Monday, February 3, 2014

ေခေတ်တစ်ခေတ်၏ ပုံရိပ်များ - Junior Win

ခေတ်တစ်ခေတ်၏ ပုံရိပ်များ - Junior Win

အတွေးအမြင် (၁၄၇)၊ ၂ဝဝ၁ ဇန်နဝါရီ

''အသင့်ကိုယ်အသင် ၅ ရာစုနှင့် ၁၄ ရာစုကြားသို့ ပို့၍ ကြည့်လျှင် ကိုယ်နှင့် ဘာမှမဆိုင်သော လောကထဲ ရောက်သွားသလို ခံစားရလိမ့်မည်။ အကယ်၍ ၁၅ ရာစုနှင့် ၁၆ ရာစုကြားသို့ သွား၍ နေကြည့်လျှင်တော့ သင့်အိမ် သင် ပြန်ရောက်နေသလို ခံစားရလိမ့်မည်'' တဲ့။
ရောမအင်ပါယာကြီး ကျဆုံးပြီး ၅ ရာစု နောက်ပိုင်းကို အမှောင်လွှမ်း သောခေတ်ဟု ခေါ်ကြသည်။ ထိုခေတ်က သမိုင်းကြောင်းကို သိဖို့ ခဲယဉ်းလှ၏။ ထိုခေတ်က ြွကင်းကျန်ရစ်သော ရုပ်ပုံရုပ်တုများမှာလည်း အသက်မရှိသော အသွင် သဏ္ဌာန်များ ဖြစ်၏။ သို့သော် နောင်နှစ်ပေါင်း ၁ဝဝဝ အတွင်း ရုပ်တုများသည် အသက်ဝင်လာ၏။ အသက်သွင်းခဲ့သူများကား ပန်းချီပညာရှင် မိုက်ကယ်အိန်ဂျယ် လိုတို့၊ လီယိုနာဒို တို့ဖြစ်လေသည်။ ၁၃ဝဝနှင့် ၁၆၅ဝကြား ခေတ်ကား ရှေး ဟောင်း ဂရိ ရောမတို့၏ အတွေးအခေါ်များကို ပြန်လည် မွေးဖွားသောခေတ်၊ ပြန်လည် ဆန်းသစ်သောခေတ် (သို့မဟုတ်) Renaissance ခေတ် ဖြစ်ပေသည်။ ကျွန်မသည် ထိုခေတ်ကို သွားကြည့်လျှင် ကိုယ့်အိမ် ကိုယ်ပြန်ရောက်နေသလို ခံစားရမည်ဟူသော အဆိုကို သဘောကျမိ၍ Renaissance ခေတ်ကို လေ့လာ မိပါသည်။
၁၅ ရာစုအစပိုင်းက ပန်းချီ အနုပညာနှင့်ပတ်သက်သည့် အဓိက ပစ်မှတ် ကား အီတလီနိုင်ငံမှ ဖလော့ရင်စ်မြို့ ဖြစ်လေသည်။ ထိုမြို့က ပန်းချီပန်းပု လက်ရာ များစွာသည် Renaissance ခေတ်၏ ပုံရိပ်များ ဖြစ်လေသလား။ အနုပညာသည်တို့၏ ဝိညာဉ်တွေ ပူးကပ်နေသော လက်ရာများဖြစ်၍လည်း သူတို့ ၏ စိတ်ကူးစိတ်သန်းများနှင့် ထူးခြားသော အတွေးအခေါ်များသည် ယနေ့တိုင် လူတွေကို လွှမ်းခြုံဆဲ ဖြစ်နေရသည်လား။ အီတလီ အနုပညာ စတင် အစပိုျးရာ ခေတ်ဟု ဆိုလိုက်သည်နှင့် နာမည်ကျော် သေချာလှပေသည်။ ထိုသူတို့ကား Leonardo d Vinci (၁၄၅၂-၁၅၁၉)Michelangelo Di Lodovico Buonarroti Simoni (၁၄၇၅-၁၅၆၄) နှင့် Raphaello Sanzio (၁၄၈၃-၁၅၂ဝ) တို့ ဖြစ်လေသည်။
Renaissance ခေတ်က ပန်းချီအနုပညာ လက်ရာများနှင့် ပတ်သက်၍ ပြောစမှတ် ပြုကြသည်က ''ကမ္ဘာကြီး၏ မြက်ခင်းများသည် ပို၍ စိမ်းလန်းလာ ၏။ ကောင်းကင်ကြီးသည် ပို၍ ပြာလဲ့လာ၏။ လူတို့၏ အသွင်သဏ္ဌာန်များသည် တကယ်ရှိနေသော လက်ရှိဘဝထက်ပင် ပို၍ လှပချောမွေ့လာပေသည်'' ဟု ဆိုခဲ့ကြလေသည်။
ကဗျာဆရာကြီး William Wordsworht က ‘Renaissance လူသားတွေ ရဲ့ ယုံကြည်ချက်က သူတို့သည် အတိတ်ကို ပြန်လည်စူးစမ်း၍ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြသည်။  သူတို့သည်  နိုင်ငံရေးသဘာဝတရားများကို  ပြန်လည် စဉ်းစားသုံးသပ်ရန် ဖြစ်၏။ သူတို့သည် လူ့ကြမ္မာကို ဦးဆောင်ပေးသူများဖြစ်ပြီး ဘုရားသခင်၏ အလိုတော်တစ်ခုတည်းပေါ်မှာ မူတည်နေသည် မဟုတ်ဘဲ လူတွေ အပေါ်မှာပါ မူတည်နေကြသည်'' ဟု ထိုခေတ်က လူပုဂ္ဂိုလ်များနှင့် ပတ်သက်၍ ဆိုခဲ့လေသည်။
Harverd တက္ကသိုလ်မှ ပါမေက္ခ Chanoler R.Post က ''သဘာဝပိုကျ သော ပို၍ သိချင် စူးစမ်းချင်စိတ် ပြင်းပြနေသော ထိုခေတ်၏ ဝိညာဉ်၊ ထိုခေတ် ၏ သရုပ်တို့သည် သူတို့ခေတ်က ရေးဆွဲ သရုပ်ဖော်သော အနုပညာရုပ်ပုံတို့တွင် တွေ့ရ၏'' ဟု ဆိုခဲ့ဖူး၏။ ‘Alberti, Leonardo de vinci, Michelangelo တို့ကဲ့သို့သော ပန်းချီအနုပညာသည် genius များ၊ ညဏ်ပညာရှင်များသည် လူ့သဘာဝနှင့် ပုံပန်းသဏ္ဌာန်တို့ကို ထောင့်စုံအောင် ရှုမြင်တတ်ကြပေ၏'' ဟု Paul J. Sachsရေးသားသော Great Drawing(၁၉၅၁) စာအုပ်တွင် Renaissance ခေတ်၏ အနုပညာ မွေးဖွားရာမြို့ဟု တင်စားခေါ်ဝေါ်ကြသော ဖလောရင့်စ်မြို့တွင် အီတလီပြည်သူများ တစည်းတလုံးတည်း ဖြစ်လာခြင်းမှာ အစစအရာရာတွင် လှပသော အနုပညာဖန်တီးမှုများကြောင့် ဖြစ်ပေသည်ဟုလည်း ဆိုထားပါသည်။
ထို့ပြင် ထိုခေတ်က လူတွေနှင့် ပတ်သက်၍ Pratical Knowledge for all (၁၉၄၈) စာအုပ်တွင် ''သူတို့က လူဟာ ရုန်းကန်ဖို့နှင့် ဒုက္ခဆင်းရဲခံရဖို့ ချည်း သက်သက်မဟုတ်။ လူ့ဘဝ၏ အရသာကို အပြည့်အဝ ခံစားနေထိုင်သွားဖို့ ဖြစ်လေသည်'' ဟု ယုံကြည်ကြကြောင်း ရည်ညွှန်းထားလေသည်။
ထိုကဲ့သို့သော သူတွေ၏ သရုပ်သဏ္ဌာန်များကို ထင်ဟပ်စေသော ပုံရိပ် များကို ကြည့်၍ သူတို့၏ သူတကာထက် ထူးသော စိတ်ကူးစိတ်သန်းများ၊ ပြောင်မြောင်သော အနုပညာလက်ရာများကို လေ့လာမိခဲ့၏။ ထိုအခါ ထိုလက်ရာ ရှင်တို့၏ ဝိညာဉ်များသည်လည်း ကျွန်မတိုကို လွှမ်းခြုံလျက် ရှိနေပါတော့သည်။
တစ်ခေတ်တည်း ပေါ်ထွန်းခဲ့သူ Michelangel, Leonardo နှင့် ျွစေ့နူ တို့တွင် Raphelအသက်အငယ်ဆုံး ဖြစ်၏။ Raphelကို Urbinoတွင် ၁၄၈၃ မွေးဖွားချိန်၌ မိုက်ကယ်က (၈) နှစ်၊ လီယိုနာဒိုက (၃၃) နှစ် ဖြစ်၏။
အသက် ၂၆ နှစ်အရွယ်Raphael ကို Pope Julius IIက Vatican ဘုရားရှိခိုးကျောင်း၏ အခို့ျသော အခန်းနံရံများတွင် frescoeခေါ် မအိပ်သေးသည့် အင်္ဂတေပေါ်တွင် ပလတ်စတာအစိုများဖြင့် ရေးခြယ်သည့် အတတ်ဖြင့် ပန်းချီ ရေးဆွဲဖို့ တာဝန်ပေးခြင်း ခံရလေသည်။ Raphael ရေးဆွဲခဲ့သော ရုပ်ပုံများတွင် မြင့်မြတ်သော ထာဝရဘုရားသခင်၏ ရုပ်ပုံများ ပါဝင်၏။ နာမည်ကျော် တွေးခေါ် ပညာရှင် Plato နှင့် Aristotle တို့ ပါဝင်၏။ ကြီးမားသော ဆောက်လုပ်ရေး အပြင်အဆင်တွေပါဝင်၏။ ထိုုစိတ်ကူးများမှာRaphael၏လှပသောစိိတ်ကူးများဖြစ်၏။Raphel သည် ဘာသာရေးအမြင်သာမက ရှေးဟောင်း ဂရိယဉ်ကျေးမှုများ၊ ဒဏ္ဍာရီများကိုပါ သရုပ်ဖော်ထား၏။ Raphaelသည် Renaissance ခေတ်တွင် ဘုရားသခင်ကို အလေးထားသလို လူကိုလည်း အလေး ပေးထားသည် ဟူသော အရေးကြီးသော အမြင်ကို ဖော်ညွှန်းထားသည်။
‘Raphael ဟာ တစ်ခုခုကို သင်ယူဖို့ အမြဲတမ်း အသင့်ဖြစ်နေပြီး သူ့ကိုယ် ပိုင် စတိုင်ကိုလည်း တစ်မုဟုတ်ချင်း တိုးတက်အောင် လုပ်ဆောင်နေသူ ဖြစ်ပေ သည်' ဟု Raphael ကို ရည်ညွှန်းခဲ့ကြသည်။ သူကိုယ်တိုင်ရေး ပုံတူကို ၁၄၉၉ ခုနှစ် သူ့အသက် ၁၆ နှစ်မှာ ရေးဆွဲခြင်း ဖြစ်သည်။
Vertican ဘုရားရှိခိုးကျောင်းက ရောက်လာချိန်တွင် ပန်းချီဆွဲရန် ပြင်ဆင် ဖို့ Raphalရောမသို့ ရောက်လာချိန်မှာ Michelangelo ကSisteine Chapel မှာ The Last Judgementရေးဆွဲနေချိန် ဖြစ်၏။ ထိုအချိန်မှာပင် Leonardo ရောမမြို့သို့ ရောက်ရှိလာခဲ့ရာ ထိုအချိန်ကာလသည်ကား ‘The three giants of the Renaissance were in Rome together’ ပြန်လည် ဆန်းသစ်ခြင်းခေတ်၏ လူ့ဘီလူးကြီးသုံးဦး ရောမမြို့၌ အတူတကွ ရှိနေချိန်တည်း'' ဟူ၍ပင် ပြောစမှတ် ပြုခဲ့ကြလေသည်။
Raphael ၏ ထူးခြားချက်များကား ကျင့်သားရနေသော လက်နှင့် စူးရှ ထက်မြက်သော မျက်လုံးတစ်စုံ ဖြစ်ပေသည်ဟု တင်စားခဲ့ကြလေသည်။ Raphael က သူ့ပန်းချီကားများကို ရေးဆွဲရာ၌ လူ၏ ဟန်ပန်အမူအရာထက် လူ့အကျင့် စရိုက် စိတ်ခံစားမှုများကို ဦးစားပေး ရေးဆွဲသည်။ Michaelangelo, Leonardo တို့ နည်းတူ သူ့ကို ဂရုပြုမိစေသော ပန်းချီဆရာတစ်ဦးဖြစ်ပြီး အသက်ငယ်ရွယ် စဉ် ၃၇ နှစ်မှာပင် ကွယ်လွန်ခဲ့လေသည်။
Renaissance ခေတ်က စွယ်စုံရ ပညာရှင်တစ်ဦးဖြစ်သူ Leonardo da vinci ကား သင်္ချာပညာရှင်၊ ဓာတုဗေဒပညာရှင်၊ ပထဝီပညာရှင်၊ နက္ခတ် ဗေဒပညာရှင်၊ ဘူမိဗေဒပညာရှင်၊ စက်မှုပညာရှင်၊ ဗိသုကာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ ဖြစ်လေသည်။ သူ့ကို အီတလီပြည် ဖလောရင့်စ်မြို့နှင့် မိုင် ၆ဝ ကွာဝေးသော Vinci ရွာတွင် မွေးဖွားခဲ့သည်။ Leonardo လေ့လာခဲ့သော အကြောင်းအရာများမှာ ထိုခေတ်က ဘယ်သူမှ နားမလည်ကြသော အရာများဖြစ် ၏။ ထို့ကြောင့် သူ တွေ့ရှိခဲ့သော ဂျီသြမေတြီနှင့် ပတ်သက်သမျှတို့မှာ မေ့လျော့ ပျောက်ကွယ်ကုန်ကြ၏။ နောင်နှစ်ပေါင်းများစွာ ကြာသောအခါမှသာ Leonardo ၏ တွေ့ရှိချက်များ၊ စက်ပစ္စည်းဆိုင်ရာ တီထွင် သရုပ်ဖော်ပုံများကို ဂရုတစိုက် မှတ်ယူ လေ့လာခြင်းများ ပြုခဲ့ကြလေသည်။
Leonardo သည် သူ့အရင် နာမည်ရပြီးသော ပန်းချီပညာသည်များ၏ လက်ရာများကို လေ့လာခြင်းမပြုဘဲ သူ့ဘာသာ ကြိုးစားလိုသောစိတ် ရှိ၏။ မြင်းများသည် Leonardo စိတ်ကြိုက်အဖြစ်ဆုံး တိရစ္ဆာန်ဖြစ်၏။ သူကိုယ်ပိုင် မြင်း များစွာရှိပြီး မြင်းပုံများကို ရှုထောင့်အမိုျးမိုျးမှ ရေးဆွဲခဲ့သည်။ Leonardo သည် Ludovico မင်းသားအတွက် ကြေးနီနှင့် ခဲမဖြူ စပ်ထားသော သတ္ထုဖြင့် ၂၆ ပေ အမြင့်ရှိသော မြင်းရုပ်တုတစ်ခုကို ထုလုပ်ခဲ့၏။ သို့သော် ရုပ်တုမပြီးခင် မှာပင် ပြင်သစ် ကူျးကျော်သူများက ထိုရုပ်တုကို သေနတ်ပစ် လေ့ကျင့်ဖို့ အသုံးပြုကြသဖြင့် ပျက်စီးခဲ့ရလေသည်။
Leonardo အား မီလန်ရှိ ဘုန်းတော်ကြီးများက သူတို့၏ ဘုရားရှိခိုး ကျောင်း၏ နံရံတွင် ပန်းချီဆွဲပေးဖို့ အပ်ခဲ့လေသည်။ ထိုပန်းချီကားမှာ The Last Supper 'နောက်ဆုံးညစာ' အမည်ရှိ ပန်းချီကားဖြစ်ပြီး ကမ္ဘာပေါ်တွင် အလှပဆုံး ပန်းချီကားတစ်ခု ဖြစ်၏။ ထိုပန်းချီကားကို ရေးဆွဲရာတွင် ၁ဝနှစ် ကြာခဲ့၏။ သို့သော် ကံဆိုးစွာပင် Leonardo ပန်းချီ စဆွဲကတည်းက ပန်းချီ ဆေးရည် အဆီတစ်မိုျးကို စမ်းသပ်အသုံးပြုခဲ့ရာ နှစ်အနည်းငယ် အကြာမှာပင် ကွာကျစ ပြုလာခဲ့လေသည်။ ပြုပြင်ထိန်းသိမ်းထားခဲ့သော ထို 'နောက်ဆုံး ညစာ' ပန်းချီကားကြီးကတော့ Leonardo ၏ အမှတ်တရ လက်ရာအဖြစ် မီလန်တွင် ကျန်ရှိနေဆဲ ဖြစ်ပါသည်။
၁၄၈ဝ ပြည့်နှစ်တွင် ရေးဆွဲခဲ့သော Horse and rider တွင် မြင်းနှင့် မြင်းစီးသူတို့၏ ရုပ်ပုံနှင့် ပတ်သက်၍ 'ဒီမြင်းနှင့် မြင်းစီးသူရဲ့ လှုပ်ရှားမှုကို ဘယ်လို စကားလုံးနှင့် ပြောရမှန်း မသိပါ။ နောက်ခံကားချပ်ထဲက လွယ်လွယ် ကူကူ ပြေးထွက်လာတော့မည့် အင်းအားတွေကို တွေ့လိုက်ရပါသည်။ လှုပ်ရှားမှု  ဖလင်တစ်ခုကို ဘယ်သန်ဖြစ်တဲ့ Leonardo သာလျှင် လှပညက်ညောတဲ့ပုံအဖြစ် ဖန်တီးနိုင်ပေသည်' ဟု ရည်ညွှန်းခဲ့ကြလေသည်။
Leonardo ၏ ကိုယ်ပိုင်ရေးပုံတူကိုကား သူ ကွယ်လွန်သည့်နှစ်တွင် အနီရောင်ခဲဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်၏။ ဤပုံတွင် ခက်ထန်သော၊ ရှင်းသန့်သော စတိုင်ကို တွေ့ရပေသည်။ 'ဒီပုံဟာ ၁၉ ရာစုက Darwin တို့ Tolstoyတို့လို တည်ငြိမ်ခံ့ညားတဲ့ မျက်နှာ၊ ထူထဲတဲ့ မုတ်ဆိတ်ကြီးတွေနဲ့ လေးနက်တည်ကြည် တဲ့ မျက်လုံးတွေပဲ ဖြစ်ပါတယ်' ဟု Leonardo ကို 'ဒါဝင်' တို့ 'တော်စတွိုင်း' တို့နှင့် ယှဉ်တွဲ ပြောဆိုခဲ့ကြလေသည်။
ထိုခေတ်အခါက The Divine 'မြင့်မြတ်သူ'ဟု ခေါ်ဝေါ် သမုတ်ခံရသူ ကား Michelangelo ဖြစ်လေသည်။ မိုက်ကယ် ရွေးချယ် ထုလုပ်ခဲ့သော အမိုျးအစားများကား လူပုံသဏ္ဌာန်များဖြစ်ပြီး စိတ်ပျက်ခြင်း၊ မျှော်လင့်ခြင်းဟူ သော လူ့သဘောသဘာဝများကို ဖော်ပြထားသည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော အမိုျးအစားဖြစ်၏။ ခွန်အားရှိ၏။ အင်အားနှင့်ပြည့်စုံ၏။ လူသတ္တဝါတို့ထက် ပိုမိုသာလွန်သော အရည်အချင်းတို့ရှိ၏။
မိုက်ကယ်၏ ထူးခြားချက်ကား သူသည် လူ့အပေါ်ယံ ပုံသဏ္ဌာန်ထက် လူ၏ အတွင်းပိုင်း ြွကက်သား၊ အကြော အရွတ် တည်ဆောက်ပုံတွေကို ပို၍ စိတ်ဝင်စားခြင်း ဖြစ်၏။ မိုက်ကယ်သည် ခွန်အားနှင့် ပြည့်စုံသော ဟာကြူလီ ရုပ်တုကို ထုလုပ်ရန်အတွက် ဖလောရင့်စ်မြို့က ဘုန်းတော်ကြီး Nicholas ထံ အကူအညီ တောင်းခဲ့လေသည်။ သို့ဖြင့် မိုက်ကယ်သည် စွန့်ပစ်ထားသော လူသေကောင်များကို ခွဲစိတ်ခွင့် ရခဲ့ပြီး လူ့အတွင်းသားများကို လေ့လာခွင့်ရခဲ့လေ သည်။
၁၇ ပေ မြင့်မားသော ကျောက်တုံးကြီးကို ထုထွင်းခဲ့သော ဘီစီ ၁ဝဝဝ ခန့်က Israel ဘုရင် David၏ ရုပ်တုကား ယနေ့တိုင် တစ်ကမ္ဘာလုံးရှိ အနု ပညာ ကျောင်းသားများအတွက် စံပြအဖြစ် အသုံးပြုကြသောရုပ်တု ဖြစ်ပေ သည်။ Davidမျက်နှာဟန်သည် Palestine ကိုကူျးကျော်သူ Hebrew တပ် များ စေလွှတ်ခဲ့သော ွသူငေ့ စစ်ဘီလူးကြီးကို တိုက်တော့မည့်ဟန် ဖြစ်၏။ ဤစစ်ဘီလူးကြီးကိုတော့ဖြင့် သတ်မှဖြစ်တော့မည်။ ငါပင် သတ်ဖို့ ကြိုးစား ရမည်ဟု ပြတ်ပြတ်သားသား ဆုံးးဖြတ်လိုက်သည့် မျက်နှာအမူအရာ ဖြစ်လေ သည်။
''ရောမမြို့တွင် အကောင်းဆုံး ကျောက်သားရုပ်တုဖြစ်၍ ဘယ်လို သက်ရှိ ပညာရှင်မှ ထိုသက် သာလွန်အောင် ထုလုပ်နိုင်မည် မဟုတ်''ဟု ပြင်သစ် ရဟန်းမင်း၏ အတိုင်ပင်ခံပုဂ္ဂိုလ် Jean de Villiens dela Grosylye ၏ အာမခံ ချက်ကို ဖြည့်ဆည်းပေးခဲ့သည့် ရုပ်တုကား Pieta (၁၄၉၉) ဖြစ်လေသည်။
မိုက်ကယ်၏ အထူးခြားဆုံးနှင့် နာမည်အကျော်ကြားဆုံး လက်ရာတစ်ခု ကား ၁၅ဝ၆ ခုနှစ်တွင် ရောမမြို့ Verticanရှိ Sistien ဘုရားရှိခိုးကျောင်း မျက်နှာကြက်ပေါ်တွင် ရေးဆွဲခဲ့သော The Last Judgement 'နောက်ဆုံး စီရင် ချက်' ဖြစ်လေသည်။ ထာဝရဘုရားသခင်က ကမ္ဘာကြီးကို စီရင်နေပုံကို အားပါး တရ တွေ့ရမည့် ပန်းချီကားကြီးတွင် မိုက်ကယ်၏ ဝိညဉ်တွေ ပူးကပ်နေ၏။ ထိုပန်းချီကားထဲက သူတော်စင် Batholomew၏ မျက်နှာသည် မိုက်ကယ်၏ မျက်နှာပင်ဖြစ်၏။ မိုက်ကယ်၏ လေးနက်တည်ကြည်သော မျက်လုံးများနှင့် ငယ်စဉ်က အထိုးခံထားရ၍ ပုံပန်းမကျသော သူ့နှာခေါင်းကို တွေ့ရပေမည်။ ထိုသူတော်စင်သည် 'တရားစီရင်သူ' ကို လှမ်းကြည့်နေပြီး သူ၏ ခရစ်ယာန် ယုံကြည်မှုကြောင့် သူ့အသားကို လှီးဖြတ်ခံရသော ဓားကို ကိုင်ထားပြီး 'ဒါ တကယ်ပဲ မိုက်မဲသောကိစ္စ မဟုတ်ခဲ့လျှင် အနည်းဆုံးတော့ ဒီကိစ္စကို အလျင်စ လို ဆောင်ရွက်ရတော့မည်'ဟု အဓိပ္ပာယ်ဆောင်သော မျက်နှာဟန်ကို မိုက်ကယ် က သရုပ်ဖော်ထား၏။
မိုက်ကယ်သည် သူ့၌ ပိုက်ဆံရှိသော အချိန်များမှာပင်လျှင် အိမ်ငယ်စုတ် ကလေးနှင့်သာ နေ၏။ ပိုက်ဆံချမ်းသာသူတို့ တန်ဖိုးထားကြသော စည်းစိမ်းဥစ္စာ တို့သည် သူ့အတွက် မလိုအပ်ပေ။ သူ့ဘဝ၏ အဓိက အားထားရာကား သူဝါသနာ ပါသော ပန်းချီအနုပညာ၊ ဆောက်လုပ်မှု အတတ်ပညာတွေသာ ဖြစ်ပေသည်။
မိုက်ကယ်၏ တစ်ခုတည်းသော အမှတ်တရ လက်မှတ်ကို St.Peter ဘုရားရှိခိုးကျောင်းတွင် ရှိသော မယ်တော်မာရီနှင့် ယေရှုရုပ်တုမှ မယ်တော် မာရီ ရင်ပတ်အဝတ်နားတွင် တွေ့ရပေသည်။
မိုက်ကယ်သည် သူ့အသက် ၉ဝ ပြည့် မွေးနေ့မရောက်မီ ၁၅၆၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၊ ညနေ ၅ နာရီ မထိုးမီတွင် ကွယ်လွန်ခဲ့လေသည်။ မိုက်ကယ်၏ ရုပ်ပုံပန်းချီကားကို Giorgo VAsari (၁၅၁၁-၁၅၇၄) က ရေးဆွဲ ခဲ့လေသည်။
Vasari က 'မိုက်ကယ်ဟာ ငယ်စဉ်က ခူျချာပေမယ့် ကြီးလာတဲ့အခါမှာတော့ ကျန်းမာရေး သိပ်ကောင်းပြီး အမောအပန်းခံနိုင်သူ ဖြစ်ပါတယ်။ ပိန်ပိန်ပါးပါးနဲ့ပေမယ့် သူ့အရိုးတွေက သန်မာပါတယ်။ သူ့အရပ်က မနိမ့်မမြင့် ဖြစ်ပါတယ်။ ပခုံးက ကျယ်ပြန့်ပါတယ်။ တစ်ကိုယ်လုံး ခြုံကြည့်လိုက်ရင်တော့ သူဟာ အခိုျးအစား ကျပါတယ်' ဟု မိုက်ကယ်၏ အသွင်သဏ္ဌာန်နှင့် ပတ်သက် ၍ အကြမ်းဖျင်း ဖွဲ့ဆိုထားလေသည်။ မိုက်ကယ်၏ ကိုယ်တိုင်ရေးပုံတူကို ကြည့် ချင်ပါသည် ဆိုလျှင်တော့ The Last Judgement ပန်းချီကားကြီးထဲမှ သူတော်စင် Bartholomew ကိုသာ ကြည့်ရပေမည်။
ItalianRenaissance ခေတ်က ပန်းချီပန်းပု လက်ရာများသည် သဘာဝ တရား၊ လူနှင့် အရာဝတ္ထုများ၏ ပုံသဏ္ဌာန်များကို ဂရုတစိုက် လေ့လာဖော်ထုတ် ထားသည်ကို တွေ့ရ၏။ သက်ရှိသက်မဲ့ အရာတို့ကို လှုပ်ရှားသက်ဝင်နေသော ပုံရိပ်များအဖြစ် သဘောထား ဖန်တီးကြ၏။ လက်ရာရှင်တို့၏ စိတ်ကူးများကား 'ရုပ်ပုံရုပ်တုများကို လွယ်ကူသော နားလည်လွယ်ကူသော အသွင်အဖြစ် မဖန် တီးလိုကြ၊ အဓိပ္ပာယ် ဖော်ရခက်သော၊ အဓိပ္ပာယ်လေးနက်သော အသွင် သရုပ် များကို ဦးစားပေးကြ၏' ဟူ၍ ဖြစ်လေသည်။
Great Drawing (၁၉၅၁) မှ ရှေးဟောင်းပန်းချီများစွာကို စုဆောင်းတင်ပြ သူ Paul J.sachsက ကမ္ဘာကြီးက လူသားတွေကို အုပ်စုနှစ်စု ခွဲပေးထားပါ တယ်။ ပန်းချီရေးဆွဲ သရုပ်ဖော်မှုကို အလေးထားသူတွေနဲ့ ဒါကို အမှတ်မဲ့နေသူ တို့ ဖြစ်ပါတယ်။ ပန်းချီအနုပညာကို အလေးထားသူတွေအတွက် လှပကောင်းမွန် တဲ့ ပန်းချီကားတစ်ချပ် ရရှိလာတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှုတစ်ခုသာ လျှင် သူတို့ဘဝအတွက် ရှင်သန်မှု ဖြစ်ပေလိမ့်မည်' ဟု ဆိုထားပါသည်။ သူကိုယ်တိုင် ပန်းချီရေးဆွဲသူတွေကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်သူ မဟုတ်သော်ငြား လည်း သူ့ဘဝတစ်လျှောက်လုံးမှာ ထိုကဲ့သို့ အလေးထားမှု အလေ့အကျင့်ကို ရှင်သန်အောင် အားပေးရင်း ပို၍ ကျယ်ပြန်လာအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးခဲ့ပါသည်ဟု ဆိုထားပါသည်။
Renaissance  (ပြန်လည် ရှင်သန်ခြင်းခေတ်) ကို အပေါ်ယံကြောမျှ လေ့လာမိသည်ဟုပဲ ဆိုချင်ပါသည်။ သူတို့၏စိတ်ကူးများ၊ စိတ်ခံစားမှုနှင့် အနု ပညာ လက်ရာများကား ရှာဖွေလေ့လာလို မဆုံးနိုင်ပါပေ။ သူတိို့လို ခံစားတတ်ပြီး သူတို့၏ စိတ်ကူးများ စီးဝင်နေသော အနုပညာလက်ရာများကို နားလည်တတ်ဖို့ ကတော့ တော်တော်ကြီး လေ့လာရပါဦးမည်။

No comments: