Monday, February 3, 2014

သတ္တိရှိိှခြင်း - Junior Win

သတ္တိရှိိှခြင်း - Junior Win

အတွေးအမြင် (၁၄၈)၊ ၂ဝဝ၁ မတ်လ

သတ္တိရှိတာနဲ့ မရှိတာကို အမိုျးမိုျး အဓိပ္ပာယ် သတ်မှတ်ကြပါတယ်။ ဘယ်လိုပဲ အဓိပ္ပာယ်သတ်မှတ်ပါစေ သတ္တိရှိတာကိုပဲ ကြိုက်နှစ်သက်ကြပါတယ်။ ကျွန်မ တို့သည်လည်း သတ္တိရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်ချင်ကြပါတယ်။ ဒါကြောင့် ဒီ သတ္တိဆိုတာ ဘယ်လောက်များ အင်အားကြီးလို့ လွှမ်းမိုးနေတာပါလိမ့်လို့ စဉ်းစားမိပါတယ်။
ကလေးဘဝကတည်းက ဆရာ စာမေးရင် ရဲရဲဝံ့ဝံ့ ထဖြေရဲတာ၊ ကျောင်း အုပ်ဆရာမကြီးအခန်းကို ကိစ္စရှိလို့ သွားရရင် သတ္တိရှိတဲ့လူကိုပဲ ရွေးချယ်သွား ခိုင်းတတ်တာကစလို့ သတ္တိဟာ တော်တော်အရေးပါနေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြတဲ့အခါ ဗလကောင်းတဲ့ ကလေးက အနိုင်ရသွားရင် ဒါကိုပဲ သတ္တိလို့ ခေါ်ဝေါ်သလားလို့ ထင်ခဲ့မိတယ်။ ရှုံးမယ်မှန်း သိလျက်နဲ့ ကိုယ့်ထက်ဗလကောင်းတဲ့သူကို ပြိုင်ချရဲသူကိုရော သတ္တိရှိတယ်လို့ ခေါ်သလား။ ဒါဟာ တွေးစရာပါပဲ။
အဲဒီအတွက် Oliver Goldsmith(၁၇၂၈-၁၇၇၄) ရဲ့ စာကြောင်းအခို့ျကို ထည့်စဉ်းစားကြရပါမယ်။
For he who fignts and runs away,
May live to fight another day.
အဓိပ္ပာယ်က ရှင်းပါတယ်။ လူဆယ်ယောက်နဲ့ ကိုယ်တစ်ယောက်ဆိုရင် ဘယ့်နှယ်လုပ်ပါ့မလဲ၊ ထွက်ပြေးမှာပေါ့။ ဒါကို သတ္တိမရှိဘူးလို့ မဆိုနိုင်ပါဘူး။ မိမိမှာရှိတဲ့ ညဏ်တစ်မိုက်ကလေးနဲ့ မိုက်ရူးရဲဆန်တဲ့အလုပ်ကို မလုပ်တာဟာ ကိုယ့်အသက်ဆက်ရှင်ဖို့၊ ရင်ဆိုင်ဖို့ အင်အားတွေ ရလိုက်တာပဲ ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ တစ်ခုခု ဆုံးဖြတ်ချက်ချဖို့ ချီတုံချတုံ ဖြစ်နေတတ်ကြပါတယ်။ အဲဒီလိုအခါမှာ တစ်ယောက်ယောက်က သတ္တိဆိုတဲ့ စကားလုံးနဲ့ ကိုင် လိုက်ရင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေတောင် ကိုယ်တကယ် လုပ်ချင်နေတာကနေ သွေဖည်သွားတာတွေ ဖြစ်တတ်ပါတယ်။ William Shakespeare (၁၅၆၄-၁၆၁၆) ရဲ့  Julius Caesar ပြဇာတ်မှာ Julius Caesar ရဲ့ သတ္တိကို ဖွင့်ဆိုပုံကြောင့် သူ့ကို သူ့လူတွေ သတ်ဖြတ်မယ့် အစီအစဉ်ထဲ တိုးဝင်သွားခဲ့ရပါတယ်။
မတ်လ ၁၅ ရက် သို့မဟုတ် The Ides of March မနက်မှာ Caesar ရဲ့ ဇနီး Calpurnia ဟာ အိပ်မက်ဆိုးတစ်ခု မက်ခဲ့ပါတယ်။ အိပ်မက်အရ ထိုနေ့မှာ ကျင်းပမယ့် Senate House အစည်းအဝေးကို တက်ရောက်မယ့် Caesarအတွက် နိမိတ်မကောင်းဘူးလို့ ဆိုပါတယ်။ ဒါကြောင့် Caesarကို အိမ်ပြင်မထွက်ဖို့ ဝိုင်းတားကြပါတယ်။ Caesarကတော့ အခုလို ယူဆပါတယ်။
Cowards die many times before their deaths; The valiant never taste of death but once.
'သူရဲဘောကြောင်သူများဟာ အကြိမ်ပေါင်းများစွာ သေပါတယ်။ သတ္တိ ရှိသူဟာ တစ်သက်မှာ တစ်ခါသာ သေပါတယ်'
သတ္တိရှိတယ်ဆိုတာ အန္တရာယ်ကို မကြောက်ခြင်းနဲ့ ရင်ဆိုင်ရဲခြင်းဖြစ် တယ်လို့ Caesarက ဆိုပါတယ်။ အန္တရာယ်ကောင်နဲ့ Caesarနဲ့ဟာ တစ်ရက် တည်း မွေးခဲ့တဲ့ ခြင်္သေ့နှစ်ကောင် ဖြစ်ပါတယ်။ ပြီးတော့ Caesarဟာ အကြီးဖြစ်ပြီး ပိုပြီးတော့ ကြောက်မက်ဖွယ်ကောင်းပါတယ်တဲ့။
We are two lions litter’d in one day,
And I the elder and more terrible.’
နောက်တော့ တားမြစ်သံတွေ သတိပေးသံတွေ ကြားထဲမှာ Caesarဝေ့လည်လည်ဖြစ်နေစဉ် ီနခကငျ ဆိုသူ ပုဂ္ဂိုလ်က အခုလို ဆွလိုက်ပါတယ်။ သူက-
'Caesarမိန်းမရဲ့ အိပ်မက်ကြောင့် Caesarကြီး ရောက်မလာတာကို သာ သိသွားခဲ့ရင် နောက်တစ်ခါ စည်းဝေးပွဲမှာ Caesarရဲ့ မိန်းမ အိပ်မက်လှလှ မက်ပါစေလို့ ဆုတောင်းပေးကြရတော့မယ် ထင်ပါတယ်'လို့ ဆိုလိုက်ပါတယ်။
လူငယ်တွေအချင်းချင်း ဆေးလိပ်သောက်ဖို့ ဆွယ်တာ၊ အရက်သောက်ဖို့ တိုက်တွန်းတာကို မပြောနှင့် Caesarလို ပုဂ္ဂိုလ်ကြီးတောင်မှ ဒီလို စကားမိုျး ပြောတာကို မခံနိုင်ပါဘူး။ ဒါဟာ သတ္တိရှိတယ်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက် ကြောင့်ပဲလား။ ဘယ်သူကရော သူရဲဘောကြောင်သူ ဖြစ်ချင်မှာလဲ။ အထူးသဖြင့် Caesarလို ပုဂ္ဂိုလ်ဟာ လူပုံအလယ်မှာ အရှက်မရချင်ပါဘူး။ ဒီလို အပြော မိုျးတွေကို ဆင်ခြင်ပြီး ခံနိုင်တာကိုရော သတ္တိလို့ ခေါ်နိုင်သလားလို့ ကျွန်မ စဉ်းစားမိပါတယ်။
GeorgeBernard Shaw(၁၈၅၆-၁၉၅ဝ) ရဲ့ Androcles and the lion ပြဇာတ်မှာ ခြင်္သေ့စာကျွေးခံရတဲ့ ခရစ်ယာန်တွေအကြောင်း တွေ့ရမှာ ဖြစ်ပါ တယ်။ ရောမအင်ပါယာဟာ ခရစ်ယာန်များကို သူတို့ကို လွှမ်းမိုးဖို့ ကြိုးစားနေကြ သူများဟုယူဆပြီး သတ်ဖြတ်နှိမ်နင်းပစ်ခဲ့ကြပါတယ်။ ခရစ်ယာန်များဟာ ရောမ နတ်ဘုရားများကို ကန်တော့ခြင်း၊ အမွှေးတိုင် ပူဇော်ခြင်းများကို ပြုလုပ်ဖို့ရန် ငြင်းဆန်ခဲ့ကြပါတယ်။ အဲဒီအတွက် အမိုျးမိုျးသတ်ဖြတ်ခဲ့ရမှုများထဲမှာ ခြင်္သေ့စာ ကျွေးခြင်းလည်း အပါအဝင် ဖြစ်ပါတယ်။ ခရစ်ယာန်များက သူတို့ရဲ့ အသက် ပေးမှုကို Christ ၏ ကယ်တင်ခြင်းဟုယူဆပြီး စိတ်အားထက်သန်လျက် ရှိနေ ကြောင်းကို G.B.Shaw က သူ့ပြဇာတ်ထဲမှာ ရေးဖွဲ့ထားပါတယ်။
G.B.Shaw ရဲ့ ဇာတ်ကောင် ခရစ်ယာန်တွေရဲ့ သတ္တိနဲ့ ပတ်သက်ပြီး သူတို့ကို ထိန်းသူ Captainက အခုလို မှတ်ချက်ချပါတယ်။ 'မင်းတို့ ခရစ် ယာန်တွေရဲ့ သတ္တိဟာ အမှန်တော့ မိုက်မဲမှုသာ ဖြစ်ပါတယ်။ မင်းတို့ဟာ ကမ္ဘာပေါ်မှာ အမိုက်မဲဆုံး သတ္တဝါတွေပဲ။ ခရစ်ယာန် အမိုျးသမီး Lavinia ကိုလည်း Diana နတ်သမီးရုပ်တုရှေ့မှာ အမွှေးတိုင်ထွန်းပြီး သူ့ကိုသာ လက် ထပ်လိုက်ရင် ခြင်္သေ့စာကျွေးလည်း မခံရတော့ဘူးလို့ Captain က ဆိုပါတယ်။ အဲဒီလို လုပ်လိုက််ဖို့လည်း ဃစေအငေည က အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့Lavinia ရဲ့ နောက်ဆုံး ပြန်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် Catain ဟာLavinia အမွှေးတိုင် ထွန်းခဲ့ရင်တောင် သူ ဘယ်လိုမှ ခွင့်လွှတ်မှာ မဟုတ်ဘူး ဖြစ်သွားခဲ့ရပါတယ်။
'အကယ်၍ ကျွန်မက ဒီအမွှေးတိုင်ထွန်းပြီး ဒီပွဲကို အဆုံးသတ်လိုက်မယ်။ နောက် Captain ကို လက်ထပ်လိုက်မယ်ဆိုရင် နောက်တစ်ချိန် ကျွန်မ မွေးလာ တဲ့ သားတွေကို ကျွန်မလို သူရဲဘောနည်းသူတွေအဖြစ် ခံယူခိုင်းမှာလား'တဲ့။
G.B.Shaw ဟာ သူ့ရဲ့ ပြဇာတ်မှာ ရောမခေတ်က ပုံရိပ်တွေကို ထင်ဟပ် ပြီး ဟာသဆန်ဆန် ရေးဖွဲ့့ပါတယ်။ ခရစ်ယာန်ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ရဖို့ နှစ်ပေါင်း ၃ဝဝ လောက် ကြာခဲ့တယ်လို့ လေ့လာခဲ့ဖူးပါတယ်။ နောက်ဆုံး ကြီးမားတဲ့ ပြောင်းလဲမှုကတော့ အင်ပါယာConstantine လက်ထက် မှာ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ခရစ်ယာန်ဖြစ်လာပြီး ခရစ်ယာန်ဘာသာဟာ ရောမလူမိုျးအားလုံးရဲ့ တစ်ခုတည်းသောဘာသာ ဖြစ်လာပါတယ်။
သတ္တိ (Courage) ဆိုတဲ့ noun ကို (abstract noun) သဘောတရား ကိုင်တွယ်ပြီး ပြလို့မရတဲ့ နာမ်လို့ ဖြစ်ပါတယ်။ သူနဲ့ အဓိပ္ပာယ်တူတဲ့ စကား လုံးတွေက valiant, brave တို့ ဖြစ်ပါတယ်။ ကိုင်တွယ်ချိန်တွယ်ပြီး ပြလို့ မရပေမယ့် သတ္တိရှိတယ်၊ မရှိဘူးဆိုတာကိုတော့ ကိုယ့်ဘာကိုယ် သတ်မှတ်ထား ခဲ့ကြပါတယ်။ ဘယ်လိုပဲသတ်မှတ်ပါစေ သတ္တိရှိတာကိုတော့ ပိုကြိုက်ကြတယ်။
Caesarဟာ သူ့မိန်းမရဲ့ အိပ်မက်ကို အယူသီးပြီး အပြင်မထွက်လို့ သေဘေးက လွတ်သွားတယ်ဆိုတဲ့ အပြောမိုျး ခံရမှာထက် အခုဆိုရင် ရာဇဝင် မှာ သူ့ရဲ့ သူရဲဘောမနည်းနဲ့ စိတ်ဓာတ်က တွင်ကျန်ရစ်ခဲ့ပါတယ်။ ခရစ်ယာန်တွေ ဟာ သူတို့ရဲ့ဘာသာကို အသက်ထက်တောင် တန်ဖိုးထားကြပါ့လားဆိုတဲ့ သူတို့ ရဲ့ သတ္တိဟာလည်း ယနေ့တိုင် ပြောစမှတ်ပြုနေကြရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းမတူကြလို့ သူတို့ကို ချီးမွမ်းချင် ချီးမွမ်းမယ်။ ကဲ့ရဲ့ချင် ကဲ့ရဲ့ကြမယ်။ ဒါပေမဲ့ သူတို့ရဲ့ ''သတ္တိ'' ဆိုတဲ့အရာကို အရောင်ဆိုးလို့ မရ တာကတော့ သေချာပါတယ်။

No comments: