ခံစားမိသော ကဗျာအပိုင်းအစများ - ဂျူ နီယာဝင်း
(အမှတ် ၁၆၁၊ ၂ဝဝ၃၊ မေလ)
ကဗျာတွေကို ဖတ်ပြီးသွားတဲ့အခါ ကဗျာတစ်ပုဒ်လုံးထက် အဲဒီထဲက စာလုံးတစ်လုံး စာကြောင်းတစ်ကြောင်း ထို့ထက် ပိုလာရင်တော့ စာပိုဒ်တစ်ပိုဒ် နှစ်ပိုဒ်၊ ဒီထက်ပိုသွားရင် ကဗျာတစ်ပုဒ်လုံး ရင်ထဲမှာ စီးဝင်ခံစားသွားရတတ်ပါသည်။ ကျွန်မသည် ကဗျာအခို့ျကို သမန်ကာ ရှန်ကာ ဖတ်ဖူးပါသည်။ ဘာမှန်မသိသော ကဗျာများကိုလည်း တွေ့ဖူးပါသည်။ ရင်ထဲမှာ စွဲငြိသွားသော ကဗျာများကိုလည်း ခံစားမိပါသည်။ အကြောင်းတိုက်ဆိုင်လာလျှင်လည်း သူတို့ကို သတိရမိပါသည်။ ကိုယ်နဲ့ဘာမှ မဆိုင်ဘဲနှင့်လည်း ခံစားလို့ရသော ကဗျာတွေလည်း များစွာရှိ ပါသည်။ ကိုယ်နဲ့ဘာမှမဆိုင်ဘဲနှင့်လည်း ခံစားလို့ရသော ကဗျာတွေလည်း များစွာရှိပါသည်။ ကျွန်မထိုကဗျာအပိုင်းအစများအကြောင်းကို ရေးဖို့ စိတ်ကူးရလာခဲ့ပါသည်။
အသက်ဟူသော ဆရာသည် ကျွန်မတို့ လူ့ကိုယ်ခန္ဓာကြီးရှင်သန်ရာဖြစ်ပါသည်။ သူည် ကျွန်မတို့နှင့်အတူတကွ တွဲဖက်နေလာလိုက် သည်မှာ သူ့ကို သံယောဇဉ်ပင် ဖြစ်ရပါသည်။ သူ့ကိုဖြင့် မခွဲချင်တော့ပါ။ သို့သော် တစ်နေ့ ခွဲရမှာမို့ ခံစားရပါသည်ဟု Life! I know not what thou art ကဗျာတွင် Anna Letitia Barbauld (၁၇၄၃-၁၈၂၅) က ယခုလို ဖွဲ့ဆိုထားပါသည်။
''အသက်တဲ့လား၊
မင်းဘာလဲဆိုတာ ငါမသိပါ။
ဒါပေမဲ့ မင်းနဲ့ငါ တစ်နေ့
ခွဲကြရမယ်ဆိုတာကိုတော့
ငါသိပါသည်။
ဘယ်တော့လဲ
ဘယ်ပုံဘယ်နည်းလဲ
တို့တွေ ဘယ်မှာ
အဆုံးသတ်ကြမလဲ
ဆိုတာကတော့
ငါ့မှာ လှို့ျဝှက်ချက်ဖြစ်နေဆဲ''
‘Life!
I know not what thou art,
But know that thou and
I must part,
And when, or how,
Or where we met
I own to me’s a secret yet.’
'ထိုအသက်ဟူသော အရာက ကျွန်မတို့နှင့်အတူတကွ ဆိုးတူကောင်းဖက် နေလာခဲ့သူဖြစ်ပါသည်။ ဘဝ၏ ကြမ်းတမ်းခက်ထန်မှုများ၊ ဘဝ၏ လှပသော နေ့ရက်များကို ရပ်ဆိုင်ကျော်လွှားခဲ့ကြတာမို့ ခွဲရမယ်ဆိုပြန်တော့ ရင်ထဲမှာ နာကျင်ရပါသည်။ ကြိုတင် ဘာဆိုဘာမှ အသိမပေးဘဲ သူက ရုတ်တရက် ထွက်ခွာသွားမှာမို့ သက်ပြင်းတစ်ချက်၊ မျက်ရည်တစ်စက်တော့ဖြင့် ကျရတာ တန်ပါတယ်လေ။ သို့သော် လည်း တစ်ချိန်ချိန် တစ်နေ့နေ့၊ တစ်နေရာရာမှာဖြင့် သူက ကိုယ့်ကို ကြိုဆိုနေပေဦးမည်'ဟု ဆိုပါလေသည်။
Life! We’ve been ong together
Through pleasant and through coudly weather
It hard to part when friends are dear-
Perhaps ‘t will cost a sigh, a tear:
Choose thine own time:
Say not Good night,- but in some brighter cline
Bid me Good morning.’
အသက်ဟူသော အရာသည် ရှင်သန်ရာ ဖြစ်ပါသည်။ Theodore Roosevelt က‘I will say it as soon as there is life in my body’ 'အသက်ဟာ ငါ့ကိုယ်ခန္ဓာထဲမှာ ရှိနေသ၍ ငါ့မိန့်ခွန်းကို ပြောသွားမည်'ဟု ဆို၏။ ကိုယ်ခန္ဓာထဲက သေနတ်ကျည်ဆံကိုမမှုဘဲ Roosevelt သည် သူ့မိန့်ခွန်းကို သူတတ်အားသ၍ ပြောသွားသည်ဟု စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါသည်။ အသက်ကို ကျွန်မတို့မမြင်ရပါ။ သို့သော် သူရှိမရှိကိုမူ သိနေပါ၏။
Christina Georgina Roseetti(၁၈၃ဝ-၁၈၉၄) ရေးသားသော Uphill ကဗျာတွင် ဘဝသည် ရုန်းကန်ရာဖြစ်ပါသည်ဟု ဆိုပါ သည်။ ဘဝခရီးလမ်းလျှောက်ရသည်မှာ တစ်နေကုန်တစ်နေခန်း နေ့ရောညပါ မြင့်မားလှသည့် တောင်ကို မရပ်မနား တက်နေရဘိသကဲ့သို့ ဖြစ်ပေသည်ဟုဆို၏။ သို့ပါသော်လည်း ခရီးလမ်းဆုံးဖြစ်သော တောင်ထိပ်သို့ ရောက်လျှင်တော့ မည်သူမဆို နားရမည့် တည်းခိုစရာ ရှိပါလေ သည်။ ထိုတောင်ထိပ်က တည်းခိုစခန်းကို မရောက်ရမှာကိုဖြင့် ပူစရာမလိုပါတဲ့။ အဲဒီကို မရောက်မည့်အရေးတွေးပြီး စိုးရိမ်စရာ မလိုပါ။ အဲဒီစခန်းမှာဖြင့် ကိုယ်လိုခရီးသည်တွေ ရောက်နှင့်နေကြတာကိုပင် တွေ့ရပါဦးမည်။ အဲဒီမှာ ရုန်းကန်ရခြင်း၊ ဘဝကို ရှင်သန်ရခြင်းဆိုတာ တွေ၏ ရလဒ်တွေ၊ အကိုျးအပြစ်တရားတွေ အားလုံးကို သင်တွေ့ပေလိမ့်မည်ဟု ကဗျာဆရာက ထိုတည်းခိုစခန်းသည်ကား လူတိုင်းရှောင်လွှဲ၍ မရသော သေခြင်းပင် ဖြစ်ပေသည်ဟု ကဗျာဖတ်သူတွေ သဘောပေါက်စေလိုက်ပါတော့သည်။
ကဗျာ၏ ဒုတိယအပိုဒ်-
''အဲဒီမှာ ခရီးတစ်ထောက်
နားခိုစရာ ရှိလားမသိ။
နှေးကွေးမှောင်မိုက်
ချိန်ခါ စတင်ခိုက်မှာ
အမိုးဆိုတာ ရှိပါ၏။
မှောင်နှင့်မည်းမည်းမှာ
ရှာလို့တွေ့ပါမည်လား။
မစိုးရိမ်လင့်
အဲဒီဟာ တည်းခိုစရာပဲပေါ့''
But is there for the night a resting-place?
A roof for when the slow dark hours begin.
May not the darkness hide it from my face?
You cannot miss that inn.
G.Herbert (၁၅၉၃-၁၆၃၃) ရေးသားသောThe Gifts of God ကဗျာတွင် ထာဝရဘုရားသခင်သည် ပထမဦးစွာလူကို ဖန်ဆင်းလိုက်၏။ နောက်ခွန်အား၊ လှပမှု၊ ညဏ်ပညာ၊ ဂုဏ်နှင့်ပျော်ရွှင်မှုတည်းဟူသော လူ့ဘဝလို အင်များကို ကိုယ်စားပြုသော ရေစင်ကို သောက်ခိုင်းလိုက်၏။ နောက်ဆုံးရေတစ်စက်ကိုတော့ဖြင့် ချန်ရစ်ထားခဲ့လေသည်။ ဤအရာကား အနားယူခြင်းပင်ဖြစ်ပေတော့သည်ဟု ဆိုပါ သည်။
လူသည် သူရရှိလိုက်သောအရာများကြားတွင် ပျော်ပိုက်နေလိုက်သည်မှာ သူ့ကို ဖန်ဆင်းလိုက်သော ထာဝရဘုရားသခင်ကို မေ့လျော့ ကောင်း မေ့လျော့သွားပေတော့မည်။ သူ့လိုအင်များ ခံစားလိုက်နေရင်းက အားလုံးမပြည့်စုံခြင်းကို မကြေမနပ် ဖြစ်လာရလေသည်။ ထိုအခါ အနားယူခြင်းကို မဖြစ်မနေ ရှာဖွေဖို့ ဘုရားသခင်ထံ ရောက်ရပေတော့လေသည်။
ဘုရားသခင်သည် လူဟူသော သတ္တဝါကို ဖန်ဆင်းလိုက်သည်၏ နောက်တွင် မပေးဘဲ ထားရစ်ခဲ့သော အရာတစ်ခုမှာ နားခိုရာ ဖြစ်ပေတော့သည်။
''ငါပေးသမျှတွေနဲ့
ပျော်ပိုက်နေပစေ၊
ဒါပေမယ့်
မနေမနား ဖြစ်နေရခြင်းကို
မနှစ်မြို့နိုင် ဖြစ်ပစေ၊
ချမ်းသာချင်းကို
လိုသလောက်ရစေ၊
ဒါပေမဲ့
ရသလောက်တွေကို
မတင်းတိမ်နိုင်ဖြစ်ပစေ
ဒီလိုနဲ့
ငါ့ရင်ခွင်ဆီ ခိုလှုံလာပစေ''
Yet let him keep the rest,
But keep them with repining restlessness;
Let him be rich and weary, that at least,
If goodness lead him not, yet weariness
May toss him to My breast.
မြင့်မြတ်စွာ မွေးဖွားလာရခြင်း၊ ရာထူးဌာကနာတို့၏ ထောက်ပံ့မှုများ၊ လူတွေ အလေးထားကြကုန်သော ဘုန်းတန်ခိုးတေဇောတို့သည် အယောင်ဆောင်များသာ ဖြစ်သည်ဟု Death the Leveller ကဗျာတွင်James Shelly (၁၅၉၆-၁၆၆၆) က ဆိုပါသည်။ သူ၏ နာမည်ကျော်ကဗျာစာကြောင်းများကား-
THE glories of our blood and state
Are shadows, not substantial things;
There is no armour against Fate;
Death lays his icy hand on kings:
Sceptre and Crown
Must tumble down,
And in the dust be equal made
With the poor crookèd scythe and spade.
''ဝင့်ဝါတောက်ပမှု၊
ဂုဏ်ဒြပ်ပကာသနဆိုတာ
အတုအယောင်မျှသာ
ဘယ်လိုမှ အရေးမပါပါ။
ကံကြမ္မာကို တွန်းလှန်ဖို့
ဘယ်လိုဝတ်ရုံကမှ မကာကွယ်နိုင်။
သေမင်းတမန်သည်
သူ၏ အေးစက်သောလက်ဖြင့်
ဘုရင်ဧကရာဇ်တို့ပေါ်
မိုးလျက်ရှိ၏။
တံလျှပ်နှင့်သရဖူပင်
မြေသို့ကျေြွက
သူဆင်းရဲ၏ အရိုးရှည်တံစဉ်၊
သံတူရွင်းတို့နှင့်
မြေမှုန်သဲမှုန်တို့ထဲ
အတူစံရပေတော့သည်။''
စစ်ပွဲတစ်ရာ အောင်နိုင်သူကြီးပင်လျှင် အနှေးနှင့်အမြန် သေပွဲဝင်ရပေမည်။ သူတကာပေါ် အောင်နိုင်သူပင်လျှင် သေမင်းတမန် ရှေ့ဒူးထောက်ရပေတော့မည်ဟု ဆိုပါသည်။ ဘယ်အရာကဖြင့် သေမင်းတမန်ရှေ့ ဝပ်မဆင်းရလေသလဲဟူည်ကို ရှင်းထားပါသည်။ ဦးခေါင်းထက်က အောင်မြင်မှုပန်းခက်လည်း သက်ဆိုးမရှည်။ အံ့မခန်းသော လုပ်ရပ်သည်ပင် သေခြင်းတရားမှ မကယ်တင်နိုင်။ တစ်ခုတည်း သော မသေသော အရာကား သူတော်ကောင်းတို့၏ ကောင်းသောလုပ်ရပ်ပေတည်းဟု ဆိုပါသည်။ 'မှန်ကန်သော လုပ်ရပ်သည် လူသေသော် လည်း မသေပါ။ အမြဲမွှေးပျံ့နေမှာ'တဲ့။
Only the actions of the just
Smell sweet and blossom in their dust.
Percy Bysshe Shelly (P.B.Shelly) (၁၇၉၂-၁၈၂၂) ရေးသားသောOzymandias of Egypt ကဗျာတွင် ကဗျာဖတ်သူတွေ ကို စဉ်းစားစရာတွေ ပေးထားလေသည်။ Ozymandias ဟူသော အဓိပ္ပာယ်ကို ကဗျာဆရာက King of kings ဘုရင်တွေ၏ ဧကရာဇ်ဟု ဖွင့်ဆိုထားပါသည်။
အီဂျစ်ပြည် ကန္တာရခရီးသွားတစ်ဦးက ကဗျာဆရာအား သူတွေ့ခဲ့ရသည့် ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို ပြောပြလျက်ရှိလေသည်။
''ကျွနု်ပ်နဲ့ ခရီးသွားတစ်ဦး တွေ့ခဲ့တယ်။ သူက အီဂျစ်ပြည်က ကန္တာရတစ်ခုကို ဖြတ်လာသူ ဖြစ်ပါတယ်။ သူကဆိုတယ်။ ကန္တာရထဲမှာဗျာတဲ့ တော်တော်ကြီးမားတဲ့ ကျောက်တုံးကြီး နှစ်တုံးကို တွေ့သတဲ့ ကြည့်ရတာတော့ ကိုယ်ခန္ဓာ မပါတဲ့ ခြေထောက်ကြီး နှစ်ချောင်း ဖြစ်ပုံရတယ်။ သူ့ဘေးမှာတော့ မျက်နှာပုပ်ပုပ်ကြီးပုံ ထုထားတဲ့ ကျောက်တုံးမျက်နှာကြီးရှိတယ်။ သူ့မျက်နှာတစ်ဝက်ကတော့ မြေ ကြီးထဲ နစ်နေသတဲ့''
I met a traveller from an antique land
Who said:—Two vast and trunkless legs of stone
Stand in the desert. Near them on the sand,
Half sunk, a shatter'd visage lies, whose frown
''ကြည့်ရတာတော့ ရှေးက ဧကရာဇ်တစ်ပါးပါးပဲတဲ့။ သူက ဆက်ပြောတယ်။ သူ့ရဲ့ ရှုံ့တွတွမျက်နှာ၊ အေးစက်စက် နှုတ်ခမ်းနဲ့ သူ့ရဲ့တံလျှပ် ကျောက်ဆစ်ထုတွေက သူ့ရဲ့မာန၊ ရက်စက်မှုတွေကို ပြောပြနေသတဲ့လေတဲ့''
And wrinkled lip and sneer of cold command
Tell that its sculptor well those passions read
Which yet survive, stamp'd on these lifeless things,
The hand that mock'd them and the heart that fed.
''သူက ဆက်ပြောလိုက်သေးတယ်။ အဲဒီ ကိုျးပဲ့နေတဲ့ ကျောက်တုံးပဲ့တွေထဲမှာ ကမ္ပည်းတင်ထားတဲ့ ကျောက်သားကို သူတွေ့သတဲ့။ အဲဒီမှာ ရေးထွင်းထားတာက 'ကျွနု်ပ်အမည်သည် အိုဇီမန်ဒီးရက်စ် ဖြစ်၏။ ဧကရာဇ်တို့၏ အရှင်ဖြစ်၏။ ကြည့်လော့။ ကျွနု်ပ် ဤကြီးကျယ် ခန်းနားသော အမှုတို့ကို ပြုခဲ့၏'တဲ့။
And on the pedestal these words appear:
"My name is Ozymandias, king of kings:
Look on my works, ye mighty, and despair!"
''ဒါပေမဲ့ ဘာမှလည်း မတွေ့ပါလားတဲ့။ ဒီကိုျးပဲ့နေတဲ့ ကျောက်တုံး ကျောက်ဆိုင်တွေက လွဲလို့ပေါ့။ သဲမြေတွေနဲ့ ဖုံးလွှမ်းနေတဲ့ ဒီတစ်စပြင် ကန္တာရထဲမှာ မာနကြီးတဲ့ ဧကရာဇ်ရဲ့ လုပ်ရပ်တွေ ဘာဆိုဘာမှ မမြင်ခဲ့ရပါလို့ ဆိုသတဲ့''
Nothing beside remains: round the decay
Of that colossal wreck, boundless and bare,
The lone and level sands stretch far away.
ကဗျာစာကြောင်းတွေထဲမှာ စီးဝင်ဖြတ်သန်းနေတာက ကဗျာဆရာရဲ့ ပေးချင်တဲ့၊ စဉ်းစားစေချင်တဲ့ ခံစားချက်တွေဖြစ်ပါသည်။ ကဗျာ ဖတ်သူတွေဟာ သူတို့ ရေးတာတွေဖတ်ပြီး တွေးစရာတွေ ဖြစ်လာရတယ်ဆိုရင် ဒါ သူတို့ရဲ့ အောင်မြင်မှုပဲ ဖြစ်ပါသည်။ သူတို့ခံစားရမှုနှင့် ထပ်တူထပ်မျှ အတွေးတွေရဖို့ကတော့ ခဲယဉ်းပေလိမ့်မည်။
ကျွန်မ ခံစားမိသော ကဗျာတစ်ပုဒ်ကတော့ ၁၉ရဝ- ခုနှစ်များဆီက အမည်မသိ ပုဂ္ဂိုလ်တစ်ဦး ရေးဖွဲ့ထားသော If ကဗျာ ဖြစ်ပါသည်။ ထိုကဗျာအမည်သည် Rudyard Kipling ၏ ကဗျာအမည်နှင့် တူပါသည်။ သို့သော် ကလေးများအတွက် ရည်စူးစပ်ဆိုထား သော ကဗျာဖြစ်ပြီး Kipling ၏ If ကဗျာလောက် မခက်ပါ။
''အကယ်၍များ
ပင်လယ်တွေအားလုံးက
တစ်ခုတည်းဖြစ်သွားရင်
ဘယ်လောက်ကြီးတဲ့
ပင်လယ်ကြီး ဖြစ်မလဲ။
အကယ်၍များ-
သစ်ပင်တွေအားလုံးက
တစ်ပင်တည်းဖြစ်သွားရင်
ဘယ်လောက်ကြီးတဲ့
သစ်ပင်ကြီး ဖြစ်မလဲ။
အကယ်၍များ-
ပုဆိန်တွေ အားလုံးက
တစ်ခုတည်း ဖြစ်သွားရင်
ဘယ်လောက်ကြီးတဲ့
ပုဆိန်ကြီး ဖြစ်မလဲ။
အကယ်၍များ
လူတွေအားလုံးက
တစ်ယောက်တည်းဖြစ်သွားရင်
ဘယ်လောက်ကြီးတဲ့
လူအကြီးကြီး ဖြစ်မလဲ။
ပြီးတော့
အကယ်၍များ
အဲဒီလူအကြီးကြီးက
ပုဆိန်ကြီးကိုယူပြီး
သစ်ပင်ကြီးကို ခုတ်ချလိုက်ပြီး
ပင်လယ်ကြီးထဲကိုများ
ပစ်ချလိုက်မယ်ဆိုရင်
ဘယ်လောက်တောင်
ရေတွေအကြီးအကျယ်
စင်လိုက်မလဲ''
If all the seas were one sea,
What a great sea that would be!
If all the trees were one tree,
What a great tree that would be!
If all the axes were one axe,
What a great axe that would be!
If all the men were one man,
What a great man he would be!
And if the great man took the great axe,
And cut down the great tree,
And let it fall into the great sea,
What a great splash-splash that would be!
No comments:
Post a Comment