ကဗျာဆရာနှင့်ကဗျာ - ဂျူ နီယာဝင်း
(အမှတ် ၁၆ဝ, ၂ဝဝ၃ ခုနှစ်၊ မတ်လ)
ကဗျာဆရာဆိုတာဟာ 'ကဗျာဆရာအဖြစ်နှင့် မွေးဖွားသန့်စင်လာပါသည်။ ဘယ်လိုသင်ကြားမှု၊ အားထုတ်မှုနှင့်မှ ကဗျာဆရာမဟုတ် သူတစ်ယောက်ကို ကဗျာဆရာဖြစ်သွားအောင် ပြောင်းပစ်လို့ မရနိုင်ပါ'ဟု ဆိုပါသည်။ Coleridgeအမည်ရှိ ပုဂ္ဂိုလ်တစ်ဦးကတော့ 'ရင်းနှီး သော အရာများကို သူစိမ်းပြင်ပြင် ဖြစ်သွားအောင်၊ သူစိမ်းပြင်ပြင် ဖြစ်နေသောအရာများကို ရင်းနှီးကျွမ်းဝင်လာအောင် ကဗျာဆရာများကသာ တတ်နိုင်ပါလိမ့်မည်'ဟု ဆိုလေသည်။
ကဗျာဆရာ ရွေးချယ်လိုက်သော စကားလုံးများသည် လှပသော စကားလုံးများ ဖြစ်နေ၏။ သူပြောချင်သည်ကို ရိုးရိုးရှင်းရှင်း တင်ပြ ထား၏။ ပန်းပုပညာရှင်သည် ကျောက်တုံးကျောက်ဆိုင်များကို ထုဆစ်၍ သူအလိုရှိရာပုံကို ဖော်၍သကဲ့သို့လည်းကောင်း၊ ပန်းချီဆရာသည် ဆေးရောင်စုံများဖြင့် လှပသော ပန်းချီကားကို ရေးဆွဲသကဲ့သို့ လည်းကောင်း၊ ဂီတပညာရှင်သည် သံစဉ်လှိုင်းများဖြင့် တေးသီချင်းဖွဲ့သီသကဲ့ သို့ လည်းကောင်း၊ ကဗျာဆရာသည်လည်း စကားလုံးများဖြင့် ကဗျာစပ်ခြင်းအလုပ်ကို လုပ်သည်ဟု ဆိုလေသည်။
ကဗျာဆရာသည် ကျွန်မတို့ သတိမထားမိသော သာမန်ဟု ယူဆထားသော အရာများကို အထူးအဆန်းသဖွယ် ခံစား၍လည်းကောင်း၊ ကျွန်မတို့အနား ပတ်ဝန်းကျင်မှာ ဘာသိဘာသာပင် တည်ရှိနေသော သဘာဝတရား၏ လှို့ျဝှက်ချက်များကို ဖော်ထုတ်၍လည်းကောင်း အသက် သွင်းလိုက်သောသူများ ဖြစ်ချေသည်ဟု တင်စားခဲ့ကြလေသည်။
ကဗျာစစ်ကဗျာမှန်ဟူည် ကျွန်မတို့ မမြင်သောအရာများကို သိမြင်လာအောင်၊ လက်ဖြင့် ဆုပ်ကိုင်၍ မရသောအရာများကို ခံစားတတ်လာအောင်၊ အဆုံးမရှိသော အရာများကိုပင် ထိတွေ့လို့ရလာအောင်၊ နှိုင်းယှဉ်၍မရသော အလှတရားကို နှလုံးသားဖြင့် မြင်လာ အောင် ပြုစားနိုင်စွမ်းရှိပေသည်ဟု ဆိုပါသည်။
ဤအဓိပ္ပာယ်များဖြင့် စပ်ဆိုထားသော ကဗျာတစ်ပုဒ်မှာ ဤသို့ဖြစ်သည်။
‘Alas! The things we always see
We fails to see, our eyes grows blind,
The poet turns the golden key
And opens windows in the mind;
The world material wears thin,
And for a moment to our eyes.
Shine through the great realities,
The deep mysterious verities,
The eternal things unseen.’
'ကျွနု်ပ်တို့ အမြဲတမ်း မြင်တွေ့နေပြီး သတိမပြု ချော်သွားတဲ့အရာတွေကို ကဗျာဆရာသည် ရွှေသော့ကို ကိုင်ကာ စိတ်ပြတင်းတံခါး ပေါက်များကို ဖွင့်လိုက်သကဲ့သို့ ရုပ်ဝတ္ထုကမ္ဘာကြီးသည်ပင် သေးငယ်ပိန်လှီသွားကာ လှို့ျဝှက်ချက်များ၊ အမှန်တရားများ၊ သာမန်လူ မမြင်နိုင် သည့် အဆုံးစွန်သော အရာများသည် ထိုခဏတာလေးမှာတော့ဖြင့် ကျွနု်ပ်တို့၏ မျက်လုံးအစုံမှာ ထိုးထွင်းသိမြင်သွားပေတော့သည်'တဲ့။
ကဗျာဆရာနှင့် ထိုအရာများကြားတွင် ဆက်သွယ်မှုတစ်ခုတော့ ရှိနေပေသည်တဲ့။ ထိုလူတိုင်း၊ သာမန်လူတိုင်းနားမလည်၊ မခံစားနိုင်၊ မမြင်တွေ့နိုင်တာတွေကို ကဗျာဆရာသည် အလွယ်တကူနားလည်နိုင်သော စွမ်းရည်၊ တန်ခိုးဣဒ္ဓိပါဒ်တို့နှင့် ပြည့်စုံနေပေသည်ဟု ဆိုကြလေ သည်။
ကဗျာဆရာသည် ကဗျာကို သူ့ခံစားချက်များဖြင့် လည်းကောင်း၊ သူ့အသည်းနှလုံးဖြင့် လည်းကောင်း ရေးဖွဲ့လိုက်သောအခါ ကဗျာဖတ်သူတို့၏ စိတ်အစဉ်တွင် ခံစားမှုဟူသော အရာသည် ပေါ်ထွက်လာပေတော့သည်။ ကဗျာများတွင် ပျော်ရွှင်မှု၊ ငိုကြွေးစေမှု၊ ရယ်မောစေမှု၊ အမျက်ထွက်မှု၊ စဉ်းစားတွေးခေါ်မှု၊ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုများ စီးဝင်လျက်ရှိနေလေသည်။ ကဗျာဖတ်သူည် ကဗျာဆရာ ၏ ကဗျာကို ဖတ်ပြီးသည့်အခါ တစ်စုံတစ်ခုကို ခံစားသွားရမည်။ တစ်စုံတစ်ခုကိုမှ မခံစားလိုက်ရဘူးဟု ဆိုလျှင် ဤကဗျာကို ရေးစပ်လိုက် သော ကဗျာဆရာသည် ခံစားချက်မရှိဘဲ ရေးဖွဲ့လိုက်သောကြောင့်သာ ဖြစ်ရမည်။ ကဗျာဖတ်သူ၏ ရင်ထဲက နှလုံးသားကို လှုပ်နှိုးလိုက်သော ကဗျာမှသာလျှင် ကဗျာဆရာ၏ ခံစားချက်တွေကို မျှဝေခံစားလိုက်ရသည်မည်ပေသည်။ ကဗျာဆရာသည် တစ်စုံတစ်ရာကို နက်နက်နဲနဲ ခံစား လိုက်ရသည့်အခါ ကဗျာတစ်ပုဒ်ကို မွေးဖွားလိုက်လေ၏။ ဥပမာဝမ်းနည်းခြင်း၊ နောင်တရခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့လိုက်ရသောအခါ သူ့နှလုံးသား ခံစားချက်များသည် မျက်လှည့်ပညာစွမ်း ပြလိုက်သကဲ့သို့ ကဗျာများအသွင်အဖြစ် ရောက်ကုန်ပေ တော့သည်။
ကဗျာဆရာ William Ernest Henley (၁၈၄၉-၁၉ဝ၃) သည် အင်္ဂလိပ်လူမိုျးစာရေးဆရာ၊ ကဗျာဆရာကြီး ဖြစ်လေသည်။ ၁၈၇၃- ခုနှစ်တွင် အဆုတ်ရောဂါပိုး တိုက်ခိုက်မှုကြောင့် နိငညဘကမါန ဆေးရုံတွင် လ ၂ဝ ကျော် တက်ရောက်ကုသမှု ခံခဲ့ရလေသည်။ ထို့နောက် ခြေထောက် မသန်မစွမ်းဘဝဖြင့် သူ့ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရချိန်တွင် ထိုနာကျင်မှုကို အခံရဆုံးမှာ သူကိုယ်တိုင်ပင်ဖြစ်တော့သည်။ ထိုနာကျင်ခဲ့ရမှုများကို အကြောင်းပြု၍ ၁၈၈၈ ခုနှစ်တွင် သူရေးသားခဲ့သော ဒှုညလငခအကျဒ ကဗျာသည် အကောင်းဆုံးကဗျာတစ်ပုဒ် ဖြစ်ခဲ့ရ လေသည်။
သူ့လိုပင် အဖြစ်တူည့် ရောဂါရှင်တွေလည်း ရှိနေမည်ဖြစ်သော်လည်း ကဗျာဆရာဟူသော သာမန်နှင့်မတူသည့် သာမန်ထက်ပို၍ ခံစားတတ်သော နှလုံးသားပိုင်ရှင် ဖြစ်သည့်အတွက်ကြောင့် ပြောင်မြောက်သော ကဗျာတစ်ပုဒ်ဖြစ်ခဲ့ရခြင်း ဖြစ်ပေေတော့သည်။
ဤကဗျာကို မြန်မာလို ပြန်ထားသည့် ဘာသာပြန်ကဗျာ 'အနိုင်မခံ'ဟူ၍ တွေ့ဖူးပါသည်။ ထိုဘာသာပြန်ထားသည်ကို သူ့ထက် ကောင်းအောင် ကျွန်မ မရေးတတ်ပါ။ 'အသူတစ်ရာနက်လှသော ချောက်ကမ်းပါးအတွင်းမှ ငါ့အား ငါ၏ မကြောက်တရားကို ဖန်တီးထား သည့် နတ်သိကြားများကို ငါကျေးဇူးဆိုပါ၏။ လောကဓံတရား၏ ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ငါသက်ဆင်းကျရောက်ငြားလည်း ငါကား မတုန်လှုပ်၊ မငိုေြွကး။ ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့် ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့်ချင်းချင်းနီ၏။ သို့သော် ငါ့ဦးခေါင်းကား မညွတ်။ လောဘ ဒေါသတို့ ကြီးစိုးရာ ဤကမ္ဘာ၏ အခြားမဲ့၌ သေခြင်းတရားသည် ကြောက်ဖွယ် ငံ့လင့်၏။ သို့သော် ငါ့အား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင် အစဉ်တွေ့ရလတ္တံ့'ဟု ခြောက်လှန့်လျက်ရှိသော ရှေ့ကံကြမ္မာဆိုးကြီးကို ပင် စိန်ခေါ်လိုက်သော အသံများကို ကြားလိုက်ရပေတော့သည်။
ယင်းသို့ဆိုအပြီးဝယ် ကဗျာကို ဤသို့ အဆုံးသတ်ထားလိုက်လေသည်။
‘It matters not how strait the gate,
How charged with punishment the scroll,
I am the master of my fate:
I am the captain of my soul.’
'သုဂတိသို့ သွားရာတံခါးသည်မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ၊
ယမမင်း၏ ခွေးပုရပိုက်တွင် ငါ၏ အပြစ်များ မည်မျှပင် ရေးခြစ်ထားစေ၊
ငါသာလျှင် ငါ့ကြမ္မာ၏ အရှင်၊ ငါသာလျှင် ငါ့ဘဝ၏ သခင်ဖြစ်တော့သည်'။
(ဘာသာပြန်သူ ဗိုလ်ခုျပ်အောင်ဆန်း)
နောက်ဆုံးလိုင်း နှစ်လိုင်းသည် အမှန်တရားနှင့် အလှမ်းကွာလျက်ရှိလေသည်။ ‘The capain of his soul.’ ငါ့ဘဝ၏ သခင်ဖြစ် ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ သို့သော် ‘’The master of his fate.’ ကံကြမ္မာ၏အရှင် ဖြစ်နိုင်ပါ့မည်လား။
ဒီနေရာမှာ ယခုလို စဉ်းစားကြည့်ပါမည်။ ကျွန်မတို့သည် ကံဆိုးမိုးမှောင်ကို ကိုင်ဆွဲ၍ ကောင်းမွန်သန့်စင်သော ကမ္ဘာကြီး၏ လက်ထဲ ဝကွက်အပ်နှင်းပြီး လှပသည့် ကံကောင်းခြင်းအဖြစ်သို့ ပြောင်းစေကာ အခြေအနေ အရပ်ရပ်ကို ထိန်းခုျပ်နိုင်မည်ဆိုရင်ပေါ့။ သို့သော်လည်း စိတ်ဓာတ်ကြံ့ခိုင်ပြီး သတ္တိရှိသော လူတစ်ယောက်၏ ဖြစ်လာသော အခြေအနေတွေပေါ်မှာ ကြိုးစားရပ်တည်ခြင်းနှင့် ထိုကံကြမ္မာတရား၏ သူ့အပေါ် လွှမ်းမိုးအနိုင်ယူခြင်းကို ဖယ်ရှားပစ်လိုက်သော သူ့၏ အနိုင်မခံခြင်းကို ကျွန်မတို့ မလေးစားဘဲ မနေနိုင်ပါချေ။
ကဗျာသည် အသက်ဝင်ကာ လှုပ်ရှားရုန်းကန်နေသော ပုံရိပ်များကို တွေ့လိုက်ရ၏။ ကဗျာသည် W.Henleyကိုယ်တိုင် ခံစားသက် ဝင်ထားသော သူကိုယ်တိုင်၏ ဝိညာဉ်များ စီးဝင်လျက်ရှိနေသည်။ ကံကြမ္မာဆိုးက နှိပ်စက်သော ကိုယ်ခန္ဓာထက် စိတ်၏ ခွန်အားသည် မည်မျှ အရေးပါကြောင်းကို ကဗျာဆရာက ဖော်ကူျးတင်ပြထား၏။
ကဗျာဆရာဟူသည် ကျွန်မတို့ မစဉ်းစားလိုက်မိသော အရာများကို စဉ်းစားမိတတ်၏။ ကျွန်မတို့ကိုယ်တွေ့ ကြုံလိုက်ရသော အရာများ ကို ခံစားချက်ဖြင့် ထိတွေ့တတ်၏။ ကျွန်မတို့ မျက်စိဖြင့် တပ်အပ်မြင်သော အရာများကို နှလုံးသားဖြင့် တွေ့မြင်တတ်၏။ ဘာမဟုတ်တာ လေးကိုလည်း ကြီးကျယ်ခမ်းနားစွာ ဖွဲ့သီတတ်၏။ သူများတွေ ရေးကြီးခွင်ကျယ်ထားတာတွေကိုလည်း ပေါ့ပေါ့ပါးပါး တွေးနေတတ်၏။ ကဗျာဆရာတွေကို နားလည်ဖို့ခက်ပါသည်။ သူတို့ကို နားလည်ဖို့ ကဗျာတွေကို ဖတ်နေကြတာလားဟု တွေးမိပါသည်။
မှီငြမ်း- The Appreciation of Poetry by H.Martin
No comments:
Post a Comment