Monday, February 3, 2014

ကဗျာများကိုခံစားခြင်း - Junior Win

ကဗျာများကိုခံစားခြင်း - Junior Win

အတွေးအမြင် (၁၄၉)၊ ၂ဝဝ၁ မေလ

ခံစားခြင်းဆိုတာ Appreciation ဖြစ်ပါတယ်။ လူတစ်ယောက်က အစား အသောက်ကို အရသာရှိတယ် မရှိဘူးလို့ သိတယ်ဆိုရင် ဒါဟာ ခံစားလိုက်တာ ဖြစ်ပါတယ်။ ကဗျာကို ဖတ်ပြီးတော့ရော...ကဗျာကို ခံစားတတ်ဖို့၊ ကဗျာနဲ့ လင်္ကာကြားက ကွာခြားမှုကို အကြမ်းအားဖြင့် သိဖို့ လိုအပ်ပါတယ်။ ဒီလိုသိပြီး တော့ ကဗျာကို ဝေဖန်တယ်လို့တော့ မဟုတ်ပြန်ပါဘူး။ ခံစားတတ်ဖို့၊ ကဗျာ လင်္ကာကို လေ့လာတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို သိထားပြီ ကဗျာကို ထပ်ခါတခါလဲ ဖတ်ရင်း ခံစားတတ်သွားတယ်လို့ ဆိုချင်ပါတယ်။
ကဗျာဆိုတာ ဘာလဲတဲ့။ ဒါဟာ ဖြေရခက်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါ တယ်။ ဒီမေးခွန်းကို မဖြေမီ လင်္ကာဆိုတာကို စဉ်းစားကြည့်ပါမယ်။ လင်္ကာ ဆိုတာဟာ ကဗျာရဲ့ ပုံပန်းသဏ္ဌာန်လို့ ဆိုရပါမယ်။ ကဗျာများဟာ တစ်ခါ တစ်ရံမှာ လင်္ကာသဏ္ဌာန် ရေးထားကြပါတယ်။ ဒါပေမဲ့ လင်္ကာကို ကဗျာကို မပြောနိုင်ပြန်ပါဘူး။ လင်္ကာဟာ ကဗျာဖြစ်ချင်လည်း ဖြစ်မယ်၊ မဖြစ်ချင်လည်း မဖြစ်နိုင်ပါဘူး။ လင်္ကာတွေအားလုံးဟာ ကဗျာတွေ မဖြစ်ကြပါဘူး။ လင်္ကာဟာ ကိုယ်ခန္ဓာဆိုရင် ကဗျာဟာ အဲဒီကိုယ်ခန္ဓာရဲ့ ဝိညာဉ်ဖြစ်ပါတယ်။ ဒီတော့ ဝိညာဉ်မရှိတဲ့ ကိုယ်ခန္ဓာဟာ ဘာဖြစ်သွားမလဲ။ အသက်ကင်းမဲ့တဲ့ ကိုယ်ခန္ဓာ ဖြစ်သွားပါမယ်။
လင်္ကာဆိုတာ ဘာလဲဆိုတာ သိဖို့ စကားပြေကိုပါ ထည့်စဉ်းစားကြရပါ မယ်။ စကားပြေကိုတော့ လူတိုင်း အလွယ်တကူ သိကြမှာပါ။ အခု ကျွန်မ ရေးနေတဲ့ စာမျက်နှာအပြည့် စကားလုံးတွေနဲ့ တည်ဆောက်ထားတဲ့ စာပိုဒ်တွေ ဟာ စကားပြေ ဖြစ်ပါတယ်။ လင်္ကာဆိုတာဟာ စာကြောင်းတိုတို၊ တစ်ခါတစ်ရံ စာကြောင်းရှည်ရှည်တွေနဲ့ တည်ဆောက်ထားတယ်။ သူ့မှာ ကာရန်ဆိုတာ ရှိတယ်။ကဗျာတွေရဲ့ လင်္ကာရသကို ခံစားတတ်ဖို့ မျက်စိနဲ့တော့ မမြင်နိုင်ပါဘူး။ နားနဲ့ပဲ ခံစားသိကြရပါမယ်။ အောက်မှာ ရေးထားတဲ့ စာပိုဒ်နှစ်ပိုဒ်ကို ကြည့်ပါ။ ရွတ်ဆိုကြည့်ပြီး အသံကို နားထောင်ပါ။ အဲဒီ စာပိုဒ်နှစ်ခုထဲမှာ တစ်ခုက စကားပြေဖြစ်ပြီး နောက်တစ်ခုက လင်္ကာ ဖြစ်ပါတယ်။
(၁)     The untrodden snow lay all bloodless on linden, when the sun was low; and the flow of Iser, rolling rapidly, was dark as winter.
(၂)     On linden, when the sun was low, All bloodless lay the untrodden snow; And dark as winer was the flow of Iser, rolling rapidly.
ဒီစာပိုဒ်နှစ်ခုရဲ့ အဓိပ္ပာယ်က အတူတူ ဖြစ်ပါတယ်။ စကားလုံးတွေတောင် တူနေပါတယ်။ ကျယ်ကျယ် အော်ဖတ်လိုက်တော့ ဘာကို ခံစားမိသလဲ။ 'တေးသံ၊ တေးသွား'လို့ ပြောမလား။ 'ဂီတသံ' လို့ ဆိုမလား။ အဲဒါကို ခံစားမိလိုက်ရတာ က စာပိုဒ် (၂) ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒါ Campell ရဲ့ Hohenlindenကဗျာ ဖြစ်ပါတယ်။ ဒီခြားနားချက်ကြောင့် စာပိုဒ် (၁) က စကားပြေဖြစ်ပြီး၊ စာပိုဒ် (၂) က ကဗျာဖြစ်တယ်လို့ ပြောရပါမယ်။
ကဗျာမှာ သုံးထားတဲ့ low, snow, flow ဟာ ကာရန် ဖြစ်ပါတယ်။ ထို့အတူပဲ ကာရန်လိုက်တဲ့ အင်္ဂလိပ်စာလုံးတွေ ရှိပါတယ်။ keep, peep တို့ hate, late တို့၊ crew, few ကာရန်တွေ ဖြစ်ပါတယ်။ အခုမြင်တွေ့ရတဲ့ လေးကြောင်းဟာ ကဗျာရဲ့ ပထမဦးဆုံး စာကြောင်းတွေ ဖြစ်ပါတယ်။ ပထမ သုံးလိုင်းမှာ ကာရန်ရှိပါတယ်။ အဲဒီလို လေးကြောင်းတွဲ စာပိုဒ်ကို လင်္ကာပိုဒ် Stanza လို့ ခေါ်ပါတယ်။ တခို့ျကဗျာတွေမှာ ပထမစာကြောင်းနဲ့ တတိယစာ ကြောင်းမှာ ကာရန်ရှိပြီး ကျန်တဲ့နှစ်ကြောင်းမှာ ကာရန်မပါတတ်ပါဘူး။
လင်္ကာမမြောက်တဲ့ ကာရန်တွေလည်း ရှိပါတယ်။ ကာရန်လင်္ကာ မပါတဲ့ ကဗျာတွေလည်း ရှိပါတယ်။ သူတို့ကို ကာရန်မဲ့ကဗျာ blank verse တွေလို့ ခေါ်ပါတယ်။ ကာရန်မှာလည်း မိုျးကွဲတွေ များစွာရှိပါတယ်။ သူ့အမိုျးအမည် အလိုက် ကဗျာတွေကို ဖွဲ့နိုင်ပါတယ်။
ကဗျာတစ်ပုဒ် ဖတ်လိုက်တယ်။ ကဗျာရဲ့ အကြောင်းလေးကို နည်းနည်း သိသွားကြတယ်။ ပြီးတော့ ကဗျာကို လေ့လာဖို့ ခံစားချက်တွေကို မွေးယူလိုက် ကြရပါတယ်။
အခု နမူနာပြထားတဲ့ Hohenlinden ကဗျာမှ လင်္ကာပိုဒ် ရှစ်ပိုဒ် ပါဝင် ပါတယ်။ အဲဒီ ကာရန်ပုံစံအတိုင်း ဘက်ညီစွာ ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီကဗျာဟာ စစ်ပွဲတစ်ခုကို ဖော်ညွှန်းပါတယ်။ ၁၈ဝဝ ပြည့်နှစ် နပိုလီယန် စစ်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ သြစတြီးယားနဲ့ ပြင်သစ်စစ်ပွဲ ဖြစ်ပါတယ်။ Hohenlinden ရဲ့ အဓိပ္ပာယ်က High Limetrees မြင့်မားသော သံပုရာပင်များ လို့ ဘာသာပြန်ရမယ် ထင်ပါတယ်။ အဲဒီအမည်က Bavand Munich မှ ၁၈ မိုင် အကွာမှာရှိတဲ့ မြို့ရွာတစ်ခုရဲ့ အမည်ဖြစ်ပါတယ်။ ကဗျာဆရာ Campell ဟာ Lindenဆိုတဲ့ အမည်ကို ကဗျာခေါင်းစဉ်ထဲက ဆွဲယူထားပါတယ်။ ကဗျာထဲက Iser မြစ်ဟာ အမှန်အားဖြင့်တော့ Hohenlinden မြို့မှ ၁၂ မိုင် အကွာမှာ ရှိပါတယ်။ ဒါကြောင့် Campell ဆိုလိုတဲ့ Iser မြစ်ဆိုတာ အဲဒီ မြို့ရွာရဲ့ နံဘေးမှာ စီးဆင်းနေတဲ့ Lser မြစ်ကို ပြောတာ ဖြစ်နိုင်ပါတယ်။
ဒီပထမစာပိုဒ်ရဲ့ အဓိပ္ပာယ်က စစ်ပွဲမစမီ အခြေအနေကို ဖော်ပြထားပါ တယ်။ 'နေက အနောက်ဘက် ဝင်ခဲ့ပြီ။ မြေပြင်က သဘာဝက ပေးထားတဲ့ နှင်းခဲရောင်ကြောင့် ဖြူဖွေးဆွတ်နေပါတယ်။ မည်းမှောင်တဲ့ Iser မြစ်က လျင်မြန်စွာ စီးဆင်းလျက် ရှိနေပါတယ်။ တိတ်ဆိတ်မှုနှင့် အထီးကျန်မှုသည်သာ လွှမ်းခြုံလျက်ရှိပါတယ်' လို့ ဆိုလိုပါတယ်။
ကဗျာတွေကို လင်္ကာလို ဖော်ပြကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လင်္ကာ တွေတိုင်းဟာ ကဗျာမဟုတ်ပါဘူး။ လင်္ကာဟာ ကဗျာရဲ့ ပုံပန်းသဏ္ဌာန် ဖြစ်ပါ တယ်လို့တော့ ဆိုနိုင်ပါတယ်။ ဒါဟာလည်း ကဗျာကို လုံးဝ ဥဿုံ မလွှမ်းမိုးနိုင် ပါဘူး။ အခု ကျွန်မ ကဗျာမဟုတ်တဲ့ လင်္ကာတစ်ခုကို ပြပါ့မယ်။
‘I put my hat upon my head
And walked along the strand;
And there I met another man,
Whose hat was in his hand.’
ဒါဟာ လင်္ကာဖြစ်ပါတယ်။ ဒီလင်္ကာကို ကဗျာလို့ ပြောနိုင်ပါသလား။ ကျွန်မတို့ ကာရန်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကို မေ့ထားပြီး စဉ်းစားကြည့်ပါ မယ်။ ဒါဆိုရင် ဒီလင်္ကာမှာ တေးသွားဆိုတာ မပါဘူး။ ခံစားမှုဆိုတာလည်း မရှိဘူး။ ရေးတဲ့သူကလည်း ဘာခံစားမှုမှ မပါတဲ့အတွက် ဖတ်သူဟာ ဘာမှ မခံစားရတာ ဖြစ်ပါတယ်။ ဖတ်လိုက်သူဟာ ရေးတဲ့သူရဲ့ ကြောင်တောင်တောင် ရေးဖွဲ့မှုကို နည်းနည်း ရယ်စရာ ဖြစ်သွားတဲ့ ခံစားမှုတော့ ဖြစ်ချင် ဖြစ်သွားနိုင် ပါတယ်။ ဒီတော့ ကဗျာဖြစ်ဖို့ ခံစားချက်လည်း ပါရပါမယ်။ ရွေးချယ်လိုက်တဲ့ စကားလုံးတွေကလည်း လှပရပါဦးမယ်။ ဒါမှသာ ကဗျာလို့ ဆိုနိုင်ပါမယ်လို့ ဆိုပါတယ်။
H.Martin ရေးတဲ့ Appreciation of  Poetryနဲ့The World’s Classics: The English Verse စာအုပ်တွေ ဖတ်ရင်း ရလာတဲ့ အတွေးတွေနဲ့ လေ့လာမိတဲ့ ကဗျာရသတွေအကြောင်း ဖြစ်ပါတယ်။ ကဗျာတွေကို ဖတ်ရင် ခံစားတတ်ဖို့ ကြိုးစားမိပါတယ်။ အတတ်ပညာတစ်ခုကို သင်ယူနေရသလိုလည်း ခံစားမိပါ တယ်။ ကျွန်မ အဲဒီစာအုပ်တွေထဲက ကဗျာတွေကို ထပ်ပြီး ရွေးထုတ်ပြချင်ပါ တယ်။ ဒါပေမဲ့ ကာရန်တွေ၊ လင်္ကာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ကဗျာကို စစ်တမ်း ယူဖို့ မဟုတ်ပါဘူး။ ကဗျာဆရာရဲ့ အတွေးတွေနဲ့ တည်ဆောက်ထားတဲ့ ကဗျာ တွေကို ခံစားကြည့်ရုံ သက်သက်သာ ဖြစ်ပါတယ်။ ကဗျာဆရာဟာ ဘယ်လို စည်းမျဉ်းတွေ၊ ဝိသေသတွေ၊ ဘောင်တွေအောက်မှာ ရေးစပ်ထားသလဲဆိုတာ ကျွန်မ တိတိကျကျ မသိနိုင်ပေမယ့် ကဗျာရဲ့ ရသကိုတော့ ကောင်းကောင်း နားလည်ချင်ပါတယ်။
ကျွန်မတို့T.campell ရဲ့ Hohenlindenကဗျာကို ပြန်ကြည့်မယ်ဆိုရင် ကဗျာဆရာရဲ့ ခံစားချက်တွေကို တွေ့လိုက်ပါတယ်။ ကဗျာရေးသူဟာ Austrians တွေကို နိုင်စေချင်ပါတယ်။ ဒါပေမဲ့ ရှုံးတယ်ဆိုတာကိုလည်း သူ သိနေပါ တယ်။ ကဗျာရဲ့ စာကိုယ်ပိုင်းမှာ စစ်ပွဲအတွင်းက တိုက်ပွဲက ခြယ်မှုန်းထားပါ တယ်။ နောက်ဆုံး လင်္ကာပိုဒ်တွေမှာ တိုက်ပွဲအတွင်း သေပွဲဝင်သွားကြသူတွေ အကြောင်းကို ဝမ်းနည်းကြေကွဲစွာ ဖော်ပြထားပါတယ်။
Few, few shall part where many meet!
The snow shall be their winding- sheet,
And every turf beneath their feet,
Shall be a soldier’s sepulcher.
ဒီနောက်ဆုံးစာပိုဒ်ဟာ စစ်ပွဲအပြီး မြင်ကွင်းကို ဆိုလိုပါတယ်။ ''စစ်ပွဲ အတွင်းမှာ ထောင်ပေါင်းများစွာ အသက်တွေ စတေးလိုက်ရ၊ အခို့ျသာ အသက် ရှင်လျက် ကျန်ခဲ့ကြ၊ သေဆုံးသူများတော့ နှင်းပုံနှင်းခဲတွေကို သူတို့ရဲ့ ဝတ်စုံ တွေ သဖွယ် လွှမ်းခြုံရင်း စိမ်းစိုတဲ့ မြက်ခင်းလွင်ပြင်ပေါ်မှာ လဲလျောင်းနေကြ'' တဲ့။
H.Martinရွေးချယ်ပြထားတဲ့ ကဗျာ တော်တော်များဟာ ဝမ်းနည်းစရာ တွေ၊ စိတ်ကောင်းစရာတွေ၊ လွမ်းစရာတွေ ဖြစ်နေပါတယ်။ ကဗျာဆရာတွေရဲ့ ရေးရဲမှုတွေဟာ ရိုးရိုးစင်းစင်းနဲ့ သူတိို့ရဲ့ အမြင်ကို အရှိကို အရှိတိုင်း တင်ပြ ထားပြီး ကဗျာဆရာတွေရဲ့ ဝိညဉ်နဲ့ အသက်သွင်းလိုက်တဲ့အခါ ကဗျာများဟာ သက်ဝင်လှုပ်ရှားလာရပါတော့တယ်။
ဒါကြောင့်မို့လို ကဗျာဆရာတွေရဲ့ ရေးဖွဲ့မှု ရာခိုင်နှုန်း တော်တော်များ များကို ရည်ညွှန်းပြီး Andre ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်က အခုလို ဆိုထားတာ ဖြစ်ပါလိမ့်မယ်။
'ကဗျာဟာ ဝမ်းနည်းပူဆွေးမှုတွေနဲ့ အမိုျးတော်ပါတယ်။ အမြဲခံစားပြီး ငိုေြွကးနေသူတိုင်းဟာ ကဗျာဆရာတွေ ဖြစ်ကြပါတယ်။ မျက်ရည်စက်တိုင်းဟာ လင်္ကာတွေ ဖြစ်လာပြီး အသည်းနှလုံးတွေက ကဗျာ ဖြစ်လာပါတယ်' တဲ့။
ဒါပေမဲ့ ကဗျာဆရာ Shelly ကတော့-
'စိတ်အပျော်ရွှင်ဆုံး၊ အကြည်လင်ဆုံးမှတ်တမ်းဟာ ပျော်စရာနဲ့ အကောင်း ဆုံး ကဗျာ ဖြစ်ပါတယ်' လို့ ဆိုပါတယ်။
W.H.Longfellow ရေးတဲ့ ‘The Arrow and the song’ ဆိုတဲ့ ကဗျာ မှာ ကဗျာဆရာရဲ့ ခံစားမှုကို အခုလို ရေးဖွဲ့ထားပါတယ်။ 'ကဗျာတစ်ပုဒ်ကို ရေးဖွဲ့လိုက်တဲ့ ကဗျာဆရာဟာ မြားတစ်စင်းကို လေထဲပစ်လွှတ်လိုက်တဲ့ မြားပစ် သမားနဲ့ အတူတူပါပဲ။ လေထဲတိုးဝင်သွားတာတဲ့ မြားဟာ တစ်နေရာမှာ ကျသွား သလို ကဗျာတစ်ပုဒ်မှာလည်း အကိုျးသက်ရောက်မှု တစ်ခုတော့ ရှိပါတယ်။ တစ်ချိန်ချိန်မှာ ဝက်သစ်ချပင် တစ်ပင်မှာ စိုက်နေတဲ့ မြားကို မြားပိုင်ရှင်က ရှာတွေ့ချင် တွေ့နိုင်သလို ကဗျာဆရာဟာလည်း သူရေးဖွဲ့လိုက်တဲ့ ကဗျာကို ခံစားဖတ်ရှုနေတဲ့ သူစိမ်းတစ်ယောက်ကို ရှာတွေ့ချင်တွေ့နိုင်ပါတယ်။ ဒီလိုနဲ့ သူစိမ်းတစ်ယောက်ကို သူငယ်ချင်းဖွဲ့လိုက်နိုင်ပါတော့တယ်''
I shot an arrow into the air,
It fell to earth, I knew not where;
For, so swiftly it flew,
The sight could not follow it in its flight.
I breathed a song into the air,
It fell to earth, I knew not where;
For who has sight so keen and strong,
That it can follow the flight of song?
Long, long afterward, in an Oak
I found the arrow, still unbroken;
And the song, feom beginning to end,
I found again in the heart of a friend.
ကဗျာတွေကို ဖတ်ရှုခံစားမိရင်း သူတို့ရဲ့ အတွေးတွေကို နားလည်အောင် ကြိုးစားကြည့်မိခြင်း ဖြစ်ပါတယ်။ နောက်ထပ်လည်း ဒီထက်မက များပြားကျယ် ပြန့်လှတဲ့ ကဗျာဥယျာဉ်ကြီးထဲကို ဝင်ရောက်လည်ပတ်ရင်း ဆက်လက်မြည်းစမ်း ကြည့်ပါဦးမယ်။
စာညွှန်း
(၁)Appreciation of poetry (H.Martin)
(၂)The World’s Classics: The English verse


No comments: