ထိုက်တန်အောင်ကြိုးစားခြင်း - Junior Win
အတွေးအမြင် (၁၂၉)၊ ၁၉၉၇ အောက်တိုဘာ+နိုဝင်ဘာ
ကျောင်းသားတစ်ယောက်သည် မိမိနှင့် ထိုက်တန်သည့် အောင်မြင်မှုနှင့် ညီမျှ သော ကြိုးစားမှု လုံ့လဝီရိယ ရှိသင့်ပါသည်။ မိမိ မျှော်မှန်းသည့်အတိုင်း ထိုက်တန်အောင် မည်သို့သော ကြိုးစားမှုမိုျးကို ကြိုးပမ်းအားထုတ်သင့်ပါသလဲဟူ သည့် အဖြေကို လေ့လာမိရင်း ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဟူသော ဆောင်းပါးတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ရပါသည်။
ပညာရေး လမ်းကြောင်းပေါ်တွင် ရပ်တည်ဖို့ စိတ်ပိုင်းဖြတ်မိသော အချိန် မှာ ၁၉၉၃ ခုနှစ် သင်္ချာအဓိကနှင့် နောက်ဆုံးနှစ် ဂုဏ်ထူးတန်း ကျောင်းသူ ဘဝတွင် ဖြစ်ပါသည်။ ထိုစိတ်ဓာတ်မိုျးမှာ ကျွန်မတစ်ယောက်တည်းတွင် မဟုတ်ဘဲ တော်တော်များများသာ ကျောင်းသားကျောင်းသူ သူငယ်ချင်းများ၏ စိတ်ကူးထဲမှာ ရှိနေပြီး တက္ကသိုလ်မှ ဆရာ ဆရာမများ အဖြစ် ထိုက်တန်အောင် ကြိုးစားမည်ဟု သန္နိဋ္ဌာန်ကိုယ်စီ ချထားကြပါသည်။
ထို နောက်ဆုံးနှစ် ဂုဏ်ထူးတန်း အောင်ပြီး မဟာသိပ္ပံ နောက်ဆုံးနှစ် တက်ရောက်ဖို့ တစ်နှစ် စောင့်ရပါသည်။ ထိုစောင့်နှစ်စောင့်ရင်း ကွန်ပူျတာတက္က သိုလ်မ MISC ရေးဖြေ စာမေးပွဲကို တခို့ျသော ကျောင်းသားကျောင်းသူများက ဝင်ရောက် ဖြေဆိုခဲ့ကြပါသည်။ ထို ရေးဖြေအောင်ပြီး အင်တာဗူျး ဖြေရမည့်နေ့မှာ ကျွန်မတို့ မဟာသိပ္ပံ နောက်ဆုံးနှစ်ကျောင်းတက်ရန် ဖောင်ပိတ်သည့်နေ့နှင့် လာတိုက်ဆိုက်နေပြန်ရာ သင်္ချာဘာသာရပ်ကို ပိုမိုစိတ်ဝင်စားပြီး သံယောဇဉ်ရှိ သော၊ တက္ကသိုလ် ဆရာ ဆရာမဘဝကို ပို၍ မြတ်နိုးသော ကျွန်မ အပါအဝင် ရေးဖြေအောင်မြင်ခဲ့သူအခို့ျမှာ ထို အင်တာဗူျးကို သွားရောက် မဖြေဆိုကြတော့ ပါ။
၁၉၉၅ မတ်လတွင် မဟာသိပ္ပံနောက်ဆုံးနှစ်ကို ဖြေဆိုခဲ့ကြပါသည်။ အောင်မြင်သူ ၁၈ ယောက်သာ ရှိခဲ့ပြီး တစ်ယောက်မှလည်း ဂုဏ်ထူးမထွက်ကြ ပါ။ အောင်မြင်ခဲ့ကြသော ကျွန်မနှင့် သူငယ်ချင်းတစ်စုသည် ဂုဏ်ထူးမရရှိခြင်း အတွက်-
'အခု ဖြေရတဲ့ လေးဘာသာစလုံးဟာ course အသစ်လည်း ဖြစ်တယ်။ စနစ်သစ်လည်း ဖြစ်တဲ့အတွက် သင်တဲ့ဆရာတွေကလည်း reference စာအုပ်တွေ ဖတ်ပြီး ငါတို့တစ်တွေကို အပင်ပန်းခံပြီး သင်ပေးကြတယ်။ တစ်နှစ်လုံး သင်ရ တာမိို့ စာတွေကလည်း တစ်ဘာသာချင်းစီကို စာအုပ်တွေ အများကြီးနဲ့ လက်ချာ lecture လိုက်ကြရတယ်။ စာမေးပွဲနီးတော့ စာတွေက များလွန်းလို့ သူငယ်ချင်း တွေ စုပြီး တစ်ယောက်နဲ့တစ်ယောက် သင်ပေးပြီး ကျက်မှတ်ခဲ့ကြရတယ်။ စာမေးပွဲ မဖြေခင်ကတည်းက ငါတို့တစ်တွေဟာ အောင်ရုံတောင် မနည်းဖြေကြ ရမှာပါလားလို့ နားလည်နေခဲ့ကြတယ်။ အောင်စာရင်းထွက်တော့ ထင်တဲ့အတိုင်း မြင်တွေ့ကြရပါတယ်။ ငါတို့တွေအားလုံး ဂုဏ်ထူး မရတာက ငါတို့ဟာ ဆရာတွေ မျှော်မှန်းတဲ့ ဂုဏ်ထူးအဆင့်အတန်းကို မပြည့်မီသေးလို့၊ ငါတို့ ကြိုးစားဖို့ လိုသေးလို့၊ ဂုဏ်ထူးနဲ့ မထိုက်တန်သေးလို့ပဲလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နိုင်ကြတယ်' ဟု တညီတညွတ်တည်း ထောက်ခံပြောဆိုခဲ့ကြပါသည်။
ထို မဟာသိပ္ပံ နောက်ဆုံးနှစ် ဖြေဆိုပြီး နှစ်ပတ်ခန့်အကြာတွင် ကူျတာ နည်းပြ စာမေးပွဲကို ဖြေဆိုကြရပါသည်။ ၁၉၉၃ ခုနှစ် နောက်ဆုံးနှစ် ဂုဏ်ထူး တန်း ကျောင်သားဘဝကတည်းက စိတ်ကူးယဉ်ခဲ့သော တက္ကသိုလ် ဆရာ ဆရာမများ ဘဝသို့ ရောက်ရန် ခြေလှမ်းတစ်လှမ်း စလှမ်းရပြီဟု ယူဆခဲ့ကြပါ သည်။ သို့သော် မဟာသိပ္ပံ နောက်ဆုံးနှစ် စာမေးပွဲကို ကြိုးကြိုးပမ်းစား ဖြေဆိုရ ပြီး ခြေကုန်လမ်းပန်းကျနေကြသော ကျွန်မနှင့် သူငယ်ချင်းတစ်ခို့ျမှာ ထိုအလုပ် စာမေးပွဲကို မဖြေနိုင်ခဲ့ဘဲ အလုပ်စာမေးပွဲ ကျခဲ့ကြရပါသည်။
'မဟာသိပ္ပံကျမ်းပြုစုရမည့် အချိန်မှာ မဟာသိပ္ပံကျမ်းတစ်ခုတည်းကိုပဲ စိတ်သွင်းပြီး လုပ်ရဖို့ အခွင့်အလမ်းရတယ်လို့ သဘောထားရမယ်။ ကျမ်းတစ်ဖက်၊ အလုပ်တစ်ဖက် လုပ်ရမယ်ဆိုရင် ဘယ်လွယ်ပါ့မလဲ။ ဘာပဲဖြစ်ဖြစ် မဟာသိပ္ပံ ကျမ်း ပြီးသွားတဲ့အခါကျရင် ငါတို့တစ်တွေဟာ ကူျတာ ဆရာ ဆရာမဘဝနဲ့ ထိုက်တန်ပြီပေါ့။ အဲဒီလို ထိုက်တန်ဖို့အတွက် မဟာသိပ္ပံဘွဲ့ကို ရဖို့ ငါတို့ တစ်တွေ ဆက်ကြိုးစားရမယ်' ဟု တွေးတောခဲ့ကြပြီး နှစ်နှစ်အတွင်း ပြီးစီးအောင် ရေးရမည့် မဟာသိပ္ပံကျမ်းအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ခဲ့ကြပါသည်။ ကျမ်းပြုစုနေစဉ် ၁၉၉၅ ခုနှစ် ဇွန်လတွင် ကျွန်မနှင့် ကျွန်မသူငယ်ချင်းများသည် လုပ်သားကောလိပ်တွင် အချိန်ပိုင်းနည်းပြ ဝင်လုပ်ခဲ့ကြပါသည်။ အချိန်ပြည့် နည်းပြတွေလောက် တာဝန်မကြီးဘဲ မိမိ တာဝန်ယူရသော အတန်းတစ်တန်း၏ ကူျတိုရီရယ်အပေါ်တွင်သာ တာဝန်ကျေအောင် လုပ်ရသောကြောင့် သက်သက် သာသာနှင့် မိမိ၏ ကျမ်းကို စိတ်ချမ်းသာစွာ ဖတ်ရှုရေးသားနိုင်ခဲ့ကြပါသည်။ လုပ်သားကောလိပ်တွင် စာသင်နှစ် သုံးကြိမ်ဆက်တိုက် လုပ်လာကြသော အချိန် ပိုင်း နည်းပြများမှာ ၁၉၉၆ နိုဝင်ဘာလတွင် နည်းပြခန့်ထားရန် လျှောက်လွှာ (သို့မဟုတ်) full time ဖောင်များ တင်ခွင်ရသဖြင့် နည်းပြအဖြစ် လမ်းကြောင်း တစ်ခု ပွင့်လေပြီဟုလည်း ယူဆလို့ ရပါသည်။
၁၉၉၆ ခုနှစ် အောက်တိုဘာလခန့်တွင် သင်္ချာဌာနမှ အချိန်ပိုင်းနည်းပြ လျှောက်ဖို့ လျှောက်လွှာများ ခေါ်ပါသည်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၊ ကြည့်မြင်တိုင်မြို့နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ ဒဂုံတက္ကသိုလ် စသည်ဖြင့် မိမိ ကြိုက်နှစ်သက်ရာကို လျှောက်ခွင့်ရှိသည်ဟု ဆိုပါသည်။ ကျွန်မနှင့် ကျွန်မ၏ သူငယ်ချင်းများမှာ ကျမ်းပြုစုနေချိန်တွင် တစ်ပတ်တစ်ခါ ကျောင်းသို့ ရောက်နေ သောကြောင့် သိသိချင်းပင် လျှောက်လွှာများ တင်ခဲ့ကြပါသည်။ ကျွန်မသည် ကျွန်မ၏ အိမ်နှင့် သွားရတာ လွယ်ကူသော လှိုင်နယ်မြေကို ဦးစားပေး လျှောက်ခဲ့ ပါသည်။ ကျွန်မ သူငယ်ချင်းများကတော့ မရမည်ကို စိုးရိမ်၍ ''လိုအပ်သည့် မည်သည့်နယ်မြေကိုမဆို'' ဟူ၍ လျှောက်လွှာများ တင်ခဲ့ကြပါသည်။ ကျမ်းပြီး ရန် လပိုင်းမျှသာ လိုတော့သည့်အတွက် မိမိ၏ ပညာအရည်အချင်းနှင့် ထိုက်တန် သည့် အလုပ်တစ်ခုအပေါ်တွင်လည်း မျှော်လင့်ချက်များ ထားခဲ့ကြပါသည်။
ရွေးချယ်ခံထားရသူများကို ကြေညာသောအခါ လှိုင်နယ်မြေအတွက် ရရှိသူများထဲတွင် ကျွန်မအမည် ပါလာပါသည်။ ကျွန်မ သူငယ်ချင်းအခို့ျမှာ ဒဂုံတက္ကသိုလ်တွင် ရကြပါသည်။ တခို့ျမှာ မည်သည့်နေရာတွင်မျှ မရရှိကြပါ။ ကျွန်မနှင့် ပညာအရည်အချင်းတူ သူငယ်ချင်းများ မရရှိကြခြင်းအတွက် ရရှိခဲ့သူ သူငယ်ချင်းများ အံ့သြစိတ်မကောင်း ဖြစ်ခဲ့ကြပါသည်။ ခန့်ထားခြင်း ခံရသူများမှာ M.Scအောင်ပြီးသားများ၊ thesisကျမ်းပြုစုနေဆဲသူများ၊ နောက်ဆုံးနှစ် ဂုဏ်ထူး တန်း ပူပူနွေးနွေး အောင်ပြီးသူများဖြစ်ပါသည်။ ကျွန်မတို့ နောက်ဆုံးနှစ် ဂုဏ်ထူး တန်း အောင်ခဲ့စဉ်တုန်းက စိတ်ကူးယဉ်ခဲ့သော အိပ်မက်တွေကို လက်တွေ့ ခံစားခွင့်ရကြတဲ့ သူတို့လေးတွေ ကံကောင်းကြပါသည်။ ထိုခန့်ထားခြင်း ခံရသူ အားလုံးမှာ အလုပ်စဝင်ပြီး မကြာခင်မှာပင် င်္ကူူ အငာ ဖောင်များ တင်ခွင့်ရကြပါ သည်။
၁၉၉၇ ခုနှစ် မတ်လကုန်ပိုင်းလောက်တွင် အချိန်ပိုင်းနည်းပြများကို နည်းပြများ ခန့်ထားရန်အတွက် အင်တာဗူျး ခေါ်ပါသည်။ င်္ကူူ အငာန ဖောင်တင် ခွင့် ရသူများအားလုံး အင်တာဗူျးတွင် ဝင်ရောက် ဖြေဆိုခွင့် ရကြပါသည်။
ကူျတာ စာမေးပွဲတုန်းကလည်း မအောင်၊ လုပ်သားကောလိပ်တွင် ကျွန်မ တို့တွေ အချိန်ပိုင်းနည်းပြ ဝင်လုပ်တုန်းကလည်း ဝင်မလုပ်၊ ၁၉၉၆ အောက်တို ဘာလက အချိန်ပိုင်း နည်းပြတွေ ခေါ်စဉ်တုန်းကလည်း မသိရှိခဲ့၍ လျှောက်လွှာ မတင်ခဲ့သူများ၊ လျှောက်လွှာတင်ခဲ့ပြီး မရရှိခဲ့သော သူငယ်ချင်းများကို မည်ကဲ့သို့ သော နှစ်သိမ့်စကားမိုျးဖြင့် ဖြေသိမ့်ရမည်ကို ကျွန်မ မသိပါ။
'ငါတို့ ဒဂုံတက္ကသိုလ်မှာ M.Scပြီးပြီးသားတွေ၊ အချိန်ပိုင်းနည်းပြဘဝနဲ့ အနည်းဆုံး လေးနှစ်လောက်ရှိနေတဲ့ ဆရာ ဆရာမတွေ ရှိတယ်။ သူတို့တစ်တွေ ဟာ ငါတို့ထက် အချိန်ပိုင်းနည်းပြဘဝကို အနစ်နာခံပြီး လုပ်နေကြတာပဲ၊ သူတို့ တစ်တွေဟာ ငါတို့ထက်ပိုပြီး နည်းပြဘဝနဲ့ ထိုက်တန်ပါတယ်။ ငါတို့တွေ နည်းပြဘဝနဲ့ ထိုက်တန်အောင် ကြိုးစားတယ်ဆိုတာ သူတို့နဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ မပြောပလောက်ပါဘူး။ သူတို့တွေ ဒီအလုပ်ကို ပိုရသင့်ပါတယ်'
ဒဂုံတက္ကသိုလ်မှာ ၁၉၉၆ အောက်တိုဘာလကမှ အချိန်ပိုင်း စလုပ်ခဲ့တဲ့ သူငယ်ချင်းတွေက ကျွန်မကို အထက်ပါအတိုင်း ပြောကြပါသည်။ အမှန်တကယ် တော့ ထိုက်တန်အောင် ကြိုးစားခြင်းဆိုသည်မှာ မိမိ၏ ပညာအရည်အချင်းနှင် ညီမျှသော ပန်းတိုင်တစ်ခုကို ယုံကြည်ရဲဝံ့စွာ ဆုပ်ကိုင်ဖို့ တစ်ခုတည်းမဟုတ်ဘဲ မိမိထက်ပို၍ အနစ်နာခံထားကြသူများကို ကျေနပ်စွာ နောက်ဆုတ်ပေးဝံ့သော စိတ်ဓာတ်လည်း ရှိသင့်သည် မဟုတ်ပါလား။
Chemistryမေဂျာက ကျွန်မသူငယ်ချင်း၏ ညီမတစ်ယောက်ကတော့ ထိုက်တန်အောင် ကြိုးစားသည့်အချက်ပေါ်တွင် ကျွန်မနှင့် ယခုလို အမေးအဖြေ လုပ်ခဲ့ပါသည်။
'နည်းပြဆရာ ဆရာမဝဘဝအပေါ် အစ်မတို့ခံယူချက် သဘောထားက ညီမတို့နဲ့ ထပ်တူထပ်မျှပါပဲ။ ညီမအနေနဲ့ ဖြည့်စွက်ချင်တာက M.Scဆိုတဲ့ ဘွဲ့တစ်ခုရအောင် ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုတာပါပဲ။ အဲဒီ ''ကြိုးစား ခြင်း'' ဆိုတာ ကျောင်းသားတစ်ယောက်ရဲ့ လုံ့လ ဝီရိယလို့ အစ်မအနေနဲ့ ဆိုလိုပါသလားဆိုတာ သိချင်ပါတယ်'
'ဟုတ်ပါတယ်၊ မိမိစိတ်ဝင်တစား ရယူထားတဲ့ ဘာသာရပ်အပေါ်မှာ လေးစားတန်ဖိုးထားမှုရှိရင် မိမိတန်ဖိုးထားတာနဲ့ ညီမျှတဲ့ ကြိုးစားမှု လုံ့လဝီရိယ ဆိုတာ အလိုလို ရှိလာမှာပဲ။ ''ပညာဆိုတာ ငွေနဲ့ ပေးဝယ်လို့ မရဘူး'' လို့ ရှေးလူကြီးတွေ စကားရှိတယ် မဟုတ်လား'
Physics မေဂျာမှ သူငယ်ချင်းတစ်ယောက်ကတော့ နောက်ဆုံးနှစ် တက်နေစဉ် ကျွန်မကို ယခုလို ပြောပြပါသည်။
'ဒုတိယနှစ်တန်းကို honours တက်ဖို့ အမှတ်မမီခဲ့တော့ အခု နောက်ဆုံးနှစ်မျာqualify ဖြစ်ရင် ဆက်တက်ဖို့တော့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ကျောင်းသားတိုင်းမှာ ျှကေူင်ပ နဲ့ ထိုက်တန်အောင် ကြိုးစားမှုဆိုတာ ရှိကြမှာပဲ။ နင်ပြောတဲ့ ''ထိုက်တန်အောင် ကြိုးစားမှု'' ဆိုတဲ့ အချက်ကို ဘယ်ကျောင်းသားကမှ ဦးနှောက်ထဲ ထည့်ပြီး မိမိရဲ့ ကြိုးစားမှုဂရပ်နဲ့ အဲဒီ ကြိုးစားမှုနဲ့ ထိုက်တန်မယ့်ရလဒ်ကို တိုင်းထွာတွက်ချက်နေမှာ မဟုတ်ဘူး။ ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည် ဖြစ်စေ ဘယ်ကျောင်သားမဆို qualifyဝင်ချင်ကြတာပဲ မဟုတ်လား'
မြန်မာစာ အဓိကမှ ညီမတစ်ဦးကတော့ သိပ္ပံဘာသာတွဲမှ ဝိဇ္ဇာဘက်ကို ပြောင်းပြီး လျှောက်ခဲ့သူမို့ Roll No အမြင့်ဆုံးနှင့် တက်ရောက်ခဲ့သူဖြစ်ပါသည်။ သူနှင့် ကျွန်မ စကားစပ်မိရင်း ကျွန်မကို ယခုလို မေးမြန်းခဲ့ပါသည်။
'သမီးကို ဂုဏ်ထူးတစ်ခုရဖို့ ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုတာ ကို သိချင်လို့ ပြောပြပါဦး'
'တို့ကတော့ အခု M.Scဘွဲ့ရတဲ့အထိ ဂုဏ်ထူးတွေ ဝေနေအောင် မရဖူးလို့ ဘယ်လို ကြိုးစားမှုလဲဆိုတာ မဖြေတတ်ဘူး။ ဒါပေမဲ့ ဂုဏ်ထူးဆို တာ ဆရာတွေနဲ့ ပေတံနဲ့ တိုင်းတာပြီး ဆုံးဖြတ်တာလို့ နားလည်ထားတယ်။ ညီမ ဂုဏ်ထူးလိုချင်ရင် ဆရာတွေရဲ့ ပေတံနဲ့ ကိုက်ညီမှုရှိအောင် ကြိုးစားရမှာ ပေါ့'
'အဲဒီ ဆရာတွေရဲ့ ပေတံဆိုတာ ဘာကို ခေါ်တာလဲဆိုတာ ရှင်းပြပါဦး'
'ဆရာတွေရဲ့ ပေတံဆိုတာ ဆရာတစ်ယောက်ဟာ သူသင်တဲ့ ဘာသာရပ် တစ်ခုအပေါ်မှာ သက်ဝင်ယုံကြည်မှု၊ မိမိတပည့်ရဲ့ ဖြေဆိုမှုကို ကြည့်ပြီး သူ့ သင်ကြားမှုအတိုင်း လိုက်နာနိုင်မှု မလိုက်နာနိုင်မှုကို ဆိုလိုတာလို့ အပေါ်ယံအား ဖြင့် အဲဒီလို ပြောရလိမ့်မယ်။ မိမိသင်ကြားတဲ့အတိုင်း ကြိုစား ဖြေဆိုထားတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ဖြေဆိုမှုကို အမှတ်ခြစ်ရတဲ့ ဆရာတစ်ယောက်ရဲ့ ပီတိဆိုတာ ဘာနဲ့မှ မတူဘူးလေ။ ပီတိကိုပဲ ဆရာတွေ စားနေကြတယ်လို့တောင် စကားရှိတယ် မဟုတ်လား။
စားမေးပွဲမှာ ဖြေဆိုတဲ့ အမှတ်အလိုက် ခုံနံပါတ် ပြန်စီတဲ့ စနစ်ကို ကျင့်သုံးနေတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ နောက်ဆုံးကနေ ပွတ်ကာသီကာ အောင်မြင်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ကတော့ ယခုလို ပြောပါသည်။
'ကျွန်တော် Y.I.Tမှာ ဆရာပြန်လုပ်ဖို့ အားသန်ပါတယ်။ ဒါမှ စာသင်ရ မှာ၊ အဲဒီ ရည်ရွယ်ချက်ကြာင့် အခု အချိန်ပိုင်း ဝင်လုပ်နေတာလေ။ ဒါနဲ့ အဲဒီ ''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုတာ ဘာကို ထိုက်တန်အောင်လဲ ဆိုတာ ပြောပြပါဦး။ ဒါမှ ဘယ်လို ကြိုးစားတယ်ဆိုတာကို ဆက်စဉ်းစားလို့ ရမှာမို့လို့ပါ'
ကျွန်မ ဖြေနိုင်တဲ့ မေးခွန်းတွေ၊ မဖြေနိုင်တဲ့ မေးခွန်းတွေကို သင့်လျော် အောင် စကားပြေ ပြန်စီဖြစ်ခဲ့ပါသည်။ အဲဒီထဲက တခို့ျသော အကြောင်းအရာ များကို အတိုခုံျး စိစစ်ခဲ့ပါသည်။ ''ထိုက်တန်အောင် ကြိုးစားခြင်း'' အပေါ် ကျောင်းသားကျောင်းသူ အခို့ျ၏ ခံယူချက် သဘောထားများကိုလည်း လေ့လာ ခဲ့မိပါသည်။ ကျွန်မ၏အဘွား စာရေးဆရာမကြီး ဒေါ်ခင်မိုျးချစ်နှင့် စကားမစပ်မိ တော့ အဘွားက သူ ရှစ်တန်း ကျောင်းသူဘဝတုန်းက ကြုံ့တွေ့ခဲ့ရသော အဖြစ်အပျက်လေးကို ပြောပြပါသည်။
'မေမေကြီးတို့ ရှစ်တန်းမှာDဂုဏ်ထူး အဆင့်ထိ ထူးချွန်တဲ့သူတွေကို ဆယ်တန်းကို ကျော်ပြီး တက်ခွင့်ရှိတယ်။ အဲဒီနှစ်က ကျော်တက်ခွင့်ရပြီး အဲဒီအထဲမှာ မေမေကြီး မပါလို့ ငိုဖူးတယ်။ အဖေ အမေကိုလည်း ဘယ်ဆရာ တို့ဖြင့် သွားပြောပေးပါဦးဆိုတာ စိတ်ကူး မရှိပါဘူး။ ဘယ်ဆရာကိုမှလည်း နားပူနားဆာ မလုပ်ဖူးပါဘူး။ ကိုယ့်အပြစ်နဲ့ကိုယ်ဆိုပြီး ကျိတ်ခံစားခဲ့ရတယ်။ ကိုယ်နဲ့ မထိုက်တန်ဘဲ အတန်းကျော်တက်ခွင့်မရှိဘူး ဆိုတာ ကလေးဘဝကတည်း က နားလည်နေပြီ။ ကိုယ်နဲ့ မထိုက်တန်ဘဲ ဆယ်တန်း ရောက်မယ်ဆိုရင်တောင် ကိုယ့်မိဘက ဒီလို အချောင်ခိုပြီး ရောက်ဖို့ အားပေးမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ အသိစိတ်ကလည်း ဘဝတစ်လျှောက်လုံံးမှာ ဘယ်သန့်ရှင်းနိုင်တော့မလဲ။ ကိုယ်နဲ့ ထိုက်တန်တယ်၊ မထိုက်တန်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲပေါ့။ အဲဒီလို ထိုက်တန်အောင် ကြိုးစားမှုဆိုတာ ၁ဝဝ ရာခိုင်နှုန်းအပြည့် ရှိနေမှာပဲ။ အဲဒါ ကျောင်းသားတစ်ယောက်ရဲ့ တာဝန်ပဲ'
''ထိုက်တန်အောင် ကြိုးစားခြင်း'' ဆိုသည့် အဓိပ္ပာယ်ကား ကျယ်ပြန့် လှပေသည်။ လေ့လာလေလေ မဆုံးနိုင်လေ ဖြစ်ပါသည်။ ပညာရေးလမ်းကြောင်း ပေါ်တွင် ခြေစုံရပ်ဖို့ ကြိုးစားကြသူတိုင်း ကျောင်းသားတစ်ယောက် မျှော်မှန်းသည့် အောင်မြင်မှု ပန်းတိုင်ရောက်အောင်၊ ဆရာ ဆရာမတစ်ယောက် ဖြစ်တည်ဖို့ ထိုက်တန်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါသည်။ ဘာကြောင့် ကျောင်းသား ဘဝကတည်းက ကြိုးစားဖို့ လိုအပ်ပါသလဲ။ ဘာကြောင့် မိမိမျှော်မှန်းသည့် အောင်မြင်မှု ပန်းတိုင်တစ်ခုကို ထိုက်ထိုက်တန်တန် ရရှိဖို့အတွက် ကြိုးပမ်းအား ထုတ်ချင်သော စိတ်ဓာတ်ရှိကြဖို့ တိုက်တွန်းရပါသလဲ။
Words Worth ရေးတဲ့ The Rainbow အမည်ရှိ ကဗျာတစ်ပုဒ်ထဲက စာကြောင်းလေး တစ်ကြောင်းကို ဥပမာပြ၍ ရှင်းပြချင်ပါသည်။
The Child is father of the Man. တဲ့။
''ကလေးတစ်ယောက်ရဲ့ အရည်အချင်းတွေဟာ သူ လူကြီးတစ်ယောက် ဖြစ်လာတဲ့အခါ ရှိနေတဲ့ အရည်အချင်းတွေနဲ့ ထပ်တူထပ်မျှပါပဲ''
တစ်နည်းအားဖြင့်-
''လူတစ်ယောက်ရဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို အကျင့်စရိုက် တွေကို လမ်းညွှန်ပြသသူဟာ တခြားသူမဟုတ်ပါဘူး။ သူ ငယ်စဉ်ကလေးဘဝက ပြုမူနေထိုင်တဲ့ သူကိုယ်တိုင်ရဲ့ ဗီဇဓလေ့စရိုက်တွေပဲ ဖြစ်ပါတယ်'' တဲ့။
ထို့ကြောင့် ကျောင်းသားသူငယ်ဘဝကတည်းက အကျင့်စာရိတ္တ ကောင်း မွန်သော၊ ရိုးသားဖြောင့်မတ်သောသူများ အဖြစ်သို့ ကြိုးစားကြမှ ဖြစ်ပါမည်။ မိမိတို့ လိုချင်သော အောင်မြင်မှု ပန်းတိုင်တစ်ခုကို ထိုက်တန်သော ကြိုးစားမှု မိုျးနှင့် ကြိုးစားနိုင်ကြပါစေဟု ရည်ရွယ်လျက် ကျွန်မ၏ ဆောင်းပါးကို နိဂုံးခုျပ် လိုက်ပါသည်။
No comments:
Post a Comment