Wednesday, February 5, 2014

မေတ္တာရှင်၊ဂရုဏာရှင်ဖလောရင့်နိုက်တင်းဂေး - ဂျူ နီယာဝင်း


မေတ္တာရှင်၊ဂရုဏာရှင်ဖလောရင့်နိုက်တင်းဂေး - ဂျူ နီယာဝင်း

အတွေးအမြင် (၁၅၇)၊ ၂ဝဝ၂ ခုနှစ်

၁၉၅၁ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့သော Cecil Wooldham Smithရေးသား သည့် Florence Nightingale (၁၈၂ဝ-၁၉၁ဝ) စာအုပ်ကို ကျွန်မ အစမှ အဆုံး တိုင် ဖတ်ဖြစ်ခဲ့ခြင်းမှာ အဘွားဖြစ်သူ စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်ကြောင့် ဖြစ်ပါသည်။ ထိုအခါ ထူးခြားသော ဘဝတစ်စိတ်တစ်ပိုင်းနှင့် အများအတွက် ဘဝကို တစ်သက်တာ ပေးဆပ်သွားခဲ့သော ဖလောရင့်နိုင်တင်ဂေး အကြောင်းသည် ကျွန်မကို လွှမ်းမိုးခဲ့ပါတော့သည်။
          ဖလော့ရင့်နိုင်တင်ဂေးသည် ချမ်းသာြွကယ်ဝသော မိသားစုမှ ပေါက်ဖွား လာသူ ဖြစ်သော်ငြားလည်း သူ့ဘဝ တစ်သက်တာအတွက် သူနာပြုအလုပ်ကို ရွေးချယ်လုပ်ကိုင်ခဲ့သူ ဖြစ်လေသည်။ ဖလောရင့်နိုင်တင်ဂေးကို ၁၈၂ဝ ခုနှစ် မေလ ၁၂ ရက်တွင် အီတလီနိုင်ငံ Florence မြို့ရှိ Porta Ronana အနီးမှ Villa Colombaia တွင် မွေးဖွားခဲ့ပါသည်။ သူမ၏ မိဘများဖြစ်သော William Edward Nightingale နှင့် Fanny Nightingale တို့မှာ ဥရောပတစ်ခွင် ရာသီ အလိုက် လှည့်လည်နေထိုင်ကြသော ချမ်းသာြွကယ်ဝသည့် လူကုံထံများ ဖြစ်ကြလေသည်။ Florence Nightingale ကို ‘Flo’ ဟုပင် အတိုကောက်ခေါ်ကြ ပါသည်။Flo သည် သမီးနှစ်ယောက်အနက် အငယ်ဖြစ်၏။ မိဘတွေက ‘Flo’ ကို ချမ်းသာြွကယ်ဝသူ တစ်ဦးဦးနှင့် လက်ထပ်စေပြီး ဘဝကို အေးဆေးစွာ တည်ဆောက်သွားစေလိုသာဆန္ဒ ရှိကြလေသည်။
''သူတို့က သူတို့သမီးမှာ ထူးခြားတဲ့ စိတ်စွမ်းရည် ပိုင်ဆိုင်ထားတယ်ဆို တာ သတိမပြုမိကြဘူး''
Flo သည် သာမန် ဆိုးသွမ်းသော ကလေးတစ်ယောက်ဖြစ်ခဲ့လျှင်တောင် မိခင် Fanny ကသူ့ ကို နားလည် ခွင့်လွှတ်နိုင်လိမ့်ဦးမည်။ Flo ကား ဘယ် ကလေးနဲ့မှမတူ ထူးဆန်းသော၊ စိတ်ဓာတ်ခိုင်မာသော၊ ခေါင်းမာသော၊ ပျော်ပျော် ရွှင်ရွှင် မနေတတ်သော ကလေးတစ်ယောက် ဖြစ်လို့နေသည်။Flo ရင်ဆိုင်ခဲ့ရပုံက ပြင်သစ်ပြည်၏ လွတ်လပ်ရေးကို ဘုရားသခင်၏ စေခိုင်းချက်အရ ဝင်ရောက် တိုက်ပွဲဝင်ခဲ့သူ တောသူမလေး Saint Joan (၁၄၁၂-၁၄၃၂) ၏ အဖြစ်နှင့် ဆင်တူနေလေသည်။သူ ၏ ကိုယ်ပိုင်မှတ်စု စာအုပ်ထဲတွင်-
'၁၈၃၇ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ဘုရားသခင်က ကျွန်မကို သူ့အတွက် အလုပ်တစ်ခု လုပ်ပေးဖို့ ပြောပါတယ်'
ဟု ရေးသားထားလေသည်။ Flo သည် Joan of Arc ကြားသလို ဘုရား သခင်၏ အသံကို ကြားခဲ့လေသည်။ တကယ့်အသံ၊ သူမအသံ မဟုတ်သော အသံ၊ သူမကို ပြောသော သက်ရှိတစ်ယောက်၏ အသံကို Flo တကယ် ကြားခဲ့ လေသည်။ အFloသက် (၁၇) နှစ် မပြည့်တတ်သေးချိန်မှာ တကယ့်လက်ရှိ ကမ္ဘာထဲမှာထက်ပိုပြီး လက်တွေ့ကျသော အိပ်မက်ကမ္ဘာထဲမှာ နေထိုင်ခဲ့ရလေ သည်။
နောက် နှစ်ပါင်း ၄ဝ အကြာ ၁၈၇၄ ခုနှစ်တွင်  Flo၏ မှတ်စုစာအုပ်ထဲ ၌ သူမဘဝမှာ ထို 'အသံ'ကို (၄) ကြိမ် ကြားခဲ့ကြောင်း ရေးသားထား၏။ ပထမဦးဆုံးအကြိမ်မှာ ၁၈၃၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဖြစ်၏။ ဒုတိယအကြိမ်မှာ ၁၈၅၃ ခုနှစ်၊ Harleyလမ်းက ဆေးရုံတွင် ပထမဦးဆုံး အလုပ်မရခင် ဖြစ်သည်။ တတိယအကြိမ်မှာ ၁၈၅၄ ခုနှစ် Cremea စစ်ပွဲ မရောက်ခင်က ဖြစ်၏။ နောက် (၄) ကြိမ်မြောက်မှာ ၁၈၆၁ ခုနှစ် သူမ၏ မိတ်ဆွေ Sidney Harbert ကွယ်လွန်ပြီးနောက်တွင် ဖြစ်၏။
Joan of Arc ကို ပြောသော 'အသံ'များသည် ဘာလုပ်ရမည်ကို သေသေ ချာချာ ပြောပြီး လုပ်ခိုင်းခဲ့သည်Flo။  ကျတော့ ဘာလုပ်ရမည်ဆိုတာ မပါ။ ဘုရားသခင်အတွက် အလုပ်တစ်ခု လုပ်ပေးဖို့ ပြော၏။ ဘာအလုပ်လဲဆိုတာ မပြော။ ဒီ သူနာပြုအလုပ်ဆိုတာကိုသူ့ ဦးနှောက်ထဲမှာ ဘယ်လိုမှ စဉ်းစား၍မရ။
အသက် ၁၇ နှစ်အရွယ်မှာ ထို 'အသံ'ကို စကြားခဲ့ပြီးချိန်မှစ၍ သူမ အသက် ၃၃ နှစ်အရွယ် ၁၅၈၃ ခုနှစ်လောက်မှာ သူနာပြုအလုပ်ကို ဘယ်လိုများ ဆုပ်ကိုင်မိသွားပါသလဲ။ ချမ်းသာြွကယ်ဝသော မိသားစု အနှောင်အဖွဲ့ကြားမှ သူ ဘယ်လိုများ ရုန်းထွက်ခဲ့ပါသလဲ။
စိတ်ကယောင်ချောက်ချား ရောဂါဖြစ်နေတာ Flo၏ အစ်မဖြစ်သူParthenopeခေါ် Pathe ခေါ် Pop ကို ပြုစုခဲ့ရခြင်းကြောင့်လား၊ ၏Flo သူငယ်ချင်း ကလေးမွေးရင်း သေဆုံးခဲ့ရ၍ မွေးခါစကလေးငယ်ကို သွားရောက် စောင့်ရှောက်ခဲ့ရခြင်းဖြစ်ကြောင့်လား၊Flo၏ အဘွား Mre.Shore နာမကျန်းဖြစ် နေစဉ် ပြုစုခဲ့ရခြင်းကြောင့်လား၊  Flo၏ ကလေးဘဝက  Floကို သူနာပြု စောင့်ရှောက်ပေးခဲ့သူ သူနာပြုအဘွားကြီး Mrs.Gale နာမကျန်းဖြစ်သည်ကို   Floက တစ်လှည့် ပြန်ပြုစုရင်း Flo လက်ထဲမှာပင် ကွယ်လွန်ခဲ့သည်အထိ ပြုစုခဲ့ရခြင်းကြောင့်လား။
ထိုထိုသော သူနာပြုအလုပ်များကို Flo သည် မငြီးတန်း ပျော်ပျော်ရွှင်ရွှင် လုပ်ခဲ့ခြင်း ဖြစ်၏။ ထိုအကြောင်းရင်းခံများကြောင့်  Flo၏ စိတ်ထဲတွင် သူနာ ပြုအလုပ်သည် တဖြည်းဖြည်း ကိန်းအောင်းလာသည် ထင်၏။ ထို့ပြင်  Floမွေးကတည်းက လည်ပတ်ခြင်း အပျော်အပါးနှင့် အချိန်ဖြုန်းကြသော မိသားစု ကြားမှာ အစစအရာရာ ပြည့်စုံစွာ မွေးဖွားကြီးပြင်းလာရသော အကြောင်းသည်ပင် ထူးခြားသော အပြောင်းအလဲတစ်ခုကို တမ်းတတတ်ဖို့  ကFlo ကုုိ သင်ပေးလိုက်သလို ဖြစ်ခဲ့ရသည်လား။
၁၈၄၅ ခုနှစ် မတ်လ ၁ ရက်နေ့တွင်  Floသည် လည်ချောင်းနာပြီး နေမကောင်းသဖြင့် London  ရှိ Burligton ဟိုတယ်တွင် အနားယူနေခဲ့ရလေ သည်။ ဘယ်မှလည်း မသွားနိုင်၍ စိတ်ဓာတ်ကျနေသော Floကို Clerkyက စာရေးဖို့ အကြံပေးခဲ့လေသည်။ ထိုအခါ Flo က-
''ကျွန်မမှာ စာရေးဖို့ ဆန္ဒ လုံးဝမရှိပါဘူး။ ကျွန်မက လှုပ်လှုပ်ရှားရှား နေချင်တယ်။ အလုပ်လုပ်ချင်တယ်။ ကိုယ်လုပ်ချင်တာကို အကောင်အထည် ဖော်ချင်တယ်။ ကျွန်မက စာရေးရတာထက် အသက်ရှင်ပြီး လှုပ်ရှားနေရတာကို ပိုလိုလားတယ်။ စာရေးတယ်ဆိုတာဟာ နေထိုင်အသက်ရှင်နေရတဲ့ ဘဝကို အစားထိုးလိုက်တာပဲ။ ကျွန်မအတွက်တော့ စာရေးတယ်ဆိုတာဟာ ကိုယ့်ရဲ့ခံစား ချက်တွေ၊ စိတ်ကူးတွေကို စကားလုံးတွေအဖြစ် ပြောင်းလဲပြီး ကိုယ့်အချိန်တွေကို ဖြုန်းပစ်လိုက်တာပဲ။ တကယ်တော့ တစ်ခုခု အကောင်အထည် ဖော်လိုက်သင့် တယ်။ အကိုျးတစ်ခုခု ရှိစေတဲ့ အလုပ်တစ်ခုကို ပြုလုပ်ဖန်တီးသင့်တယ်''
သို့ရာတွင် Flo က သူ့မိခင်။ မိသားစုဝင်များထံ ရေးသော စာများ၊ ကိုယ်ရေးကိုယ်တာစာများ၊ ကိုယ်ပိုင်မှတ်စုများကား မနည်းလှပေ။  Flo၏ မူရင်းစိတ်ကား လက်တွေ့ဆန်၏။ လှုပ်လှုပ်ရှားရှား နေလို၏။ တကယ်လည်း သူမဖြစ်ချင်သလို တကယ်လုပ် တကယ်နေခဲ့ပေသည်။
Flo သည် Salibury Infinary (Salibury လူနာ ရုံ)တွင် သူနာပြု ၃ လ သင်တန်းတက်ဖိို့ အကြံရလေသည်။ Saliburyသည် Flo တို့ နေထိုင်သော Embley မြို့နှင့် မိုင်အနည်းငယ်ကွာဝေးပြီး လူသိများသော ဆေးရုံတစ်ခုဖြစ်၏။ ဆေးရုံအုပ်ကြီး ဒေါက်တာ Folwer တို့ ၁၈၄၅ ခုနှစ် ဒီဇင်ဘာလ၌ နာဘူနပ မြို့သို့ ရောက်လာချိန်တွင် Floသည် သူမအကြံကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့၏။ သို့သော် Flo ၏ အကြံသည် ဒေါသတကြီး တားမြစ်ကြသော မိသားစုကြားဝယ် ခေတ္တမှေးမှိန်ခဲ့ရ၏။
၁၈၅ဝ ခုနှစ် ဇူလိုင်လ ၁ဝ ရက်၊ သူမအသက် ၃ဝ ကျော်သည့်တိုင် Flo ၏ စိတ်ဆန္ဒများ အကောင်အထည်ဖော်ခွင့် မရသေးချ။
''ကျွန်မမှာ ရွေးချယ်စရာ လမ်းတစ်ခုကို ပြတ်ပြတ်သားသား ရွေးမှ ဖြစ်တော့မယ်။ တစ်ခုက အိမ်ထောင်ရှင် မိန်းမတစ်ယောက်၊ နောက်တစ်ခုက ဆေးရုံ သူနာပြု''
Flo က အိမ်ထောင်ပြုလိုစိတ် လုံးဝ မရှိကြောင်းနှင့် သူနာပြုတစ်ယောက် အဖြစ် သက်ဆုံးတိုင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း မိသားစုအတွင်း ကြေညာ လိုက်သောအခါ မိဘတွေခမျာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့သလို ခံစားခဲ့ကြရတော့ သည်။ ထိုအချိန် ထိုအခါတုန်းက သူနာပြုအလုပ်ဟူသည် ဂုဏ်သိက္ခာ မရှိ၊ သူနာပြုများသည် ဆေးအကြောင်းနားမလည်၊ တစ်ခါတစ်ရံ အရက်မူးနေသော မိန်းမဆိုးများသဖွယ် ဖြစ်နေကြ၏။ အကယ်၍များ Flo က ပန်းကန်ဆေးသူ ဖြစ်ချင်သည်ဆိုလျှင်တောင်မှ မိဘများက ဒီလောက်စိတ်ထိခိုက်မည် မထင်။ တင်းမာသော ငြင်းပယ်ချက်များသည်ပင် သူလုပ်ချင်တာ လုပ်ဖို့ တွန်းအားပေး သလို ဖြစ်ခဲ့ရတော့သည်။
Flo ၏ ပထမဆုံး သူနာပြု အတွေ့အကြုံမှာ ဂျာမနီရှိKaiserswerth ဆေးရုံငယ်တစ်ခုမှာ ဖြစ်လေသည်။ Kaiserswerth ဆေးရုံ ဖြစ်တည်လာပုံမှာ စိတ်ဝင်စားဖွယ် ဖြစ်၏။ ၁၈၃၃ ခုနှစ်လောက်က ခရစ်ယာန်သင်းအုပ်ဆရာ Theodore Flieder နှင့် သူ့ဇနီးတို့သည် သူတို့ နွေရာသီ အပန်းဖြေရာ အိမ်ငယ် လေး၏ နောက်ဖေး ပန်းခြံတွင် ခုတင်တစ်လုံး၊ ကုလားထိုင်တစ်လုံး ထား၍ ခိုးကိုးရာမဲ့ ဖြစ်နေသူကို ရည်ရွယ်ကာ နေရာတစ်နေရာစာ အမိုးတစ်ခုသဖွယ် ထားရှိပေးခဲ့လေသည်။ ထိုမှ အစပြု၍ Kaiserswerth အသင်းအဖွဲ့အစည်းဟု ဖြစ်ပေါ်လာလေသည်။ ၁၈၅၁ ခုနှစ်တွင် ခုတင်အလုံး ၁ဝဝ ပါဝင်သော ဆေးရုံ ငယ်တစ်ခု ဖြစ်လာ၏။ ကလေးငယ်ကျောင်း ဖြစ်လာ၏။ မိဘမဲ့ ဂေဟာတစ်ခု ဖြစ်လာ၏။ အမိုျးသမီး လေ့ကျင့်ရေး သီလရှင်ကျောင်း ဖြစ်လာ၏။
Flo က မိခင်Fanny ထံ ၁၈၅၁ ခုနှစ် ဇူလိုင်လတွင် ထိုဆေးရုံ၏ သင်တန်း အတွေ့အကြုံများကို စာရေး၍ ရင်ဖွင့်ခဲ့လေသည်။
'' . . . ထမင်းစားတဲ့ အချိန်တိုင်းမှာ ၁ဝ မိနစ်နဲ့အပြီး စားရပါတယ်။ မနက် ၅ နာရီမှာ အိပ်ရာက ထရပါတယ်။ ၆ နာရီ ထိုးဖို့ ၁၅ မိနစ်မှာ နံနက်စာ စားရပါတယ်။ လူနာများကို ၁၁ နာရီမှာ ကျွေးရပါတယ်။ သီလရှင်များ၊  သူနာပြုသင်တန်းကျောင်းများက ၁၂ နာရီမှာ စရပါတယ်။ ဂုံျမှုန့်နဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ကို နေ့လယ် ၂ နာရီနဲ့ ၃ နာရီကြားမှာ သောက်ရပါတယ်။ ညနေခင်းတွေမှာ ကျွန်မတို့ကို အခန်းကျယ်တစ်ခုထဲမှာ စုဝေးပြီး ဘုရားကျမ်းစာ တွေ ဖတ်ရပါတယ်။ အဲဒီအချိန်ဟာ ကျွန်မအတွက် အလေးနက်ဆုံး၊ စိတ်ဝင်စား စရာ အကောင်းဆုံးဖြစ်ပြီး ကျွန်မရဲ့စိတ်နဲ့ကိုယ်ဟာ ကျန်းမာသန်စွမ်းပြီး အသန့် ရှင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်မဟာ အသက်ရှင်နေတာ ဘာလဲ ဆိုတာကိုရော၊ ဘဝကို ချစ်မြတ်နိုးဖို့ရော နားလည်သဘောပေါက်ခဲ့ပါပြီ။ ကျွန်မ ဟာ ဘဝကို ရင်ဆိုင်လိုစိတ်မရှိဘဲ အရှုံးပေးလိုစိတ် ရှိခဲ့မိတာတွေကိုတောင် နောင်တရနေပါပြီ။ ကျွန်မဟာ တခြားကမ္ဘာကိုရော၊ ဒီနေရာထက် သာလွန်တဲ့ ကမ္ဘာကိုရော တောင်းတတဲ့ စိတ်မိုျး မရှိတော့ပါဘူး''
၁၈၅၃ ခုနှစ် သြဂုတ်လတွင် London ရှိ Harley လမ်း၊ အိမ်အမှတ် ၁ ရှိ ပြန်လည်တည်ဆောက်ထားသာ ဆေးရုံငယ်တစ်ခုတွင် ပထမဦးဆုံး အလုပ် ရခဲ့ပြီး သူမ၏ အိမ်ကို စွန့်ခွာခဲ့တော့သည်။ ထို Harleyလမ်းမှ ဆေးရုံငယ်တွင် Flo ၏ လူနာများအပေါ် ထားရှိသော မေတ္တာစေတနာ ကြီးမားလှသဖြင့် Flo ထံ လာသော လူနာများ၏ စာများ၊ လူနာတို့၏ ဆွေမိုျးများထံမှ စာများ တစ်ပုံတစ်ခေါင်း ဖြစ်နေတော့၏။
'ချစ်လှစွာသော ကြင်နာတတ်သူ Miss Nightingale'
'သင့်ရင်ထဲက ပါသော ကြင်နာပြုစုမှုများသည် မျက်ရည်များပင် ကျစေ လောက်အောင် ဖြစ်ရပါ၏'
'အသင် ထွက်ခွာသွားချိန် တစ်ယောက်တည်း အထီးကျန်သကဲ့သို့ ခံစားရ စေ၏'
'ကျေးဇူးရှင် Miss Nightingale... အသင်ကား နေရောင်ခြည်။
အသင် မရှိလျှင် အစစအရာရာ မှေးမှိန်၍ အရာအားလုံးသည် ပျောက် ကွယ်ကုန်လေပြီ'
'အသင့် ကျေးဇူးတရားများကို မည်သို့ ဆပ်ရမည် မသိပါ'
စသည် စသည်ဖြင့် Harley လမ်းတွင် Flo ထံ လာသော စာများကား တောင်ပုံရာပုံ ဖြစ်နေတော့သည်။ လူနာများအပြင် ဆင်းရဲသော၊ အပေါင်းအသင်း မရှိသော အမိုျးသမီးများကလည်း ရေးကြ၏။
၁၈၅၄ ခုနှစ်တွင်Crimea စစ်ပွဲ ဖြစ်ပွား၏။ အင်္ဂလန်နှင့် ပြင်သစ်က ရုရှကို စစ်ကြေညာ၏။ ဗြိတိသျှစစ်တပ်သည် ဃမငာနေ စစ်ပွဲမှ ဒဏ်ရာရ စစ်သား များကို Verna တွင် ထားခဲ့ရသည်။ ဆေးရုံသို့ ပို့ရန် လုံလောက်သော သယ်ယူ ပို့ဆောင်မှု မရှိခြင်း၊ Black Sea ခေါ် ပင်လယ်နက်ကို ဖြတ်ကျော်၍ သင်ယူနိုင် စွမ်း မရှိခြင်းတို့ကြောင့် လူနာများကို Scutari ဆေးရုံတွင်ပင် ထားရှိခဲ့ကြရသည်။
၁၈၅၄ ခုနှစ်တွင်  ဝမ်းရောဂါကပ်  ဆိုက်ရောက်ပြီး  အခြေအနေမှာ အတော် ဆိုးရွားခဲ့လေသည်။ Flo ၏ မိတ်ဆွေ Sidney Herbert သည် ၁၈၅၂ ခုနှစ် ဒီဇင်ဘာလတွင် ကာကွယ်ရေးဌာန အတွင်းဝန် ဖြစ်လာ၏။ ထိုအခါ Crimea စစ်ပွဲမှ ဒဏ်ရာရသူများ၊ နေမကောင်းဖြစ်နေသူများအတွက် တာဝန်သည် သူ့အပေါ် ကျလာ၏။ အောက်တိုဘာ ၁၅ ရက်နေ့တွင် Sidney Herbert သည် Miss Nightingale ထံသို့ စာရေး၍ Scutari သို့ သွားရောက်ကာ သူနာပြုအလုပ် လုပ်ဖို့ အကူအညီတောင်းခဲ့၏။ Floကို ချက်ချင်းပင် လက်ခံ ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် သူနာပြု ၃၈ ယောက်ကို ခေါ်ကာ Crimea သို့ ရေကြောင်းခရီးဖြင့် ထွက်ခွာခဲ့၏။ Sutariသို့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ရောက်ရှိခဲ့၏။
Scutari ဆေးရုံတွင် လူနာနှင့် ဆေးရုံပင် မမျှချေ။ လူနာများက တောင်ပုံ ရာပုံ ဖြစ်နေ၏။ စတိုခန်း မရှိ။ ဆေးရုံသုံးပစ္စည်း အစုံ မရှိ။ ဆပ်ပြာ မရှိ။ ရေခိုျးစရာမရှိ။ ဆေးရုံးအဝတ်မရှိ။ နေမကောင်းဖြစ်နေသော၊ ဒဏ်ရာရနေသော လူနာများသည် ယူနီဖောင်းများဖြင့်ပင် ညစ်ပတ်ပေရေစွာ လဲလျောင်းနေကြရလေ သည်။ တခို့ျက စိတ်ကယောင်ချောက်ချား ဖြစ်နေကြ၏ လူနာ ၄၂ ရာခိုင်နှုန်း မှာ လေလုဆဲဆဲ ဖြစ်နေကြ၏။ ထိုထိတ်လန့်ဖွယ် မြင်ကွင်းကို ရင်ဆိုင်ရငြားလည်း Flo ကား မတုန်လှုပ်၊ မတွန့်ဆုတ်ခဲ့ပေ။ Flo က အလျင်အမြန် လုပ်ရမည့်ကိစ္စ တို့ကို ချက်ချင်း လုပ်ဆောင်ခဲ့၏။ တစ်နေ့လျှင် နာရီပေါင်း ၂ဝ ကြာအောင် မတ်တပ်ရပ်၍ အလုပ်လုပ်ခဲ့၏။ ညဘက်တွင်လည်း တက်တက်ြွကြွက မရပ်မနား အလုပ်လုပ်မှုတွေကြောင့် Lady of the lamp ''မီးအိမ်ရှင် အမိုျးသမီး'' ဟူသော အမည်ရခဲ့လေသည်။
ဝမ်းရောဂါ၊ တိုက်ဖွိုက်၊ ဝမ်းကိုက်ရောဂါများကြောင့် ၁၈၅၅ ခုနှစ် ဖေဖော်ဝါရီလတွင် သေဆုံးသူ ၄၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇွန်လတွင် ၂ ရာခိုင်နှုန်း အထိ လျော့ကျခြင်းမှာFlo ၏ လုပ်ဆောင်မှုများကြောင့်ပင် ဖြစ်ပေသည်။လူနာစစ်သားများအတွက် အဝတ်အစားများ၊ ဆေးဝါးအကူအညီများ၊ ဆပ်ပြာ၊ ဓား၊ ဇွန်း၊ ခက်ရင်း အစရှိသော ပစ္စည်းများအတွက် Flo ပိုက်ဆံအိတ်စိုက်ဖြင့် ကူညီခဲ့ခြင်း ဖြစ်လေသည်။ စစ်တပ်မှ ဆရာဝန် အခို့ျကား သူမ အခုလို ပါဝင်နေခြင်းကို မလိုလားဘဲ Flo ကိုယ့်အိမ်ကိုယ်ပြန်စေဖို့သာ အလိုရှိနေကြ လေသည်။ ထို့ကြောင့် Flo ၏ အလုပ်တွင် ခက်ခဲမှုများ၊ နှောင့်နှေးကြန့်ကြာမှု များနှင့် အနှောင့်အယှက်များစွာ ကြုံခဲ့ရလေသည်။
ဒဏ်ရာရ လူနာစစ်သည်များသည် Florence Nightingale သူတို့အပေါ် ထားရှိသော မေတ္တာကရုဏာကို ကြည်ညိုလေးစားကြသဖြင့် သူတို့ ခုတင်ဘေး များမှ Flo ဖြတ်ကျော်သွားသည့်အခါ Flo ၏ အရိပ်ကို နမ်း၍ သူမကို လေးစား မြတ်နိုးကြောင်း ပြသခဲ့ကြလေသည်။
Floသည် Scutariတွင် ၁၈၅၆ ခုနှစ် သြဂုတ်လတိုင်အောင် နေထိုင်ခဲ့ရ ၏။ အင်္ဂလန်သို့ ပြန်လာချိန်တွင် Flo ၏ ဂုဏ်သတင်းသည် အလျင်ဦးစွာ ရောက်နှင့်နေပြီ မွှေးပျံနေလေပြီ။ အင်္ဂလန်ရှိ လူထုက Flo ကို အာဇာနည်မသဖွယ် ဝမ်းပန်းတသာ အကြီးအကျယ် ကြိုဆိုခဲ့သော်ငြားလည်း လူနာများနှင့် တရင်းတနှီး သွားလာနေထိုင် ကုသပြုစုခဲ့ရမှုများကြောင့် အလွန်နေမကောင်းဖြစ်နေသော Flo သည် နေအိမ်သို့ လှို့ျဝှက်စွာ ပြန်လာခဲ့ရလေသည်။ ထိုအချိန်က Flo၏ အသက် ၃၆ နှစ်ရှိပြီဖြစ်သည်။ လူတော်များများက သူ ဒီထက် အသက်ရှည်ရှည်နေရမည် မဟုတ်ဟု စိုးရိမ်ပူပန်ခဲ့ကြလေသည်။ သို့သော် Flo သည် နောက်ထပ် ၅၄ နှစ် နေခဲ့ပြီး အသက် ၉ဝ အရွယ်ရောက်မှ ကွယ်လွန်ခဲ့လေသည်။
၁၈၅၆ ခုနှစ် Flo အင်္ဂလန်သို့ ပြန်ရောက်ပြီးနောက် ပြည်သူလူထု၏ ထောက်ပံ့ငွေ ဒေါ်လာ ၄ သောင်းခွဲ ရရှိခဲ့၏။ ထိုထောက်ပံ့ကူညီငွေများဖြင့် ၁၈၆ဝ ခုနှစ်တွင် Nightingaleသူနာပြု လေ့ကျင့်ရေးကျောင်းဓ ကို လန်ဒန်မြို့ တွင် တည်ထောင်နိုင်ခဲ့၏။
Flo သည် Scutari မှာ လုပ်ခဲ့သော လုပ်ဆောင်မှုများကြောင့် လူသိ အများဆုံး ဖြစ်ခဲ့သော်ငြားလည်း ထိုနောက်ပိုင်း သူလုပ်ခဲ့တာတွေကလည်း ထို ထက်မက အရေးကြီးပါသည်။Flo နေပြန်ကောင်းလာပြီးနောက် သူနာပြုအလုပ်၊ ဆေးရုံအလုပ်များကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့၏။ Flo က Crimea စစ်ပွဲတွင် လူ ၁၆ဝဝဝ မှာ မသေသင့်ဘဲ သေခဲ့ရကြောင်း တွက်ပြခဲ့၏။ ထို့ပြင် စစ်ကြောင့် မဟုတ်ဘဲ အေးဆေးသော အချိန်ကာလများမှာပင် လူနာ ၁၁ဝဝဝ မှာ သေလုဆဲ ဖြစ်နေသည်ဟု ဆိုပါသည်။ အကြောင်းမှာ ညစ်ပတ်သော၊ ကျန်းမာရေးနှင့် မညီညွတ်သော အဆောက်အဦ၊ ဆေးရုံများကြောင့် ဖြစ်ပေသည်။
Flo သည် ထိုကိစ္စများတွင် စိတ်အားထက်သန်စွာ၊ စိတ်ဓာတ်ခိုင်မာစွာ ရပ်တည်ပြီး အောင်မြင်အောင် လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့၏။ သို့သော် Flo ဘာလုပ်လုပ် အတိုက်အခိုက်တွေနှင့် ရင်ဆိုင်ခဲ့ရလေသည်။ Flo ၏ ဇွဲရှိရှိ လုပ်ဆောင်မှုကြောင့် ဆေးရုံများသည် ပို၍ သန့်ရှင်းလာ၏။ ပို၍ အလင်းရောင် ရလာ၏။ ပို၍ ကောင်းမွန်သော စီမံမှုတွေ ရှိလာ၏။ စည်းကမ်းရှိသော သူနာပြု များစွာကို St.Thomas ဆေးရုံ၌ တည်ထောင်ထားသော Nightingale Training School မှ မွေးဖွားခဲ့လေသည်။ 'ဒါ ဘာကိုပြသလဲဆိုရင် သူနာပြုဆိုတာ လျင်မြန် ဖျတ်လတ်ရတယ်၊ သပ်ရပ်မှုရှိရတယ်၊ ထက်မြက်တယ်၊ စေတနာ ကောင်းတယ် ဆိုတဲ့ ပုံစံသစ်ကို ဖော်ပြပါတယ်'ဟူ၍ Flo က ဆိုခဲ့လေသည်။ ဤကား Miss Nightingale ၏ မေတ္တာ စေတနာတို့မှ မွေးဖွားလာသောအရာများ ဖြစ်ချေသည်။
Flo၏ Crimea တွင် လုပ်ဆောင်မှု၏ အကိုျးဆက်မှုများကြောင့် စစ်တပ် ရုံးများကပင် Flo ထံမှ အကြံညဏ်များ တောင်းယူပြီး နာခံခဲ့ကြရ၏။ ကျန်းမာ ရေးနှင့် ပတ်သက်သော စာရွက်စာတမ်းများကို Floထံ ပေးပို့ပြီး Floထံမှ နေ့စဉ်ဝတ္တရား ဇယားများ ရေးဆွဲပေးခြင်းကို တောင်းခံခဲ့ကြ၏။ Flo က စစ်သား များအတွက် 'ကွာတား' များ ထားရှိဖို့ အစီအစဉ်များကို တင်ပြပေးခဲ့၏။ Flo သည် အိန္ဒိယနိုင်ငံအပေါ်တွင် သြဇာအာဏာရှိသူအဖြစ် အသိအမှတ်ပြုခြင်းလည် ခံခဲ့ရ၏။ Flo သည် အိန္ဒိယတွင် မရှိသော်ငြားလည်း သူတို့ဆီက ဘုရင်ခံများ သည် အိန္ဒိယပညာရေးအတွက် Flo ထံ လာရောက်ခဲ့ကြ၏။
Floသည်  အယူဝါဒ  နက်နဲသော  ပညာရပ်များကို  စိတ်ဝင်စား၏။ Plato ၏ ပြောဆိုချက်များကို ဘာသာပြန်ဖို့အတွက် Benjamin Jowette က အကူအညီတောင်းရာ Flo က ကူညီခဲ့၏။ ထို့ပြင် ခရစ်ယာန်ဝါဒဆိုင်ရာ စာအုပ် တစ်အုပ်ကိုလည်း ရေးသားဖြစ်ခဲ့၏။
၁၉ဝ၁ ခုနှစ်တွင် Flo မျက်စိကွယ်ခဲ့၏။ Flo သည် စာလည်း မဖတ်နိုင်၊ စာလည်း မရေးနိုင်တော့။ Flo သည် နေ့စဉ် The Times မဂ္ဂဇင်း ဖတ်ပြတာတွေ ကို နားထောင်ခဲ့၏။ လှုပ်ရှားမှု သတင်းမှန်သမျှနှင့် သွက်သွက်လက်လက် ဆောင်းပါးတွေကို အလွန်နှစ်သက်၏။ Flo အနှစ်သက်ဆုံး စာအုပ်မှာ heodore Rosevelt ၏ Strenuous Life ''မဆုတ်မနစ်သော ဘဝအားမာန်'' အမည်ရှိ စာအုပ်ဖြစ်၏။ Flo သည် သူ့အစွမ်းဖြင့် မလှုပ်ရှားနိုင်တော့သောအခါ အခြား သူတွေ၏ တက်တက်ြွကြွက လှုပ်ရှားမှုအကြောင်းတွေကို နားထောင်ရတာကို နှစ်သက်ခဲ့၏။ တစ်ခါတစ်ရံတွင် သူများ ဖတ်ပြတာတွေအပြင် သူမဘာသာကဗျာများကို ရွတ်ဖတ်နေတတ်၏။ Shakespeare, Milton, Shelly နှင့် အီတလီ ကဗျာများထဲမှ စာကြောင်းများဖြစ်သည်။ Flo ငယ်စဉ်က နှစ်သက်ခဲ့သော အော် ပရာသီချင်းများကို ဆိုနေတတ်၏။
၁၉ဝ၆ ခုနှစ်လောက်တွင် Flo ကျန်းမာရေးဆိုးရွားလာ၏။ သီချင်းဆိုသံ၊ ကဗျာရွတ်သံလည်း မကြားရတော့။ သူ့ထံ လာကြသော မိတ်ဆွေအပေါင်းအသင်း များကိုလည်း သိပ်မမှတ်မိတော့။ ၁၉ဝရ ခုနှစ် နိုဝင်ဘာလတွင် King Edward VII က Order of Merit ဆုကို Flo ကို ပေးအပ်ခဲ့သည်။ ထိုဆုသည် ပထမဦးဆုံးအကြိမ်အဖြစ် အမိုျးသမီးကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် Flo သည် ထိုဆုကို ကိုယ်တိုင် သွားရောက် လက်ခံယူရန် မစွမ်းဆောင်နိုင်တော့ ပေ။ ထိုဆု ရရှိကြောင်းကိုသာ သူ နားလည်အောင် ပြောပြခဲ့ကြရ၏။ Flo က သူ့ကို သနားကြင်နာသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောခဲ့လေသည်။ ထိုဆုကို Florence Nightingaleရရှိကြောင်း ကြေညာလိုက်မှပင် လူထုက သူ မသေသေးကြောင်း သတိပြုမိခဲ့ကြသည်။ Flo ဆု ရရှိသည့်အတွက် ဝမ်း မြောက်သော စာများ၊ ဖုန်းများက ရေတံခွန်လို မရပ်မနား စီးဝင်လာကြလေသည်။ ထိုအထဲတွင် ကဗျာများ၊ ပန်းများလည်း ပါဝင်လေသည်။
၁၉ဝရ ခုနှစ် ကြက်ခြေနီ သူနာပြု အသင်းအဖွဲ့ဆိုင်ရာ အပြည်ပြည်ဆိုင် ရာ အစည်းအဝေးကိုLondon တွင် ကျင်းပခဲ့ပြီး-
‘Miss Nightingale ပထမဦးဆုံး ကြက်ခြေနီလှုပ်ရှားမှုကို စတင် တည် ထောင်ခဲ့သူ၊ သူမအနေဖြင့် လူ့လောကအတွက် ဆင်းရဲဒုက္ခခံ၍ ကိုယ်ကိုျးစွန့် အနစ်နာခဲ့သော အကိုျးတရားများသည် အသက်ကြီးငယ်မရွေး ကမ္ဘာကြီး တည်မြဲ နေသ၍ အသိအမှတ်ပြု လေးစားမြတ်နိုးနေမည် ဖြစ်ပါသည်’
ဟူသော မှတ်တမ်းကို Flo ထံသို့ ပေးပို့ခဲ့ကြသည်။ ထို့ပြင် Commander in chief, Lord Robert ကိုယ်တိုင်ရေး မှတ်တမ်း၊ အဲလစ်ဇဘက် ဘုရင်မ၏ မှတ်တမ်းများလည်း ပေးပို့ရရှိခဲ့သည်။ ထိုအချိန်၌ အမေရိကတိုက် တစ်ခုတည်းတွင်ပင် သူနာပြုများအတွက် လေ့ကျင့်ရေးကျောင်းပေါင်း ၁ဝဝဝ ရှိနေခဲ့ပြီ ဖြစ်လေသည်။
၁၉၁ဝ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင် Flo စကားနည်းလာ၏။ Crimea စစ်ပွဲတုန်းက အအေးမိခဲ့ခြင်း၊ အဖျားဝင်ခဲ့ခြင်း စသော ဒဏ်များ၊ အနှစ် ၄ဝ အတွင်း လူမှုရေးလုပ်ငန်းများ၊ သူနာပြုအဖြစ် ဆေးရုံများတွင် ကိုယ်ရောစိတ်ပါ အပြင်းအထန် လုပ်ခဲ့သော ဝန်ထုပ်ဝန်ပိုးများ၏ ဒဏ်ကိုလည်း ခံခဲ့ရလေသည်။
Flo သည် ၁၉၁ဝ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ ညနေစောင်း အချိန်တွင် မနိုးသော အိပ်စက်ခြင်းဖြင့် အိပ်စက်ခဲ့လေပြီ။
''ကျွန်မရဲ့ ရုပ်ကလာပ် ဘယ်နေရာမှာ လဲလျောင်းနေတယ်ဆိုတဲ့ အမှတ် အသား လုပ်ထားတဲ့ သတိရစရာ ဘာမှမရှိရ'' ''ကျွန်မကို ပို့ဆောင်ဖို့ လူနှစ် ယောက်ထက် ပိုစရာ မလို။ အဆင်တန်ဆာတွေ မလို။ အနီးဆုံး အဆင်ပြေမယ့် သင်္ခိုျင်းမြေမှာပဲ မြှုပ်နှံပေးပါ''ဟု Flo က ဆိုခဲ့ဖူးလေသည်။
ထို့ပြင် Flo က သူ့ကိုယ်ခန္ဓာအား 'ဆေးသိပ္ပံနှင့်ပတ်သက်သော ခွဲခြမ်း စစ်ဆေးရာ ခွဲစိတ်ဌာန'သို့ ပေးပို့သင့်သည်ဟု ဆုံးဖြတ်ညွှန်ကြားခဲ့လေသည်။ ထိုအချက်ကတော့ မဖြစ်မြောက်ခဲ့ပေ။
အသုဘအခမ်းအနားဖြင့် မြှုပ်နှံခြင်းကို ငြင်းပယ်ခဲ့သည့် Flo ၏ ဆန္ဒ အတိုင်း သူမ၏ မိသားစု ဂူသင်္ခိုျင်းရှိရာ Hamsphire အရပ် East Wellow မြို့ငယ်လေးရှိ ဘုရားရှိခိုးကျောင်း ပရဝဏ်သို့ Flo ၏ ရုပ်အလောင်းကို ဗြိတိသျှ စစ်တပ်အရာရှိ ၆ ယောက်က သယ်ဆောင်လာခဲ့ကြလေသည်။ ဂူပေါ်တွင် F.N.Flo ဟု အမည်အတိုကောက်ရေးကာ ကမ္ပည်းရေထိုးထားခဲ့လေသည်။
ချမ်းသာြွကယ်ဝသော မိသားစုမှ ပေါက်ဖွားလာသော်ငြား မိမိ၏ စည်းစိမ် ချမ်းသာတွင် သာယာမနေဘဲ ဘဝတစ်ခုလုံးကို သူနာပြုအလုပ်တွင် မြှုပ်နှံခဲ့သော ထူးခြားသည့် အမိုျးသမီးတစ်ဦးဖြစ်သူ Florence Nightingale၏ ဂုဏ်ယူ အားကျဖွယ် လုပ်ရပ်များကို တင်ပြလိုက်ရပါသည်။

No comments: