Tuesday, February 4, 2014

ခံစားမိသော ကဗျာများ - Junior Win

ခံစားမိသော ကဗျာများ - Junior Win

အတွေးအမြင် (၁၅၃)၊ ၂ဝဝ၂ ဖေဖော်ဝါရီ

ကဗျာဆိုတာ ဘာလဲလို့ တိတိကျကျ အဖြေမရှိပေ။ ကဗျာ၏ အဓိပ္ပာယ်သတ်မှတ် ချက်ကို ကျေနပ်စေလောက်အောင် ဘယ်သူမှ အဖြေမပေးနိုင်ကြသေးချေ။ ကဗျာ မှာ စီးဝင်နေသော နူးညံ့သိမ်မွေ့မှု ဖြစ်ပါသတဲ့။ ပြီးတော့ ကျွန်မတို့အတွက် ဒီအဖြေမရှိလို့လည်း ပြဿနာ မဟုတ်ပါဟု ဆိုပါသည်။ နှင်းဆီပန်းလေးတစ်ပွင့် ကို ကျွန်မတို့ နှစ်သက်သဘောကျခြင်းကို သိပ္ပံနည်းကျကျ ဖြေရှင်းပြစရာ မလိုသကဲ့သို့ပင် ဖြစ်ပေသည်ဟု ဆိုပါသည်။
ကိုယ့်ခံစားချက်နှင့် တိုင်ဆိုင်သွားလို့ဖြစ်ဖြစ်၊ ကဗျာဆရာ၏ ဖန်တီးချက် ကို နှစ်သက်သဘောကျသွားမိလို့ဖြစ်ဖြစ် ဤကဗျာကို အလွတ်ရမတတ် ကျက် ချင်စိတ် ပေါက်လာနိုင်သလို တစ်ခါတစ်ရံမှာတော့ တိုက်ဆိုင်ရကောင်းလား၊ ငါ့ကို တမင်ရည်ရွယ်ပြီးများ ရည်ညွှန်းသရော်လိုက်သလားရယ်လို့ စိတ်ထဲ ခံစား မိကာ ထိုကဗျာနှင့် ဝေးရာကို သွားနေမိရုံမက ကဗျာတွေကိုပင် လွှင့်ပစ်လိုက်မိ တာမိုျးလည်း ရှိတတ်လေသည်။ ဒါမိုျး ကျွန်မ တွေ့ခဲ့ဖူးတာက စာအုပ်တစ်အုပ် ထဲမှာ ဖြစ်ပါတော့သည်။
          Edward Everett Hall (၁၈၂၂-၁၉ဝ၉) ရေးသားသော The Man without a Country 'တိုင်းပြည်မဲ့လူတစ်ဦး' စာအုပ်တွင် ဖြစ်ပါသည်။ United Statesစစ်တပ် အရာရှိ Philip Nolanသည် ရဲရင့်သော၊ ဖျတ်လတ်တက်ြွက သော ဇာတ်ကောင်တစ်ဦးဖြစ်သည်။ ပြီးတော့ တိုင်းပြည်ကိုလည်း ချစ်သောသူ တစ်ဦးဖြစ်လေသည်။ ၁၈ဝ၅ ခုနှစ်တွင် အင်ပါယာကြီးတစ်ခု တည်ဆောက်မည် ဟု သတင်းပြေးနေသူ၊ ရည်မှန်းချက် ကြီးမားလွန်းသူ Aaron Burr အမည်ရှိ ပုဂ္ဂိုလ်တစ်ဦး  ဖျက်ဆီးခဲ့သော  လူငယ်များတွင်  ဓားစားခံတစ်ဦး  ဖြစ်ခဲ့ရသောPhilip Nolan ၏ ဘဝသည်''တိုင်းပြည်မဲ့လူတစ်ဦး'' ဖြစ်ခဲ့ရလေသည်။ Burr ၏ ကွန်ရက်ထဲ ဘုမသိဘမ သိဝင်သွားခဲ့ရသော Nolan သည် တရားရုံးတွင် ဤအမှုဖြင့် အစစ်ဆေးခံခဲ့ရလေသည်။ တရားခွင်တို့၏ ထုံးစံအတိုင်း ချောင်ပိတ် မေးသော မေးခွန်းများကို သည်းမခံနိုင်တော့သော Nolan သည် ဤသို့ တုံ့ပြန် ပြောခဲ့လေတော့သည်။
'ကျွန်တော့်ဘဝတစ်သက်တာမှာ ဤ United States ဟူသော အမည်ကို မကြားပါရစေနှင့်တော့။ ဤအမည်နာမကို ကျွန်တော် နောက်နောင် မကြားလို တော့ပါခင်ဗျား'
ဤအချိန် ဤနေရာမှ စတင်၍ Nolan ၏ ဆန္ဒများကို တရားရုံးမှ ဖြည့်ဆည်းပေးခဲ့လေတော့သည်။ ''Nolan သည် ဤနေ့ ဤအခါမှစ၍ United States ဟူသော အမည်ကို နောက်နောင် မကြားစေရ။ ဤနိုင်ငံ ဤတိုင်းပြည်နှင့် ပတ်သက်သော သတင်းအချက်အလက်ဟူသမျှကို Nolan မကြား မမြင်စေရ။ သူ့တိုင်းပြည်ကို ဤတစ်သက် ပြန်လည်မတွေ့စေရ'' Nolan ၏ ရယ်မောလိုက် သံသည်သာ တရားခွင်ပေါ်တွင် လွှမ်းမိုးကုန်လေတော့ပြီ။
Nolan ကို သင်္ဘောဖြင့် Orleanသို့ ပို့စေလေသည်။ Orlean သို့ မရောက်ခင် မြောက်အတ္တလန္တိတ် ကမ်းရိုးတန်းတစ်ခွင်တွင် လွှင့်နေရခိုက် သူ ထွက်ပြေးလွှတ်မြောက်သွားနိုင်သည်ဆိုကာ ၁၈ဝရ ခုနှစ်တွင် သူ့ကို ပင်လယ် သမုဒ္ဒရာတွင်း၌သာ ထားစေဟု အမိန့်ထုတ်ပြန်လိုက်လေတော့သည်။
''Nolan က စာအုပ်တခို့ျ ဖတ်ချင်တယ်လို့ ဆိုတယ်။ ဒီတော့ United States ဆိုတဲ့ စကားလုံမပါဝင်တဲ့ စာအုပ်တွေ ရှာပြီး ဝယ်ပေးကြပေတော့'' ဒီလိုနှင့် Sir. Waler Scott ၏ ကဗျာစာအုပ်တွေ Nolan လက်ထဲရောက်လာ တော့သည်။ Nolan သည် စစချင်းပင် Lay of the Last Minstreal ကဗျာကို သင်္ဘောပေါ်တွင် အော်ဖတ်လိုက်လေတော့သည်။
‘Breathes their the man with soul fo dead,
 Who never to himself hath said
This is my own, my native land!
Whose heart hath ne’er within him burned,
As home his footsteps he hath turned,
 From wandering on a foreigh land!
……..’
'ဒါ ငါ၏တိုင်းပြည် ငါ၏ မွေးဖွားရာ တိုင်းပြည်ရင်းလို့
မဟစ်အော် မေြွကးကြော်ဖူးတဲ့လူမိုျး ကိုယ့်တိုင်ပြည်မှန်း ကိုယ် မသိတဲ့လူမိုျး ဒီကမ္ဘာလောကကြီးပေါ်မှာ ရှိသလား။ ပင်လယ် ရပ်ခြား တိုင်းပြည်အနှံ့ ပျော်ပါး လှည့်လည်နေရာက ကိုယ့်အိမ် ဘက် ခြေဦးလှည့်လိုက်တာတောင်မှ ငါ အိမ်ပြန်ချင်လိုက်တာဆို တာမရှိ။ ငါ့တိုင်းပြည်ကို လွမ်းလိုက်တာဆိုာတ မရှိ....'
ဤကဗျာကို တစ်ကြောင်းချင်း ဖတ်နေသော Nolan သည် တစ်ကိုယ် လုံး တင်းကျပ်ဆူဝေလာပြီး ပင်လယ်သမုဒ္ဒရာကြီးထဲသို့ ကဗျာစာအုပ်ကို လွှင့် ပစ်ကာ သူ့အခန်းထဲသို့ ဝင်သွားလိုက်သည်မှာ နှစ်လတိုင်တိုင်ပင် ဖြစ်တော့သည်။
၁၈၁၂ ခုနှစ် စစ်ပြီးကာလတိုင် Nolan မှာ ပင်လယ်ထဲ အကျဉ်းကျနေ ဆဲပင် ဖြစ်လေသည်။ သင်္ဘော တစ်စင်းပြီး တစ်စင်း၌ တာဝန်ပြီးဆုံး၍ မွေးရပ် မြေသို့ သင်္ဘောအမှုထမ်းများ ပြန်ကြသော်လည်း Nolan မှာ တာဝန်ကျရာ သင်္ဘောတစ်စင်းမှ တစ်စင်း ကူးပြောင်းရင်း ပင်လယ်သမုဒ္ဒရာကိုသာ သူ့ကမ္ဘာ တစ်ခုဖွယ် သဘောထားကာ နေထိုင်ရလေတော့သည်။ ရောက်ရှိလာကြသော သင်္ဘောသားငယ်များကို Nolan သည် ယခုလို ဆုံးမစကား ပြောကြားခဲ့လေ သည်။ 'သင်္ဘောအဖွဲ့သားအသီးသီးကို သူတို့နေအိမ်သို့ ပြန်ကြလေပြီ။ အိမ်ဆို တာ ဘယ်လိုအရာမိုျးကို ခေါ်တာပါလိမ့်။ မိသားစုမရှိဘဲ၊ အိမ်မရှိဘဲ၊ တိုင်းပြည် မရှိဘဲနှင့် ဘယ်လိုနေထိုင်ရတယ်ဆိုတာကို သိဖို့ ကောင်းပေတော့သည်။
'အကယ်၍များ တစ်ချိန်ချိန်မှာ ကိုယ်နှင့် ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ကိုယ့်တိုင်းပြည်ထဲက တစ်ခုကိုပဲ ရွေးချယ်ရဖို့ ကြုံလာရင်လေ စိတ်ကူးမလွဲဘဲ ကိုယ့်မိသားစုကိုသာ ရွေးချယ်ပါကွယ်။ ကိုယ့်အိမ်ရာကိုသာ စဉ်းစားပါ။
'ကိုယ်အဝေးရပ်ကို အခုလို ရောက်နေတဲ့အခါ ကိုယ့်အကြောင်း ကိုယ့် အတွေးတွေကို ကိုယ့်မိသားစုဆီ စာရေးပြော ရင်ဖွင့်ရင်းနဲ့ ကိုယ်နဲ့နီးနီးမှာ ရှိ နေအောင် အမြဲလုပ်နေပါကွယ်။
'ကိုယ့်ကို တစ်စုံတစ်ယောက်က မြှောက်ပင့်ပင့်၊ အပြစ်တင်တင်၊ တွန်း အားပေးပေး ကိုယ့်တိုင်းပြည်အလံကိုသာ ကြည့်ပါ။ တခြား အလံတစ်ခုကို ယောင်လို့တောင် မကြည့်မိပါစေနဲ့။ ကိုယ့်တိုင်းပြည်ရဲ့ အလံကို ဆုတောင်းမေတ္တာ ပို့နေရတဲ့ ညတွေသာ ကုန်လွန်သွားပါစေ။
'အခု ဒီမှာရှိနေတဲ့သူတွေ အားလုံး၊ အရာရှိတွေ၊ အလုပ်သမားတွေ က စလို့ သူတို့တစ်တွေရဲ့ နောက်မှာလေ တိုင်းပြည်ဆိုတာ ရှိတယ်။ ကိုယ့်တိုင်း ပြည် ကိုယ်က ပိုင်ဆိုင်လိုက်ပုံဟာ ကိုယ့်မိခင်က ကိုယ့်ကို ပိုင်သလိုပဲကွယ်။ကိုယ့်မိခင်ရဲ့ ဘေးမှာ ကိုယ်ဂုဏ်ယူူစွာ ရပ်နေရသလို ကိုယ့်တိုင်းပြည်ဘက်က သစ္စာရှိရှိနဲ့ ရပ်တည်ပါကွယ်'
နောက်ခံစားမိသော ကဗျာတစ်ပုဒ်ကား Alexandre Pope ရေးသား သော The Quiet Life ဖြစ်သည်။ တိတ်ဆိတ်ငြိမ်ချမ််းသော ဘဝကို လိုချင်လိုက် ပါဘိဟူသော ဆန္ဒများသည် ကဗျာတစ်လုံးကို လွှမ်းမိုးနေလိုက်လေသည်။ နောက် ဆုံး သေသွားရင်တောင်မှ တိတ်တိတ်ဆိတ်ဆိတ် လူမသိ သူမသိ လောကကြီးမှ ထွက်ခွာသွားချင်ပါသတဲ့။
Thus let me live unseen, unknown,
Thus unlamented let me die,
Steal from the world, and not a stone
Tell where I lie.
အဲဒီလို လူမသိ သူမသိ နေချင်လှ၊
အဲဒီလို လူမဆွေး သူမဆွေး သေချင်ပ၊
လူသူလေးပါး တိတ်ဆိတ်ချိန်ကျ
လောကကြီးက ထွက်ခွာမှ၊
ငါလျောင်းရာ ဘာကျောက်တိုင်မှမပြ။
(ယင်းမှာ ဘဘကြီးဦးခင်မောင်လတ်၏ လက်ရာ ဖြစ်ပါသည်။)
လူ့ဘဝ ကံကြမ္မာဆိုတာ သတ်မှတ်ပြီးသား ဖြစ်သည်ဟု ဆိုပါသည်။ ဒါတွေဟာ ဘုရားသခင်ရဲ့ လက်ချောင်းများဖြင် ရေးဆွဲထားသော ကံကြမ္မာသတ် မှတ်ချက်များ ဖြစ်ပါသတဲ့။ စာတစ်ကြောင်းတလေကို ရုပ်သိမ်းပေးဖို့ မြှူဆွယ် လို့လည်း မရ။ မျက်ရည်ခံပြီး စီးဝင်နေသော Omar Khayam ၏ ကဗျာမှာ ဤသို့ ဖြစ်လေသည်။
The moving Finger writes; and having wit
Moves on: nor all thy piety nor wit
Shall lure it back to cancel half a line,
Nor all thy tears wash out a word of it.
Charles Wolfe (၁၇၉၁-၁၈၂၃) ရေးသားသောသ The burial of Sir John Moore of Corunna ကဗျာကိုလည်း ကျွန်မ နှစ်သက်ခံစားမိပါသည်။ ဤကဗျာကို ''သူရဲကောင်း၏ သေခြင်း'' ဟုလည်း နောက် အမည်တစ်ခု ပေးနိုင်ပါသည်။ ကဗျာမှာ အင်္ဂလိပ်စစ်တပ်အရာရှိ Sir John Moore၁၈ဝ၉ ခုနှစ်က စပိန်က Corunna သင်္ဘောဆိပ်ကမ်းတစ်နေရာတွင် တာဝန်ထမ်းဆောင် ရင်း ရန်သူ့အမြောက် ထိမှန်ကာ သေဆုံးခဲ့ရသဖြင့် သူ့တပည့်များက သူ့ကို ရန်သူ့နယ်မြေအတွင်းဝယ် ညအချိန်၌ အန္တရာယ်ကြား ကသုတ်ကရက် မြှုပ်နှံကာ ဝမ်းနည်း ကြေကွဲစွာဖြင့် ထားရစ်ခဲ့ကြရပုံ တပည့်စစ်သည်များက ပြန်ပြော ပြဟန်ဖြင့် ရေးဖွဲ့ထားလေသည်။
''ကျွနု်ပ်တို့မှာ သူ့အတွက် ခေါင်းလောင်းမရှိ၊ ခြုံစရာအဝတ်မရှိ။ ကျွနု်ပ် တို့၏ သေနတ်ရိုးများဖြင့် သူအိပ်စက်ဖို့ နေရာကို ကမန်းကတန်း တူးပေးလိုက် ရပေတော့သည်။ ရှေ့မှာ ရင်ဆိုင်ရမည့် အန္တရာယ်တွေကို တွေးမိရင်းက သူ့မျက် နှာကို တစ်ဝကြီး ကြည့်လို့ သူ့အတွက် ဆုတောင်းမေတ္တာ ပို့လိုက်သံဟာ တိုတိုရယ်သာ။ ရန်သူတွေက သူ့မြေပုံပေါ် နင်းကျော်ဖြတ်သွားမည့်အရေး တွေး မိပြန်တော့ ကျွနု်ပ်တို့ရင်မှာ မချိတင်ကဲခါးသီးမိတော့သည်။ အဲဒီအချိန်မှာ ကျွနု်ပ် တို့ကား သူနှင့့်ဝေးရာ ပင်လယ်သမုဒ္ဒရာတစ်နေရာမှာ ရှိနေပေတော့သည်။ ရန်သူ့ အမြောက်သံ ကြားလိုက်ရချေပြီ။ ကျွနု််ပ်တို့မှာ သူ့ကိုယ်ခန္ဓာကိုချ။ မြေကြီးတွေ ခပ်သွက်သွက်ဖို့ရင်း သူလဲလျောင်းရာ နေရာမှာ ကျောက်တုံးလေး တစ်တုံးတလေ၊ မှတ်တိုင်လေး တစ်ခုတလေမှ မပါဘဲ သူ့ကို ပစ်ထားခဲ့ကြရတော့သည်''ဟု မှောင်မှောင်မည်းမည်းတွင် လှုပ်ရှားနေသော လူတစ်စု၏ အသွင်သဏ္ဌာန်များကို မြင်ယောင်မိလာအောင် ရေးဖွဲ့ထားသည်ကို တွေ့ရလေ၏။ ထိုကဲ့သို့သော ခံစား ချက်များဖြင့် မြှုပ်နှံခဲ့ရပုံကို ကဗျာ၏ ပထမပိုဒ်တွင် ယခုကဲ့သို့ ရေးဖွဲ့ထားပါ သည်။
'ကျွနု်ပ်တို့ ခေါင်းဆောင်၏ အသက်မဲ့ ကိုယ်ခန္ဓာကို
တိတ်ဆိတ်စွာ၊ လျင်မြန်စွာ၊ ညမှောင်မှောင်အောက်မှာ
ေြွကလွင့်သွားသော စစ်သည်၏ တေးချင်း၊ တီးမှုတ်သံ၊
သေနတ်ပစ်ဖောက်သံမပါ
သုတ်သုတ်လျင်စွာ မြှုပ်နှံလိုက်ရ
Not a drum was heard, not funeral note,
As his corpse to the rampart we hurried;
Not a soldier discharged his farewell shot,
O’er the grave where our heroes we buried.
ကဗျာတစ်ခုလုံးမှာ လှုပ်ရှားနေသော လျင်မြန်သွက်လက်မှု၊ ဝမ်းနည်း ကြေကွဲမှု၊ စိတ်ထိခိုက်ကြေကွဲစွာ ဆုံးရှုံးလိုက်ရမှုများသည် မြင့်မြတ်ခြင်း၊ သူရဲ ကောင်းဆန်ခြင်းတို့ဖြင် ရောယှက်နေသည်ကို တွေ့ကြရပေသည်။
နောက် ကျွန်မ နှစ်သက်သေဘာကျမိသော ကဗျာတစ်ပုဒ်မှာLewis Carroll (၁၈၃၂-၁၈၉၈) ရေးသားသော Alice in wonderland ကာတွန်းထဲမှ ဖြစ်ပါသည်။ ထိုကာတွန်းသည် ကမ္ဘာကျော် Walt Disney မှ ထုတ်လုပ်သော ကာတွန်းတစ်ခု ဖြစ်သည်။ ယင်းကာတွန်းကားထဲတွင် သီချင်းများစွာ ပါဝင်လေ သည်။ ကာရန်တူသော စကားလုံးများဖြစ်သည့် unanimous နှင့် us, tea နှင့် me တို့ဖြင့် စပ်ဆိုထား၏။ ထို့ကြောင့် ဒါကို ကျွန်မက ကဗျာတစ်ပုဒ်လို ခံစားမိခြင်း ဖြစ်ပါသည်။
If there are no objections
Let it be unanimous.
Oh! A very merry unbirthday to us.
Let’s all congratulate us.
With another cup of tea
A very merry unbirthday to me.
ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ကျွန်မတို့မှာ မွေးနေ့ဟူ၍ တစ်နေ့တည်းသာ ရှိ၏။ ထိုနေ့သည် ကျွန်မတို့၏ birthday (မွေးနေ့) ဖြစ်လေသည်။ တစ်နှစ်မှာ ၃၆၅ ရက် ရှိသောကြောင့် ကိုယ့်မွေးနေ့ကို နုတ်လိုက်လျှင် မမွေးနေ့ဟူ၍ ၃၆၄ ရက် ဖြစ်လာလေသည်။ ဒါကြောင့် ယနေ့သည် ကျွန်မတို့၏ မမွေးနေ့ဖြစ် သောကြောင့် ပျော်ပျော်ပါးပါး မမွေးနေ့ကလေးကို ဆင်နွှဲကြရအောင်လား။ ဒီ ဖြေရှင်းချက်ကို စာဖတ်သူတို့ ငြင်းစရာမရှိလျှင် ကျွန်မတို့၏မမွေးနေ့ unbirthday ကို လက်ဖက်ရည်ခွက်ကလေး တစ်ခွက်ဖြင့် ဂုဏ်ပြုရင်း ပျော်ရွှင်စွာ ကျင်းပကြ ပါစို့ဟု ဤကဗျာလေးက ဆိုထားပါသည်။ ကာတွန်းဇာတ်ကောင် ဗူငခန ကလည်း ဒီနေ့ သူ့မွေးနေ့ မဟုတ်ပါဆိုတော့ ဒီပွဲထဲ ဝင်ပါနိုင်ပေသည်။ 'အိုး... တိုက်ဆိုင် လှချေလား၊ ကမ္ဘာကြီးက ကျဉ်းလိုက်ပါဘိ' ဟု မမွေးနေ့ ကျင်းပသူက အံ့သြ တကြီး ဆိုလိုက်လေတော့သတည်း။
စာညွှန်း-
(၁)Appreciation of Poetry (H.Martin)
(၂)The World’s Classics The English Verse

No comments: