Tuesday, February 4, 2014

ဘဘကြီးကိုလွမ်းပါသည် - ဂျူ နီယာဝင်း

ဘဘကြီးကိုလွမ်းပါသည် - ဂျူ နီယာဝင်း

အတွေးအမြင် (၁၅၆)၊ ၂ဝဝ၂ ခုနှစ်

ဘဘကြီး ဦးခင်မောင်လတ်သည် အင်္ဂလိပ်စာ ဆရာကြီးတစ်ဦးဖြစ်၍ သူ့ဘဝတစ်  သက်တာလုံး အင်္ဂလိပ်စာ သင်ကြားခြင်းဖြင့် အချိန်ကုန်လွန်ခဲ့သောကြောင့် မြေး ဖြစ်သော ကျွန်မအနေဖြင့် ထူးထူးခြားခြား အင်္ဂလိပ်စာလုံးတွေ တွေ့လိုက်တိုင်း ဘဘကြီးကို သတိတရ လွမ်းဆွတ်မိခြင်းသည် အဆန်းမဟုတ်ဟု ဆိုကြပေမည်။ သို့ရာတွင် အင်္ဂလိပ်စာလုံးတွေ အပြင် တခြား လွမ်းစရာတွေကလည်း ရှိနေပါသေး သည်။
ကျွန်မတို့ သိတတ်စအရွယ် ဘဘကြီးထံမှ မကြာခဏဆိုသလို ကြားနေ ကျ စကားတစ်ခွန်းရှိပါသည်။ ''ဒီနေ့ခေတ် မင်းတို့တွေ ကံကောင်းကြပါသတဲ့'' ထိုကံကောင်းခြင်းဟူသော အဓိပ္ပာယ်ကို နားလည်သဘောပေါက်ဖို့ သိပ်လေး လေးနက်နက် မတွေးတတ်ခဲ့သေးပါ။ ဒါကြောင့် တကယ် ကံကောင်းလို့ပဲဟု ခပ်ရိုးရိုးပဲ တွေးပါသည်။
ဘဘကြီးတို့ခေတ်မှာ တယ်လီဗေးရှင်၊ ဗီဒီယိုစက်တွေ မရှိသေး။ ကွန်ပူျ တာ ဆိုတာ ဘာမှန်းမသိပါ။ ခလုတ်ကလေး တစ်ချက်နှိပ်လိုက်ရုံနှင့် အရုပ်တွေ၊ အသံတွေ လှုပ်ရှားနေကြတာတွေကို အေးအေးဆေးဆေး ကြည့်နေရသည့် ဘဝ သည် တော်တော်ကံကောင်းသည့် ဘဝကို ပိုင်ဆိုင်ခြင်းပေပဲဟု ဘဘကြီးက ယူဆပါသည်။ ဘဘကြီးတို့မှာ အင်္ဂလိပ်အစိုးရခေတ်၊ ဂျပန်ခေတ်တွေကြား ပြေးလွှားလှုပ်ရှား ရုန်းကန်ကြောက်ရွံ့ ထိတ်လန့်နေရခြင်းဖြင့် ဘဝထက်ဝက် လောက် ကုန်လွန်ခဲ့ကြရပေသည်။ ပညာရေးအနေနဲ့ဆိုလျှင် အမိုျးသားကျောင်းကို ခက်ခက်ခဲခဲနှင့် တည်ထောင်ခဲ့ရပြီး မိုျးချစ်စိတ်၊ အနစ်နာခံစိတ်တို့ဖြင့် ပညာ ကို ရှာဖွေလေ့လာ သင်ယူခဲ့ကြရသည်။ နေရေးထိုင်ရေးကျပြန်တော့လည်း စစ် အတွင်း ဗုံးသံကြားသည်နှင့် ဗုံးခိုကျင်းထဲကို ဝင်ပုန်းကြရ၊ အလုပ်ဆင်းချိန်ဆို လျှင် တွေ့ရာ ကျင်းထဲ ဝင်ခိုကြရ၊ မိသားစုဝင်တွေ မဆုံမချင်း စိတ်တပူပူနှင့် စောင့်ကြရသည့် အဖြစ်မိုျးပေတည်း။ ကျွန်မ၏ ဖခင်သည် ထိုစဉ်က ကလေး ငယ်သာသာ ရှိသော်လည်း ဗုံးသံကြားသည်နှင့် ဗုံးခိုကျင်းထဲ သူ့ဘာသာ ဝင်ဆော့ နေတတ်သည်ဟု ဘဘကြီးတို့ပြောပြတာတွေ ကြားရသည်မှာ ယခုခေတ် လူတွေ အဖို့ အထူးအဆန်းတွေ ဖြစ်ကောင်း ဖြစ်ကြပေမည်။ မတွေ့ဖူး မကြုံဖူး လိုက်ကြ ရုံမက ခေတ်မီတိုးတက်လျက်ရှိသော စက်ပစ္စည်းတွေကို မိုးပေါ်က ကျလာသလို လက်ခံ ဆော့ကစားစရာတွေသဖွယ် စူးစမ်းနေကြသည့် ဘဝမိုျးမို့ ဘဘကြီးက ဒီလိုမှတ်ချက်ချခြင်း ဖြစ်ပေလိမ့်မည်။
တယ်လီဗေရှင်းတွေ ပေါ်လာသည့်အတွက် ကျွန်မတို့၏ စာဖတ်ချိန် တော်တော်များများ လုယူခံလိုက်ရသလို ဖြစ်သွားပါသည်။ ဗီဒီယိုစက်တွေ ပေါ်လာသည့်အတွက် အခွေငှားရ၊ ကြည့်ပြီး မကောင်းပြန်တော့ ဒေါသထွက်ရ စသည့် ဒုက္ခတွေ ရှိလာပါသည်။ ကွန်ပူျတာ (စီဒီရွန်) တွေမှာ Library, dictionary စသည်ဖြင့် အဆင့်မြင့် စီဒီအချပ်တွေ ပေါ်လာပြန်တော့ အင်္ဂလိပ် စာလုံးတစ်လုံးကို အဘိဓာန်စာအုပ်ထဲမှာ ရှာဖို့ ခက်ခဲလာကြလေမည်လားဟု ကျွန်မ တွေးမိပါသည်။
အလွယ်တကူ သယ်ဆောင်သွားလို့ရသည့် စသမအဘေူန အနူနစ့သညန တွေ ပေါ်လာသည့်အတွက် ရရှိလာသည့် အပြစ်များကို တစ်လ နှစ်ကြိမ်ထုတ် ဥုစေင ပြင်သစ်မဂ္ဂဇင်း ၂ဝဝဝ ပြည့်နှစ် ဇွန်လထုတ်တွင် ယခုကဲ့သို့ ရေးသားထားသည်ကို တွေ့ရပါသည်။ ဆောင်းပါးခေါင်းစဉ်က ‘Les portables sont-ils dangereux?’ ဖြစ်ပါသည်။ ''သယ်ဆောင်ရ လွယ်ကူသည့် ဒီလက်ကိုင် တယ်လီဖုန်းကလေး တွေ အန္တရာယ်ရှိသလား''တဲ့။ တစ်ယောက်နှင့်တစ်ယောက် စကားတိုတို သတင်း တိုတို ဖလှယ်ကြဖို့ အသုံးပြုရတဲ့ ဒီလက်ကိုင် အိတ်ဆောင် တယ်လီဖုန်းလေးတွေ  က ထုတ်လွှတ်လိုက်တဲ့ မိုက်ခရိုလှိုင်းတွေဟာ အော်ဗင် (oven) မီးဖိုအသုံးပြု ခံလိုက်ရသလိုပါပဲ။ သင့်ရဲ့ လက်ကိုင်တယ်လီဖုန်းကလေးက ဟင်းချက်တဲ့ မိုက်ခရိုဝေ့ အော်ဗင်က ထုတ်လွှင့်တဲ့ စွမ်းရည်ထက် ၅ဝဝ ဆလောက်ပဲ နိမ့်ပါ တယ်။ သင့်ရဲ့ လက်ကိုင်တယ်လီဖုန်းက ထုတ်လွှင့်လိုက်တဲ့ မိုက်ခရိုလှိုင်း တစ်ဝက်လောက်က သင့်ရဲ့ ဦးခေါင်းထဲကို စိမ့်ဝင်သွားစေနိုင်ပါတယ်။ အဲဒီ လှိုင်းတွေက မျက်နှာပေါ်က အသားအရေတွေ၊ ြွကက်သားတွေ၊ မျက်နှာအရိုး တွေဆီကို ဖြတ်သွားပါတယ်။ သူက ၂ စင်တီမီတာ အထူရှိတဲ့ ဦးနှောက်ရဲ့ အာရုံ အခံလွှာကိုတောင် ရောက်သွားပါစေတယ်။ ဒါပေမဲ့ အခုအချိန်က ဒီတယ် လီဖုန်းတွေက လူတွေကို အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ကို ချပြဖို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိသေးပါဘူး'' ဟု ရေးသားထားသည် ကို တွေ့ရပါသည်။ ကမ္ဘာပေါ်မှာ ယနေ့စာရင်းအရ အသုံးပြုနေသူ အရေအတွက် သန်း ၃ဝဝ ရှိပြီ နောက်နှစ် ၂ဝဝ၃ ကျရင် ၃ ဆလောက် ရှိသွားနိုင်သည်ဟု တွက်ပြထားပါသည်။
ယခု ကျွန်မတို့ နိုင်ငံမှာလည်း ကားမောင်းရင်း၊ လမ်းလျှောက်ရင်း အသုံးပြုနေကြတာတွေကို ဟိုတစ်စ သည်တစ်စ စတင် တွေ့မြင်နေကြရလေ သည်။ ဒီလို သယ်ရလွယ်သည့် အိတ်ဆောင် တယ်လီဖုန်းလေးတွေ တိုးတက်လာ တာကို ဘဘကြီးတွေ့ရင် ကံကောင်းလိုက်တာဟု၊ ခေတ်မီလာသည့် ဘဝကို ပိုင်ဆိုင်ကြပေသည်ဟု ပြောပေလိမ့်ဦးမည်။ မည်သည့်နေရာမှာမဆို အကောင်း၊ အဆိုး၊ အကိုျး၊ အပြစ် ဒွန်တွဲနေသည့်အတွက် အခုအချိန်မှာတော့ ဘဘကြီးကို အကိုျးသင့် အကြောင်းသင့် စောဒကတက်ချင်ပါသည်။ ထို့ကြောင့် အသစ်အဆန်း တွေ၊ ခေတ်မီပစ္စည်းတွေ တွေ့ရတိုင်း ဘဘကြီးကို သတိရနေတော့သည်။
နောက် ဘဘကြီး ပြောနေကျ စကားတစ်ခုမှာ We believe in tomorrow ဖြစ်ပါသည်။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ ဟူသော အစိုးမရသည့် သေခြင်းတရားကို ကျွန်မတို့ လူသားတွေက ထိုစကားမိုျး ဖြင့် စိန်ခေါ်လျက်ရှိနေပါသည်။ မနက်ဖြန်၊ နောက်အပတ်၊ နောက်လ၊ နောက်နှစ် ကျရင် စသည်ဖြင့် နောက်တစ်နေ့ ကိုယ်အသက်ရှင်နေဦးမည်ဟု သေချာနေကြပါ သည်။ ''ကိုယ် အဲဒီနေ့ မသေသေးရင်တော့ တွေ့ကြတာပေါ့ကွာ''ဟု ဘယ်သူ ကမှ ပြောလေ့ပြောထ မရှိပါ။ သို့သော် အဲဒီလိုပဲ ယုံကြည်ထားပါသည်။ ကျွန်မ သူငယ်ချင်းတွေနှင့် အချိန်းအချက် လုပ်ကြသည့်အခါ ဘဘကြီး၏ ထိုစကားကို သတိရမိပြီး ကြက်သီးမွေးညင်း ထမိပါသည်။
ဘဘကြီး၏ စကားအမွေတစ်ခုမှာ 'ဖြစ်သမျှ အကြောင်း အကောင်း' 'အဆိုးထဲက အကောင်း'၊ 'အဆိုးထဲမှာ အကောင်းတွေ ရှိနေပါတယ်'၊ blessing in disguiseဟူ၍ ဖြစ်လေသည်။ လောကကြီးမှာ စိတ်ချမ်းသာဖို့ အဓိကဟု ဆိုလျှင် အဲဒီလို အကောင်းဘက်ကချည်း တွေးတတ်ဖို့ ရေးကြီးလေသည်။ ကျွန်မ အတွေ့အကြုံတွေအရ ပြောရလျှင် အဲဒီလို စိတ်ထားတတ်တာ စိတ်တော့ တော်တော်ချမ်းသာပါသည်။ အလုပ်အကိုင် အဆင်မပြေတာ၊ ကတောက်ကဆ ဖြစ်တာတွေကအစ အပေါ့ပါးဆုံး ပြောရလျှင် ကိုယ့်ခြေထောက် ခေါက်လဲလို့ လမ်းမလျှောက်နိုင်လျှင်တောင် အိမ်မှာ အေးအေးဆေးဆေးနေရဖို့ ဖြစ်တာပဲဟု ကြံဖန်တွေးပြီး စိတ်ချမ်းသာအောင် နေတတ်လာပါသည်။
စားမေးပွဲကျလို့ စိတ်ညစ်နေသည့် သူငယ်ချင်းကို ကျွန်မက နှစ်သိမ့် စကားတွေ ပြောတော့ သူက ''နင်က သူများ စိတ်ချမ်းသာအောင် တော်တော် ပြောတတ်တာပဲ' ဟု တအံ့တသြ ပြောတာကို ခံခဲ့ရဖူးပါသည်။ ကိုယ် ဘာမှ ပြန်လည် ပြုပြင်လို့ မရတော့တဲ့အရာတွေကို တွေးတွေးပြီး စိတ်မချမ်းမသာ ဖြစ်နေဦးမှာလား။ ပြီးတာ ပြီးပြီးပဲ What is done cannot be undone ဟူ၍ သဘောထားတတ်အောင်လည်း ဘဘကြီးပဲ သင်ပေးခဲ့တာ ဖြစ်ပါသည်။
ဘဘကြီးတို့ ရင်ဆိုင်တွေ့ကြုံ ရုန်းကန်ခဲ့ရသည့် ဘဝမိုျးမှာ ဘဘကြီးတို့ရဲ့ အတွေ့အကြုံတွေနှင့် ယှဉ်ပြီး လက်ခံကျင့်သုံးခဲ့ရသည့် အရာတွေသည် ကျွန်မတို့ ခေတ်မှာပင် ခေတ်မီလျက် သတိတရ လွမ်းမောစရာများ အဖြစ် ယနေ့တိုင် ဆန်းသစ်လျက် ရှိနေပါတော့သည်။

No comments: