ဆိုတာ တင်ပြခြင်းဖြစ်ပါတယ်။
No comments:
Post a Comment