ြဖူစင်သော နှလုံးသားပိုင်ရှင် - ဂျူနီယာဝင်း
(အမှတ် ၁၇၆၊ ၂ဝဝ၆၊ ဇန်နဝါရီလ အတွေးအမြင်)
Wordsworth (သို့) WilliamWordsworth (၁ရရဝ-၁၈၅ဝ) ဟာ ထင်ရှားတဲ့ကဗျာဆရာတစ်ဦး ဖြစ်ပါတယ်။ သူ့ဘဝတစ်လျှောက် လုံးမှာ သာယာလှပတဲ့ ရေပြင်ကျယ်တွေနဲ့ နီးစပ်တဲ့ အင်္ဂလန်အရပ်မှာ နေထိုင်ကြီးပြင်းခဲ့ရတယ်။ သူရေးဖွဲ့တဲ့ ကဗျာတွေဟာ လူတွေ အကြောင်း၊ လှပတဲ့ မြင်ကွင်းတွေအကြောင်း၊ နေရာဒေသတစ်ခုရဲ့ သမိုင်းရာဇဝင်တွေအကြောင်း ဖြစ်ပါတယ်။ သူ့ကိုယ်ပိုင် ဘဝဟာ ကဗျာ ဆရာ ဖြစ်တယ်လို့ သူကဆိုခဲ့ပါတယ်။ သူ့အသက် ၁၄ နှစ်အရွယ်မှာကတည်းကိုက ကဗျာတွေ ရေးဖွဲ့နေပြီ။ ခံစားတတ်နေပြီ။ သူ့ရည်မှန်း ချက်က ကဗျာဆရာဖြစ်ဖို့ဆိုရင် သူ့ရည်မှန်းချက် ပြည့်ဝခဲ့ပြီလို့ ဆိုရမှာပေါ့။ သူဟာ တကယ်ပဲ သဘာဝတရားရဲ့ ထူးခြားဆန်းသစ်တဲ့ အရာ တွေကို ဖော်ထုတ်တဲ့ ကဗျာဆရာတစ်ဦး ဖြစ်ခဲ့ရပါတယ်။
Wordsworth က ရိုးသားတဲ့ စိတ်ကူးစိတ်သန်းထဲက ရိုးသားတဲ့ အရာတွေကိုသာ ကဗျာသမားက ရေးဖွဲ့သင့်ပါတယ်လို့ ဆိုခဲ့ပါ တယ်။ သူရေးဖွဲ့တဲ့ ကဗျာတော်တော်များများဟာ သဘာဝရဲ့ အလှတရားတွေ ဖြစ်နေတယ်။ ဥပမာ သူရေးခဲ့တဲ့ ့စသည Upon the Westminster Bridge ဆိုရင် Westminster တံတားပေါ်ကနေ မနက်စောစောအချိန်အခါတစ်ခုမှာ တွေ့လိုက်ရတဲ့ လန်ဒန်မြို့ ရှုခင်းကို ရေးဖွဲ့ထားတယ်။ အိမ်ကြီးအိမ်ငယ်တွေ အိပ်မောကျနေတဲ့ အချိန်မှာပေါ့လို့ သူက စပ်ဆိုထားတယ်။
Wordsworth ကို သဘာဝ၏ ကဗျာဖွဲ့သူလို့ ခေါ်ဝေါ်ကြတယ်။ သူ့ရဲ့စိတ်ကြိုက်အဖြစ်ဆုံးအရာ ဆိုတာတွေဟာ ကောင်းကင်ယံက ငှက်ကလေးတွေရယ်၊ မြစ်ချောင်းအင်းအိုင်တွေရယ်၊ ရေပြင်တွေရယ်၊ တောင်တန်းတွေရယ်၊ လယ်ကွင်းပြင်ထဲက ပန်းတွေရယ်ဖြစ်ပါတယ်။ သူဟာ သဘာဝတရားကြီးရဲ့ ရပ်တည်မှု ရှေ့မှာရှိနေရမှသာ ပျော်ရွှင်မှုနဲ့ ပြည့်စုံသူ ဖြစ်လိမ့်မယ်လို့ ဆိုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ တိတ်ဆိတ် ငြိမ်သက်မှုရယ်၊ အေးချမ်းတည်ငြိမ်တဲ့ ပတ်ဝန်းကျင် အလယ်မှာသာ သဘာဝ၏ ကဗျာတစ်ပုဒ်ကို ဖန်တီးနိုင်သူရယ်လို့ ဆိုရမယ်ထင်ပါတယ်။
‘Wordsworth ကို ဝေဖန်ခြင်း’ လို့ဆိုရမယ့် ‘Critics onWordsworth’ ဆိုတဲ့ စာအုပ်တစ်အုပ်ထဲမှာ Wordsworth ကဗျာတွေနဲ့Wordsworth ကို နှိုင်းယှဉ်ပြီး ဝေဖန်ရေးသားထားတာတွေ တွေ့ခဲ့ရတယ်။ ဝေဖန်တဲ့ ပုဂ္ဂိုလ်တွေက ဧရာမပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကဗျာဆရာကြီးတွေဖြစ်တဲ့ Robert Southy, John Keats, Shelly တို့လည်းပါတယ်။ သူတို့တစ်တွေက Wordsworth ရေးတဲ့ ကဗျာ တွေအားလုံးကို ထုံးလိုချေ၊ ရေလိုနှောက်နေအောင် လေ့လာဖတ်ရှုထားပုံရတယ်ဆိုတာ သူတို့ရဲ့ ဝေဖန်ရေးသားချက်တွေ ဖတ်ကြည့်လိုက်ရုံနဲ့ ထင်ရှားပေါ်လွင်လှပါတယ်။ ကျွန်မကတော့ Wordsworth ရေးတဲ့ ကဗျာတွေအားလုံးမသိပါဘူး။ ဒါပေမဲ့ ကိုယ်သိတဲ့ ကဗျာတွေအကြောင်း ပါလာရင်ဖြစ်ဖြစ်၊ Wordsworth က ဘယ်လိုကဗျာဆရာ အမိုျးအစားလဲ ဆိုတာတွေ ရေးထားတာတွေဖြစ်ဖြစ် တွေ့လိုက်ရတော့ စိတ်ဝင် စားမိတယ်။
'ကဗျာဆရာဟာ သူ့ကိုယ်သူ စဉ်းစားတွေးခေါ်ပုံရပါတယ်။ သူက လူတွေရဲ့ လှုပ်ရှားမှုတွေ၊ လူ့သဘာဝတွေကို နက်နက်နဲနဲ လေ့လာ တယ်။ ပြီးတော့ ခံစားချက်တွေကနေ စကားလုံးတွေအဖြစ် မွေးဖွားလိုက်တယ်'။
တခို့ျသော ပုဂ္ဂိုလ်တွေကတော့ Wordsworth ဆိုတဲ့ ကဗျာအမိုျးအစားတွေကို ဝေဖန်ရင်းနဲ့ ကဗျာဆိုတဲ့ ဝေါဟာရကို အခုလို အဓိပ္ပာယ် ဖွင့်ကြပါတယ်။
'ကဗျာဆိုတဲ့ မိုျးနွယ်စုတွေအတွက် လူဖြစ်လာတာ ကဗျာဆရာတွေလား။ ကိုယ့်ရဲ့ ဇွဲလုံ့လတွေစိုက်ရင်းနဲ့ ခံစားချက်တွေ ပေးဆက်ကာ မျက်ရည်စတွေ အဆက်မပြတ် ယိုဆင်းလာတဲ့အခါ ကဗျာတွေ ဖြစ်လာရသလား။ သူတို့က လူ့သဘာဝအရ ဖြစ်လာတဲ့ စိတ်ခံစားချက်တွေကို လွယ်ကူရှင်းလင်းပြတ်သားတဲ့ ဘာသာစကားနဲ့ တင်ပြပေးလိုက်ကြတယ်။ တစ်ဖက်က ပြောရရင်တော့လည်း ကဗျာဆရာတွေက ဖြေဖျော်ပေး နိုင်တဲ့ အရည်အချင်းရှိသူတွေပါပဲ။ ပြီးတော့ ခံစားချက်တွေကို သစ္စာရှိရှိ ဖော်ထုတ်ပေးနိုင်သူတွေ အဲဒီအတွက်လည်း ကျေနပ်နေသူတွေဖြစ်ပါ တယ်။ ဒီတော့ ကဗျာဆိုတာ သဘာဝရဲ့ ဘာသာစကားပါပဲ။ ဘယ်တော့မှလဲ မသေဘူး။ သူတို့ကတကယ် မရှိတဲ့အရာတွေကို လှို့ျဝှက် ဆန်းပြားတဲ့ အရာတွေအဖြစ် ပုံဖော်ကြတယ်။ လူ့အသိစိတ်တွေကိုလည်း ယုံကြည်မှုနဲ့ နိုးထလာအောင် မီးမောင်းထိုးပြလိုက်တယ်'။
ကဗျာဆရာ John Keats က အခုလိုဆိုထားပါသေးတယ်။
'ကမ္ဘာကြီးဟာ စိတ်မချမ်းသာစရာတွေ၊ ကွဲအက်နေတဲ့ အသည်းနှလုံးတွေ၊ နာကြင်ထိခိုက်ရမှုတွေ၊ ဖိနှိပ်ခံရမှုတွေ အပြည့်ပါပဲ။ ကျွန် တော်တို့ဟာ အကောင်းနဲ့အဆိုး ညီမျှခြင်းကို တစ်ခါမှ တိုင်းကြည့်မနေပါဘူး။ ဒါပေမဲ့လည်း အဲဒီလှို့ျဝှက်ချက်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုတော့ ခံစားမိကြပါရဲ့။ အဲဒီအချက်ဟာ Wordsworth တွေ့မြင်ခံစားနိုင်စွမ်းရှိတဲ့နေရာပါပဲ။ သူရေးခဲ့တဲ့ ကဗျာတခို့ျမှာ မဲမှောင်နေတဲ့ လမ်းတွေကို မီးမောင်းထိုးပြထားတယ်။ ဘယ်သူမှ သတိမထားမိတဲ့ အရာတွေကို သူက တွေ့မြင်ခံစားနိုင်စွမ်းရှိပါသည်။ ကျွန်တော်တို့ အသက်ရှင်နေသမျှ စဉ်းစားတွေးခေါ်နေရမယ်။ သူ့ကဗျာတွေထဲမှာ ဖော်ထုတ်ထားတဲ့ အရာတွေကို တွေ့မြင်ရတာဟာ သူဟာ ညဏ်ကြီးရှင် ဖြစ်ရုံမက ပိုပြီးလဲ ရှေ့ရောက်နေသူဖြစ်ပါတယ်လို့ ဝန်ခံရမှာပါပဲ'။
William Blake က Wordsworth ကို အခုလို ပုံဖော်ထားတယ်။
'ကျွန်တော်ကတော့ Wordsworth ကို စိတ်ဝိညဉ်တွေ၊ စိတ်ဖိစီးမှုတွေ အဆက်မပြတ် ဖိစီးခံနေကြရတဲ့ လူ့သဘာဝကို ဆန့်ကျင်ပြီး မတ်မတ်ရပ်နေနိုင်တဲ့ သဘာဝ အကျဆုံးလူသားတစ်ဦးအဖြစ် မြင်မိပါတယ်'။
ပြောရရင်တော့ Wordsworth ဟာ ယဉ်ကျေးပါတယ်ဆိုတဲ့ လူ့ယဉ်ကျေးတွေထဲမှာ ရှင်သန်နေရတဲ့ ခပ်ရိုင်းရိုင်း လူတစ်ယောက်ပါပဲ တဲ့။ သူ့ရဲ့ အကြံညဏ်တွေ၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေဟာ ဖြူစင်သန့်ရှင်းလွန်းအားကြီးလို့ လူ့ယဉ်ကျေးတွေအလယ်မှာ ရိုင်းတောင် ရိုင်းနေပါသေးတယ်။ Wordsworth ရဲ့ ကဗျာတွေဘာကြောင့် အဖိုးတန်ပြီး လှပနေရသလဲဆိုတော့ သူ့ရဲ့ စဉ်းစားတွေးခေါ်မှုတွေဟာ အမှား အယွင်း ကင်းတယ်။ ရိုးသားဖြောင့်မတ်ဖြူစင်တယ်။ စဉ်းစားတွေးခေါ်တယ်ဆိုတာ မျက်စိနဲ့ တပ်အပ်မမြင်ရတဲ့အရာတွေ၊ ကဗျာကိုတော့ မြင် ရတယ်။ တွေ့ရတယ်၊ တကယ်ရှိတဲ့အရာ ဖြစ်တယ်။ ဒါကြောင့် Wordsworth ရဲ့စဉ်းစားတွေးခေါ်မှုကို ကဗျာထဲမှာ ရှာတွေ့နိုင်တယ်လို့ ဆိုရမှာပါပဲ။
နေ့စဉ်နဲ့အမျှ လှုပ်ရှားရုန်းကန်နေရတဲ့ လူတွေဟာ သဘာဝရဲ့ အလှတရားကို အရသာခံစားဖို့ မေ့လျော့ကောင်းမေ့လျော့နေမယ်။ ဖာသိ ဖာသာ နေမိချင်နေမိမယ်။ ခံစားမိလည်း ကိုယ်တစ်ဦးတည်းနဲ့တင် ပြီးဆုံးသွားမယ်။ Wordsworth ဟာ သဘာဝတရားရဲ့ အလှကို လူတွေ ရှေ့ကို ချပြတတ်သူ၊ လမ်းညွှန်ပြသသူ၊ ပျော်ရွှင်မုကို ခံစားတတ်အောင် သင်ပြပေးသူဖြစ်ပါတယ်။ Wordsworth က ပွင့်ဖူးလာတဲ့ ပန်း ကလေး တစ်ပွင့်ဟာ သူ့ကို အတွေးတွေ ဖြစ်လာစေတယ်။ မျက်ရည်စတွေကျလာရလောက်အောင် လေးနက်မှုတွေ ပေးပါတယ်လို့ ဆိုခဲ့ဖူးပါ တယ်။ ဒါ့အပြင် သဘာဝတရားတွေ လွှမ်းခြုံထားတဲ့ သူ့ရဲ့ကဗျာဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ယုံကြည်မှုတွေ၊ အယူအဆတွေကိုမျှ သြဇာလွှမ်းမိုးခြင်း မရှိပါဘူးတဲ့။ ဘယ်သူရဲ့ အယူသည်းမှုတွေကိုလည်း အနှောင့်အယှက် မပေးပါဘူးတဲ့။ အဲဒီအချက်ကိုက သဘာဝတရား ဟာ လူသားတွေအပေါ်ကို လွှမ်းခြုံထားတဲ့အရာ ဖြစ်နေလိမ့်မယ်ထင်ပါတယ်။
ဝေဖန်တဲ့ ပုဂ္ဂိုလ်တစ်ဦးက ၁၉၂ဝ ခုနှစ်မှာ Wordsworth ရဲ့ ကဗျာရေးသားမှုနဲ့ ပတ်သက်လို့ Wordsworth ဟာ အင်္ဂလိပ်ကဗျာ ဆရာကြီးတွေ အားလုံးထဲမှာ ကာရန်နဲ့ ပတ်သက်ရင် အဆင်းရဲဆုံးပါပဲလို့ ဆိုထားပါတယ်။ ဆိုလိုတာက အင်္ဂလိပ်ကဗျာတွေဟာ ကာရန်နဲ့ပတ် သက်လာရင် ထူးထူးခြားခြားကို ချမ်းသာပါတယ်။ ဒါပေမဲ့ Wordsworth ရဲ့ ကဗျာရေးဖွဲ့ပုံက စာကြောင်း ၅ ကြောင်းပါတဲ့ စည်းချက်ကျ စပ်နည်းကို သုံးပါတယ်။ ဒါကြောင့် Wordsworth ကို ကာရန်ခို့ျတဲ့တယ်လို့ အဓိပ္ပာယ် သတ်မှတ်လို့တော့ မရပါဘူး။ စည်း ချက်နဲ့ ကာရန်ကြားက ဆက်သွယ်ချက်ကို သိနေသူတစ်ဦးလို့ပဲ ဆိုရလိမ့်မယ်လို့ ဝေဖန်ထားပါတယ်။
Wordsworth က Let nature be your teacher. 'သဘာဝတရားကို ကိုယ့်ရဲ့ ဆရာသမားအဖြစ် ရှိပါစေ'လို့ ပြောပါတယ်။ သူ့ရဲ့ အကြံညဏ်က တော်တော်ကောင်းတယ်လို့ Aldous Huxley က ထောက်ခံထားပါတယ်။ သူကိုယ်တိုင်ကရော အဲဒီအတိုင်း ကျင့်သုံးပါရဲ့ လား ဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပြောရရင်တော့ ဆရာသမားပြောတဲ့ စကားကို ဘယ်တပည့်ကမှ တသွေမသိမ်း နားထောင်တယ်ဆိုတာ မရှိပါဘူး။ နားပိတ်ချင်ပိတ်ထားမယ်။ ကိုယ်ကြားချင်တာကိုပဲ နာခံချင်နာခံမယ်။ သဘာဝတရားနဲ့ ပတ်သက်လို့ စိတ်ထဲက အလိုလိုသိနေတာ တစ်ခုက ကမ္ဘာကြီးဟာ လုံးဝဥဿုံ ထူးဆန်းတယ်။ အလှအပတွေ၊ စွဲလန်းစရာတွေ ရှိနေတာတောင်မှ ကိုယ့်ရင်ထဲမှာ တစိမ်းတရံလို ဖြစ်နေရ တယ်။ အမြဲတမ်း ထူးဆန်းနေပြီး ကြောက်စရာ တခြားတစ်ကမ္ဘာက ဂြိုဟ်တစ်ခုလိုဖြစ်ဖြစ်သွားတတ်သေးတယ်။ Wordsworth ဟာ သူ့ရဲ့ အတွေးအခေါ်တွေကို ချပြတဲ့အခါ သူ့ရင်ထဲက အလိုလို သိသိနေတယ်ဆိုတဲ့ အချက်ကိုလည်း တိုက်ရိုက်တင်ပြပုံရပါတယ်လို့ ဆိုထားပါတယ်။
Wordsworth ရဲ့ ကဗျာတွေကို ဖတ်တဲ့အခါ သူရွေးချယ်သုံးနှုန်းလိုက်တဲ့ စကားလုံးတွေဟာ အိမ်မှာနေရင်း သက်တောင့်သက်သာ ပြောနေတဲ့ အတိုင်းပါပဲတဲ့။ ကဗျာဆရာတစ်ယောက်က စွန့်စွန့်စားစား ပြောဆိုသုံးနှုန်းလိုက်တာမိုျး မဟုတ်ပါဘူး။ ထူးခြားပြီး လှုပ်ခတ်သွား စေတဲ့ စကားလုံးမိုျးတွေ ရခဲပါသတဲ့။ ဒါဟာ လှို့ျဝှက်တဲ့ ကမ္ဘာကြီးကို သူ့ရဲ့စိတ်ထဲက အလိုလိုသိမြင်နေတဲ့ အမြင်ကို ဖွင့်ဟလိုက်တာဖြစ် ပါတယ်။ အဲဒီအမြင်ဟာလည်း သာမန်လူတစ်ယောက်က အရှိကို အရှိအတိုင်း ခပ်ရိုးရိုးတွေးမြင်သလိုပါပဲတဲ့။ ဥပမာ-ကမ္ဘာကြီးက ထူးဆန်း လိုက်တာ။ ပွင့်လာတဲ့ ပွင့်ဖတ်ကလေးက ထူးခြားလိုက်တာဆိုတဲ့ အတွေးအခေါ်မိုျးထက် မပိုပါဘူး။
ယခုကျွန်မ တင်ပြခဲ့တာတွေကတော့ ၁၇၉၈ ခုနှစ်ကနေ ၁၉၃ဝ ခုနှစ်ကြား ဝေဖန်ရေးစာမျက်နှာတွေအကြောင်း ဖြစ်ပါတယ်။ အဓိက ပစ်မှတ်ကတော့ ကဗျာဆရာကြီး Wordsworth လို့ ဆိုရပေမယ့် ထူးခြားတဲ့ လူသားတစ်ဦးအကြောင်းကို သိလိုက်ရတာ စိတ်ဝင်စားစရာ ပါပဲ။ 'ထူးခြားတယ်'ဆိုတဲ့ စကားလုံးကိုသုံးရင် မှားသွားနိုင်ပါတယ်။ သူဟာ သဘာဝတရားကို သဘာဝကျကျ ရှုမြင်သုံးသပ်တဲ့ အမြင်ရှိသူ တစ်ဦးပါပဲ။ လူသားတိုင်းမှာ ဒီလိုအေးချမ်းဖြူစင်တဲ့ အမြင်တွေရှိသင့်ပါတယ်။ လူသားအားလုံးမှာ ဒီလိုအမြင်တွေ ရှိနေရင်တော့ ထူးခြား တယ်လို့ သုံးရင် မှားသွားနိုင်တာပေါ့။ သို့သော်လည်း အများထဲမှာ တစ်ယောက်ဆိုရင်တော့ ထူးခြားတယ်လို့ တင်စားလိုက်တာ မမှားလောက် ပါဘူး။
ယခုကဗျာဆရာကြီး Percy Bysshe Shelly (၁၇၉၂-၁၈၂၂) ရဲ့ Wordsworth ကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ကဗျာတစ်ပုဒ်ထဲက စာသားတခို့ျကို တင်ပြရင်းနဲ့ ဆောင်းပါးကို နိဂုံးခုျပ်လိုက်ပါတယ်။
‘Poet of Nature, thou hast wept to know
That things depart which never may return:
Childhood and youth, friendship and love’s first grow,
Have fled like sweet dreams, leaving them to mourn.’
'သဘာဝလောကအကြောင်းကို ရေးဖွဲ့သီကုံးပေးနေတဲ့ ကဗျာဆရာရေ
မင်းကတော့ ဘယ်အရာမှ မမြဲဘူးဆိုတာသိပြီး
ခံစားငိုေြွကးနေသူတစ်ယောက်ပါပဲ။
အရင်ဦးဆုံးထိတွေ့ခံစားရလိုက်တဲ့
ကလေးဘဝ၊ ငယ်ရွယ်နုပိုျမှုဘဝ၊
မိတ်ဆွေသူငယ်ချင်းဘဝ၊ ပြီးတော့အချစ်...
ဆိုတဲ့အရာတွေဟာ
ခဏတာ
ခိုျမြိန်တဲ့ အိပ်မက်တွေလိုပဲ
ကိုယ့်အနားက
ဝေးလွင့်ထွက်ပြေးသွားကြမယ်ဆိုတာ
ကိုယ့်ကို
ဝမ်းနည်းကြေကွဲဖွယ်ဖြစ်အောင်
ထားပစ်ခဲ့ကြမယ်ဆိုတာ
မင်းက ဒါတွေကိုသိပြီး
ငိုေြွကးနေတဲ့သူတစ်ယောက်ပါပဲ'။
Ref; Critics on Wordsworth( Reading in library Criticism Series) credited by Dr. Raymond Cowoll1999 Reprinted)
(ဤစာအုပ်အကြောင်းရေးပါဟု လက်ဆောင်ပေးသွားသော ကိုညီညီသို့)
No comments:
Post a Comment