Friday, February 7, 2014

လူးဝစ်ကာရိုးလ်ရဲ့ အဲလစ် - ဂျူနီယာဝင်း

လူးဝစ်ကာရိုးလ်ရဲ့  အဲလစ် - ဂျူနီယာဝင်း

  (အမှတ် ၁၇၁၊ ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီ အတွေးအမြင်)
          သင်္ချာပညာရှင်လည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ လူးဝစ်ကာရိုးလ် (Lewis Carroll) က (Alice’s Adverntures in Wonderland) 'အဲလစ်၏ ထူးဆန်းတဲ့ ကမ္ဘာထဲက စွန့်စားခန်းများ' ဆိုတဲ့ ပုံပြင်ဇာတ်လမ်းဟာ ကလေးတွေ အကြိုက်၊ လူကြီးတွေ နှစ်သက်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီပုံပြင်ကို 'အဲလစ်နှင့် ထူးဆန်းတဲ့ ကမ္ဘာ'ဆိုတဲ့ အမည်နဲ့ ရုပ်ပြဇာတ်လမ်းတွေ အခန်းဆက် ဖတ်ခဲ့ရဖူးတယ်။ နောက်တော့ (Walt Disney) ရဲ့ (Alice in Wonderland) ဆိုတဲ့ ကာတွန်းလက်ရာတွေကိုလည်း စိတ်ဝင်တစား ကြည့်ခဲ့ရပါတယ်။ စကားပြောတတ်တဲ့ ယုန်ကလေးနောက်ကို လိုက်ရင်း တွင်းထဲကျပြီး ထူးဆန်းတဲ့ ကမ္ဘာထဲ ရောက်သွားခဲ့တဲ့ အဲလစ်ရဲ့အကြောင်း ဖြစ်ပါတယ်။
          အဲလစ်ရဲ့ အကြောင်းတွေကို ရုပ်ပြတွေထဲ၊ ကာတွန်းတွေထဲမှာ သိခဲ့ရပြီးတဲ့နောက် လူးဝစ်ကာရိုးလ် (Lewis Carroll) ရဲ့ မူရင်း အဲလစ်နဲ့ သူ့ရဲ့ ထူးဆန်းတဲ့ကမ္ဘာစာအုပ်ကို ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ရုပ်ပြတွေထဲ ကာတွန်းတွေထဲမှာ မပါဖြစ်ခဲ့တဲ့ တခို့ျသော အဲလစ်ရဲ့ အတွေးတွေ၊ စဉ်းစားတွေးခေါ်ပုံတွေကို တွေ့လိုက်ရတာ စိတ်ဝင်စားစရာပါ။
          စကားပြောတတ်တဲ့ ယုန်ကလေးနောက်ကို လိုက်ရင်း မီးရထား လိုဏ်ခေါင်းလို ရှည်လျားမတ်စောက်တဲ့ တွင်းထဲကို အဲလစ် ပြုတ်ကျခဲ့တယ်။ ကျပုံကျနည်းကလည်း ဖြည်းဖြည်းနှေးနှေးလေးမို့ သူ့မှာ တွေးစရာတွေ၊ စိတ်ကူးယဉ်စရာတွေ၊ နံရံပေါ်က စာတွေ၊ စာအုပ်စင်တွေ၊ ဗီရိုတွေစတဲ့ စပ်စုစရာတွေကလည်း အပြည့်လို့ဆိုပါတယ်။ သူ့မှာ အချိန်တွေကလည်း ပို၊ နောက် ဘာဖြစ်ဦးမလဲလို့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ကျလာတဲ့ အဲလစ်အကြောင်းကို လူးဝစ်ကာရိုးလ်က အခုလို ရေးဖွဲ့ထားပါတယ်။
          အရင်ဆုံး အဲလစ်က အောက်ကို ငုံ့ကြည့်ဖို့ ကြိုးစားတယ်။ သူ ဘယ်နေရာကိုများ ကျမှာပါလိမ့်လို့ တွေးမိတယ်။ ဒါပေမယ့် မည်း မှောင်လွန်းလို့ ဘာမှမမြင်နိုင်ဘူး။ တွင်းရဲ့ ဘေးပတ်ပတ်လည်က နံရံတွေကို ကြည့်လိုက်တော့ နံရံတွေမှာ စာအုပ်ဗီရိုတွေ၊ စင်တွေအပြည့်ပါ လား ဆိုတာ သတိထားမိသွားတယ်။ နံရံတွေပေါ်မှာလည်း မြေပုံတွေ၊ ရုပ်ပုံကားချပ်တွေချိတ်ဆွဲထားတယ်။
          အဲလစ်က သူကျလာရာကနေ သူဖြတ်သွားရာတစ်လျှောက် တစ်နေရာတစ်နေရာမှာ စင်တစ်ခုပေါ်က ခရားတစ်ခုကို ဆွဲယူလိုက်တယ်။ ခရားပေါ်မှာ 'လိမ္မော်ယို'လို့ စာကပ်ထားတယ်။ ဒါပေမဲ့ ဘာယိုမှ မရှိတာတော့ စိတ်ပျက်စရာပဲ။ အဲလစ်က ဒီခရားလွတ်ကို အောက်တော့ ပစ်မချချင်ပါဘူး။ မတော်တဆ အောက်က တစ်ယောက်ယောက်ပေါ်ကျရင် ဒုက္ခရောက်လိမ့်မယ်။ ဒီတော့ သူ့မျက်စိရှေ့မှာ တခြားစင်တစ်စု တွေ့တာနဲ့ အဲဒီပေါ် လှမ်းတင်လိုက်တယ်။
          တွင်းထဲကို အဲလစ်ကျပုံကတော့ နှေးနှေးနဲ့ ဖြည်းဖြည်းပဲ။ 'အင်း... ဒီအတိုင်း ကျသွားပြီးတဲ့ အခါကျရင် ဒီလိုကျတဲ့ အရသာမိုျး စဉ်းစားလို့တောင် ရတော့မှာ မဟုတ်ဘူ'လို့ အဲလစ်က တွေးမိတယ်။ ကျနေလိုက်တာ အဆုံးသတ်ပါဦးမလား။ အဲလစ်က 'ငါဘယ်နှစ်မိုင် လောက်များ ရောက်နေပြီလဲ'လို့ ခပ်ကျယ်ကျယ်ပဲ ပြောလိုက်တယ်။ 'အခု ကျနေတာ ကမ္ဘာ့အလယ်ဗဟိုနားဆီ တစ်နေရာရာကို ဖြစ်ရမယ်။ စဉ်းစားစမ်း ဒါမိုင်လေးထောင်လောက်ဖြစ်မလား'
          ကြည့်စမ်းပါဦး။ အဲလစ်က သူ့ကျောင်းစာတွေ တော်တော် လေ့လာထားပုံပဲ။ သို့သော်လည်း သူတတ်ထားတာတွေ ပြသဖို့ရတဲ့ အခွင့်အရေးက သိပ်တော့ မကောင်းလှဘူး။ သူ ပြောတာတွေကို နားထောင်ပေးမယ့်သူလည်း မရှိ။ ဘာပဲဖြစ်ဖြစ် အလေ့အကျင့်လုပ်တာတော့ ကောင်းတာပါပဲ။
          '... ဟုတ်တယ်။ မိုင်လေးထောင်ဆိုတာ ဖြစ်နိုင်တယ်။ ဒီအကွာအဝေးလောက်တော့ ရှိပြီ။ ဒါပေမဲ့ လတ္တီကူျနဲ့ လောင်ဂျီတွဒ်က ဘယ်လောက်ပါလိမ့်'
          အဲလစ်ရဲ့ ခေါင်းထဲမှာ လတ္တီကူျနဲ့ လောင်ဂျီတွဒ် အကြောင်း အဓိပ္ပာယ်သတ်မှတ်ချက်တွေ ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ဒီစကားလုံးတွေ ရွတ်နေရတာတော်တော် အရသာရှိတာပဲ။
          အဲလစ်က တွေးပြန်တယ်။
          'ငါဟာ တကယ်ပဲ ကမ္ဘာ့အတွင်းပိုင်းကို တည့်တည့်ကြီး ကျသွားနေတာပဲလား။ အကယ်၍များ ခေါင်းတွေပြောင်းပြန်ထားပြီး ဇောက်ထိုးလမ်းလျှောက်ကျတဲ့လူတွေကြားထဲ ရောက်သွားရင် ဘယ်လောက် ရယ်စရာကောင်းလိမ့်မလဲနော်။ အင်း... အဲဒီလို လူမိုျးတွေကို (Antipathies) လို့ခေါ်တယ်ထင်တယ်'
          အဲလစ်ကတော့ ဒီနေရာမှာ သူ့စကား နားထောင်မယ့်သူ တစ်ယောက်မှ မရှိတာ သဘောကျမိသလိုပဲ။ ပြောချင်ရာလျှောက်ပြော။ ကိုယ့်ကို အရူးလို့ စူးစမ်းကြည့်မယ့်သူလည်းမရှိ။
          'အင်း... ငါသူတို့တွေနဲ့ တွေ့မှသူတို့တိုင်းပြည်နာမည် ဘာလဲဆိုတာ သေချာမေးကြည့်ရမယ်။ 'အို... ဒီမှာရှင့် ဒါနယူဇီးလန်လား၊ သြစတြေးယားလား'
          အဲလစ်က သူတစ်ယောက်တည်းယဉ်ယဉ်ကျေးကျေး ပြောဖို့ ကြိုးစားနေတယ်။ အခုလို အခြေအနေမိုျးမှာ ရယ်စရာ ယဉ်ကျေးမှုဆိုတာ ရှိသတဲ့လား။
          'အင်း... တော်ကြာ သူတို့က ငါ့ကို ဒါလောက်တောင် မသိရကောင်းလားလို့ ထင်သွားတော့မှာပဲ။ တော်ပြီ မမေးတာပဲကောင်းတယ်။ တိုင်းပြည်နာမည်ဆိုတာ တစ်နေရာရာမှာတော့ ရေးထားမှာပဲ'
          ကျရင်း... ကျရင်း... ကျရင်းနဲ့။ အဲလစ်မှာ တခြားဘာမှ လုပ်စရာလည်း မရှိ။ ဒီတော့ စကားတွေပြောမယ်။ Dinach ကတော့ ဒီည ငါ့ကို သတိရနေမှာ' (Dinachဒီနက်(ရှ်) ဆိုတာ အဲလစ်ရဲ့ ကြောင်ကလေး) 'လက်ဖက်ရည်သောက်ချိန်မှာ သူ့ကို ကျွေးနေကျ။ နွားနို့ကို သတိရမယ် ထင်ပါရဲ့။ အင်း... ဒီလေဟာနယ်ထဲမှာ ဘာြွကက်မှလည်း မရှိဘူး။ ဒါပေမဲ့ လင်းနို့တော့ ဖမ်းလို့ ရနိုင်တယ်။ သူတို့က ြွကက်နဲ့ လည်း တူတာကိုး။ ဒါပေမဲ့ ကြောင်က လင်းနို့ကို စားလို့လား'
          ဒီနေရာမှာတော့ အဲလစ် တစ်ယောက်အိပ်ချင်စိတ်က ပိုနေတယ်။ အိပ်ငိုက်နေရင်းနဲ့ စကားတွေ ဆက်ပြီးလျှောက်ပြောနေတယ်။ 'ကြောင်က လင်းနို့ကို စားသလား၊ ကြောင်က လင်းနို့ကို စားသလား'ပြောရင်းကနေ 'လင်းနို့က ကြောင်ကို စားသလား' ဖြစ်သွားပြန်ရော။ ပြောရရင်တော့ အဲလစ် ဘယ်မေးခွန်းမှ မဖြေနိုင်ပါဘူး။
          အဲလစ် အိပ်ပျော်သွားသလို ခံစားမိတယ်။ အိပ်မက်ထဲမှာ Dinach နဲ့အတူ လက်တွဲပြီး လမ်းလျှောက်လို့။ ပြီးတော့ 'ဟေး ီငညခေ့ လမ်းလျှောက်လို့။ ပြီးတော့ 'ဟေး Dinach မှန်မှန်ပြောစမ်းပါ။ မင်းလင်းနို့ကို စားသလားဟင်'လို့ စိတ်ဝင်တစား မေးနေတယ်။ ရုတ်တရက် အဲလစ် တုတ်ချောင်းတွေ၊ သစ်ရွက်ချောက်ပုံတွေပေါ် ကျသွားတယ်။ အင့်....
          ဒါဆို အဲလစ် ပြုတ်ကျလာတဲ့ ခရီးက လွန်မြောက်ပြီပေါ့။
          လူးဝစ်ကာရိုးလ်က အဲလစ် ရေတွင်းလို ရှည်ရှည်မျောမျော တွင်းကြီးထဲကို ပြုတ်ကျလာတဲ့ ခရီးကို အဲဒီမှာအဆုံးသတ်ထားတယ်။ နောက်ပိုင်းမှာတော့ အဲလစ်ရဲ့ စွန့်စားခန်းတွေ တပုံတပင် တွေ့ရပုံတွေ တဝကြီး ဖတ်ကြရပါတယ်။ အဲလစ်ဟာ ကလေးပီပီ သူ့ရဲ့ အိပ်မက် လိုလို တကယ့်အဖြစ်အပျက်လိုလို ထူးဆန်းတဲ့ ကမ္ဘာထဲမှာ လှုပ်ရှားသက်ဝင်နေပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ တွေးခေါ်စဉ်းစားပုံတွေအပြင် စာရေးဆရာ လူးဝစ်ကာရိုးလ်ရဲ့ နောက်တီးနောက်တောက် စကားလုံးတွေက အဲလစ်ကို အားဖြည့်ပေးထားတာတွေကိုလည်း တွေ့ကြရပါတယ်။
          နောက်တော့ အဲလစ်ဟာ ယုန်ကလေးနောက်ကို လိုက်ရင်း ပတ်ပတ်လည်မှာ တံခါးပေါက်တွေရှိတဲ့ ခန်းမတစ်ခုထဲ ရောက်သွားတယ်။ တံခါးတွေက အကုန်သော့ခတ်ထားတယ်။ စားပွဲတစ်ခုပေါ်မှာ သော့သေးသေးလေး တစ်ချောင်းရလို့ ၁၅ လက်မအရွယ် တံခါးပေါက်က ဖွင့်လို့ရသွားပါတယ်။ အဲဒီမှာ အလွန်သာယာလှပတဲ့ ပန်းခြံကလေးကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ အဲလစ်က ဘယ်လိုလုပ်ပြီး ဝင်လို့ရပါ့မလဲ။ အဲလစ်ရဲ့ ခေါင်းတောင် သွင်းလို့မရဘူး။ အဲဒီအကြောင်းကို လူးဝစ်ကာရိုးလ်က အခုလို ရေးသားထားပါတယ်။
          အဲလစ်က ခန်းစီးတိုတို့ရဲ့နောက်မှာ ၁၅ လက်မအရွယ် တံခါးပေါက်ကို တွေ့လိုက်ရတယ်။ အဲလစ်က ရွှေသော့ကလေးနဲ့ သော့ပေါက်ကို ကြိုးစားပြီး ထိုးကြည့်လိုက်တော့ တော်နေတာတွေ့လိုက်ရတာ အရမ်းပျော်စရာပေါ့။ အဲလစ်က တံခါးကို ဖွင့်လိုက်တယ်။ အဲဒီ မှာ သေးငယ်တဲ့ လမ်းကို တွေ့လိုက်ရတယ်။ လမ်းက ြွကက်တွင်းထက်တောင် ပိုမကျယ်ပါဘူး။ အဲလစ်က ဒူးထောက်ပြီး အပေါက်ကို ကုန်း ကြည့်လိုက်တော့ လမ်းကလေးက လှပတဲ့ ပန်းခြံတွေရှိရာကို ဦးဆောင်သွားနေတာ တွေ့လိုက်ရပါတယ်။ ဒီအမှောင်ခန်းထဲကနေ အိစက် ညက်ညောတဲ့ ပန်းမွေ့ရာတွေနဲ့ အေးမြတဲ့ ရေပန်းတွေကြားထဲမှာ ဟိုဒီလျှောက်သွားတဲ့ အရသာကို အဲလစ်ရဲ့ ခေါင်းတောင် သွင်းလို့မရတဲ့ အပေါက်ကနေ ထွက်ပြီး ဘယ်လိုများ ခံစားလို့ရမှာတဲ့လဲ။ အဲလစ်က အခုလို တွေးမိတယ်။
          'ငါ့ခေါင်း ဝင်သွားခဲ့ရင်တောင် ငါ့ကိုယ်မပါဘဲ ဘာမှလုပ်ရမှာ မဟုတ်ဘူး။ အိုး... အကယ်၍များ ငါမှန်ပြောင်းတစ်ခုလို ပိန်ပိန် ရှည်ရှည်လေး ဖြစ်သွားအောင် ကုံ့ျလို့ရမည်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ဒါဆိုရင် ငါ အေးအေးဆေးဆေးဝင်လိုက်ရုံပဲ'
          အဲလစ်က လမ်းကလေးကို ကြည့်ပြီး လျှောက်တွေးနေတယ်'
          အဲဒါတွေကတော့ လူးဝစ်ကာရိုးလ်ရဲ့ အဲလစ်အကြောင်း ပထမပိုင်း အခန်းတွေထဲက စိတ်ဝင်စားစရာတွေပဲ ဖြစ်ပါတယ်။
          တစ်ခါတစ်ခါတော့ ပုံပြင်တွေ ဖတ်လိုက်ရတာ စိတ်ထဲမှာ ထူးခြားသွားလေမလားလို့ တွေးစရာပါ။ စိတ်ရှုပ်စရာဗဟုသုတ ဖြစ်စရာ၊ တွေးစရာ၊ ဆွေးစရာ၊ မှတ်စရာတွေ ရောြွပန်းထားတဲ့ စာအုပ်ပုံတွေ ကြားထဲမှာ ဟိုလှန်သည်လှန် နေရာကနေ ပုံပြင်စာအုပ် တစ်အုပ်ကို ဖတ်ပြီး စိတ်ထဲမှာ ပြုံးမိသွားရရင် မဆိုးဘူးလို့တွေးမိတယ်။ လူ့့ဘဝ ရင်ဆိုင်ကြုံတွေ့ရတာတွေထဲမှာ ခါးသည်းစရာတွေများလာရင် စိတ်ဖြေစရာတစ်ခုကို တမ်းတမိတတ်တယ်။ အဲဒီလို အခါမိုျးမှာ ပုံပြင်စာအုပ်လေး တစ်အုပ်က ကိုယ့်ရဲ့ညစ်နွမ်းနေတဲ့ စိတ်ကို လန်းဆန်းသွား စေတဲ့ အဖြစ်မိုျး အပြင်ဘဝ လက်တွေ့မှာရော တကယ် ကြုံနိုင်မလားလို့ တွေးလိုက် မိပါတယ်။
       

No comments: