ဦးနှောက်၏ အစွမ်းများ - ဂျူနီယာဝင်း
(အမှတ် ၁၆၇၊ ၂ဝဝ၄ ခုနှစ်၊ ဧပြီ/မေ အတွေးအမြင်)
Vincent Van Gogh ဆိုတာ ကမ္ဘာ့ပန်းချီပညာရှင်ကြီး တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အင်မတန် စိတ်ထိခိုက်လွယ်သူ တစ်ဦး ဖြစ်ပါတယ်။Van Gogh က သူ့နားရွက်ကိုသူ စိတ်ရူးပေါက်ပြီး ဖြတ်ပစ်လိုက်တဲ့ စိတ်နဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပန်းချီကားတွေကို ရေးဆွဲ နိုင်အောင် တွန်းပို့တဲ့စိတ်ဟာ အတူတူပဲလား။ သိပ္ပံပညာရှင်တွေဟာ Van Gogh နဲ့ သူ့လိုတခြားညဏ်ကြီးရှင် တစ်ရာလောက်နဲ့ ပတ်သက် လို့ ဒွိဟဖြစ်စရာတွေ တွေ့နေရပါတယ်။ အနုပညာမြောက်တဲ့ ညဏ်ကြီးရှင်တွေနဲ့ စိတ်ဖောက်ပြန်မှုကြားမှ ဘာရှိသလဲ။ အဲဒီနှစ်ခုကြားထဲမှာ သိပ္ပံပညာက ဖြေရှင်းချက်ပေးနိုင်ပါ့မလား။ Van Gogh လို မွေးကတည်းက ကပ်ပါလာတဲ့ အနုပညာညဏ်နဲ့ ရူးသွပ်တဲ့ စိတ်ခံစားမှုရော မွှေထားတာကို ဘယ်လိုဖြေရှင်းပေးမှာလဲ။ Van Goghလို ပန်းချီပညာရှင်တွေကို 'မီးနဲ့ကစားတဲ့ ပိုးဖလံတွေ'လို့ တင်စားခေါ်ဝေါ်ခဲ့ကြ ပါတယ်။
စိတ်ပညာရှင်တွေဟာ စိတ်ဖောက်ပြန်မှုနဲ့ ဖန်တီးမှုရဲ့ ကြားထဲက စိတ်မကောင်းစရာတွေ ဖြစ်ပျက်စေတဲ့ ဆက်သွယ်မှုကို လေ့လာခဲ့ကြ ပါတယ်။ ခံစားချက်တွေနဲ့ တည်ဆောက်ထားတဲ့ ပန်းချီဆရာတွေနဲ့ စာရေးဆရာတွေရဲ့ ဘဝတွေကို ပုံဖော်ကြည့်ခဲ့ကြပါတယ်။ 'ပန်းချီဆရာ တွေ တေးသီချင်းသီးကုံးသူတွေကြား အများစုမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ၊ စိတ်ဓာတ်ကျဆင်းပြီး စိတ်ဖောက်ပြန်တာ တွေ့တွေ့နေရတာဟာ ဦးနှောက်နဲ့ သက်ဆိုင်နေပါသလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ဦးနှောက်ဟာ တကယ်ပဲ စွမ်းပါလား။
ညဏ်ကြီးရှင်တွေ မွေးရာပါ အမြော်အမြင်ရှိသူတွေကြားက စိတ်ပိုင်းဆိုင်ရာခို့ျယွင်းချက်ရှိသူတွေနဲ့ ပတ်သက်ပြီး စာရင်းပြုစုထားတာ တွေကို Discovery Channel က ထုတ်လွှင့်တဲ့ Brain Stormer ဆိုတဲ့ ကဏ္ဍတစ်ခုမှာ တွေ့ခဲ့ဖူးပါတယ်။
ကဗျာဆရာ Lord Byron ဟာ သူ့ကိုယ်သူ အမြဲတမ်း စိတ်ပူပင်နေသူ၊ စိတ်အေးလက်အေး မရှိသူတစ်ဦးအဖြစ် ယူဆထားသူ ဖြစ်ပါ တယ်။ သည်းထိတ်ရင်ဖို ဆရာကြီး Edgar Allen Poe ဟာ အရက်စွဲနေသူ၊ စိတ်ဓာတ်ကျဆင်းရောဂါရှိသူ ဖြစ်ပါတယ်။ အင်္ဂလိပ် ဝတ္ထု ရေး ဆရာမVirgina Wolfကတော့ စိတ်ကယောင်ချောက်ချားရောဂါရှိပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူ ဖြစ်ပါတယ်။ စွန့်စားမှု ဝတ္ထုရေးဆရာကြီး အမေရိကန်လူမိုျး Earnest Hemingway ဟာ သူဖန်တီးခဲ့တဲ့ ဝိညာဉ်တွေကပဲ သူ့အသက်ကို ယူသွားတယ်လို့ ဆိုပါ တယ်။
စိတ်ဓာတ်ကျဆင်း ရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့သူ တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ စိတ်ပညာရှင်တစ်ဦးဟာ စိတ်ဓာတ် ကျဆင်းမှုကို နားလည်လာပြီး ဒီလို ညဏ်ကြီးရှင်တွေရဲ့ ခံစားချက်ကို စတင်သဘောပေါက်လာခဲ့တယ်လို့ ဆိုပါတယ်။ သူခံစားခဲ့ရတာနဲ့ တော်တော်ကလေး ဆင်တူပြီး စိတ်သာမထိန်းနိုင်ခဲ့ရင် သူအသက် ဆက်ရှင်ဖို့ မလွယ်ဘူးလို့ ဝန်ခံပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဟာ လှုပ်ရှားမှုတွေ၊ ဟန်အမူအရာတွေ၊ အသိညဏ်တွေဆီ ကူးဆက်သွားတတ်တာ သဘာဝဖြစ်ပါတယ်။ လူတွေဟာ အဲဒီလို ထိခိုက်လာရင် စိတ်ဆိုးလွယ်တယ်။ စိတ်ထိခိုက်လွယ်လာပါတယ်။ အဲဒီကနေ စိတ်ဓာတ်ကျတာတွေ၊ မျှော်လင့်ချက် မရှိ တာတွေ ဖြစ်လာပါတယ်။ အဲဒီအဆင့်လောက်ကိုတော့ သာမန် နေမကောင်းဖြစ်တာလို့ပဲ ယူဆပါတယ်။ အဲဒီအဆင့်လောက်ကို လူတစ်ရာခိုင် နှုန်းလောက်သာ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အဲဒီကနေ စိတ်ဓာတ်ကျရောဂါနဲ့ စိတ်ထိခိုက်မှုမိုျး လူ ၂ဝရာခိုင်နှုန်းဖြစ်တတ်ပါတယ်။ အဲဒီ ရောဂါကို မကုသမိရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်နိုင်ပါတယ်။
စိတ်ဓာတ်ကျဆင်းမှုကြောင့် ထမ်းခုျပ်မှုကို ယိုယွင်းစေနိုင်ပါတယ်။ ပြီးတော့ အစွန်းနှစ်ဖက်ကို ရောက်ဖို့ဦးတည်နေပါတယ်။ အစွန်း တစ်ဖက်က စိတ်အလွန်အမင်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ နောက်အစွန်းတစ်ဖက်က စိတ်ဖောက်ပြန်သွားတာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှား တာတွေ၊ စိတ်ခံစားမှု လွန်ကူျးလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တာတွေ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ဒါကို မွေးရာပါရောဂါလို့ ကင်ပွန်းတပ်ကြပါတယ်။ ဒါပေမဲ့ မိုျးရိုးဓာတုဆိုင်ရာ အကြောင်းရင်းကိုတော့ ရှာမတွေ့သေးပါဘူး။
မိုျးရိုးကြောင့် ဖြစ်တဲ့ရောဂါလို့ သတ်မှတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဟာ ဦးနှောက်ရောဂါတစ်မိုျး ဖြစ်ပါတယ်။ ဦးနှောက်အလုပ် လုပ်ပုံတွေကို ရှာဖွေစူးစမ်းမှုတွေအရ သိလာခဲ့ကြတာတောင်မှ လူတွေစိတ်ထိခိုက်တာတို့ စိတ်နဲ့ပတ်သက်တဲ့ရောဂါကို ထုတ်လုပ်တဲ့ ဦးနှောက် ကို ဘယ်လိုမိုျးရိုးဗီဇ ဓာတုပြောင်းလဲမှုက ဖန်တီးနေတာလဲဆိုတာ မသိကြသေးပါဘူး။
စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျဆင်းရောဂါဟာ အသက်ငယ်ရွယ်သူတွေမှာ ဖြစ်တတ်ကြပါတယ်။ ပျဉ်းမျှအသက် ၁၈ နှစ်နဲ့ ပိုငယ်တဲ့ သူတွေမှာ ဖြစ်ပါတယ်။ ရောဂါဟာ ရုတ်တရက် ထဖြစ်တတ်ပါတယ်။ ကျောင်းမှာအောင်မြင်မယ်၊ သူငယ်ချင်းတွေ အများကြီးရှိမယ်။ အားကစား လှုပ်ရှားမှုတွေ အများကြီးလုပ်မယ် သူတို့တွေမှာလည်း ဖြစ်တတ်ပါတယ်။
စိတ်ပညာနဲ့ ပတ်သက်တဲ့ Discovery Magzine ထဲကပဲ Brain Stormerကဏ္ဍမှာ အဲဒီရောဂါ စဖြစ်ပုံကို တင်ပြထားတာတွေ ရပါတယ်။ အိပ်ရာကနေ ရုတ်တရက် နိုးလာတဲ့ပုံစံမိုျးနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ တစ်ခါတစ်ရံ မြန်ဆန် ပါတယ်။ စိတ်ဝေဒနာရှင်တွေရဲ့ ပြောပြချက်အရ တစ်နေ့မှာ အိပ်ရာက ရုတ်တရက် နိုးလာပြီး အရင်ကနဲ့ မတူတော့ဖူးလို့ ဆိုပါတယ်။ သူတို့ ဟာ တခြားကမ္ဘာတစ်ခုက အရင်ကနဲ့ မတူတဲ့ လူသားတစ်ယောက်လို့ ခံစားလာရကြောင်း ဆိုကြပါတယ်။
စိတ်နဲ့ ပတ်သက်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါဟာ အမြင့်မားဆုံး အဆင့်အဖြစ် မြင်ကြရပါတယ်။ လူတွေဟာ စိတ်တွေ ရှုပ်ထွေးလာ တတ်ပါတယ်။ ပေါက်ကွဲချင်စိတ်တွေ ဖြစ်လာပါတယ်။ စိတ်ကူးပေါက်ရာကို မစဉ်းစားဘဲ လုပ်တတ်ကြပါတယ်။ တစ်ခါတစ်ရံလူတွေ ရှေ့မှာ အဝတ်အစားတွေ ချွတ်ပစ်တတ်ကြပါတယ်။ ဈေးထဲမှာ ပစ္စည်းတွေ လျှောက်ဝယ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပစ္စည်းတွေ ခိုးပါတယ်။ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ဆူဆူညံညံလျှောက်လုပ်ပါတယ်။ ညလုံးပေါက် မအိပ်ဘဲ နေတတ်ပါတယ်။ ဒီလိုနဲ့ ကိုယ့်ခံနိုင်ရည်ထက် ကျော်လွန်လာပြီး အစစအရာရာ ကိုယ့်ကို ခြိမ်းခြောက်နေသလို ဖြစ်လာပါတယ်။ ဒါတွေဟာ စိတ်ဝေဒနာရှင် ဖြစ်လာဖို့ ဦးတည်နေတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
လူတွေစိတ်ဖောက်ပြန်လာတဲ့ အချိန်မှာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုဟာ အင်မတန်လျင်မြန်တယ်လို့ ယူဆပါတယ်။ အတွေးတွေလည်း များပြီး စိတ်ကူးအမြင်တွေဟာ ရှုပ်ထွေးလာပါတယ်။ ဒါဟာ အနုပညာဖန်တီးမှုကို တစ်ဖက်တစ်လှမ်းက တွန်းအားပေးနေတာတွေလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။ လှပတဲ့ အနုပညာကို တည်ဆောက်ဖို့အတွက် ဦးနှောက်ကို ဖန်တီးရှင်လို့ ယူဆရင် ကိုယ့်ကနားရွက်ကို ကိုယ် စိတ်ကူးပေါက်ပြီး ဖြတ်ပစ်ဖို့ ဒီဦးနှောက်ကပဲ Van Gogh ကို ခိုင်းစေလိုက်ပါသလား။
စိတ်ရဲ့စေရာနောက်ကို လိုက်ပါဖို့ လွယ်တယ်လို့ အပေါ်ယံအားဖြင့် ဆိုကြပါတယ်။ အိပ်ရာက မထချင်တာ၊ အစားမစားချင်တာတွေ ဟာ ကိုယ့်စိတ်ကို လွှတ်ပေးထားတဲ့ သဘောဖြစ်ပါတယ်။ စိတ်ရောဂါရှင် ဖြစ်နေခဲ့ဖူးတဲ့ ဝေဒနာရှင်တစ်ဦးက တစ်ပတ်လုံးလိုလို နာရီပေါင်း ၇၈ နာရီ ရုပ်မြင်သံကြား ကြည့်ရင်းအချိန် ဖြုန်းရာကနေ စတယ်လို့ ဆိုပါတယ်။ ဘယ်သူ့ကိုမှလည်း ကိုယ့်အချိန်ကို မပေးချင်သလို သူများနဲ့လည်း အချိန်မဖြုန်းချင်ပါဘူး။ ဒီလိုနဲ့ အပြင်ကိုထွက်လိုက်ရင်လည်း တစ်ခုခုကို ကြောက်ရွံ့နေသလို ဖြစ်လာရပါတယ်။ ကိုယ့်အိပ်ရာ ပေါ် ကိုယ်နေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သက်သေချင်တဲ့ စိတ်ကူးတွေ ရလာရပါတယ်။ အမှန်တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သူကရော သတ်သေချင်ပါ့မလဲ။ ဒီလိုနေနေရတဲ့ အခြေအနေကို ဆက်ပြီး သည်းမခံနိုင်တော့လို့ ထွက်ပေါက်ရှာတဲ့ သဘောဖြစ်ပါတယ်။
စိတ်လွတ်ကိုယ်လွတ် ဖြစ်တဲ့ခံစားရတာ ဘယ်လိုလဲ မေးရင် ဖြေစရာမရှိပါဘူး။ မျှော်လင့်ချက်ကင်းမဲ့တာ၊ သေချင်တာတစ်ခုပဲ ရှိတော့ တာတွေဟာ စိတ်ရဲ့ ခံစားချက်တွေ ပြင်းထန်လာမှု ဖြစ်ပါတယ်။ ကိုယ့်ဘဝကို တောင်မှ တန်ဖိုးမထားတတ်တော့ဘဲ စိတ်ရဲ့စေရာနောက်ကို လိုက်ပါသွားတာ ဖြစ်ပါတယ်။
ယနေ့ ခေတ်မီနည်းပညာတွေကြောင့် အကြောင်းရင်းကို ရှာဖွေကြရာမှာ စိတ်ဖောက်ပြန်တဲ့ ရောဂါရဲ့ တစ်ခုတည်းသော အချက်ဟာ ဆေးတွေရဲ့ သားကောင်ဖြစ်လို့ ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ လီသီယမ်ကာဗွန်နိတ်လို့ခေါ်တဲ့ ဓာတုဖွဲ့စည်းမှုဟာ စိတ်ဓာတ်ကျဆင်းရောဂါကို ကုသတဲ့ ဆေးဖြစ်ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံဟာ ယနေ့တိုင် လှို့ျဝှက်နေဆဲဖြစ်သော်လည်း သူက မရေတွက်နိုင်တဲ့ လူတွေရဲ့ဘဝကို ပြောင်း လဲ ပေးခဲ့ပါတယ်။
ဆေးတွေသောက်တာများပြီး ဆေးကြောင့် ဖြစ်လာရတဲ့ စိတ်ဓာတ်ကျဆင်းရောဂါကို ပြန်ကုသရတာဟာ လူနာတွေ ၂ဝ% ကယ်တင် နိုင်တယ်လို့ ဆိုပါတယ်။ ဆေးစွဲရာကနေ အနုပညာလိုင်းဘက်ကို ပြောင်းရင်း ကိုယ်စိတ်ကို ပြန်လည်ကုသနိုင်သူတွေ ရှိနေခဲ့ပါတယ်။ တခို့ျ က ပန်းချီဆွဲပါတယ်။ တခို့ျက ပန်းပုထုတဲ့ဘက်ကို ပြောင်းလဲ လိုက်ပါတယ်။ စိတ်အပြောင်းအလဲကြောင့် စိတ်ဝင်စားစရာတွေ တွေ့လာကြရ ပါတယ်။ မထူးခြားဘူးလို့ ယူဆထားမိတဲ့ ဘဝ သံသရာထဲကနေ မနှစ်သက်တဲ့ စိတ်ဖြစ်လာရာကနေ ရလာတဲ့ ထွက်ပေါက်တစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ဝဝ လောက်က Van Goghကို ကိုယ့်ကိုယ်ကိုယ် သက်သေတာကို တွန်းပို့တဲ့စိတ်ကို ချေမှုန်းခုခံနိုင်တဲ့ ဆေး တွေ မပေါ်သေးပါဘူး။ ယနေ့မှာတော့ မိုျးရိုးဗီဇဆိုင်ရာ သုတေသနရဲ့ အာမခံချက်နဲ့ ဓာတ်ရောင်ခြည်ကုသတဲ့ ကျေးဇူးတွေကြောင့် ပန်းချီ အနုပညာရှင် စိတ်ကျဆင်းရောဂါရှင်တွေဟာ စိတ်ရောဂါဒဏ်ကို ခံနိုင်ခဲ့ကြပါတယ်။ စိတ်ဖရိုဖရဲဖြစ်ရတဲ့ လှို့ျဝှက်ချက်နားကို သိပ္ပံပညာ စူးစမ်းမှုက နီးကပ်လာတာတောင်မှ သူတို့တစ်တွေဟာ မီးနဲ့ကစားတဲ့ ပိုးဖလံတွေ ဖြစ်နေဆဲပါပဲ။
No comments:
Post a Comment