အဆိုးထဲက အကာင်း - Junior Win
ကွယ်လွန်သူ ကျွန်မ အဘိုး အင်္ဂလိပ်စာ ဆရာကြီး ဦးခင်မောင်လတ်က blessing in disguiseဆိုတဲ့ အသုံးအနှုန်းလေးတစ်ခုကို ကျွန်မ ၁ဝ တန်းတုန်းက ကြုံ့တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုနှင့် တိုက်ဆိုက်လို့ အခုလို ရှင်းပြခဲ့တယ်။
blessing in disguiseကို မြန်မာလို အနီးစပ်ဆုံးပြောရရင် 'အဆိုးထဲက အကောင်း' ပေါ့။ ကံကောင်းခြင်းဟာ တစ်ခါတစ်ရံမှာ ကံဆိုးခြင်းဆိုတဲ့ မျက်နှာ ဖုံးနဲ့ ဖုံးကွယ်ပြီး ရောက်လာတတ်တယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် ကံဆိုးလေခြင်းလို့ ယူဆမိပေမယ့် အဲဒီလို ကံဆိုးတာဟာ ကိုယ့်အတွက် ပိုကောင်းတဲ့ ကံကောင်းမှု မိုျးကို တွေ့ကြုံရတတ်တယ်။ အခု သမီး ၁ဝ တန်းစာမေးပွဲ ဖြေနေတုန်း နောင်ဆုံး သမိုင်းဘာသာ မဖြေခင်နေ့မှာ အဆော့လွန်ပြီး ခြေထောက်ခေါက်လို့ လမ်းမလျှောက်နိုင်ဘူး မဟုတ်လား။ ကိုယ့်အသား နာကျင်အောင် ဖြစ်ရတယ် ဆိုတာဟာ မကောင်းဘူးပေါ့။ ဒါပေမယ့် အဲဒီလို ခြေထောက်မထောက်နိုင်ခဲ့လို့ ကျောင်းကလုပ်တဲ့ ပွဲတစ်ခုမှာ သမီး မပါခဲ့ရပါဘူးဆို။ အခု သမီးသူငယ်ချင်း တွေ နေပူထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်ရလို့ စာမေးပွဲပြီးလို့ ကျောင်းပိတ်တာ တောင် ကောင်းကောင်း မကစားရဘူးလေ။ သမီးက အခု အိမ်မှာ အချိန်ပြည့် နားနိုင်တယ်။ ကစားနိုင်တယ်။ ဒါကို သမီး ကျေနပ်တယ်မဟုတ်လား။ သမီး ခြေထောက် လမ်းမလျှောက်နိုင်လို့ အခု သမီးအိမ်မှာ အေးအေးဆေးဆေး နေရ တယ်။ သမီးက အေးအေးဆေးဆေး နေရတာ ဝါသနာပါတယ် မဟုတ်လား။ အဲဒီလို့ မကောင်းတာဖြစ်ပေမယ့် ကိုယ့်အတွက် ကောင်းတာဖြစ်လာရတာကို blessing in disguiseလို့ ခေါ်တယ်။
ကျွန်မအဘိုး ဘဘကြီးဟာ တိုက်ဆိုင်မှုတွေနဲ့ ကြုံလာရင် အင်္ဂလိပ်စကား ပုံတွေနှင့် ရှင်းပြတတ်ပါတယ်။ အဲဒီ blessing in disguiseဆိုတဲ့ အသုံးအနှုန်း ကို ဘဘကြီးက သူ့ဘဝတစ်လျှောက်လုံးမှာ တွေ့ကြုံဖြစ်ပျက်ခဲ့ရတဲ့ အဖြစ်အပျက် တွေနှင့် ကြုံရင်ကြုံသလို ပြောပြလေ့ရှိတယ်။
ဘဘကြီး I.Sc (Immediate Science) အောင်ပြီး ရှေ့ဆက်ဘွဲ့ရအောင် ဆက်မတက်ဘဲနှင့် အရင်းရှင်ကုမ္ပဏီတစ်ခုမှာ တစ်လ ခြောက်ဆယ်ကျပ်နှင့် ဝင်လုပ်ခဲ့ပါတယ်။ ကျွန်မက ဘဘကြီးကို M.A ဘွဲ့ရပြီးတယ်ဆိုတာ သိထား တော့ I.Scကနေ M.Aဘယ်လို ဆက်တက်ခဲ့တယ်။ M.A ဘွဲ့ရခဲ့တယ်ဆိုတဲ့ အချက်ဟာ စိတ်ဝင်စားစရာ ကောင်းနေတယ်။
ဘဘကြီးဟာI.Sc အောင်ပြီး ရရာအလုပ် ဝင်လုပ်ခဲ့တယ်။ စစ်ပြီးသွားတော့ (လွတ် လပ်ရေးရပြီး) နိုင်ငံခြားရေးဌာနက သံတံမန်ရေးရာဌာနမှာ အလုပ်လိုချင်လွန်းလို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက ဘဘကြီးက အသက် ၃ဝ ဝန်းကျင်ပါ။ အဲဒီ နိုင်ငံခြားရေးရုံးမှာ အကြောင်းအမိုျးမိုျးကြောင့် အလုပ်မရခဲ့ဘူး။ ဒါကြောင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချဖြစ်ခဲ့တယ်။ နိုင်ငံခြားရေးရုံးမှာ မရခဲ့တာ ကို ကျေအောင် M.Aရအောင် ယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။
အဲဒီတုန်းက လုပ်နေတဲ့ ထောက်ပံ့ရေးရုံးမှာ လခ ၅ဝဝ ကျပ်ရတယ်။ ဒါပေမယ့် စာကျက်ချိန် မရှိဘူး။ ဒါကြောင့် အဲဒီကနေ ထွက်ပြီး လခ ၁၅ဝကျပ် ပဲရတဲ့ စာပေဗိမာန်မှာ ဝင်လုပ်ခဲ့တယ်။ ဒီတော့မှ စာကျက်ချိန် ရခဲ့တယ်။ အင်္ဂလိပ်စာတော်တယ်။ အင်္ဂလိပ်စာကို စိတ်ဝင်စားသူဆိုတော့ English Literature အဓိက ယူပြီး B.Aအောင်ခဲ့တယ်။ တက္ကသိုလ်မှာ အချိန်ပိုင်း ကူျတာ လခ ၁၅ဝ နှင့် ဝင်လုပ်တော့ လခ ၂၅ဝ ကျပ် ဖြစ်နေပြီဖြစ်တဲ့ စာပေဗိမာန်က ထွက်လိုက်ပြန်တယ်။ M.Aဆက်တက်တယ်။ သူများတွေတော့ မသိဘူး။ ဘဘ ကြီးမှာတော့ အလုပ်ပြောင်းတယ်ဆိုပြီး တစ်ခါပြောင်းလိုက်ရင် လခနည်းနည်း သွားလိုက်ရင်းနှင့် လူတိုင်း ကဲ့ရဲ့စရာ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒါ ဂရုစိုက်စရာ မဟုတ်ပါဘူး။ ကိုယ်စိတ်ချမ်းသာပြီး ကိုယ်ဝါသနာပါတာ လုပ်နေရတာကို အဓိက ထားတယ်။
နိုင်ငံခြားရေးရုံးမှာ ကိုယ်သိပ်လုပ်ချင်တဲ့ အလုပ်မရရှိခဲ့လို့ အခုလို M.Aဘွဲ့ရတဲ့ အထိ တက်နိုင်ခဲ့တာပါပဲ။ နိုင်ငံခြားရေးရုံးက အလုပ်ဟာ အင်မတန် မက်မောစရာ ကောင်းပါတယ်။ အဲဒီအချိန်တုန်းကတော့ ကိုယ်လုပ်ချင်တာ မရခဲ့ လို့ ကိုယ့်ကိုယ်ကိုယ် ကံဆိုးတယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အဲဒီမှာ မရခဲ့လို့ ဘဘကြီး ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်လုပ်ဖို့ M.A ဘွဲ့ရခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။ ဒါဟာblessing in disguise ပဲ မဟုတ်လား။
ကျွန်မအဘွား စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်ကလည်း blessing in disguiseအတွေ့အကြုံရှိတယ်။ မေမေကြီးဟာ ဘုရားသမိုင်းတွေကို မပျောက် မပျက် ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အင်္ဂလိပ်လို ရေးချင်ခဲ့ပါတယ်။ စာပေအရသာ တစ်ခုမှာ 'အံ့သြခြင်း' ဆိုတဲ့ အရသာ ရှိတယ်။ ဘယ်လောက် စက်မှုလက်မှု ထွန်းကားနေပါစေ၊ အဲဒီအရသာ မရှိဘူး။ ဒါကြောင့် Science Fiction စိတ်ကူး ယဉ်သိပ္ပံ ဇာတ်ကားတွေ တီထွင်ပြီး အံ့သြအောင် လုပ်ယူနေကြတာလို့ ယူဆပါ တယ်။ ဒါကြောင့် ဒီဘုရား သမိုင်းကို အင်္ဂလိပ်လို ရေးရင် နိုင်ငံခြာသားတွေ ကြိုက်ကို ကြိုက်ရမယ်လို့ ယုံကြည်ခဲ့တယ်။
အဲဒီမှာ 'ကိုျက်ထီးရိုးသမိုင်း' စရေးတယ်။ Guardianအင်္ဂလိပ်သတင်း စာကို ပို့ခဲ့တယ်။ အဲဒီတုန်းက နတ်သိကြား မပါရဆိုတော့ ဘုရားသမိုင်းမှာ ဒီနတ်တွေ သိကြားတွေ မပါဘဲရေးလို့ မဖြစ်တော့ အယ်ဒီတာက မေမေကြီးကို တောင်းတောင်းပန်ပန်နဲ့ ပြန်ပေးခဲတယ်။
နောက်ပိုင်းမှာ အဲဒီဆောင်းပါးကို အာရှမဂ္ဂဇင်းAsia magazine ကို ပေးခဲ့တယ်။ ဗျငေ ာေါဖေငညန ဆိုတာ တနင်္ဂနွေနေ့တိုင်း သတင်းစာနဲ့ တွဲရောင်း တဲ့ မဂ္ဂဇင်းဖြစ်တယ်။ အဲဒီမှာ Centre page အလယ်စာမျက်နှာမှာ ပါလာ တယ်။ အဲဒီမှာတင် သံတမန်အဖွဲ့တွေက သဘောကျ၊ ကိုျက်ထီးရိုးသွားချင်တဲ့ သူတွေက ပုံနေတော့တယ်။ ကိုျက်ထီးရိုးကလည်း ပြုပြင်ကာစမို့ နိုင်ငံခြားသား တွေအတွက် အမြန်ကို ပြုပြင်ခဲ့ရတယ်။ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းသလဲ။ အခုလို လှုပ်လှုပ်ရှားရှား ဖြစ်သွားရတာ ကျွန်မ အားကျမိတယ်။
နောက် 'မယ်လမုဘုရား' အကြောင်းပါလာတယ်။ နောက်ရေးပါဦးလို့ တိုက်တွန်းကြတော့ A Wonderland of Burmese Legend ဆိုတာ ဗန်ကောက် မှာ ထုတ်ခဲ့တယ်။ အဲဒီ စာအုပ် review က ဟောင်ကောင်သတင်းစာမှာ ပါလာတာ။
Blessing in disguise ဆိုတာကို ကျွန်မ သဘောပေါက်လာပြီ။ Guardian မှာ ပါခဲ့ရင် 'အာရှမဂ္ဂဇင်း' ကို ပို့ဖို့အကြောင်း မရှိဘူး။ အာရှမဂ္ဂဇင်းမှာ ပါလာတော့ နိုင်ငံတကာက သိလာတယ်။ ထင်ထင်ရှားရှား ဖြစ်လာရတာ။ ပြီးတော့ ဒေါ်လာနဲ့ ရတယ်။ ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာ မရရှိခဲ့၊ မဖြစ်ခဲ့ရတာတွေဟာ ကိုယ့်အတွက် ပိုကောင်းတဲ့ ကံကြမ္မာနှင့် ဆုံစည်းခွင့်ရခဲ့ ရတာပါလို့ ကျွန်မ တွေးမိတယ်။
ကျွန်မအဘိုးရဲ့ ဆရာ တစ်ယောက်က သူအမြတ်တနိုးထားတဲ့ ဆေးတံ လေး ကိုျးသွားတာတောင် blessing in disguise လို့ ပြောတယ်တဲ့။ နောက် ဆေးတံအသစ်တစ်ခု ရတာပေါ့ဆိုတဲ့ အတွေးအခေါ်တစ်ခု ရှိနေတယ်။ တစ်နည်းအားဖြင့် ဖြစ်သမျှအကြောင်း အကောင်းပေါ့။
ကျွန်မလည်း ၁ဝ တန်းစာမေးပွဲ ဖြေပြီးတဲ့အချိန် အဲဒီ blessing in disguise ဆိုတဲ့ အသုံးအနှုန်းလေးကို စသိခဲ့ရတယ်။ တစ်ခုခု ခက်ခက်ခဲခဲဖြစ် ရရင် ဆိုးဆိုးရွားရွား ကြုံတွေ့ရရင် အကောင်းဘက်က စဉ်းစားတတ်လာတယ်။ ကျွန်မလည်း ကျွန်မ အဘိုးအဘွားတွေကို အားကျလို့ ကျွန်မမှာလည်း ဘဝနှင့် ယှဉ်ခဲ့ရတဲ့ blessing in disguiseတွေကို ညဏ်မီသလောက် ချရေးခဲ့မိပါ တယ်။
ကျွန်မ ၁ဝ တန်းအောင်ပြီး သင်္ချာ အဓိက ယူခဲ့တယ်။ B.Sc(Hons) အောင်မြင်ခဲ့တယ်။ ၁၉၉၅ခုနှစ် မေလမှာ မဟာသိပ္ပံနောက်ဆုံးနှစ် အောင်မြင် ခဲ့တယ်။ အဲဒီ မဟာသိပ္ပံနောက်ဆုံးနှစ် စာမေးပွဲဖြေတဲ့ နေ့တွေနဲ့ ၁ဝရက်လောက် ကြာတော့ အလုပ်စာမေးပွဲ ဖြေရတယ်။ နည်းပြစာမေးပွဲပေါ့။ စာကျက်ချိန် မပေးနိုင်ခဲ့လို့ အဲဒီီ အလုပ်စာမေးပွဲ ကျတယ်။ ဒါဟာ စိတ်ထိခိုက်စရာ တစ်ခုလို့ ယူဆရင် ရပါတယ်။ ဒါပေမယ့် ကျမ်းပြုစုနေတဲ့ ကာလတစ်လျှောက်လုံးမှာ စိတ်လွတ်ကိုယ်လွတ် စာကြည့်ရ၊ သင်္ချာပုစ္ဆာတွေ တွက်ရတာ သိပ်ကို ပျော်စရာ ကောင်းခဲ့တယ်။ အလုပ်တစ်ဖက်နဲ့ဆို မဟာသိပ္ပံကျမ်းအတွက် လုံလောက်တဲ့ အချိန် မပေးနိုင်ဘူးလို့ စဉ်းစားတတ်ခဲ့တာဟာ ဘဘကြီးသင်ထားတဲ့ ‘blessing in disguise’ ကြောင့်ပါပဲ။
မဟာသိပ္ပံကျမ်း ပြုစုနေတဲ့ အချိန်မှာ တာဝန်သိပ်မကြီးတဲ့ အချိန်ပိုင်း နည်းပြအလုပ်ကို လုပ်သားကောလိပ်မှာ ၁၉၉၅ ဇွန်လက စပြီး ဝင်လုပ်ခဲ့ပါတယ်။ နောက် ၁၉၉၆ ခုနှစ် နိုဝင်ဘာလကစပြီး လှိုင်ကောလိပ်မှာ အချိန်ပိုင်းဝင်လုပ် နေတုန်းမှာပဲ ၁၉၉၇ ခုနှစ် မတ်လမှာ မဟာသိပ္ပံကျမ်း စာမေးပွဲကို အောင်မြင် ခဲ့တယ်။
အဲဒီ မဟာသိပ္ပံကျမ်း စာမေးပွဲနေ့မှာ မေးခွန်းတစ်ခုမှ အမေးမခံခဲ့ရလို့ ကျွန်မ စိတ်ထိခိုက်ခဲ့ရတယ်။ ကျွန်မသူငယ်ချင်းတွေရဲ ့ thesis defendကျမ်း စာမေးပွဲတွေမှာ မေးခွန်းတွေ အမေးခံကြရလို့ ကျွန်မကို နားလည်ပါတယ်ဆိုတဲ့ ကျွန်မ သူငယ်ချင်းတွေကတောင် ကျွန််မကို ပြောကုန်ကြတယ်။ 'နင့်အဖေက သင်္ချာဆရာကြီးဆိုတော့ မေးစရာမလိုဘူးလို့ ယူဆနေလိုက်တာ နေမှာပေါ့၊ နင့် အဖေက သင်္ချာဆရာကြီးဆိုတော့ နင့်thesisအကြောင်း နင့်အဖေနဲ့ပဲ ဆွေးနွေး လိုက်ကြတာနေမှာ၊ 'ငါ့ကျတော့ အများကြီး မေးတယ်၊ နင့်ကိုကျတော့ တစ်ခုမှ မမေးဘူးဆိုတော့ ဘယ်တရားပါ့မလဲ' ကျွန်မကို ချလိုက်ကြတဲ့ မှတ်ချက်တွေ၊ ဝေဖန်သံတွကို ကျွန်မ ခံနိုင်ရည် မရှိခဲ့ဘူး။ ကျွန်မရဲ့ ပညာရေးလမ်းတစ်လျှောက်မှာ အခုလို ရင်ဆိုင်နေရတဲ့ အဖြစ်ဟာ တော်တော်ကြီး စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်မ thesis defendတစ်ခုပြန်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ပါမောက္ခရဲ့ ခွင့်ပြု ချက်နဲ့ ပြုလုပ်ခဲ့တဲ့ ကျွန်မရဲ့ ျနာငညမေ စာတမ်းဖတ်ပွဲမှာ စာ အလွန်မေးတယ်လို့ နာမည်ကြီးတဲ့ ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးကို ဖိတ်ခဲ့ပါတယ်။ ကျွန်မဟာ M.Scနဲ့ ထိုက်တန်သလား မထိုက်တန်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးတဲ့ ပွဲပဲလို့ ကျွန်မ မှတ်ချက်ချထားခဲ့ပါတယ်။
ဒthesis defend ဆိုတဲ့ မေးခွန်းတွေကို 'ဘာမှ မမေးလို့ မဖြေခဲ့ရဘူး' လို့ ပြန်ဖြေနေရတာထက်စာရင် အခုလုပ်တဲ့ seminar မှာ မေးတဲ့မေးခွန်းတွေ မဖြေနိုင်ရင်တောင်မှ 'ဘယ်မေးခွန်းတွေကို ဘယ်လိုမေးလိုက်တာ' ဆိုပြီး ပြော လိုက်ရတာကို ဂုဏ်ယူချင်ပါတယ်။ ဒီ ဂုဏ်ထူးဆောင်ပါမောက္ခ မေးတာကို ဖြေကို ဖြေနိုင်ရမယ်။ အတတ်နိုင်ဆုံး ရအောင်ဖြေမယ်ဆိုပြီး စိတ်ထဲမှာ ယုံကြည် ထားရတာကို ကျွန်မအတွက် အင်အားတစ်ခု ဖြစ်ခဲ့ရတယ်။
အဲဒီနေ့မှာ seminar တက်ရောက် လာကြတဲ့ စီးပွားရေးတက္ကသိုလ်၊ လုပ်သားကောလိပ်၊ ဒဂုံ၊ ဒေသ-၂၊ ဒေသ-၁ စသည်ဖြင့် ဆရာ၊ ဆရာမတွေ၊ သူငယ်ချင်းတွေရဲ့ ရှေ့မှာ ကျွန်မ စိတ်ကြိုက်ဖြေဆိုခွင့်၊ ဆွေးနွေးခွင့်၊ ဂုဏ်ထူး ဆောင်ပါမောက္ခကြီးဆီက သူ့ရဲ့ ပညာရပ်ဆိုင်ရာ သဘောတရားတွေ ကြားသိ လိုက်ရတာ သိပ်ကို ကျေနပ်စရာ ကောင်းခဲ့ပါတယ်။ ဒါဟာ thesis defend တုန်းက ဘာတစ်ခုမှ အမေးမခံလိုက်ရလို့ မဟုတ်လား။ ဒါ blessing in disguise လို့ ဘဘကြီးသာ သက်ရှိထင်ရှားရှိနေရင် ကျွန်မကို ပြောမှာ သေချပါတယ်။
လူဆိုတာ အသက် ၁ဝဝ မနေရပေမယ့် အမှု ၁ဝဝ ကြုံရတယ်လို့ ဆိုရိုးစကား ရှိတယ် မဟုတ်လား၊ အဲဒီလို အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ကြုံလာတိုင်း blessing in disguise ဆိုတဲ့ စကားလေး ခေါင်းထဲမှာရှိနေရင် အများကြီး စိတ်သက်သာရာ ရတယ်ဆိုတာ အကြံပေးချင်တယ်။ မည်သူမဆို 'အဆိုးထဲကအကောင်း'၊ ဖြစ်သမျှအကြောင်း အကောင်းကြီး' ပါပဲလို့ ခံယူနိုင် ကြပါစေဆိုတဲ့ ရည်ရွယ်ချက်နှင့် ကျွန်မဆောင်းပါးကို နိဂုံးခုျပ်လိုက်ပါတယ်။
No comments:
Post a Comment