အရင်ဦးဆုံးအဖြစ်များ - ဂျူနီယာဝင်း
(အမှတ် ၁၆၉၊ ၂ဝဝ၄ ခုနှစ်၊ စက်တင်ဘာလ အတွေးအမြင်)
(အစဦးဆုံးအဖြစ်တွေကို ပြန်လည်ဆန်းစစ်ကြည့်မိတိုင်း ရင်ခုန်စရာတွေ၊လွမ်းစရာတွေအဖြစ် ရှိနေပါလိမ့်မည်။ ထို့အတူစွာပင် အတွေးအမြင်စာစောင်စတင်မွေးဖွားလာခဲ့သော၁၉၈၄ခုနှစ်အောက်တိုဘာ ကာလတွေဆီကိုပြန်လည်တွေးတောကြည့်မိလျှင်လည်း..)
အရင်ဦးဆုံး အဖြစ်အပျက်များ၊ အသံများ ရရှိချက်များသည် တကယ်ပဲ အမှတ်ရစရာ ဖြစ်ပါသည်။ အသစ်တွေ ဘယ်လိုပဲကောင်း ကောင်း ဒီလိုအခြေအနေတွေ ဖြစ်လာစေဖို့ အစဦးဆုံး ပိုျးခဲ့ရသည့် အရာများသည် တန်ဖိုးမဖြတ်နိုင်ပါ။
ဒုံးပျံခေတ်၊ လေယာဉ်ပျံခေတ်တွေ ဘယ်လိုပဲ ရောက်လာ ရောက်လာ (Wright Brothers) ၏ (Flyer) လေယာဉ်ကလေးကို ယနေ့ တိုင် မမေ့နိုင်ကြပါ။ ထိုလေယာဉ်လေးကို ပြတိုက်မှာ အမှတ်တရ ထားရှိရာ လူတိုင်းက အမြတ်တနိုး သွားကြည့်ကြပါသည်။
(Arabia) က စထိုးခဲ့သော အနီရောင် သိုးမွှေးခြေအိတ်ကလေးသည် (A.D ၅ဝဝ) ၏ အစဦးဆုံး သက်သေအမှတ်တရအဖြစ် လန်ဒန်က (Victoria and Albert) ပြတိုက်တွင် ထားရှိပါသည်။ ပထမဦးဆုံး သိုးမွှေးထိုးအလုပ်ကို စခဲ့သည်က ၁၄ ရာစုက အင်္ဂလန်မှာ ဖြစ်ပါသည်။ သိုးမွှေးဦးထုပ်များ၊ သိုးမွှေး ခြေအိတ်များ ဖြစ်ပါသည်။ ထိုခေတ်တုန်းက သိုးမွှေးဦးထုပ်ကို ရေနွေးပူတွင် နှစ်ပြီး ပျော်အောင် ထားကာ သူ့ပုံသဏ္ဌာန်ကျဖို့ ကျောက်တုံးတွင် စွပ်ထား၍ ပုံဖော်ကြသည်ဟု ဆိုပါသည်။ ယခုခေတ်မှာတော့ သိုးမွှေးဦးထုပ်၊ ခြေစွပ်များ သာမက သိုးမွှေးအင်္ကျီများမှာ အရောင်အသွေးစို၍ လှပမက်မောစရာ ဖြစ်ပါသည်။
၁၉ ရာစု အစတွင် ခရစ်စမတ်ရာသီဓလေ့ တစ်ခုပေါ်လာပါသည်။ ယင်းမှာ အဝေးရောက် မိတ်ဆွေသူငယ်ချင်းများ၊ ဆွေမိုျးများဆီသို့ စာလွှာများကို ထိုအချိန်ကာလမှာ ပွဲတော်အမှတ်တရ ပေးပို့ကြခြင်းဖြစ်ပါသည်။ ၁၈၃ဝ ပြည့်နှစ်လောက်တွင် စက္ကူနှင့် စာရေးကိရိယာဆိုင် များက အထူးစပယ်ရှယ် စာရေးစရာပါသော စာရွက်များကို ထိုအတွက် ရောင်းချကြပါသည်။ ထိုစာရွက်များတွင် လှပစိမ်းစိုသော အစိမ်း ရောင်ဖြင့် ပုံဖော်ထားပြီး ရာသီစာပုံလည်း ပါပါသည်။
၁၈၄၃- ခုနှစ်တွင် (J.C Horsley) ဒီဇိုင်းလုပ်သော ခရစ်စမတ်ကတ်ပေါ်လာပါသည်။ ထိုကတ်မှာ (Sir Harry Cole) အတွက် ဖြစ်ပြီး သူ့မိတ်ဆွေတွေဆီ ပို့ဖို့ဖြစ်ပါသည်။ ထိုထူးခြား၍ ဆန်းသစ်သော အကြံညဏ်ကြောင့် အောင်စ တစ်ဝက်လေးသော ကတ်အတွက် ပို့ခ ၁၈၄ဝ ခုနှစ်၊ (penny) မှာ တော်တော်တန်ပါသည်။ ထိုမတိုင်မီ အချိန်ကတည်းက အလေးချိန်နှင့် အကွာအဝေးကို တွက်ချက် တောင်းယူ သော စာပို့စနစ်က ရှိပြီးဖြစ်ပါသည်။ ထိုအကြံမှာ လျင်လျင်မြန်မြန်ပဲ တာသွားပါသည်။ ပထမဦးဆုံး ကတ်များ၏ အရွယ်အစားမှာ ယခု ခေတ် အသုံးပြုနေသော (visiting card) လိပ်စာကတ်အရွယ်မျှသာ ရှိ၍ စာရွက်တစ်ရွက်တွင် ၁၂ ပိုင်းပါသည်။ အိမ်တွင် ကိုယ့်ဘာသာ ဖြတ်၍ ပို့ရုံဖြစ်ပါသည်။ ထိုကတ်တွင် ပုံသေးသေးလေးများကို ကပ်၍လည်း ပို့ကြပါသည်။
ခရစ်စမတ် ပုံစံမဟုတ်သော ကတ်များလည်း ရှိပါသည်။ ပထမဦးဆုံး ကတ်များမှာ တစ်ဖက်လှကတ် ဖြစ်ပါသည်။ ၁၈ရဝ ပြည့်တွင် အတွင်းတွင် စာရွက်သား တစ်ခုခံ၍ လုပ်လာပါသည်။ အမိုျးသမီးများသည် ငွေကြေးအနည်းငယ်မျှဖြင့် ဖဲကြိုးများ၊ စာရွက်လှများ၊ ရုပ်ပုံများ ဖြင့် ဖဲကြိုးများ၊ စာရွက်လှများ၊ ရုပ်ပုံများဖြင့် အိမ်လုပ်ကတ်များ လုပ်ခဲ့ကြပါသည်။ ၂ဝ ရာစုခေတ်တွင် ခရစ်စမတ်ကတ်များ အရောင် အသွေး စုံစွာ အသုံးပြုလာကြရောင်းချလာခဲ့ကြပါသည်။
(Valentine) လက်ဆောင်ပစ္စည်းများ ပေးပို့ခြင်း အလေ့အထသည် ၃ ရာစုလောက်က သူတော်စင် (Valenine) ခရစ်ယာန် ဘာသာ ရေးကြောင့် အင်ပါယာအရှင် (Claudres II) လက်ထက်တွင် အသက်ပေးခဲ့ရသည်ကို အကြောင်းပြု၍ ထိုနွေဦးရာသီရောက်တိုင်း ရောမရိုးရာ စားသောက်ပွဲများ ကျင်းပခဲ့သည်မှ စသည်ဟု ဆိုကြပါသည်။ တစ်ဖန် (AD ၂ရဝ) ကာလတုန်းက အမည်တူ သူတော်စင်နှစ်ဦး၏ အမည်ကို ကိုယ်စားပြုခဲ့ကြသည်လည်း ဆိုကြပါသည်။ ဒဏ္ဍာရီ အဆိုအရ တစ်ဦးမှာ ရောမ ခရစ်ယာန်ဖြစ်ပြီး (Flamina way) တွင် အရှင်သခင် (Claudres) လက်ထက် ခရစ်ယာန်များကို အစွမ်းကုန် နှိမ်နင်းနေသော ကာလအတွင်း မီးရှို့ အသတ်ခံခဲ့ရသူ ဖြစ်သည်။ နောက်တစ်ဦးမှာ ဟှုညအနမောာေ (Interamma (termi))' ခရစ်ယာန် ဂုဏ်အုပ်ဆရာဖြစ်ပြီး ရောမမြို့တွင် ခရစ်ယာန်ဘာသာ ယုံကြည်မှုကြောင့် အသတ်ခံခဲ့ရသူ ဖြစ်၏။ ၄င်းတို့ နှစ်ဦးသေဆုံးခဲ့သော နေ့မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဖြစ်ပါသည်။ သူတော်စင် (Valentine) နှစ်ဦး အမှတ်တရအဖြစ် ထိုမှ စတင်ခဲ့သည်ဟု ဆိုပါသည်။
ရောမရိုးရာ စားသောက်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပရာမှ သူတော်စင် (Valentine) ဟု လူသိလာကြပါသည်။ မူလပထမ (Valentine) လက်ဆောင်များမှာ လက်ကိုင်ပဝါများ၊ လည်စီးပဝါများ၊ လက်အိတ်များကို စာမျက်နှာများအဖြစ် အထူးခုျပ်ထားသော စာအုပ် များ ဖြစ်သည်။ နောက်ဒီဇိုင်းတစ်မိုျးမှာ လက်ပတ်နာရီများ၊ စီးကရက်မီးခြစ်များ၊ ဆွဲကြိုးများ ပါရှိသော ပို့စကတ်များ ဖြစ်သည်။ (Valentine) ပစ္စည်းများ ပေးပို့ဖြင်း အလေ့အထသည် ရာစုလိုက်လက်ဆင့်ကမ်းလာခဲ့ရာ ယနေ့တိုင် ဖြစ်သည်။
ဗြိတိသျှ ပြတိုက်တစ်ခုတွင် (Duke of Orleans) က ၁၄၁၅ ခုနှစ် လန်ဒန်မျှော်စင်တွင် အကျဉ်းချခံရစဉ်က ပေးပို့ခဲ့သော (Valentine) ပို့စကတ်များရှိသည်။ ၇- ရာစုလောက်က (Mr. Samuel Pepys) ၏ မှတ်တမ်းစာအုပ်ထဲတွင် (York) မြို့စားက (Lady Arabelle Stuart) ကို (Valentine) လက်ဆောင်အဖြစ် လက်စွပ်တစ်ကွင်း ပေးခဲ့သည်ဟု ရေးမှတ်ထားသည်။ (Mr.Pepsy) သည် (Sir.William Ptten) ထံမှ (Valentine) လက်ဆောင်အဖြစ် လက်အိတ်များ၊ ခြေအိတ်များ၊ ခြေစွပ်များ ရရှိခဲ့သည်ဟု ဆိုပါသည်။
၁၉-ရာစုတွင် ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသော ထိုအလေ့အထသည် ဟာသလူပြောင်များကြောင့် ပျက်စီးတော့မည့် အန္တရာယ် ကြုံခဲ့ ရသည်။ ၁၉ ရာစုအလယ်လောက်က (Rowland Hill) က စာပို့ခ ကြိုတင်ပေးရသော စနစ်ကို စတင် မိတ်ဆက်လိုက်သည်။ ပစ္စည်းရရှိ သူက စာအတွက် ပေးပို့ခကို ပေးရမည် သို့မဟုတ်စာကို လက်ခံဖို့ ငြင်းရမည်ဟူ၍ ဖြစ်သည်။ မိန်းကလေး တစ်ယောက်သည် ဤစာသည် သူမ သိချင်စိတ်၊ စိတ်ဝင်စားမည့် (Valentine) အမှတ်တရဖြစ်ချင်မှဖြစ်လိမ့်မည်။ သူမကို လိမ်လည်နောက်ပြောင် ကြံစည်ပေးပို့သော စာများလည်း ဤနည်းဖြင့် ရောက်လာနိုင်လေသည်။ ထို့ကြောင့် ၁၉ ရာစု အကုန်ပိုင်းလောက်တွင် ထိုပျော်ရွှင်ဖွယ် အမှတ်တရသည် မေ့လျော့လုနီးပါး ဖြစ်ခဲ့ရပါသည်။
အခုတော့ ထို (Valentine) က ပြန်လည် အသက်ဝင်လာရပြန်လေပြီ။ (Valentine) ကတ်ကို ခင်မင်သူ၊ ကတ်ပေးပို့ခြင်း၊ ချစ်သူ အမှတ်တရပွဲတို့သည် သူတော်စင် (Valentine) နှင့် ပတ်သက်ခြင်း လုံးဝမရှိဟုလည်းကောင်း သူတို့ဖြစ်ပျက်ခဲ့သည်တို့နှင့် ဘယ်လိုမှ မဆိုင် ဟု လည်းကောင်း ဆိုကြပါသည်။ သို့ရာတွင် အမည်တူ၊ ရည်ရွယ်ချက်တူသူ သူတော်စင်နှစ်ဦး၏ ကောင်းကင်ယံမှာ တွေ့ဆုံခဲ့ကြသည့် အမှတ်တရအဖြစ်ဟု လက်ခံလိုက်လျှင်တော့ အဓိပ္ပာယ်တွေ ရှိနေပါလိမ့်မည်။
အခုတော့ဖြင့် အစစအရာရာသည် တိုးတက်ပြောင်းလဲမှုများ၊ ထူးခြား ဆန်းသစ်မှုများဖြင့်သာ ရှိနေပေတော့သည်။ သို့သော်လည်း အစဦးဆုံးအဖြစ်တွေကို ပြန်လည် ဆန်းစစ်ကြည့်မိတိုင်း ရင်ခုန်စရာတွေ၊ လွမ်းစရာတွေအဖြစ် ရှိနေပါလိမ့်မည်။ ထို့အတူစွာပင် အတွေးအမြင် စာစောင်စတင် မွေးဖွားလာခဲ့သော ၁၉၈၄ ခုနှစ် အောက်တိုဘာ ကာလတွေဆီကို ပြန်လည် တွေးတောကြည့်မိလျှင်လည်း အမှတ်ရစရာတွေ ရှိနေပေလိမ့်မည်။
No comments:
Post a Comment